Match Report Serie A UCL&UEL

ပီလီရဲ့သွင်းဂိုးတွေကို ကျော်ဖြတ်ပြီး Perfect Hat-Trickနဲ့ ဂျူဗီကို တွန်းတင်ခဲ့တဲ့ ရော်နယ်လ်ဒို

ခရစ္စတီယာနို ရော်နယ်လ်ဒိုအတွက် ဂျူဗင်တပ်စ်တို့ ချန်ပီယံလိဂ်က ထွက်ခဲ့ရမှုမှာ အဓိက တာဝန်ရှိတယ်လို့ သူ့ရဲ့ ခြေစွမ်းရော လူတံတိုင်းက ပိတ်ဆို့မှု အားနည်းတာကိုပါ ဝေဖန်ခံခဲ့ရပေမယ့် တနင်္ဂနွေနေ့ညကတော့ အကောင်းဆုံး ခြေစွမ်းနဲ့အတူ ဝေဖန်မှုတွေကို တုံ့ပြန်ပြခဲ့ပြီး ၂၂ မိနစ် ဟက်ထရစ်သွင်းဂိုးနဲ့ စီးရီးအေ ရွှေဖိနပ်အတွက် ပြတ်သားတဲ့ ဦးဆောင်မှုကို ပြသလိုက်ပါတယ်။

သုံးဂိုး-တစ်ဂိုးနဲ့ ကက်ဂလီယာရီကို အနိုင်ရတဲ့ပွဲမှာ ရော်နယ်လ်ဒိုအနေနဲ့ အသင်းအတွက် ပထမဂိုးကို ထောင့်ကန်ဘောကနေ မှန်ကန်တဲ့ နေရာယူမှုနဲ့ အပြင်းစားခေါင်းတိုက်ချက်ကို ပြသခဲ့ပြီး တစ်ဖက်နောက်ခံလူတွေ အသည်းအသန် ပိတ်ဆို့နေချိန်မှာ သူက နောက်ကနေပြီး အသာလေး ပြေးလာပြီးမှ ရွရွလေး ခုန်သွင်းပြသွားခဲ့တာဖြစ်ပါတယ်။

ဒုတိယဂိုးကိုတော့ မိုရာတာရဲ့ ပေးပို့မှုကနေ သူကိုယ်တိုင်ရယူခဲ့တဲ့ ပင်နယ်တီကို တာဝန်ကျေကျေနဲ့ ကန်သွင်းယူခဲ့ပြီး နောက်တစ်ဂိုးကိုတော့ ပွဲချိန် ၃၂ မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ ခီယေဆာရဲ့ ပေးပို့မှုကို ဂိုးဧရိယာညာဘက်ထိပ်ကနေ ဘယ်ခြေနဲ့ အပြင်းကန်သွင်းပြီး ရယူသွားခဲ့တာ ဖြစ်သလို ကစားသမားဘဝသွင်းဂိုးပေါင်း ၇၇၀ ဂိုးနဲ့ ပီလီရဲ့ မှတ်တမ်း ၇၆၇ ဂိုးကိုပါ ကျော်ဖြတ်သွားနိုင်ခဲ့တာပါ။

ပထမဂိုးကို ခေါင်းတိုက်ချက်၊ ဒုတိယဂိုးကို ညာခြေ၊ တတိယဂိုးကို ဘယ်ခြေနဲ့ သွင်းယူခဲ့တဲ့ ရော်နယ်လ်ဒိုဟာ Perfect Hat-Trick လို့ခေါ်တဲ့ ပြည့်စုံတဲ့ တစ်ဂိုးကို တစ်မျိုးစီ သွင်းယူနိုင်ခဲ့တဲ့ ဟက်ထရစ်ကို ရရှိခဲ့တာဖြစ်ပြီး ဂျူဗင်တပ်စ်အသင်းကိုတော့ ဒုတိယနေရာဆီ တက်လှမ်းနိုင်မယ့် အခွင့်အရေးကိုလည်း ပေးအပ်ခဲ့တာဖြစ်ပါတယ်။

ဂျူဗင်တပ်စ်အသင်းအနေနဲ့ လက်ရှိ အင်တာမီလန်တို့ ပြတ်ပြတ်သားသား ဦးဆောင်နေတဲ့ စီးရီးအေမှာ ဒုတိယနေရာက အေစီမီလန်ထက် တစ်ပွဲလျှော့ကစားပြီး တစ်မှတ်အလိုနဲ့ တတိယနေရာမှာ ရပ်တည်နေတာဖြစ်ပြီး ကစားသမားဘဝမှာ ကောင်းခဲ့သလောက် နည်းပြအရည်အချင်း မပြည့်ဝသေးဘူးလို့ ဝေဖန်ခံနေရတဲ့ အန်ဒရီယာ ပီယာလိုအတွက်ပါ စိတ်သက်သာရာရစေခဲ့တာပါ။

