Match Report Premier League

အိမ်ကွင်းနိုင်ပွဲကို ရယူပြီး လက်စတာကို အကျော်မခံတဲ့ မန်ချက်စတာယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ သူတို့ရဲ့ တိုက်စစ်ပိုင်းမှာ ကစားသမားတွေ ဒဏ်ရာများနေခဲ့ချိန်မှာ ရှားရှားပါးပါး ပြန်လည် ပါဝင်လာတဲ့ ရက်ရှ်ဖို့ဒ်ကို ပြန်လည်သုံးစွဲနိုင်ခဲ့ပြီး ဂရင်းဝုဒ်ကို အထောင်တိုက်စစ်မှာ ကစားခိုင်းခဲ့သလို နောက်က ဘရူနို ဖာနန်ဒက်စ်နဲ့ ဂျိမ်းစ်တို့ကို အသုံးပြုခဲ့ပါတယ်။

တိုက်စစ်မှာ လူအင်အားနည်းနေတဲ့အတွက် မက်တော်မီနေးက ဘောလုံးရချိန်တွေမှာ ဂိုးဧရိယာထဲအထိ ဝင်ရောက်ကစားခဲ့ပြီး ဘရူနို ဖာနန်ဒက်စ်ကလည်း ဂိုးသွင်းတာဝန်ကို ခွဲဝေယူဖို့ ကြိုးစားခဲ့ပေမယ့် ဝက်စ်ဟမ်းခံစစ်ကို မကျော်နိုင်ခဲ့သလို ပွဲချိန် ၂၄ မိနစ်မှာ ဂရင်းဝုဒ်ရဲ့ ညာခြမ်းက ဖြတ်တင်ဘောကို ရက်ရှ်ဖို့ဒ် အပိုင်ခေါင်းတိုက်ခွင့်ရခဲ့ပေမယ့် လေ့ကျင့်မထားတဲ့ သာမန်လူတစ်ယောက်လိုမျိုး လွဲချော်သွားခဲ့ပါတယ်။

ပွဲချိန် ၃၆ မိနစ်မှာ ဂိုးသမား ဟန်ဒါဆန်ဆီက စတင်ခဲ့တဲ့ တန်ပြန်တိုက်စစ်ကနေ ဖရက်ဒ်က ထိုးပေးခဲ့တာကို ဖာနန်ဒက်စ်က ဂရင်းဝုဒ်ရဲ့ ပြေးလမ်းကြောင်းထဲ ထည့်ပေးခဲ့ပြီး အင်္ဂလန်လူငယ်က နောက်ခံလူ ဒေါ်ဆန်ကို ကျော်ပြီး ကန်သွင်းခဲ့ပေမယ့် ဂိုးသမား ဖာဘီယန်စကီး ပုတ်ထုတ်တာက ဂိုးတိုင်နဲ့ထိပြီး ထွက်သွားလို့ ယူနိုက်တက်တို့ နစ်နာခဲ့ရပါတယ်။

ပထမပိုင်းမှာ ရက်ရှ်ဖို့ဒ်နဲ့ ဖာနန်ဒက်စ်တို့ရဲ့ ပူးပေါင်းကြိုးစားမှု မအောင်မြင်ခဲ့သလို ဝက်စ်ဟမ်းဘက်က အန်တိုနီယိုကလည်း လုံးဝခြေမပေါ်ဘဲ မက်ဂွိုင်းယားနဲ့ လင်ဒီလော့ဖ်တို့ကြားမှာ မြုပ်နေခဲ့ပြီး ဂိုးပေါက်တည့်မှု တစ်ကြိမ်တောင် မရှိခဲ့လို့ ဂိုးမရှိသရေပဲဖြစ်ခဲ့ကြပြီး ဒေးဗစ် မွိုက်စ်ကတော့ ပိတ်ကစားတဲ့ သူ့ရဲ့ ကစားကွက်အောင်မြင်ခဲ့တယ်လို့ပဲ နှစ်သိမ့်ခဲ့ရမှာပါ။

