Analysis Premier League

မန်ချက်စတာယူနိုက်တက် 1:0 ဝက်စ်ဟမ်း ပွဲအပြီး မှတ်မှတ်ရရဖြစ်ခဲ့တဲ့ အချက် ၇ ချက်

ယူနိုက်တက်ကို အနိုင်ယူဖို့ အိပ်မက်မက်ခဲ့သူ ဒေးဗစ်မွိုက်စ်
ယူနိုက်တက်နည်းပြဟောင်း ဒေးဗစ်မွိုက်စ်ဟာ သူ့ရဲ့အသင်းဟောင်းကို ပြန်လည်အနိုင်ယူဖို့ အမြဲအိပ်မက်မက်ခဲ့ပေမယ့် မအောင်မြင်သေးပါဘူး။ အခုထိ ယူနိုက်တက်ကိုကျရှူံးနေဆဲဖြစ်တယ်။ ပွဲကြိုမှာ ဝက်စ်ဟမ်းကို ကောင်းကောင်းပြင်ဆင်လာခဲ့ပေမယ့် ယူနိုက်တက်နဲ့ကင်းကွာပြီးနောက်ပိုင်း ယူနိုက်တက်ကို တပွဲမှာအနိုင်မရသေးတဲ့ နည်းပြတဦးဖြစ်တယ်။ ဒီပွဲအပြီးမှာ ယူနိုက်တက်ကို ၁၁ ပွဲရှုံးတယ်။ ၄ပွဲသရေကျထားတယ်ဆိုတဲ့ မှတ်တမ်းဆိုးသာ ရရှိသွားပါတယ်။

အဆင့်မီဂိုးသွင်းစက်ကို အရေးပေါ် လိုအပ်နေတဲ့ ယူနိုက်တက်
ပြီးခဲ့တဲ့ရာသီက မီးကုန်ယမ်းကုန် ပေါက်ကွဲပြီး ဂိုးသွင်းအားက ပြိုင်ဘက်တိုင်းကို တုန်လှုပ်စေတဲ့အထိ ကြောက်မက်ဖွယ်ကောင်းခဲ့တဲ့ ရက်ရှ်ဖို့ဒ်၊ မာစီယယ်လ်၊ ဂရင်းဝုဒ်၊ ဖာနန်ဒက်စ် တို့အတွဲဟာ ဒီရာသီမှာတော့ စစ်သူကြီးဖာနန်ဒက်စ်ကလွဲရင် ကျန် ၃ ဦးရဲ့ ဂိုးသွင်းခြေက မြေမြှုပ်ပစ်လိုက်သလို ပျောက်ခြင်းမလှ ပျောက်ဆုံးသွားပြီဖြစ်တယ်။

ဂိုးအဆုံးသတ်ပိုင်းမှာ အဆင့်မမီတော့တဲ့ ယူနိုက်တက်ဟာ မိုးထဲရေထဲ တကယ်ဂိုးလိုနေချိန်မှာ ဒုက္ခလှလှတွေ့နေရပြီဖြစ်တယ်။ ဒီပွဲမှာလည်း အပိုင်အခွင့်အရေးတွေကို အဆုံးမသတ်နိုင်ဘဲ ဂိုးရဖို့ ခဲရာခဲဆစ် ရုန်းကန်ခဲ့ရတယ်။ လက်ရှိမှာ ယူနိုက်တက်ရဲ့ အရေးပေါ် လိုအပ်ချက်က ဆန်ချိုမဟုတ်ဘဲ ဟာလန်းလို ဂိုးသွင်းစက်တိုက်စစ်မှူးစစ်စစ်ဖြစ်ပါတယ်။

