Premier League

N L D မှာ စပါးစ်ကို ဦးဆောင်ဂိုးစပေးခဲ့ရပေမယ့် ပွဲသိမ်းခရာမှုတ်ချိန်မှာတော့ အနိုင်ယူနိုင်ခဲ့တဲ့ အနီရောင် ဂန်းနားများ

အာဆင်နယ်အသင်းအနေနဲ့ မြောက်လန်ဒန်ဒါဘီကို ကျစ်ကျစ်လျစ်လျစ်နဲ့ အင်အားသုံးကစားနိုင်မယ့် ရွေးချယ်မှုကို အသုံးပြုခဲ့ပြီး ကစားအားကောင်းတဲ့ စပါးစ်ကို လျှော့မတွက်ခဲ့ဘဲ အသင်းခေါင်းဆောင် အူဘာမီယန်းကို မထည့်ဘဲ လာကာဇက်ကို တိုက်စစ်ဦးဆောင်မှုနဲ့ လက်ပတ်ကိုပါ ပေးခဲ့သလို နောက်က စမစ်ရိုး၊ ဆာကာနဲ့ အော်ဒီဂွါဒ်တို့ကို ထည့်သွင်းပွဲထုတ်လာခဲ့ပါတယ်။

စပါးစ်အသင်းကတော့ သူတို့ရဲ့ အကောင်းဆုံးလူစာရင်းကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာ အဓိကကစားသမားနှစ်ဦးဖြစ်တဲ့ ဟွိုင်ဘယာ့ဂ်နဲ့ အန်ဒွမ်ဘီလီတို့ကို အထိုင်ထားပြီး တိုက်စစ်မှာတော့ ဆွန်၊ ကိန်း၊ ဘေးလ်နဲ့ သူတို့နောက်က လူးကပ်စ် မော်ရာကို အသုံးပြုတဲ့ တိုက်စစ်ဦးစားပေးပုံစံကိုပဲ မော်ရင်ညိုက အသုံးပြုခဲ့ပါတယ်။

အာဆင်နယ်တို့ အိမ်ကွင်းပီပီ ဖိကစားနိုင်ခဲ့သလို ဘယ်ခြမ်းက တီယာနီနဲ့ စမစ်ရိုးတို့က အဓိက ထိုးဖောက်ခဲ့ပြီး အလယ်က အော်ဒီဂွါဒ်နဲ့ လာကာဇက်တို့ကလည်း စပါးစ်တို့ကို ဖိအားပေးနိုင်ခဲ့ပေမယ့် ဧည့်သည်အသင်းကလည်း ခံစစ်မှာ ကျစ်လျစ်မာကျောမှုကို ပြသပြီး အမှားမခံခဲ့တာပါ။

ဆာကာရဲ့ တိုက်စစ်မှာ နေရာယူပုံက စပါးစ်ရဲ့ ခံစစ် Channel တွေကြားမှာ အဓိက ကစားခဲ့ပြီး စမစ်ရိုးနဲ့ သူတို့ရဲ့ ဖန်တီးမှုတွေကတော့ အူဘာမီယန်းနဲ့ တွဲဖက်နေကျပုံစံက လာကာဇက်ရဲ့ အကြိုက် မဟုတ်တာကို တွေ့ခဲ့ရပြီး တစ်ဖက်အသင်းရဲ့ အရပ်အမောင်း မြင့်မားမှုမှာ ပြင်သစ် တိုက်စစ်မှူးက နစ်နေခဲ့တာကိုလည်း တွေ့ရပါတယ်။

ပွဲချိန် ၁၅ မိနစ်မှာ အာဆင်နယ်တို့ရဲ့ Pressing ကနေ ဘောလုံးပြန်ရသွားခဲ့ပြီး ကွင်းလယ်ကနေ ပို့ပေးတာကို ဘယ်ခြမ်းက အတွင်းဝင်လာတဲ့ စမစ်ရိုးက အကောင်းဆုံးကန်ချက်နဲ့ ဂိုးသမား ဟူဂို လိုရစ်ကို အနိုင်ယူနိုင်ခဲ့ပေမယ့် ဘောလုံးက ဘားတန်းကို ထိပြီး ပြန်ထွက်သွားခဲ့လို့ စပါးစ်တို့ ကံကောင်းခဲ့ပါတယ်။