ဒုတိယပိုင်းမှာတော့ ယူနိုက်တက်တို့ ပိုဖိကစားလာပြီး ပွဲချိန် ၅၂ မိနစ်မှာ ဘရူနို ဖာနန်ဒက်စ်ရဲ့ ထောင့်ကန်ဘောကနေ မက်တော်မီနေးက ခေါင်းတိုက်ခဲ့ရာမှာ ဝက်စ်ဟမ်းနောက်ခံလူ ဒေါ်ဆန်ကို ထိပြီး ဂိုးထဲဝင်သွားခဲ့လို့ အိုးလ်ထရက်ဖို့ဒ်မှာ ဦးဆောင်ဂိုးရယူနိုင်ခဲ့ပြီး ပရိသတ်တွေအတွက် စိတ်သက်သာစရာဖြစ်ခဲ့ပါတယ်။

ယူနိုက်တက်တို့ရဲ့ တိုက်စစ်မှာ ရက်ရှ်ဖို့ဒ်နဲ့ ဂရင်းဝုဒ်တို့ကတော့ တော်တော်လေး အလုပ်မဖြစ်ခဲ့ကြသလို တောင်ပံတွေက ပြေးဖို့ ကြိုးစားပြီး ဘောလုံးရချိန်တွေမှာတော့ လောက်လောက်လားလား လုပ်မပြနိုင်ခဲ့တဲ့အတွက် အဓိက တိုက်စစ်အင်အားက ဖာနန်ဒက်စ်ဆီမှာပဲ ဖြစ်နေခဲ့တာကြောင့် ဝက်စ်ဟမ်းနောက်တန်းက ကာကွယ်နိုင်ခဲ့ပြီး ဂိုးသမား ဖာဘီယန်စကီးကတော့ အတော်လေး စွန့်စားခဲ့ရတာပါ။

နည်းပြ ဆိုးလ်ရှားကတော့ ဒီနေ့ပွဲရဲ့ ပွဲထွက်လူစာရင်းကို မိနစ် ၉၀ လုံး ကစားသွားခိုင်းခဲ့တာကိုလည်း တွေ့ရပြီး ပရိသတ်တွေ မျှော်လင့်နေကြတဲ့ လူငယ်တောင်ပံကစားသမား အာမက် ဂျယ်လိုကိုလည်း အခွင့်အရေး ပေးခဲ့ခြင်းမရှိသလို တိုက်စစ်က ဂိုးရဖို့ မလွယ်ချိန်မှာ စွန့်စားဖို့ထက် အမှားအယွင်း မလုပ်ဖို့ကိုပဲ ဦးတည်သွားခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ယူနိုက်တက်တို့ ထိရောက်တဲ့ ပုံစံမပြနိုင်ခဲ့သလို ဝက်စ်ဟမ်းကလည်း တစ်ပွဲလုံး ၇ ကြိမ်ကန်ရာမှာ တစ်ကြိမ်မှာ ဂိုးပေါက် မတည့်တာကြောင့် သိပ်ပြီး ရင်ခုန်စရာမရှိတဲ့ ပွဲတစ်ပွဲအဖြစ်ပြီးဆုံးခဲ့ပြီး အိုးလ်ထရက်ဖို့ဒ်မှာ Own Goal တစ်ဂိုးတည်းနဲ့ အိမ်ရှင်တွေ သုံးမှတ် ရယူသွားနိုင်ခဲ့ပါတယ်။

ဒီပွဲရလဒ်ကြောင့် ယူနိုက်တက်တို့ အဆင့် ၂ မှာ ဆက်လက်ရပ်တည်နိုင်ခဲ့ချိန်မှာ သရေကျသွားခဲ့တဲ့ ဝက်စ်ဟမ်းကတော့ အဆင့် ၄ ကို လိုက်မီဖို့ ဂိုးကွာခြားချက်အရ လက်လျှော့လိုက်ရပြီး ချဲလ်ဆီးတို့ အမှားကိုပဲ စောင့်ကြည့်ရဖို့ ရှိလာခဲ့သလို ချန်ပီယံလိဂ်ဝင်ခွင့်အတွက်တော့ ဆိုးလ်ရှားနဲ့ သူ့လူတွေ အခြေအနေကောင်းဆဲဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ သူတို႔ရဲ႕ တိုက္စစ္ပိုင္းမွာ ကစားသမားေတြ ဒဏ္ရာမ်ားေနခဲ့ခ်ိန္မွာ ရွားရွားပါးပါး ျပန္လည္ ပါဝင္လာတဲ့ ရက္ရွ္ဖို႔ဒ္ကို ျပန္လည္သုံးစြဲႏိုင္ခဲ့ၿပီး ဂရင္းဝုဒ္ကို အေထာင္တိုက္စစ္မွာ ကစားခိုင္းခဲ့သလို ေနာက္က ဘ႐ူႏို ဖာနန္ဒက္စ္နဲ႔ ဂ်ိမ္းစ္တို႔ကို အသုံးျပဳခဲ့ပါတယ္။