လင်ဂတ်ကိုလွမ်းခဲ့ရတဲ့ ဝက်စ်ဟမ်း
ဝက်စ်ဟမ်းမှာ ၆ ပွဲကစား၊ ၄ ဂိုးသွင်းထားပြီး ၂ဂိုးဖန်တီးထားတဲ့ လင်ဂတ်ရဲ့​​ခြေစွမ်းကို ဒေးဗစ်မွိုက်စ်က ဒီပွဲမှာ ကောင်းကောင်း လွမ်းခဲ့ရတယ်။ သူ့ရဲ့အလှုပ်၊ အရွေ့နဲ့ ပြေးအားတိုးအားက ဝက်စ်ဟမ်းတိုက်စစ်ကို ကြီးကြီးမားမား အလုပ်ဖြစ်စေခဲ့တဲ့ အချက်အချာနေရာကို ဖန်တီးယူခဲ့တယ်။ သူ့ရဲ့သက်ရောက်မှုကို ဝက်စ်ဟမ်းကို လွှမ်းမိုးခဲ့တယ်။ လင်ဂတ် မပါဝင်တဲ့ ဝက်စ်ဟမ်းက တိုက်စစ်မှူး အန်တိိုနီယိုကို တိုက်စစ်မှာ တဦးတည်း ထီးထီးကြီးရုန်းကန်စေခဲ့ရတယ်။

ဒဏ်ရာတွေက ယူနိုက်တက်ကို နှိပ်စက်လာပြီ
ဒီပွဲမှာလည်း ယူနိုက်တက်ရဲ့ဒဏ်ရာရပြဿနာက အသင်းကို ဘယ်လောက်ထိခိုက်စေသလဲဆိုတာ ထင်ထင်ရှားရှား မြင်ခဲ့ရပါတယ်။ မာစီယယ်လ်၊ ကာဗာနီ၊ ပေါ့ဘာ ၊ဗန်ဒဘိခ် ၊ မာတာတို့လို တောင့်တင်းတဲ့ လူအင်အားကို ဆုံးရှူံးထားရတဲ့ ဆိုးလ်ရှားအနေနဲ့ ဒီလိုကစားသမားအကျပ်အတည်းအခြေအနေမှာ မယုံနိုင်စရာကောင်းလောက်အောင် လူစားလဲမှု တကြိမ်မှမပြုလုပ်ခဲ့ဘဲ ပွဲထွက်လူစာရင်းကို မိနစ် ၉၀ အပြည့်သုံးစွဲခဲ့တယ်။ ယူရိုပါလိဂ်နဲ့ FA ဖလားကိုပါ ပြိုင်ပွဲ ၃ ခု တပြိုင်နက်တည်း ကစားနေရတဲ့ ယူနိုက်တက်ကို ဆိုးလ်ရှားက ဘယ်လိုဖြေရှင်းမလဲဆိုတာ စောင့်ကြည့်ချင်စရာပါ။

အဆင့် ၂ ကို ပြန်သိမ်းပိုက်တဲ့ ယူနိုက်တက်
ယူနိုက်တက်က အပိုင်အခွင့်အရေး ၂ကြိမ်အထိ ရပြီး အဆုံးမသတ်နိုင်ခဲ့လို့ ဝက်စ်ဟမ်းရဲ့ Own Goal နဲ့ ကျေနပ်ခဲ့ရပြီး ၁ ဂိုးအသာနဲ့ ကပ်အနိုင်ရခဲ့တယ်။ တပွဲအသာနဲ့ ၁၄ မှတ်ဖြတ်ထားတဲ့ မန်စီးတီးရဲ့နောက်က အဆင့် ၂ကို ပြန်လည်သိမ်းပိုက်နိူင်ခဲ့ပြီး ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် မျှော်လင့်ချက်ပါးပါးလေးနဲ့ ဆက်လက်ရှင်သန်နေတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် စိတ်ချရဖို့ ​ခြေတလှမ်း ပိုစိတ်ချသွားရတယ်။

နောက်ကလိုက်လာတဲ့ လက်စတာနဲ့ ချယ်လ်ဆီးတို့ရဲ့ ဖိအားပေးမှုက ယူနိုက်တက်ရဲ့ ပခုံးထက်ကိုရောက်နေပေမယ့်ဆိုးလ်ရှားက ထပ်ကျော်ဖြတ်ပြပြီး အသက်ရှုချောင်သွားပြန်တယ်။ လက်ကျန်ပွဲစဥ်တွေက ၁၀ပွဲအောက်သာ ကျန်ရှိတော့သလို ယူနိုက်တက် ဖမ်းဆုပ်ရမယ့် အခွင့်အရေးတွေက များစွာမကျန် တော့ဘူးဖြစ်တယ်။ တမှတ်ကအစ အကျအပျောက်မခံတဲ့ ရာသီသိမ်းကာလဖြစ်တယ်။ ယူနိုက်တက်အနေနဲ့ တပွဲချင်း တပွဲချင်းစီ သတိကြီးကြီးထားပြီး ချဥ်းကပ်ကစားသွားရတော့မှာဖြစ်တယ်။ အနိုင်ရလဒ်ကလွဲပြီး ရွေးချယ်စရာမရှိတော့တဲ့အချိန်ဖြစ်တယ်။

