Premier League Transfer News

15 Mar ညခင်းပိုင်း နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

– ဒီနေ့ညမှာ ယှဉ်ပြိုင်ကစားရမယ့် ဝုလ်ဗ်စ်နဲ့ အဝေးကွင်းပွဲစဉ်အတွက် မိမိမှာ ပါဝင်ကစားနိုင်ဖို့ ကြံ့ခိုင်မှု အပြည့်အဝ ရှိနေတယ်လို့ လီဗာပူးလ်အသင်းရဲ့ ဆွစ်ဇာလန်တောင်ပံကစားသမား ချာဒန် ရှာကျီရီက ပြောကြားလိုက်ပြီး နည်းပြရဲ့ ရွေးချယ်မှုအပေါ်လိုက်ပြီး အသင်းကို ကူညီသွားမယ်လို့ဆို။

– လီဗာပူးလ်အသင်းရဲ့ ဝင်ငွေတွေ လျော့ကျမှုကြောင့် နွေရာသီမှာ ယူရိုသန်း ၁၅၀ လို့ အော်နေတဲ့ ဒေါ့မွန်ရဲ့ အာလင်း ဟားလန်းနဲ့ တစ်ပတ်လုပ်ခ ပေါင်လေးသိန်းတောင်းနေတဲ့ ဘိုင်ယန်မြူးနစ်ရဲ့ ဒေးဗစ် အလာဘာတို့ကို ခေါ်ယူဖို့က လက်ခံနိုင်တဲ့ ပမာဏကို မရောက်မချင်း နောက်ဆုတ်ရဖို့ ရှိနေ။

– ဒူးအရွတ်ဒဏ်ရာကနေ သက်သာလာတဲ့ နောက်ခံလူ ဗာဂျီးလ် ဗန်ဒိုက်အနေနဲ့ မူလခန့်မှန်းထားတဲ့ နေ့ရက်မတိုင်မီ ပြန်ကစားနိုင်ဖို့ ရှိနေတယ်လို့ သတင်းတွေက ထုတ်ဖော်ခဲ့ပြီး လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်က ဒီရာသီအတွက် လက်လျှော့ထားခဲ့ပေမယ့် ပါဝင်နိုင်ခွင့်ရှိမယ်လို့ ဆိုနေကြ။

– လာမယ့်နွေရာသီမှာ အသင်းမှာ မပျော်ရွှင်တော့ဘဲ ဆက်ဆံရေးအက်ကြောင်းတွေ ကြီးမားနေခဲ့တဲ့ တိုက်စစ်မှူး မိုဟာမက် ဆာလားကို ရောင်းချပြီး ဂျူဗင်တပ်စ်အသင်းရဲ့ ကစားပုံတူညီတဲ့ အာဂျင်တီးနားရှေ့တန်းလူ ပေါ်လို ဒီဘားလားနဲ့ အစားထိုးနိုင်ဖို့ လီဗာပူးလ်တို့ စောင့်ကြည့်နေ။

– လီဗာပူးလ်အသင်းနည်းပြ ယာဂန် ကလော့ပ်က သူ့ရဲ့ လက်ကျန်ရာသီအတွက် ရည်မှန်းချက်တွေက ချန်ပီယံလိဂ်မှာ အောင်မြင်နိုင်ဖို့နဲ့ ပရီးမီးယားလိဂ်မှာ တတ်နိုင်သမျှ နိုင်ပွဲရှာဖွေပြီး ရပ်တည်မှု ကောင်းနိုင်ဖို့ဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့။

– လာမယ့်အပတ်ထဲမှာ ဆလိုဗေးနီးယားနိုင်ငံမှာ ကျင်းပမယ့် ဥရောပ ယူ-၂၁ ပြိုင်ပွဲအတွက် ကစားသမားရွေးချယ်မှုစာရင်းကို အက်ဖ်အေက ထုတ်ပြန်ရာမှာ လီဗာပူးလ်အသင်းကွင်းလယ်လူ ကားတစ်ဂျုံးစ် ပါဝင်ခဲ့ပြီး ကစားသမားဟောင်း ရိုင်ယန် ဘရူးစတားလည်း ပါဝင်နေ။