တိုက္စစ္မွာ လူအင္အားနည္းေနတဲ့အတြက္ မက္ေတာ္မီေနးက ေဘာလုံးရခ်ိန္ေတြမွာ ဂိုးဧရိယာထဲအထိ ဝင္ေရာက္ကစားခဲ့ၿပီး ဘ႐ူႏို ဖာနန္ဒက္စ္ကလည္း ဂိုးသြင္းတာဝန္ကို ခြဲေဝယူဖို႔ ႀကိဳးစားခဲ့ေပမယ့္ ဝက္စ္ဟမ္းခံစစ္ကို မေက်ာ္ႏိုင္ခဲ့သလို ပြဲခ်ိန္ ၂၄ မိနစ္မွာ ဂရင္းဝုဒ္ရဲ႕ ညာျခမ္းက ျဖတ္တင္ေဘာကို ရက္ရွ္ဖို႔ဒ္ အပိုင္ေခါင္းတိုက္ခြင့္ရခဲ့ေပမယ့္ ေလ့က်င့္မထားတဲ့ သာမန္လူတစ္ေယာက္လိုမ်ိဳး လြဲေခ်ာ္သြားခဲ့ပါတယ္။

ပြဲခ်ိန္ ၃၆ မိနစ္မွာ ဂိုးသမား ဟန္ဒါဆန္ဆီက စတင္ခဲ့တဲ့ တန္ျပန္တိုက္စစ္ကေန ဖရက္ဒ္က ထိုးေပးခဲ့တာကို ဖာနန္ဒက္စ္က ဂရင္းဝုဒ္ရဲ႕ ေျပးလမ္းေၾကာင္းထဲ ထည့္ေပးခဲ့ၿပီး အဂၤလန္လူငယ္က ေနာက္ခံလူ ေဒၚဆန္ကို ေက်ာ္ၿပီး ကန္သြင္းခဲ့ေပမယ့္ ဂိုးသမား ဖာဘီယန္စကီး ပုတ္ထုတ္တာက ဂိုးတိုင္နဲ႔ထိၿပီး ထြက္သြားလို႔ ယူႏိုက္တက္တို႔ နစ္နာခဲ့ရပါတယ္။

ပထမပိုင္းမွာ ရက္ရွ္ဖို႔ဒ္နဲ႔ ဖာနန္ဒက္စ္တို႔ရဲ႕ ပူးေပါင္းႀကိဳးစားမႈ မေအာင္ျမင္ခဲ့သလို ဝက္စ္ဟမ္းဘက္က အန္တိုနီယိုကလည္း လုံးဝေျခမေပၚဘဲ မက္ဂြိဳင္းယားနဲ႔ လင္ဒီေလာ့ဖ္တို႔ၾကားမွာ ျမဳပ္ေနခဲ့ၿပီး ဂိုးေပါက္တည့္မႈ တစ္ႀကိမ္ေတာင္ မရွိခဲ့လို႔ ဂိုးမရွိသေရပဲျဖစ္ခဲ့ၾကၿပီး ေဒးဗစ္ မြိဳက္စ္ကေတာ့ ပိတ္ကစားတဲ့ သူ႔ရဲ႕ ကစားကြက္ေအာင္ျမင္ခဲ့တယ္လို႔ပဲ ႏွစ္သိမ့္ခဲ့ရမွာပါ။