ချန်ပီယံလိဂ်တိုက်ပွဲဆက်ဝင်မယ့် ဝက်စ်ဟမ်း
ဒီ အိုးထရက်ဖို့ဒ်ပွဲမှာ ဝက်စ်ဟမ်းကသာ အနိုင်ယူသွားခဲ့ရင် ချယ်လ်ဆီးအသင်းနဲ့ ရမှတ်တူ အဆင့် ၄ နေရာကို ဆက်လက်ဖိအားပေးနိုင်မှာဖြစ်တယ်။ အဆင့် ၆ နဲ့ ၇ နေရာက အဲဗာတန်နဲ​့ စပါးအသင်းတို့က နှစ်သင်းလုံး အရေးနိမ့်ခဲ့ပြီး ဝက်စ်ဟမ်းရဲ့လမ်းက ပွင့်ခဲ့တာဖြစ်တယ်။ ကံဆိုးစွာပဲ Own Goal သွင်းပြီး ယူနိုက်တက်ကို အရေးနိမ့်ခဲ့ပေမယ့် ဝက်စ်ဟမ်းရဲ့ ချန်ပီယံလိဂ်တနေရာ တိုက်ပွဲက ဆက်လက်အသက်ဝင်နေမှာဖြစ်တယ်။ ချယ်လ်ဆီးထက် တပွဲလျော့ကစားထားတာက ပွဲကျန်တပွဲလက်ထဲရှိနေလို့ အဆင့် ၅ကနေ အဆင့် ၄ ကိုလုပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ အခွင့်သာနေဆဲဖြစ်တယ်။

ဆက်လက်အောင်ပွဲဆင်နေဆဲ စစ်သူကြီး ဖာနန်ဒက်စ်
ဖာနန်ဒက်စ်ဟာ လက်ရှိယူနိုက်တက်ရဲ့ အငြင်းပွားစရာမရှိ ကစားသမားဖြစ်တယ်။ သူခြေစွမ်းပြနေသရွေ့ ယူနိုက်တက်က ပုံစံကောင်း ဆက်လက်ပြသနေတဲ့အသင်းဖြစ်လာတယ်။ ဆိုးလ်ရှားသတိပြုစရာတချက်က သူပွဲပန်းလာပြီဆိုတာပါပဲ။ ရုန်းကန်လာရပြီ။ ပုံမှန်ခြေစွမ်းအောက်ကို နည်းနည်းစီ နည်းနည်းစီ ကျလာတာတွေ့ရတယ်။ သူ့ကိုပါလက်လွှတ်ရရင် ယူနိုက်တက်ဟာ ရာသီအဆုံးသတ်မှာ အဖတ်ဆယ်ဖို့ အတော်ခက်ခဲသွားပါလိမ့်မယ်။ သူ့ရဲ့ စွမ်းဆောင်ရည်နဲ့ တသင်းလုံးကို မောင်းနှင်နိုင်စွမ်းကို ကျေနပ်အားရပြီး အားကိုးရတဲ့တပြိုင်နက် ဒါဟာတဖက်မှာ ယူနိုက်တက်ပရိသတ်တွေ ရင်လေးနေရတဲ့အချက်ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ယူႏိုက္တက္ကို အႏိုင္ယူဖို႔ အိပ္မက္မက္ခဲ့သူ ေဒးဗစ္မြိဳက္စ္
ယူႏိုက္တက္နည္းျပေဟာင္း ေဒးဗစ္မြိဳက္စ္ဟာ သူ႔ရဲ႕အသင္းေဟာင္းကို ျပန္လည္အႏိုင္ယူဖို႔ အၿမဲအိပ္မက္မက္ခဲ့ေပမယ့္ မေအာင္ျမင္ေသးပါဘူး။ အခုထိ ယူႏိုက္တက္ကို က်ရႉံးေနဆဲျဖစ္တယ္။ ပြဲႀကိဳမွာ ဝက္စ္ဟမ္းကို ေကာင္းေကာင္းျပင္ဆင္လာခဲ့ေပမယ့္ ယူႏိုက္တက္နဲ႔ကင္းကြာၿပီးေနာက္ပိုင္း ယူႏိုက္တက္ကို တပြဲမွာအႏိုင္မရေသးတဲ့ နည္းျပတဦးျဖစ္တယ္။ ဒီပြဲအၿပီးမွာ ယူႏိုက္တက္ကို ၁၁ ပြဲရႈံးတယ္။ ၄ပြဲသေရက်ထားတယ္ဆိုတဲ့ မွတ္တမ္းဆိုးသာ ရရွိသြားပါတယ္။