မိနစ်အနည်းငယ်အကြာမှာ နောက်တန်းက ကန်တင်လိုက်တဲ့ ဘောလုံးကို ဆီးဒရစ်နဲ့ အပြိုင်ပြေးပြီး ရယူဖို့ ကြိုးစားတဲ့ ဆွန်ဟောင်မင်အနေနဲ့ ပြေးလွှားရင်း ပေါင်နောက်ကြောဒဏ်ရာရရှိသွားခဲ့လို့ အာဂျင်တီးနားကစားသမား လာမယ်လာနဲ့ လူစားလဲခဲ့ရပြီး တိုက်စစ်နဲ့ ဖန်တီးမှုအတွက် စပါးစ်တို့ အနည်းငယ် စိုးရိမ်ရသလိုဖြစ်သွားခဲ့ပါတယ်။

အာဆင်နယ်တို့ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ဆက်လက်ထိုးဖောက်နိုင်ခဲ့ပေမယ့် အပိုင်အခွင့်အရေးတော့ ဖန်တီးမှုနည်းခဲ့သလို ပွဲချိန် ၂၂ မိနစ်မှာ ပါတေးက ထုံးစံအတိုင်း ဘယ်မှမရောက်တဲ့ ကန်ချက်မျိုးနဲ့ ပရိသတ်တွေကို စိတ်ပျက်စေမြဲဖြစ်ပြီး စမစ်ရိုးနဲ့ လာကာဇက်ကတော့ ဖန်တီးမှုနဲ့ အဆုံးသတ်မှုမှာ အနည်းငယ် အတွဲအဖက် မမိသေးဘဲဖြစ်နေခဲ့ပါတယ်။

ပွဲချိန် ၃၃ မိနစ်မှာတော့ အာဆင်နယ်တို့ ဂိုးစပေးခဲ့ရပြီး ဘယ်ခြမ်းကနေ ရက်ဂီလွန် ချိုးပေးတာကို လူးကပ်စ် မော်ရာက ထိန်းပေးခဲ့ပြီး ဒီဘောလုံးကို လာမယ်လာက နောက်ခံလူတွေရဲ့ ခြေကြားထဲကနေ ရာဘိုနာကန်ချက်နဲ့ လှည့်စားကန်သွင်းခဲ့ရာမှာ အိမ်ရှင်ခံစစ်သမားတွေ မတားဆီးနိုင်ခဲ့ဘဲ ဂိုးသမား လီနိုပါ မြင်ကွင်းပိတ်နေခဲ့လို့ စပါးစ်တို့ စတင်ဦးဆောင်ခဲ့ပါတယ်။

ပွဲချိန် ၃၆ မိနစ်မှာတော့ အာဆင်နယ်တို့ ထိုးဖောက်လာရင်း ဆီးဒရစ်ရဲ့ ကန်ခွင့်က တိုင်ထိပြီး ပြန်ထွက်လာခဲ့သလို ဒုတိယအကြိမ် မချင့်မရဲ ဖြစ်ခဲ့ရပြီး ဒီကနေ ဆာကာနဲ့ အော်ဒီဂွါဒ်တို့ ပူးပေါင်းပြီး ချပေးတာကိုလည်း လာကာဇက်ရဲ့ လေးလံတဲ့ ခြေထောက်တွေက မပိတ်နိုင်ဘဲ ရှိခဲ့လို့ အာတီတာအနေနဲ့ သူ့ကို ပွဲထုတ်ခဲ့တာတော့ အဆင်မပြေဘူးလို့ပဲ သုံးသပ်ရမှာဖြစ်ပါတယ်။