ပွဲချိန် ၁၀ မိနစ်ကစပြီး ဂိုးရခဲ့တဲ့ ရော်နယ်လ်ဒိုဟာ ဒီပွဲမှာ ၂၂ မိနစ်အတွင်းမှာ ဒီဟက်ထရစ်ကို ရယူနိုင်ခဲ့တာဖြစ်ပြီး စီးရီးအေရဲ့ ဂိုးသွင်းသူ တန်းစီဇယားမှာလည်း ၂၆ ပွဲကစား ၂၃ ဂိုးနဲ့ ဒုတိယနေရာက အင်တာမီလန်တိုက်စစ်မှူး လူကာကူးကို ၄ ဂိုးဖြတ်ထားပြီး လာလီဂါရဲ့ ပြိုင်ဘက်ဟောင်း မက်ဆီကိုလည်း တူညီတဲ့ ပမာဏဖြစ်တဲ့ ၄ ဂိုး ဖြတ်ထားနိုင်ခဲ့တာကို တွေ့ရပါတယ်။

ရော်နယ်လ်ဒိုအနေနဲ့ သူ့ကို ခြေကျနေပြီလို့ ဝေဖန်ခဲ့တဲ့သူတွေကို ပီလီကို ကျော်ဖြတ်ရင်း အကောင်းဆုံး တုံ့ပြန်ပြခဲ့တာဖြစ်ပြီး အမုန်းတရားပေါ်ကို အခြေခံမှုသက်သက်လို့ ခြေစွမ်းနဲ့ ပြန်ပြောလိုက်တာဖြစ်သလို လက်ရှိအသင်းရဲ့ မအောင်မြင်မှုတွေမှာ သူ့ကြောင့်တော့ မဟုတ်ဘဲ တခြားသော အကြောင်းအရာတွေဖြစ်တဲ့ နည်းစနစ်ပိုင်းနဲ့ အသင်းဖော်တွေရဲ့ မပြည့်ဝမှုတွေကြောင့်လို့ သူ့ရဲ့ ပရိသတ်စစ်စစ်တွေက ပြန်လည်လက်ညှိုးထိုးနိုင်ဖို့ ဒီဟက်ထရစ်သွင်းဂိုးတွေက လုံလောက်ခဲ့မယ်လို့လည်း ယူဆမိကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခရစၥတီယာႏို ေရာ္နယ္လ္ဒိုအတြက္ ဂ်ဴဗင္တပ္စ္တို႔ ခ်န္ပီယံလိဂ္က ထြက္ခဲ့ရမႈမွာ အဓိက တာဝန္ရွိတယ္လို႔ သူ႔ရဲ႕ ေျခစြမ္းေရာ လူတံတိုင္းက ပိတ္ဆို႔မႈ အားနည္းတာကိုပါ ေဝဖန္ခံခဲ့ရေပမယ့္ တနဂၤေႏြေန႔ညကေတာ့ အေကာင္းဆုံး ေျခစြမ္းနဲ႔အတူ ေဝဖန္မႈေတြကို တုံ႔ျပန္ျပခဲ့ၿပီး ၂၂ မိနစ္ ဟက္ထရစ္သြင္းဂိုးနဲ႔ စီးရီးေအ ေ႐ႊဖိနပ္အတြက္ ျပတ္သားတဲ့ ဦးေဆာင္မႈကို ျပသလိုက္ပါတယ္။

သုံးဂိုး-တစ္ဂိုးနဲ႔ ကက္ဂလီယာရီကို အႏိုင္ရတဲ့ပြဲမွာ ေရာ္နယ္လ္ဒိုအေနနဲ႔ အသင္းအတြက္ ပထမဂိုးကို ေထာင့္ကန္ေဘာကေန မွန္ကန္တဲ့ ေနရာယူမႈနဲ႔ အျပင္းစားေခါင္းတိုက္ခ်က္ကို ျပသခဲ့ၿပီး တစ္ဖက္ေနာက္ခံလူေတြ အသည္းအသန္ ပိတ္ဆို႔ေနခ်ိန္မွာ သူက ေနာက္ကေနၿပီး အသာေလး ေျပးလာၿပီးမွ ႐ြ႐ြေလး ခုန္သြင္းျပသြားခဲ့တာျဖစ္ပါတယ္။

ဒုတိယဂိုးကိုေတာ့ မိုရာတာရဲ႕ ေပးပို႔မႈကေန သူကိုယ္တိုင္ရယူခဲ့တဲ့ ပင္နယ္တီကို တာဝန္ေက်ေက်နဲ႔ ကန္သြင္းယူခဲ့ၿပီး ေနာက္တစ္ဂိုးကိုေတာ့ ပြဲခ်ိန္ ၃၂ မိနစ္မွာ တန္ျပန္တိုက္စစ္ကေန ခီေယဆာရဲ႕ ေပးပို႔မႈကို ဂိုးဧရိယာညာဘက္ထိပ္ကေန ဘယ္ေျခနဲ႔ အျပင္းကန္သြင္းၿပီး ရယူသြားခဲ့တာ ျဖစ္သလို ကစားသမားဘဝသြင္းဂိုးေပါင္း ၇၇၀ ဂိုးနဲ႔ ပီလီရဲ႕ မွတ္တမ္း ၇၆၇ ဂိုးကိုပါ ေက်ာ္ျဖတ္သြားႏိုင္ခဲ့တာပါ။