အဆင့္မီဂိုးသြင္းစက္ကို အေရးေပၚ လိုအပ္ေနတဲ့ ယူႏိုက္တက္
ၿပီးခဲ့တဲ့ရာသီက မီးကုန္ယမ္းကုန္ ေပါက္ကြဲၿပီး ဂိုးသြင္းအားက ၿပိဳင္ဘက္တိုင္းကို တုန္လႈပ္ေစတဲ့အထိ ေၾကာက္မက္ဖြယ္ေကာင္းခဲ့တဲ့ ရက္ရွ္ဖို႔ဒ္၊ မာစီယယ္လ္၊ ဂရင္းဝုဒ္၊ ဖာနန္ဒက္စ္ တို႔အတြဲဟာ ဒီရာသီမွာေတာ့ စစ္သူႀကီးဖာနန္ဒက္စ္ကလြဲရင္ က်န္ ၃ ဦးရဲ႕ ဂိုးသြင္းေျခက ေျမျမႇဳပ္ပစ္လိုက္သလို ေပ်ာက္ျခင္းမလွ ေပ်ာက္ဆုံးသြားၿပီျဖစ္တယ္။

ဂိုးအဆုံးသတ္ပိုင္းမွာ အဆင့္မမီေတာ့တဲ့ ယူႏိုက္တက္ဟာ မိုးထဲေရထဲ တကယ္ဂိုးလိုေနခ်ိန္မွာ ဒုကၡလွလွေတြ႕ေနရၿပီျဖစ္တယ္။ ဒီပြဲမွာလည္း အပိုင္အခြင့္အေရးေတြကို အဆုံးမသတ္ႏိုင္ဘဲ ဂိုးရဖို႔ ခဲရာခဲဆစ္ ႐ုန္းကန္ခဲ့ရတယ္။ လက္ရွိမွာ ယူႏိုက္တက္ရဲ႕ အေရးေပၚ လိုအပ္ခ်က္က ဆန္ခ်ိဳမဟုတ္ဘဲ ဟာလန္းလို ဂိုးသြင္းစက္တိုက္စစ္မႉးစစ္စစ္ျဖစ္ပါတယ္။

လင္ဂတ္ကိုလြမ္းခဲ့ရတဲ့ ဝက္စ္ဟမ္း
ဝက္စ္ဟမ္းမွာ ၆ ပြဲကစား၊ ၄ ဂိုးသြင္းထားၿပီး ၂ဂိုးဖန္တီးထားတဲ့ လင္ဂတ္ရဲ႕ေျခစြမ္းကို ေဒးဗစ္မြိဳက္စ္က ဒီပြဲမွာ ေကာင္းေကာင္း လြမ္းခဲ့ရတယ္။ သူ႔ရဲ႕အလႈပ္၊ အေ႐ြ႕နဲ႔ ေျပးအားတိုးအားက ဝက္စ္ဟမ္းတိုက္စစ္ကို ႀကီးႀကီးမားမား အလုပ္ျဖစ္ေစခဲ့တဲ့ အခ်က္အခ်ာေနရာကို ဖန္တီးယူခဲ့တယ္။ သူ႔ရဲ႕သက္ေရာက္မႈကို ဝက္စ္ဟမ္းကို လႊမ္းမိုးခဲ့တယ္။ လင္ဂတ္ မပါဝင္တဲ့ ဝက္စ္ဟမ္းက တိုက္စစ္မႉး အန္တိုနီယိုကို တိုက္စစ္မွာ တဦးတည္း ထီးထီးႀကီး႐ုန္းကန္ေစခဲ့ရတယ္။