အာဆင်နယ်တို့ တောက်လျှောက်တိုက်စစ်ဆင်နေရင်းနဲ့ ပွဲချိန် ၄၄ မိနစ်မှာတော့ ချေပဂိုး ပြန်လည်ရယူနိုင်ခဲ့ပြီး ဘယ်ခြမ်းက နောက်ခံလူ တီယာနီရဲ့ တစ်ကိုယ်တော်ရုန်းအားနဲ့ အနိမ့်ဘောချိုးပေးတာကို ကွင်းလယ်လူ အော်ဒီဂွါဒ်က ပိတ်သွင်းခဲ့ရာမှာ စပါးစ်ဘက်က အယ်လ်ဒါဝီရယ်လ်ရဲ့ ခြေထောက်နဲ့ထိပြီး ဝင်သွားခဲ့ နည်းပြ အာတီတာနဲ့ ပွဲမတိုင်ခင် စိန်ခေါ်ထားခဲ့တဲ့အတိုင်း သူ့ရဲ့ ပထမဆုံး ပရီးမီးယားလိဂ်ကိုပါ ရယူနိုင်ခဲ့ပါတယ်။

ပထမပိုင်းမှာ တစ်ဂိုးစီ သရေကျနေခဲ့ပြီး ဒုတိယပိုင်း ပြန်အစမှာတော့ ဆာကာအစား ပေပေကို အာဆင်နယ်တို့ ထည့်သွင်းကစားခဲ့ပြီး ဒါဘီ နိုင်ပွဲအတွက် ပြင်ဆင်လာခဲ့သလို ပွဲချိန် ၅၅ မိနစ်မှာ လာကာဇက်ရဲ့ ကန်ချက်ကို လိုရစ် ကာကွယ်နိုင်ခဲ့ပေမယ့် လွတ်ကျခဲ့တာကို မိသွားခဲ့ပြီထင်ပြီး ပြန်လှည့်သွားတဲ့ ဆီးဒရစ်ကြောင့် စပါးစ်တို့ သက်သာခွင့်ရခဲ့ပါတယ်။

မော်ရင်ညိုကတော့ မိနစ် ၆၀ မှာပဲ ကစားသမားသုံးယောက်ကို အကုန်လဲပစ်ခဲ့ပြီး ဘေးလ်အစား ဆစ်ဆိုကိုနဲ့ အန်ဒွမ်ဘီလီအစား အယ်လီတို့ကို လဲစားခဲ့ပေမယ့် ဦးဆောင်ဂိုး ရယူနိုင်ခဲ့သူကတော့ အာဆင်နယ်တို့ ဖြစ်သွားခဲ့ပြီး ပွဲချိန် ၆၄ မိနစ်မှာ ဒေဗင်ဆန် ဆန်ချက်ဇ်ရဲ့ ပြစ်ဒဏ် ကျူးလွန်မှုကြောင့်ရတဲ့ ပင်နယ်တီကို လာကာဇက်က ကိုယ်တိုင်ပဲ ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၇၆ မိနစ်မှာတော့ ဘောလုံးရယူရင်း တီယာနီရဲ့ မျက်နှာကို လက်နဲ့ရိုက်တဲ့ ဂိုးသွင်းရှင် လာမယ်လာ ဒုတိယအဝါနဲ့ အထုတ်ခံခဲ့ရပြီး ၇၇ မိနစ်မှာတော့ စမစ်ရိုးအစား ဝီလီယန် ဝင်ရောက်ကစားပြီး တစ်ယောက်အသာနဲ့ အာဆင်နယ်တို့ အနိုင်ရလဒ်ကို ထိန်းကစားဖို့ ပြင်ဆင်လာခဲ့ပါတယ်။

ပွဲချိန် ၈၂ မိနစ်မှာ ဟာရီကိန်းက ဖရီးကစ်ကနေ ခေါင်းတိုက်သွင်းနိုင်ပေမယ့် လူကျွံနေခဲ့လို့ သက်သာခဲ့ပြီး ဒီဂိုးမှာ လီနိုရဲ့ အာရုံစူးစိုက်မှုနဲ့ နေရာယူမှုကတော့ အဆင်သိပ်မပြေခဲ့ဘဲ တစ်ယောက်အသာနဲ့ ကစားရချိန်မှာ အာဆင်နယ်တို့အနေနဲ့ အာရုံစူးစိုက်မှုလျော့ကျလာခဲ့တာကိုလည်း တွေ့ရပြီး ပါတေးရဲ့ စိတ်လှုပ်ရှားလွန်းတဲ့ ကစားပုံက အဆိုးရွားဆုံးဖြစ်ခဲ့ပါတယ်။