– ဒီနေ့ညမှာ တွေ့ဆုံကြမယ့် လီဗာပူးလ်အသင်းနဲ့ ပွဲစဉ်မှာ ဝုလ်ဗာဟမ့်ပ်တန်ပရိသတ်တွေအနေနဲ့ ဒီယိုဂို ဂျိုတာကို လွမ်းဆွတ်တသနေကြမှာ မဟုတ်ဘဲ သူရဲ့နေရာမှာ အစားဝင်ခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့တဲ့ ပက်ဒရို နီတိုဟာ ပေါ်တူဂီသားချင်း ကွက်လပ်ကို ဖြည့်ဆည်းနိုင်ခဲ့ပြီလို့ ယုံကြည်နေကြ။

– လီဗာပူးလ်နောက်ခံလူ နာသန် ဖိလစ်က သူ့အနေနဲ့ ခြေစွမ်းကောင်းမွန်နေချိန်မှာ အသင်းက ထွက်ခွာပြီး ပုံမှန်ကစားခွင့်ကို ရှာဖွေမယ်ဆိုတဲ့ ကောလဟာလတွေကို ပယ်ချလိုက်ပြီး RB လိုက်ပ်ဇစ်နဲ့ပွဲမှာ ခြေစွမ်းပြနိုင်ခဲ့တာမျိုးထက် ပိုမြင့်မားတဲ့ အဆင့်ကို အသင်းနဲ့အတူ ရောက်ရှိလိုကြောင်း ပြောကြားသွား။

– လီဗာပူးလ်အသင်းအနေနဲ့ နွေရာသီမှာ အသင်းရဲ့ အသုံးမလိုသူတွေကို ထုတ်ရောင်းပြီး အပြောင်းအရွှေ့ဘတ်ဂျက် ရှာဖွေသွားဖို့ စီစဉ်နေရာမှာ နောက်ခံလူ ဂျိုယယ်လ် မာတစ်ပ်ကို အရောင်းစာရင်းရဲ့ ထိပ်ဆုံးက ထည့်သွင်းထားပြီး ချိမ်ဘာလိန်၊ ရှာကျီရီနဲ့ အိုရီဂီတို့လည်း ပါဝင်နေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ဒီေန႔ညမွာ ယွဥ္ၿပိဳင္ကစားရမယ့္ ဝုလ္ဗ္စ္နဲ႔ အေဝးကြင္းပြဲစဥ္အတြက္ မိမိမွာ ပါဝင္ကစားႏိုင္ဖို႔ ႀကံ့ခိုင္မႈ အျပည့္အဝ ရွိေနတယ္လို႔ လီဗာပူးလ္အသင္းရဲ႕ ဆြစ္ဇာလန္ေတာင္ပံကစားသမား ခ်ာဒန္ ရွာက်ီရီက ေျပာၾကားလိုက္ၿပီး နည္းျပရဲ႕ ေ႐ြးခ်ယ္မႈအေပၚလိုက္ၿပီး အသင္းကို ကူညီသြားမယ္လို႔ဆို။

– လီဗာပူးလ္အသင္းရဲ႕ ဝင္ေငြေတြ ေလ်ာ့က်မႈေၾကာင့္ ေႏြရာသီမွာ ယူ႐ိုသန္း ၁၅၀ လို႔ ေအာ္ေနတဲ့ ေဒါ့မြန္ရဲ႕ အာလင္း ဟားလန္းနဲ႔ တစ္ပတ္လုပ္ခ ေပါင္ေလးသိန္းေတာင္းေနတဲ့ ဘိုင္ယန္ျမဴးနစ္ရဲ႕ ေဒးဗစ္ အလာဘာတို႔ကို ေခၚယူဖို႔က လက္ခံႏိုင္တဲ့ ပမာဏကို မေရာက္မခ်င္း ေနာက္ဆုတ္ရဖို႔ ရွိေန။

– ဒူးအ႐ြတ္ဒဏ္ရာကေန သက္သာလာတဲ့ ေနာက္ခံလူ ဗာဂ်ီးလ္ ဗန္ဒိုက္အေနနဲ႔ မူလခန႔္မွန္းထားတဲ့ ေန႔ရက္မတိုင္မီ ျပန္ကစားႏိုင္ဖို႔ ရွိေနတယ္လို႔ သတင္းေတြက ထုတ္ေဖာ္ခဲ့ၿပီး လီဗာပူးလ္နည္းျပ ယာဂန္ ကေလာ့ပ္က ဒီရာသီအတြက္ လက္ေလွ်ာ့ထားခဲ့ေပမယ့္ ပါဝင္ႏိုင္ခြင့္ရွိမယ္လို႔ ဆိုေနၾက။