ပထမဂိုးကို ေခါင္းတိုက္ခ်က္၊ ဒုတိယဂိုးကို ညာေျခ၊ တတိယဂိုးကို ဘယ္ေျခနဲ႔ သြင္းယူခဲ့တဲ့ ေရာ္နယ္လ္ဒိုဟာ Perfect Hat-Trick လို႔ေခၚတဲ့ ျပည့္စုံတဲ့ တစ္ဂိုးကို တစ္မ်ိဳးစီ သြင္းယူႏိုင္ခဲ့တဲ့ ဟက္ထရစ္ကို ရရွိခဲ့တာျဖစ္ၿပီး ဂ်ဴဗင္တပ္စ္အသင္းကိုေတာ့ ဒုတိယေနရာဆီ တက္လွမ္းႏိုင္မယ့္ အခြင့္အေရးကိုလည္း ေပးအပ္ခဲ့တာျဖစ္ပါတယ္။

ဂ်ဴဗင္တပ္စ္အသင္းအေနနဲ႔ လက္ရွိ အင္တာမီလန္တို႔ ျပတ္ျပတ္သားသား ဦးေဆာင္ေနတဲ့ စီးရီးေအမွာ ဒုတိယေနရာက ေအစီမီလန္ထက္ တစ္ပြဲေလွ်ာ့ကစားၿပီး တစ္မွတ္အလိုနဲ႔ တတိယေနရာမွာ ရပ္တည္ေနတာျဖစ္ၿပီး ကစားသမားဘဝမွာ ေကာင္းခဲ့သေလာက္ နည္းျပအရည္အခ်င္း မျပည့္ဝေသးဘူးလို႔ ေဝဖန္ခံေနရတဲ့ အန္ဒရီယာ ပီယာလိုအတြက္ပါ စိတ္သက္သာရာရေစခဲ့တာပါ။

ပြဲခ်ိန္ ၁၀ မိနစ္ကစၿပီး ဂိုးရခဲ့တဲ့ ေရာ္နယ္လ္ဒိုဟာ ဒီပြဲမွာ ၂၂ မိနစ္အတြင္းမွာ ဒီဟက္ထရစ္ကို ရယူႏိုင္ခဲ့တာျဖစ္ၿပီး စီးရီးေအရဲ႕ ဂိုးသြင္းသူ တန္းစီဇယားမွာလည္း ၂၆ ပြဲကစား ၂၃ ဂိုးနဲ႔ ဒုတိယေနရာက အင္တာမီလန္တိုက္စစ္မႉး လူကာကူးကို ၄ ဂိုးျဖတ္ထားၿပီး လာလီဂါရဲ႕ ၿပိဳင္ဘက္ေဟာင္း မက္ဆီကိုလည္း တူညီတဲ့ ပမာဏျဖစ္တဲ့ ၄ ဂိုး ျဖတ္ထားႏိုင္ခဲ့တာကို ေတြ႕ရပါတယ္။

ေရာ္နယ္လ္ဒိုအေနနဲ႔ သူ႔ကို ေျခက်ေနၿပီလို႔ ေဝဖန္ခဲ့တဲ့သူေတြကို ပီလီကို ေက်ာ္ျဖတ္ရင္း အေကာင္းဆုံး တုံ႔ျပန္ျပခဲ့တာျဖစ္ၿပီး အမုန္းတရားေပၚကို အေျခခံမႈသက္သက္လို႔ ေျခစြမ္းနဲ႔ ျပန္ေျပာလိုက္တာျဖစ္သလို လက္ရွိအသင္းရဲ႕ မေအာင္ျမင္မႈေတြမွာ သူ႔ေၾကာင့္ေတာ့ မဟုတ္ဘဲ တျခားေသာ အေၾကာင္းအရာေတြျဖစ္တဲ့ နည္းစနစ္ပိုင္းနဲ႔ အသင္းေဖာ္ေတြရဲ႕ မျပည့္ဝမႈေတြေၾကာင့္လို႔ သူ႔ရဲ႕ ပရိသတ္စစ္စစ္ေတြက ျပန္လည္လက္ညႇိဳးထိုးႏိုင္ဖို႔ ဒီဟက္ထရစ္သြင္းဂိုးေတြက လုံေလာက္ခဲ့မယ္လို႔လည္း ယူဆမိေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.