ဒီနောက်ပိုင်းမှာတော့ အာဆင်နယ်တို့ ပွဲကို စိုးရိမ်စိတ်အပြည့်နဲ့ပဲ ထိန်းသိမ်းသွားနိုင်ခဲ့ပြီး ဆယ်ယောက်ကျန် စပါးစ်တို့ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့တာကြောင့် ပွဲပြီးမှာ နှစ်ဂိုး-တစ်ဂိုးနဲ့ အိမ်ရှင်တွေ အောင်ပွဲခံခဲ့ပြီး စည်းကမ်းပိုင်း ချို့ယွင်းလို့ ပုံစံပေးခံထားခဲ့ရတဲ့ အူဘာမီယန်း မပါဝင်ဘဲ နိုင်ပွဲရှာဖွေနိုင်ခဲ့သလို ရမှတ် ၄၁မှတ်နဲ့ အဆင့် ၁၀ မှာ ရပ်တည်နိုင်ခဲ့သလို စပါးစ်တို့ကတော့ အဆင့် ၇ မှာ ဆက်လက်နေမြဲဖြစ်ခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းအေနနဲ႔ ေျမာက္လန္ဒန္ဒါဘီကို က်စ္က်စ္လ်စ္လ်စ္နဲ႔ အင္အားသုံးကစားႏိုင္မယ့္ ေ႐ြးခ်ယ္မႈကို အသုံးျပဳခဲ့ၿပီး ကစားအားေကာင္းတဲ့ စပါးစ္ကို ေလွ်ာ့မတြက္ခဲ့ဘဲ အသင္းေခါင္းေဆာင္ အူဘာမီယန္းကို မထည့္ဘဲ လာကာဇက္ကို တိုက္စစ္ဦးေဆာင္မႈနဲ႔ လက္ပတ္ကိုပါ ေပးခဲ့သလို ေနာက္က စမစ္႐ိုး၊ ဆာကာနဲ႔ ေအာ္ဒီဂြါဒ္တို႔ကို ထည့္သြင္းပြဲထုတ္လာခဲ့ပါတယ္။

စပါးစ္အသင္းကေတာ့ သူတို႔ရဲ႕ အေကာင္းဆုံးလူစာရင္းကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာ အဓိကကစားသမားႏွစ္ဦးျဖစ္တဲ့ ဟြိဳင္ဘယာ့ဂ္နဲ႔ အန္ဒြမ္ဘီလီတို႔ကို အထိုင္ထားၿပီး တိုက္စစ္မွာေတာ့ ဆြန္၊ ကိန္း၊ ေဘးလ္နဲ႔ သူတို႔ေနာက္က လူးကပ္စ္ ေမာ္ရာကို အသုံးျပဳတဲ့ တိုက္စစ္ဦးစားေပးပုံစံကိုပဲ ေမာ္ရင္ညိဳက အသုံးျပဳခဲ့ပါတယ္။

အာဆင္နယ္တို႔ အိမ္ကြင္းပီပီ ဖိကစားႏိုင္ခဲ့သလို ဘယ္ျခမ္းက တီယာနီနဲ႔ စမစ္႐ိုးတို႔က အဓိက ထိုးေဖာက္ခဲ့ၿပီး အလယ္က ေအာ္ဒီဂြါဒ္နဲ႔ လာကာဇက္တို႔ကလည္း စပါးစ္တို႔ကို ဖိအားေပးႏိုင္ခဲ့ေပမယ့္ ဧည့္သည္အသင္းကလည္း ခံစစ္မွာ က်စ္လ်စ္မာေက်ာမႈကို ျပသၿပီး အမွားမခံခဲ့တာပါ။