ဒုတိယပိုင္းမွာေတာ့ ယူႏိုက္တက္တို႔ ပိုဖိကစားလာၿပီး ပြဲခ်ိန္ ၅၂ မိနစ္မွာ ဘ႐ူႏို ဖာနန္ဒက္စ္ရဲ႕ ေထာင့္ကန္ေဘာကေန မက္ေတာ္မီေနးက ေခါင္းတိုက္ခဲ့ရာမွာ ဝက္စ္ဟမ္းေနာက္ခံလူ ေဒၚဆန္ကို ထိၿပီး ဂိုးထဲဝင္သြားခဲ့လို႔ အိုးလ္ထရက္ဖို႔ဒ္မွာ ဦးေဆာင္ဂိုးရယူႏိုင္ခဲ့ၿပီး ပရိသတ္ေတြအတြက္ စိတ္သက္သာစရာျဖစ္ခဲ့ပါတယ္။

ယူႏိုက္တက္တို႔ရဲ႕ တိုက္စစ္မွာ ရက္ရွ္ဖို႔ဒ္နဲ႔ ဂရင္းဝုဒ္တို႔ကေတာ့ ေတာ္ေတာ္ေလး အလုပ္မျဖစ္ခဲ့ၾကသလို ေတာင္ပံေတြက ေျပးဖို႔ ႀကိဳးစားၿပီး ေဘာလုံးရခ်ိန္ေတြမွာေတာ့ ေလာက္ေလာက္လားလား လုပ္မျပႏိုင္ခဲ့တဲ့အတြက္ အဓိက တိုက္စစ္အင္အားက ဖာနန္ဒက္စ္ဆီမွာပဲ ျဖစ္ေနခဲ့တာေၾကာင့္ ဝက္စ္ဟမ္းေနာက္တန္းက ကာကြယ္ႏိုင္ခဲ့ၿပီး ဂိုးသမား ဖာဘီယန္စကီးကေတာ့ အေတာ္ေလး စြန႔္စားခဲ့ရတာပါ။

နည္းျပ ဆိုးလ္ရွားကေတာ့ ဒီေန႔ပြဲရဲ႕ ပြဲထြက္လူစာရင္းကို မိနစ္ ၉၀ လုံး ကစားသြားခိုင္းခဲ့တာကိုလည္း ေတြ႕ရၿပီး ပရိသတ္ေတြ ေမွ်ာ္လင့္ေနၾကတဲ့ လူငယ္ေတာင္ပံကစားသမား အာမက္ ဂ်ယ္လိုကိုလည္း အခြင့္အေရး ေပးခဲ့ျခင္းမရွိသလို တိုက္စစ္က ဂိုးရဖို႔ မလြယ္ခ်ိန္မွာ စြန႔္စားဖို႔ထက္ အမွားအယြင္း မလုပ္ဖို႔ကိုပဲ ဦးတည္သြားခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ယူႏိုက္တက္တို႔ ထိေရာက္တဲ့ ပုံစံမျပႏိုင္ခဲ့သလို ဝက္စ္ဟမ္းကလည္း တစ္ပြဲလုံး ၇ ႀကိမ္ကန္ရာမွာ တစ္ႀကိမ္မွာ ဂိုးေပါက္ မတည့္တာေၾကာင့္ သိပ္ၿပီး ရင္ခုန္စရာမရွိတဲ့ ပြဲတစ္ပြဲအျဖစ္ၿပီးဆုံးခဲ့ၿပီး အိုးလ္ထရက္ဖို႔ဒ္မွာ Own Goal တစ္ဂိုးတည္းနဲ႔ အိမ္ရွင္ေတြ သုံးမွတ္ ရယူသြားႏိုင္ခဲ့ပါတယ္။

ဒီပြဲရလဒ္ေၾကာင့္ ယူႏိုက္တက္တို႔ အဆင့္ ၂ မွာ ဆက္လက္ရပ္တည္ႏိုင္ခဲ့ခ်ိန္မွာ သေရက်သြားခဲ့တဲ့ ဝက္စ္ဟမ္းကေတာ့ အဆင့္ ၄ ကို လိုက္မီဖို႔ ဂိုးကြာျခားခ်က္အရ လက္ေလွ်ာ့လိုက္ရၿပီး ခ်ဲလ္ဆီးတို႔ အမွားကိုပဲ ေစာင့္ၾကည့္ရဖို႔ ရွိလာခဲ့သလို ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ေတာ့ ဆိုးလ္ရွားနဲ႔ သူ႔လူေတြ အေျခအေနေကာင္းဆဲျဖစ္ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.