Premier League Transfer News

15 Mar ညနေခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု

– ချဲလ်ဆီးပရိသတ်တွေအတွက် မျှော်လင့်ချက်တစ်ရပ်အဖြစ် အသင်းအနေနဲ့ ဘိုင်ယန်မြူးနစ်အသင်းကနေ ထွက်ခွာမယ့် နောက်ခံလူ ဒေးဗစ် အလာဘာကို ခေါ်ယူသွားဖို့ မန်ချက်စတာယူနိုက်တက်နဲ့အပြိုင် ကြိုးစားနေတယ်လို့ သိရပြီး တစ်ပတ်လုပ်ခ ပေါင်လေးသိန်းအထိ တောင်းဆိုဖွယ်ရှိနေတဲ့ လုပ်ခအတွက်တော့ လီဗာပူးလ်အသင်းက လက်လျှော့ဖွယ်ရှိနေ။

– အင်္ဂလန်မြေနဲ့ အသားမကျတဲ့ ကွင်းပြင်ပကိစ္စတွေ အားလုံး ပြီးဆုံးသွားခဲ့ပြီဖြစ်ပြီး လက်ရှိမှာ ချဲလ်ဆီးအသင်းအတွက် အကောင်းဆုံး ကြိုးစားရင်း ခြေစွမ်းပြပေးဖို့ပဲ ရှိတော့တယ်လို့ ကွင်းလယ်တိုက်စစ်ကစားသမား ခိုင် ဟာဗတ်ဇ်က ပရိသတ်တွေကို မင်္ဂလာစကား ပြောကြားသွားခဲ့။

– အင်တာမီလန်နဲ့ နာပိုလီအသင်းတွေကနေ အလိုရှိနေတဲ့ အီတလီလက်ရွေးစင် အီမာဆန် ပယ်လ်မီယာရီကို ရောင်းချဖို့အတွက် တန်ကြေး ပေါင် ၁၇ သန်း သတ်မှတ်လိုက်ပြီး ၂၀၂၂ နွေအထိ စာချုပ်ကျန်သေးတဲ့ ဘယ်နောက်ခံလူအတွက် ဝယ်ယူစဉ်က ဈေးနဲ့ပဲ ပြန်ထုတ်သွားဖွယ်ရှိနေ။

– ချဲလ်ဆီးအသင်းအနေနဲ့ နွေရာသီမှာ အာလင်း ဟားလန်းလိုမျိုး ဈေးနှုန်းကြီးမြင့်တဲ့ တိုက်စစ်မှူးသစ်တစ်ဦးကို ခေါ်ယူဖြစ်ခဲ့ရင် လက်ရှိမှာ ခြေစွမ်းပြသနိုင်ခြင်းမရှိတဲ့ တီမို ဗာနာကို ရောင်းချသွားဖွယ်ရှိနေပြီး သူ့အတွက် CIES ရဲ့ သတ်မှတ်လိုက်တဲ့ တန်ကြေး ယူရို ၁၁၅ သန်းနဲ့ ဈေးကွက်တင်သွားဖွယ်ရှိနေ။

– မြောက်လန်ဒန်ဒါဘီမှာ နှစ်ဂိုး-တစ်ဂိုးနဲ့ စပါးစ်ကို အနိုင်ရရှိခဲ့အပြီးမှာ အာဆင်နယ်နောက်ခံလူ ဒေးဗစ် လူးဝစ်ဇ်က North London is Red လို့ သုံးရမယ့်အစား London is Red လို့ သူ့ရဲ့ အင်စတာဂရမ်မှာ တင်သွားခဲ့မှုအတွက် လန်ဒန်အသင်းကြီးသုံးသင်းထဲမှာ အနိမ့်ဆုံး ရပ်တည်နေခဲ့တဲ့ အသင်းက နောက်ခံလူကို အသင်းဟောင်း ချဲလ်ဆီးက ပရိသတ်တွေက ဝိုင်းဝန်းလှောင်ပြောင်ခဲ့ကြ။

– နည်းပြ သောမတ်စ် တူဟယ်လ်အနေနဲ့ လာမယ့်နွေရာသီမှာ ငွေသုံးဖို့ဆိုရင် တိုက်စစ်နဲ့ ခံစစ် ဘတ်ဂျက်ကို မျှတအောင် သုံးစွဲရဖွယ်ရှိပြီး အသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်အနေနဲ့ တီမို ဗာနာနဲ့ ဟာဗတ်ဇ်တို့ကို ခေါ်တုန်းကလိုမျိုး နောက်တန်းလူတွေအတွက်တော့ ငွေများများသုံးဖို့ အစီအစဉ်မရှိဘူးလို့ နီးစပ်ရာအသိုင်းအဝိုင်းက ထုတ်ဖော်လာခဲ့။

