Premier League Transfer News

15 Mar ညနေခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု

– ချဲလ်ဆီးပရိသတ်တွေအတွက် မျှော်လင့်ချက်တစ်ရပ်အဖြစ် အသင်းအနေနဲ့ ဘိုင်ယန်မြူးနစ်အသင်းကနေ ထွက်ခွာမယ့် နောက်ခံလူ ဒေးဗစ် အလာဘာကို ခေါ်ယူသွားဖို့ မန်ချက်စတာယူနိုက်တက်နဲ့အပြိုင် ကြိုးစားနေတယ်လို့ သိရပြီး တစ်ပတ်လုပ်ခ ပေါင်လေးသိန်းအထိ တောင်းဆိုဖွယ်ရှိနေတဲ့ လုပ်ခအတွက်တော့ လီဗာပူးလ်အသင်းက လက်လျှော့ဖွယ်ရှိနေ။

– အင်္ဂလန်မြေနဲ့ အသားမကျတဲ့ ကွင်းပြင်ပကိစ္စတွေ အားလုံး ပြီးဆုံးသွားခဲ့ပြီဖြစ်ပြီး လက်ရှိမှာ ချဲလ်ဆီးအသင်းအတွက် အကောင်းဆုံး ကြိုးစားရင်း ခြေစွမ်းပြပေးဖို့ပဲ ရှိတော့တယ်လို့ ကွင်းလယ်တိုက်စစ်ကစားသမား ခိုင် ဟာဗတ်ဇ်က ပရိသတ်တွေကို မင်္ဂလာစကား ပြောကြားသွားခဲ့။

– အင်တာမီလန်နဲ့ နာပိုလီအသင်းတွေကနေ အလိုရှိနေတဲ့ အီတလီလက်ရွေးစင် အီမာဆန် ပယ်လ်မီယာရီကို ရောင်းချဖို့အတွက် တန်ကြေး ပေါင် ၁၇ သန်း သတ်မှတ်လိုက်ပြီး ၂၀၂၂ နွေအထိ စာချုပ်ကျန်သေးတဲ့ ဘယ်နောက်ခံလူအတွက် ဝယ်ယူစဉ်က ဈေးနဲ့ပဲ ပြန်ထုတ်သွားဖွယ်ရှိနေ။

– ချဲလ်ဆီးအသင်းအနေနဲ့ နွေရာသီမှာ အာလင်း ဟားလန်းလိုမျိုး ဈေးနှုန်းကြီးမြင့်တဲ့ တိုက်စစ်မှူးသစ်တစ်ဦးကို ခေါ်ယူဖြစ်ခဲ့ရင် လက်ရှိမှာ ခြေစွမ်းပြသနိုင်ခြင်းမရှိတဲ့ တီမို ဗာနာကို ရောင်းချသွားဖွယ်ရှိနေပြီး သူ့အတွက် CIES ရဲ့ သတ်မှတ်လိုက်တဲ့ တန်ကြေး ယူရို ၁၁၅ သန်းနဲ့ ဈေးကွက်တင်သွားဖွယ်ရှိနေ။

– မြောက်လန်ဒန်ဒါဘီမှာ နှစ်ဂိုး-တစ်ဂိုးနဲ့ စပါးစ်ကို အနိုင်ရရှိခဲ့အပြီးမှာ အာဆင်နယ်နောက်ခံလူ ဒေးဗစ် လူးဝစ်ဇ်က North London is Red လို့ သုံးရမယ့်အစား London is Red လို့ သူ့ရဲ့ အင်စတာဂရမ်မှာ တင်သွားခဲ့မှုအတွက် လန်ဒန်အသင်းကြီးသုံးသင်းထဲမှာ အနိမ့်ဆုံး ရပ်တည်နေခဲ့တဲ့ အသင်းက နောက်ခံလူကို အသင်းဟောင်း ချဲလ်ဆီးက ပရိသတ်တွေက ဝိုင်းဝန်းလှောင်ပြောင်ခဲ့ကြ။

– နည်းပြ သောမတ်စ် တူဟယ်လ်အနေနဲ့ လာမယ့်နွေရာသီမှာ ငွေသုံးဖို့ဆိုရင် တိုက်စစ်နဲ့ ခံစစ် ဘတ်ဂျက်ကို မျှတအောင် သုံးစွဲရဖွယ်ရှိပြီး အသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်အနေနဲ့ တီမို ဗာနာနဲ့ ဟာဗတ်ဇ်တို့ကို ခေါ်တုန်းကလိုမျိုး နောက်တန်းလူတွေအတွက်တော့ ငွေများများသုံးဖို့ အစီအစဉ်မရှိဘူးလို့ နီးစပ်ရာအသိုင်းအဝိုင်းက ထုတ်ဖော်လာခဲ့။

– ဒေါ့မွန်အသင်းဆီကို အာလင်း ဟားလန်းအတွက် ကမ်းလှမ်းမှု ၆ ခု ရောက်ရှိနေတယ်လို့ ဂျာမန်သတင်းဌာန Bild က ဖော်ပြခဲ့ပြီး ဘွန်ဒက်စ်လီဂါကလပ်အနေနဲ့ သူတို့ရဲ့ အကောင်းဆုံးကစားသမားအတွက် ယူရိုသန်း ၁၅၀ လောက် အလိုရှိနေတယ်လို့လည်းဆိုခဲ့။

– ချဲလ်ဆီးအသင်းအနေနဲ့ လာမယ့်ရာသီမှာ ဘာစီလိုနာအသင်းကနေ ရောင်းထုတ်ဖွယ်ရှိနေတဲ့ ကွင်းလယ်လူ ဖလိပီ ကော်တင်ညိုကို ကမ်းလှမ်းသွားဖွယ်ရှိနေပြီး ကာတာလန်ကလပ်ရဲ့ DNA မျိုး မရှိဘူးလို့ ဝေဖန်ခံထားရတဲ့ ဘရာဇီးလ်သားကို ဈေးသက်သက်သာသာနဲ့ ရနိုင်မယ်လို့ ယူဆထား။

– လာမယ့်ရာသီမှာ ကွင်းလယ်လူ ဂျော်ဂျင်ညိုရဲ့ အီတလီပြန်နိုင်ခြေကို ချဲလ်ဆီးအသင်းအနေနဲ့ စောင့်ကြည့်နေပြီး ခိုင်မာတဲ့ ဆက်သွယ်မှုမျိုး ရှိလာတာနဲ့ ပြန်လည်အစားထိုးဖို့အတွက် ပြင်သစ်ကလပ် ရင်းနေးအသင်းရဲ့ ကွင်းလယ်လူ အေဒူယာဒို ကာမာဗင်ဂါကို ခေါ်ယူသွားဖို့ ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.