ဒဏ္ရာေတြက ယူႏိုက္တက္ကို ႏွိပ္စက္လာၿပီ
ဒီပြဲမွာလည္း ယူႏိုက္တက္ရဲ႕ဒဏ္ရာရျပႆနာက အသင္းကို ဘယ္ေလာက္ထိခိုက္ေစသလဲဆိုတာ ထင္ထင္ရွားရွား ျမင္ခဲ့ရပါတယ္။ မာစီယယ္လ္၊ ကာဗာနီ၊ ေပါ့ဘာ ၊ဗန္ဒဘိခ္ ၊ မာတာတို႔လို ေတာင့္တင္းတဲ့ လူအင္အားကို ဆုံးရႉံးထားရတဲ့ ဆိုးလ္ရွားအေနနဲ႔ ဒီလိုကစားသမားအက်ပ္အတည္းအေျခအေနမွာ မယုံႏိုင္စရာေကာင္းေလာက္ေအာင္ လူစားလဲမႈ တႀကိမ္မွမျပဳလုပ္ခဲ့ဘဲ ပြဲထြက္လူစာရင္းကို မိနစ္ ၉၀ အျပည့္သုံးစြဲခဲ့တယ္။ ယူ႐ိုပါလိဂ္နဲ႔ FA ဖလားကိုပါ ၿပိဳင္ပြဲ ၃ ခု တၿပိဳင္နက္တည္း ကစားေနရတဲ့ ယူႏိုက္တက္ကို ဆိုးလ္ရွားက ဘယ္လိုေျဖရွင္းမလဲဆိုတာ ေစာင့္ၾကည့္ခ်င္စရာပါ။

အဆင့္ ၂ ကို ျပန္သိမ္းပိုက္တဲ့ ယူႏိုက္တက္
ယူႏိုက္တက္က အပိုင္အခြင့္အေရး ၂ႀကိမ္အထိ ရၿပီး အဆုံးမသတ္ႏိုင္ခဲ့လို႔ ဝက္စ္ဟမ္းရဲ႕ Own Goal နဲ႔ ေက်နပ္ခဲ့ရၿပီး ၁ ဂိုးအသာနဲ႔ ကပ္အႏိုင္ရခဲ့တယ္။ တပြဲအသာနဲ႔ ၁၄ မွတ္ျဖတ္ထားတဲ့ မန္စီးတီးရဲ႕ေနာက္က အဆင့္ ၂ကို ျပန္လည္သိမ္းပိုက္ႏိူင္ခဲ့ၿပီး ပရီးမီးယားလိဂ္ခ်န္ပီယံဆုအတြက္ ေမွ်ာ္လင့္ခ်က္ပါးပါးေလးနဲ႔ ဆက္လက္ရွင္သန္ေနတယ္။ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ စိတ္ခ်ရဖို႔ ေျခတလွမ္း ပိုစိတ္ခ်သြားရတယ္။

ေနာက္ကလိုက္လာတဲ့ လက္စတာနဲ႔ ခ်ယ္လ္ဆီးတို႔ရဲ႕ ဖိအားေပးမႈက ယူႏိုက္တက္ရဲ႕ ပခုံးထက္ကိုေရာက္ေနေပမယ့္ဆိုးလ္ရွားက ထပ္ေက်ာ္ျဖတ္ျပၿပီး အသက္ရႈေခ်ာင္သြားျပန္တယ္။ လက္က်န္ပြဲစဥ္ေတြက ၁၀ပြဲေအာက္သာ က်န္ရွိေတာ့သလို ယူႏိုက္တက္ ဖမ္းဆုပ္ရမယ့္ အခြင့္အေရးေတြက မ်ားစြာမက်န္ ေတာ့ဘူးျဖစ္တယ္။ တမွတ္ကအစ အက်အေပ်ာက္မခံတဲ့ ရာသီသိမ္းကာလျဖစ္တယ္။ ယူႏိုက္တက္အေနနဲ႔ တပြဲခ်င္း တပြဲခ်င္းစီ သတိႀကီးႀကီးထားၿပီး ခ်ဥ္းကပ္ကစားသြားရေတာ့မွာျဖစ္တယ္။ အႏိုင္ရလဒ္ကလြဲၿပီး ေ႐ြးခ်ယ္စရာမရွိေတာ့တဲ့အခ်ိန္ျဖစ္တယ္။