– ဒေါ့မွန်အသင်းဆီကို အာလင်း ဟားလန်းအတွက် ကမ်းလှမ်းမှု ၆ ခု ရောက်ရှိနေတယ်လို့ ဂျာမန်သတင်းဌာန Bild က ဖော်ပြခဲ့ပြီး ဘွန်ဒက်စ်လီဂါကလပ်အနေနဲ့ သူတို့ရဲ့ အကောင်းဆုံးကစားသမားအတွက် ယူရိုသန်း ၁၅၀ လောက် အလိုရှိနေတယ်လို့လည်းဆိုခဲ့။

– ချဲလ်ဆီးအသင်းအနေနဲ့ လာမယ့်ရာသီမှာ ဘာစီလိုနာအသင်းကနေ ရောင်းထုတ်ဖွယ်ရှိနေတဲ့ ကွင်းလယ်လူ ဖလိပီ ကော်တင်ညိုကို ကမ်းလှမ်းသွားဖွယ်ရှိနေပြီး ကာတာလန်ကလပ်ရဲ့ DNA မျိုး မရှိဘူးလို့ ဝေဖန်ခံထားရတဲ့ ဘရာဇီးလ်သားကို ဈေးသက်သက်သာသာနဲ့ ရနိုင်မယ်လို့ ယူဆထား။

– လာမယ့်ရာသီမှာ ကွင်းလယ်လူ ဂျော်ဂျင်ညိုရဲ့ အီတလီပြန်နိုင်ခြေကို ချဲလ်ဆီးအသင်းအနေနဲ့ စောင့်ကြည့်နေပြီး ခိုင်မာတဲ့ ဆက်သွယ်မှုမျိုး ရှိလာတာနဲ့ ပြန်လည်အစားထိုးဖို့အတွက် ပြင်သစ်ကလပ် ရင်းနေးအသင်းရဲ့ ကွင်းလယ်လူ အေဒူယာဒို ကာမာဗင်ဂါကို ခေါ်ယူသွားဖို့ ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ခ်ဲလ္ဆီးပရိသတ္ေတြအတြက္ ေမွ်ာ္လင့္ခ်က္တစ္ရပ္အျဖစ္ အသင္းအေနနဲ႔ ဘိုင္ယန္ျမဴးနစ္အသင္းကေန ထြက္ခြာမယ့္ ေနာက္ခံလူ ေဒးဗစ္ အလာဘာကို ေခၚယူသြားဖို႔ မန္ခ်က္စတာယူႏိုက္တက္နဲ႔အၿပိဳင္ ႀကိဳးစားေနတယ္လို႔ သိရၿပီး တစ္ပတ္လုပ္ခ ေပါင္ေလးသိန္းအထိ ေတာင္းဆိုဖြယ္ရွိေနတဲ့ လုပ္ခအတြက္ေတာ့ လီဗာပူးလ္အသင္းက လက္ေလွ်ာ့ဖြယ္ရွိေန။

– အဂၤလန္ေျမနဲ႔ အသားမက်တဲ့ ကြင္းျပင္ပကိစၥေတြ အားလုံး ၿပီးဆုံးသြားခဲ့ၿပီျဖစ္ၿပီး လက္ရွိမွာ ခ်ဲလ္ဆီးအသင္းအတြက္ အေကာင္းဆုံး ႀကိဳးစားရင္း ေျခစြမ္းျပေပးဖို႔ပဲ ရွိေတာ့တယ္လို႔ ကြင္းလယ္တိုက္စစ္ကစားသမား ခိုင္ ဟာဗတ္ဇ္က ပရိသတ္ေတြကို မဂၤလာစကား ေျပာၾကားသြားခဲ့။

– အင္တာမီလန္နဲ႔ နာပိုလီအသင္းေတြကေန အလိုရွိေနတဲ့ အီတလီလက္ေ႐ြးစင္ အီမာဆန္ ပယ္လ္မီယာရီကို ေရာင္းခ်ဖို႔အတြက္ တန္ေၾကး ေပါင္ ၁၇ သန္း သတ္မွတ္လိုက္ၿပီး ၂၀၂၂ ေႏြအထိ စာခ်ဳပ္က်န္ေသးတဲ့ ဘယ္ေနာက္ခံလူအတြက္ ဝယ္ယူစဥ္က ေဈးနဲ႔ပဲ ျပန္ထုတ္သြားဖြယ္ရွိေန။