– လာမယ့္ေႏြရာသီမွာ အသင္းမွာ မေပ်ာ္႐ႊင္ေတာ့ဘဲ ဆက္ဆံေရးအက္ေၾကာင္းေတြ ႀကီးမားေနခဲ့တဲ့ တိုက္စစ္မႉး မိုဟာမက္ ဆာလားကို ေရာင္းခ်ၿပီး ဂ်ဴဗင္တပ္စ္အသင္းရဲ႕ ကစားပုံတူညီတဲ့ အာဂ်င္တီးနားေရွ႕တန္းလူ ေပၚလို ဒီဘားလားနဲ႔ အစားထိုးႏိုင္ဖို႔ လီဗာပူးလ္တို႔ ေစာင့္ၾကည့္ေန။

– လီဗာပူးလ္အသင္းနည္းျပ ယာဂန္ ကေလာ့ပ္က သူ႔ရဲ႕ လက္က်န္ရာသီအတြက္ ရည္မွန္းခ်က္ေတြက ခ်န္ပီယံလိဂ္မွာ ေအာင္ျမင္ႏိုင္ဖို႔နဲ႔ ပရီးမီးယားလိဂ္မွာ တတ္ႏိုင္သမွ် ႏိုင္ပြဲရွာေဖြၿပီး ရပ္တည္မႈ ေကာင္းႏိုင္ဖို႔ျဖစ္တယ္လို႔ သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားသြားခဲ့။

– လာမယ့္အပတ္ထဲမွာ ဆလိုေဗးနီးယားႏိုင္ငံမွာ က်င္းပမယ့္ ဥေရာပ ယူ-၂၁ ၿပိဳင္ပြဲအတြက္ ကစားသမားေ႐ြးခ်ယ္မႈစာရင္းကို အက္ဖ္ေအက ထုတ္ျပန္ရာမွာ လီဗာပူးလ္အသင္းကြင္းလယ္လူ ကားတစ္ဂ်ဳံးစ္ ပါဝင္ခဲ့ၿပီး ကစားသမားေဟာင္း ႐ိုင္ယန္ ဘ႐ူးစတားလည္း ပါဝင္ေန။

– ဒီေန႔ညမွာ ေတြ႕ဆုံၾကမယ့္ လီဗာပူးလ္အသင္းနဲ႔ ပြဲစဥ္မွာ ဝုလ္ဗာဟမ့္ပ္တန္ပရိသတ္ေတြအေနနဲ႔ ဒီယိုဂို ဂ်ိဳတာကို လြမ္းဆြတ္တသေနၾကမွာ မဟုတ္ဘဲ သူရဲ႕ေနရာမွာ အစားဝင္ခဲ့ၿပီး ေျခစြမ္းျပႏိုင္ခဲ့တဲ့ ပက္ဒ႐ို နီတိုဟာ ေပၚတူဂီသားခ်င္း ကြက္လပ္ကို ျဖည့္ဆည္းႏိုင္ခဲ့ၿပီလို႔ ယုံၾကည္ေနၾက။

– လီဗာပူးလ္ေနာက္ခံလူ နာသန္ ဖိလစ္က သူ႔အေနနဲ႔ ေျခစြမ္းေကာင္းမြန္ေနခ်ိန္မွာ အသင္းက ထြက္ခြာၿပီး ပုံမွန္ကစားခြင့္ကို ရွာေဖြမယ္ဆိုတဲ့ ေကာလဟာလေတြကို ပယ္ခ်လိုက္ၿပီး RB လိုက္ပ္ဇစ္နဲ႔ပြဲမွာ ေျခစြမ္းျပႏိုင္ခဲ့တာမ်ိဳးထက္ ပိုျမင့္မားတဲ့ အဆင့္ကို အသင္းနဲ႔အတူ ေရာက္ရွိလိုေၾကာင္း ေျပာၾကားသြား။

– လီဗာပူးလ္အသင္းအေနနဲ႔ ေႏြရာသီမွာ အသင္းရဲ႕ အသုံးမလိုသူေတြကို ထုတ္ေရာင္းၿပီး အေျပာင္းအေရႊ႕ဘတ္ဂ်က္ ရွာေဖြသြားဖို႔ စီစဥ္ေနရာမွာ ေနာက္ခံလူ ဂ်ဳိယယ္လ္ မာတစ္ပ္ကို အေရာင္းစာရင္းရဲ႕ ထိပ္ဆုံးက ထည့္သြင္းထားၿပီး ခ်ိမ္ဘာလိန္၊ ရွာက်ီရီနဲ႔ အိုရီဂီတုိ႔လည္း ပါဝင္ေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.