ခ်န္ပီယံလိဂ္တိုက္ပြဲဆက္ဝင္မယ့္ ဝက္စ္ဟမ္း
ဒီ အိုးထရက္ဖို႔ဒ္ပြဲမွာ ဝက္စ္ဟမ္းကသာ အႏိုင္ယူသြားခဲ့ရင္ ခ်ယ္လ္ဆီးအသင္းနဲ႔ ရမွတ္တူ အဆင့္ ၄ ေနရာကို ဆက္လက္ဖိအားေပးႏိုင္မွာျဖစ္တယ္။ အဆင့္ ၆ နဲ႔ ၇ ေနရာက အဲဗာတန္နဲ႔ စပါးအသင္းတို႔က ႏွစ္သင္းလုံး အေရးနိမ့္ခဲ့ၿပီး ဝက္စ္ဟမ္းရဲ႕လမ္းက ပြင့္ခဲ့တာျဖစ္တယ္။ ကံဆိုးစြာပဲ Own Goal သြင္းၿပီး ယူႏိုက္တက္ကို အေရးနိမ့္ခဲ့ေပမယ့္ ဝက္စ္ဟမ္းရဲ႕ ခ်န္ပီယံလိဂ္တေနရာ တိုက္ပြဲက ဆက္လက္အသက္ဝင္ေနမွာျဖစ္တယ္။ ခ်ယ္လ္ဆီးထက္ တပြဲေလ်ာ့ကစားထားတာက ပြဲက်န္တပြဲလက္ထဲရွိေနလို႔ အဆင့္ ၅ကေန အဆင့္ ၄ ကိုလုၿပီး ခ်န္ပီယံလိဂ္ဝင္ခြင့္ရဖို႔ အခြင့္သာေနဆဲျဖစ္တယ္။

ဆက္လက္ေအာင္ပြဲဆင္ေနဆဲ စစ္သူႀကီး ဖာနန္ဒက္စ္
ဖာနန္ဒက္စ္ဟာ လက္ရွိယူႏိုက္တက္ရဲ႕ အျငင္းပြားစရာမရွိ ကစားသမားျဖစ္တယ္။ သူေျခစြမ္းျပေနသေ႐ြ႕ ယူႏိုက္တက္က ပုံစံေကာင္း ဆက္လက္ျပသေနတဲ့အသင္းျဖစ္လာတယ္။ ဆိုးလ္ရွားသတိျပဳစရာတခ်က္က သူပြဲပန္းလာၿပီဆိုတာပါပဲ။ ႐ုန္းကန္လာရၿပီ။ ပုံမွန္ေျခစြမ္းေအာက္ကို နည္းနည္းစီ နည္းနည္းစီ က်လာတာေတြ႕ရတယ္။ သူ႔ကိုပါလက္လႊတ္ရရင္ ယူႏိုက္တက္ဟာ ရာသီအဆုံးသတ္မွာ အဖတ္ဆယ္ဖို႔ အေတာ္ခက္ခဲသြားပါလိမ့္မယ္။ သူ႔ရဲ႕ စြမ္းေဆာင္ရည္နဲ႔ တသင္းလုံးကို ေမာင္းႏွင္ႏိုင္စြမ္းကို ေက်နပ္အားရၿပီး အားကိုးရတဲ့တၿပိဳင္နက္ ဒါဟာတဖက္မွာ ယူႏိုက္တက္ပရိသတ္ေတြ ရင္ေလးေနရတဲ့အခ်က္ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.