ဥေရာပႏုိင္ငံအသီးသီးက ထိပ္တန္းလိဂ္ေတြမွာ အငွားနဲ႔ လာေရာက္ကစားေနၾကတဲ့ ေဘာလုံးသမားေတြအတြက္ေတာ့ ကို႐ိုနာဗုိင္းရပ္စ္ေၾကာင့္ ျဖစ္ပြားေနတဲ့ COVID-19 ကပ္ေရာဂါဟာ အိပ္မက္ဆုိးတစ္ခုျဖစ္ေနၿပီး ပြဲစဥ္ေတြ ေရႊ႕ဆုိင္းထားရခ်ိန္ ၾကာေလေလ သူတုိ႔ရဲ႕ ကစားခြင့္နည္းေလျဖစ္သလို အခ်ိန္တန္ရင္ မိခင္အသင္းကို ျပန္ရမယ့္ ျပႆနာနဲ႔လည္း ရင္ဆုိင္ေနခဲ့ရသလို ရည္မွန္းခ်က္ႀကီးမားတဲ့သူေတြအတြက္ စိတ္ပ်က္စရာလည္းျဖစ္ေနပါတယ္။
အထက္က ဆိုခဲ့တဲ့ အငွားကစားသမားေတြထဲမွာ မန္ခ်က္စတာယူႏုိက္တက္ရဲ႕ အိုဒီယြန္ အီဂါလို၊ နယူးကာဆယ္လ္ယူႏုိက္တက္ရဲ႕ ဒန္နီ႐ို႕စ္နဲ႔ အင္တာမီလန္ရဲ႕ ဗစ္တာ မုိးဆက္စ္တုိ႔ ပါဝင္ေနၾကၿပီး သူတုိ႔ေတြအေနနဲ႔ အသင္းသစ္ေတြမွာ ေျခစြမ္းျပၿပီး အနာဂတ္လမ္းေၾကာင္းကို ေျဖာင့္ျဖဴးေစဖို႔ ရည္ရြယ္ခ်က္ေတြအတြက္ ႀကီးမားတဲ့ အတားအဆီး ေရာက္ရွိလာတာလည္းျဖစ္ခဲ့ပါတယ္။
ဒီထဲမွာ မန္ခ်က္စတာယူႏုိက္တက္ကို ကေလးဘဝကတည္းက အားေပးခဲ့တဲ့ အီဂါလိုအေနနဲ႔ သူ႕ရဲ႕ အိပ္မက္အသင္းကို အသက္ ၃၀ အရြယ္မွာမွ ေရာက္ရွိခဲ့တာျဖစ္ၿပီး လက္ရွိမွာလည္း ပြဲအစကေန စတင္ကစားခဲ့ရသမွ်မွာ ဂိုးသြင္းယူျပႏုိင္ခဲ့သလို ေဝဖန္သူေတြကို အသံတိတ္ေစႏုိင္ခဲ့ေပမယ့္ စာခ်ဳပ္ျပည့္သြားမယ့္အခ်ိန္မွာ တ႐ုတ္ကို မျပန္ရဘဲ ဆက္ရွိေနဖို႔အတြက္ အသင္းတာဝန္ရွိသူေတြကို ပရီးမီးယားလိဂ္မွာပါ ေျခစြမ္းျပသႏုိင္ဖို႔ လိုေနေသးၿပီး နည္းျပ ဆုိးလ္ရွားအေနနဲ႔ေတာ့ သူ႕အတြက္ စကားေကာင္းေျပာေပးႏုိင္လိမ့္မယ္လို႔ ယူရပါတယ္။
နယူးကာဆယ္လ္ယူႏုိက္တက္ကို အငွားနဲ႔ထြက္ကစားေနတဲ့ ဒန္နီ႐ို႕စ္ဟာလည္း သူ႕ရဲ႕ အဂၤလန္လက္ေရြးစင္ကစားသမားဘဝကို မထိခိုက္ဖို႔ အတြက္ စပါးစ္ကေန တစ္ဆင့္နိမ့္အသင္းကို ေျပာင္းေရႊ႕ကစားခဲ့တာျဖစ္ၿပီး ဒီအတုိင္းဆုိရင္ေတာ့ ပြဲေတြ မကစားရမွဳနဲ႔အတူ ေနရာလည္း ေပ်ာက္ဆုံးႏုိင္ ေနၿပီး အသက္အားျဖင့္ ပိုမိုငယ္ရြယ္တဲ့ လက္စတာရဲ႕ ဘန္ ေခ်းလ္ဝဲလ္ကို ေက်ာ္ဖို႔ ခက္ႏုိင္သလို ခ်ဲလ္ဆီးကေန အင္တာမီလန္ကို သြားေရာက္ၿပီး သူ႕ရဲ႕ Winger နဲ႔ Wing Back role ကို ျပန္လည္ေတာက္ပဖို႔ ႀကဳိးစားမွဳ သဲထဲေရသြန္ျဖစ္သြားႏုိင္ပါတယ္။
ဒီစာရင္းထဲမွာ အာဆင္နယ္ကို အငွားနဲ႔ ေရာက္လာၿပီး အၿပီးသတ္ေျပာင္းေရႊ႕ႏိုင္ဖို႔ သက္ေသျပရမယ့္ ဆီးဒရစ္ ဆြာရက္စ္နဲ႔ ဝုလ္ဗ္စ္မွာ မေအာင္ျမင္ခဲ့လို႔ ဖီအုိရင္တီးနားကို ျပန္ရင္း ၿပီးခဲ့တဲ့ စေနေန႔က ဗိုင္းရပ္စ္ပါ ကူးစက္ခံခဲ့ရတဲ့ ပက္ထရစ္ ကူထ႐ိုနီတုိ႔ ပါဝင္ေနၿပီး သူတုိ႔အားလုံး အတြက္ေတာ့ ဒီေရာဂါဆုိးႀကီးကို ထိန္းခ်ဳပ္ၿပီး ဥေရာပေဘာလုံးပြဲေတြကုိ ျပန္မစႏုိင္မခ်င္း စိတ္ေအးရဦးမွာ မဟုတ္ေၾကာင္း ေဒးလီးေမးလ္က ေဖာ္ျပသြားခဲ့ပါတယ္။
REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.
UNICODE: ဥရောပနိုင်ငံအသီးသီးက ထိပ်တန်းလိဂ်တွေမှာ အငှားနဲ့ လာရောက်ကစားနေကြတဲ့ ဘောလုံးသမားတွေအတွက်တော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားနေတဲ့ COVID-19 ကပ်ရောဂါဟာ အိပ်မက်ဆိုးတစ်ခုဖြစ်နေပြီး ပွဲစဉ်တွေ ရွှေ့ဆိုင်းထားရချိန် ကြာလေလေ သူတို့ရဲ့ ကစားခွင့်နည်းလေဖြစ်သလို အချိန်တန်ရင် မိခင်အသင်းကို ပြန်ရမယ့် ပြဿနာနဲ့လည်း ရင်ဆိုင်နေခဲ့ရသလို ရည်မှန်းချက်ကြီးမားတဲ့သူတွေအတွက် စိတ်ပျက်စရာလည်းဖြစ်နေပါတယ်။
အထက်က ဆိုခဲ့တဲ့ အငှားကစားသမားတွေထဲမှာ မန်ချက်စတာယူနိုက်တက်ရဲ့ အိုဒီယွန် အီဂါလို၊ နယူးကာဆယ်လ်ယူနိုက်တက်ရဲ့ ဒန်နီရို့စ်နဲ့ အင်တာမီလန်ရဲ့ ဗစ်တာ မိုးဆက်စ်တို့ ပါဝင်နေကြပြီး သူတို့တွေအနေနဲ့ အသင်းသစ်တွေမှာ ခြေစွမ်းပြပြီး အနာဂတ်လမ်းကြောင်းကို ဖြောင့်ဖြူးစေဖို့ ရည်ရွယ်ချက်တွေအတွက် ကြီးမားတဲ့ အတားအဆီး ရောက်ရှိလာတာလည်းဖြစ်ခဲ့ပါတယ်။