– ခ်ဲလ္ဆီးအသင္းအေနနဲ႔ ေႏြရာသီမွာ အာလင္း ဟားလန္းလိုမ်ိဳး ေဈးႏႈန္းႀကီးျမင့္တဲ့ တိုက္စစ္မႉးသစ္တစ္ဦးကို ေခၚယူျဖစ္ခဲ့ရင္ လက္ရွိမွာ ေျခစြမ္းျပသႏိုင္ျခင္းမရွိတဲ့ တီမို ဗာနာကို ေရာင္းခ်သြားဖြယ္ရွိေနၿပီး သူ႔အတြက္ CIES ရဲ႕ သတ္မွတ္လိုက္တဲ့ တန္ေၾကး ယူ႐ို ၁၁၅ သန္းနဲ႔ ေဈးကြက္တင္သြားဖြယ္ရွိေန။

– ေျမာက္လန္ဒန္ဒါဘီမွာ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ စပါးစ္ကို အႏိုင္ရရွိခဲ့အၿပီးမွာ အာဆင္နယ္ေနာက္ခံလူ ေဒးဗစ္ လူးဝစ္ဇ္က North London is Red လို႔ သုံးရမယ့္အစား London is Red လို႔ သူ႔ရဲ႕ အင္စတာဂရမ္မွာ တင္သြားခဲ့မႈအတြက္ လန္ဒန္အသင္းႀကီးသုံးသင္းထဲမွာ အနိမ့္ဆုံး ရပ္တည္ေနခဲ့တဲ့ အသင္းက ေနာက္ခံလူကို အသင္းေဟာင္း ခ်ဲလ္ဆီးက ပရိသတ္ေတြက ဝိုင္းဝန္းေလွာင္ေျပာင္ခဲ့ၾက။

– နည္းျပ ေသာမတ္စ္ တူဟယ္လ္အေနနဲ႔ လာမယ့္ေႏြရာသီမွာ ေငြသုံးဖို႔ဆိုရင္ တိုက္စစ္နဲ႔ ခံစစ္ ဘတ္ဂ်က္ကို မွ်တေအာင္ သုံးစြဲရဖြယ္ရွိၿပီး အသင္းပိုင္ရွင္ ေအဘရာမိုဗစ္ခ်္အေနနဲ႔ တီမို ဗာနာနဲ႔ ဟာဗတ္ဇ္တို႔ကို ေခၚတုန္းကလိုမ်ိဳး ေနာက္တန္းလူေတြအတြက္ေတာ့ ေငြမ်ားမ်ားသုံးဖို႔ အစီအစဥ္မရွိဘူးလို႔ နီးစပ္ရာအသိုင္းအဝိုင္းက ထုတ္ေဖာ္လာခဲ့။

– ေဒါ့မြန္အသင္းဆီကို အာလင္း ဟားလန္းအတြက္ ကမ္းလွမ္းမႈ ၆ ခု ေရာက္ရွိေနတယ္လို႔ ဂ်ာမန္သတင္းဌာန Bild က ေဖာ္ျပခဲ့ၿပီး ဘြန္ဒက္စ္လီဂါကလပ္အေနနဲ႔ သူတို႔ရဲ႕ အေကာင္းဆုံးကစားသမားအတြက္ ယူ႐ိုသန္း ၁၅၀ ေလာက္ အလိုရွိေနတယ္လို႔လည္းဆိုခဲ့။

– ခ်ဲလ္ဆီးအသင္းအေနနဲ႔ လာမယ့္ရာသီမွာ ဘာစီလိုနာအသင္းကေန ေရာင္းထုတ္ဖြယ္ရွိေနတဲ့ ကြင္းလယ္လူ ဖလိပီ ေကာ္တင္ညိဳကို ကမ္းလွမ္းသြားဖြယ္ရွိေနၿပီး ကာတာလန္ကလပ္ရဲ႕ DNA မ်ိဳး မရွိဘူးလို႔ ေဝဖန္ခံထားရတဲ့ ဘရာဇီးလ္သားကို ေဈးသက္သက္သာသာနဲ႔ ရႏိုင္မယ္လို႔ ယူဆထား။

– လာမယ့္ရာသီမွာ ကြင္းလယ္လူ ေဂ်ာ္ဂ်င္ညိဳရဲ႕ အီတလီျပန္ႏိုင္ေျခကို ခ်ဲလ္ဆီးအသင္းအေနနဲ႔ ေစာင့္ၾကည့္ေနၿပီး ခိုင္မာတဲ့ ဆက္သြယ္မႈမ်ိဳး ရွိလာတာနဲ႔ ျပန္လည္အစားထိုးဖို႔အတြက္ ျပင္သစ္ကလပ္ ရင္းေနးအသင္းရဲ႕ ကြင္းလယ္လူ ေအဒူယာဒို ကာမာဗင္ဂါကို ေခၚယူသြားဖို႔ ရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.