ဒီထဲမှာ မန်ချက်စတာယူနိုက်တက်ကို ကလေးဘဝကတည်းက အားပေးခဲ့တဲ့ အီဂါလိုအနေနဲ့ သူ့ရဲ့ အိပ်မက်အသင်းကို အသက် ၃၀ အရွယ်မှာမှ ရောက်ရှိခဲ့တာဖြစ်ပြီး လက်ရှိမှာလည်း ပွဲအစကနေ စတင်ကစားခဲ့ရသမျှမှာ ဂိုးသွင်းယူပြနိုင်ခဲ့သလို ဝေဖန်သူတွေကို အသံတိတ်စေနိုင်ခဲ့ပေမယ့် စာချုပ်ပြည့်သွားမယ့်အချိန်မှာ တရုတ်ကို မပြန်ရဘဲ ဆက်ရှိနေဖို့အတွက် အသင်းတာဝန်ရှိသူတွေကို ပရီးမီးယားလိဂ်မှာပါ ခြေစွမ်းပြသနိုင်ဖို့ လိုနေသေးပြီး နည်းပြ ဆိုးလ်ရှားအနေနဲ့တော့ သူ့အတွက် စကားကောင်းပြောပေးနိုင်လိမ့်မယ်လို့ ယူရပါတယ်။
နယူးကာဆယ်လ်ယူနိုက်တက်ကို အငှားနဲ့ထွက်ကစားနေတဲ့ ဒန်နီရို့စ်ဟာလည်း သူ့ရဲ့ အင်္ဂလန်လက်ရွေးစင်ကစားသမားဘဝကို မထိခိုက်ဖို့ အတွက် စပါးစ်ကနေ တစ်ဆင့်နိမ့်အသင်းကို ပြောင်းရွှေ့ကစားခဲ့တာဖြစ်ပြီး ဒီအတိုင်းဆိုရင်တော့ ပွဲတွေ မကစားရမှုနဲ့အတူ နေရာလည်း ပျောက်ဆုံးနိုင် နေပြီး အသက်အားဖြင့် ပိုမိုငယ်ရွယ်တဲ့ လက်စတာရဲ့ ဘန် ချေးလ်ဝဲလ်ကို ကျော်ဖို့ ခက်နိုင်သလို ချဲလ်ဆီးကနေ အင်တာမီလန်ကို သွားရောက်ပြီး သူ့ရဲ့ Winger နဲ့ Wing Back role ကို ပြန်လည်တောက်ပဖို့ ကြိုးစားမှု သဲထဲရေသွန်ဖြစ်သွားနိုင်ပါတယ်။
ဒီစာရင်းထဲမှာ အာဆင်နယ်ကို အငှားနဲ့ ရောက်လာပြီး အပြီးသတ်ပြောင်းရွှေ့နိုင်ဖို့ သက်သေပြရမယ့် ဆီးဒရစ် ဆွာရက်စ်နဲ့ ဝုလ်ဗ်စ်မှာ မအောင်မြင်ခဲ့လို့ ဖီအိုရင်တီးနားကို ပြန်ရင်း ပြီးခဲ့တဲ့ စနေနေ့က ဗိုင်းရပ်စ်ပါ ကူးစက်ခံခဲ့ရတဲ့ ပက်ထရစ် ကူထရိုနီတို့ ပါဝင်နေပြီး သူတို့အားလုံး အတွက်တော့ ဒီရောဂါဆိုးကြီးကို ထိန်းချုပ်ပြီး ဥရောပဘောလုံးပွဲတွေကို ပြန်မစနိုင်မချင်း စိတ်အေးရဦးမှာ မဟုတ်ကြောင်း ဒေးလီးမေးလ်က ဖော်ပြသွားခဲ့ပါတယ်။
REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.