ဆာကာရဲ႕ တိုက္စစ္မွာ ေနရာယူပုံက စပါးစ္ရဲ႕ ခံစစ္ Channel ေတြၾကားမွာ အဓိက ကစားခဲ့ၿပီး စမစ္႐ိုးနဲ႔ သူတို႔ရဲ႕ ဖန္တီးမႈေတြကေတာ့ အူဘာမီယန္းနဲ႔ တြဲဖက္ေနက်ပုံစံက လာကာဇက္ရဲ႕ အႀကိဳက္ မဟုတ္တာကို ေတြ႕ခဲ့ရၿပီး တစ္ဖက္အသင္းရဲ႕ အရပ္အေမာင္း ျမင့္မားမႈမွာ ျပင္သစ္ တိုက္စစ္မႉးက နစ္ေနခဲ့တာကိုလည္း ေတြ႕ရပါတယ္။

ပြဲခ်ိန္ ၁၅ မိနစ္မွာ အာဆင္နယ္တို႔ရဲ႕ Pressing ကေန ေဘာလုံးျပန္ရသြားခဲ့ၿပီး ကြင္းလယ္ကေန ပို႔ေပးတာကို ဘယ္ျခမ္းက အတြင္းဝင္လာတဲ့ စမစ္႐ိုးက အေကာင္းဆုံးကန္ခ်က္နဲ႔ ဂိုးသမား ဟူဂို လိုရစ္ကို အႏိုင္ယူႏိုင္ခဲ့ေပမယ့္ ေဘာလုံးက ဘားတန္းကို ထိၿပီး ျပန္ထြက္သြားခဲ့လို႔ စပါးစ္တို႔ ကံေကာင္းခဲ့ပါတယ္။

မိနစ္အနည္းငယ္အၾကာမွာ ေနာက္တန္းက ကန္တင္လိုက္တဲ့ ေဘာလုံးကို ဆီးဒရစ္နဲ႔ အၿပိဳင္ေျပးၿပီး ရယူဖို႔ ႀကိဳးစားတဲ့ ဆြန္ေဟာင္မင္အေနနဲ႔ ေျပးလႊားရင္း ေပါင္ေနာက္ေၾကာဒဏ္ရာရရွိသြားခဲ့လို႔ အာဂ်င္တီးနားကစားသမား လာမယ္လာနဲ႔ လူစားလဲခဲ့ရၿပီး တိုက္စစ္နဲ႔ ဖန္တီးမႈအတြက္ စပါးစ္တို႔ အနည္းငယ္ စိုးရိမ္ရသလိုျဖစ္သြားခဲ့ပါတယ္။

အာဆင္နယ္တို႔ ေဘာလုံးပိုင္ဆိုင္မႈအသာနဲ႔ ဆက္လက္ထိုးေဖာက္ႏိုင္ခဲ့ေပမယ့္ အပိုင္အခြင့္အေရးေတာ့ ဖန္တီးမႈနည္းခဲ့သလို ပြဲခ်ိန္ ၂၂ မိနစ္မွာ ပါေတးက ထုံးစံအတိုင္း ဘယ္မွမေရာက္တဲ့ ကန္ခ်က္မ်ိဳးနဲ႔ ပရိသတ္ေတြကို စိတ္ပ်က္ေစၿမဲျဖစ္ၿပီး စမစ္႐ိုးနဲ႔ လာကာဇက္ကေတာ့ ဖန္တီးမႈနဲ႔ အဆုံးသတ္မႈမွာ အနည္းငယ္ အတြဲအဖက္ မမိေသးဘဲျဖစ္ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၃၃ မိနစ္မွာေတာ့ အာဆင္နယ္တို႔ ဂိုးစေပးခဲ့ရၿပီး ဘယ္ျခမ္းကေန ရက္ဂီလြန္ ခ်ိဳးေပးတာကို လူးကပ္စ္ ေမာ္ရာက ထိန္းေပးခဲ့ၿပီး ဒီေဘာလုံးကို လာမယ္လာက ေနာက္ခံလူေတြရဲ႕ ေျခၾကားထဲကေန ရာဘိုနာကန္ခ်က္နဲ႔ လွည့္စားကန္သြင္းခဲ့ရာမွာ အိမ္ရွင္ခံစစ္သမားေတြ မတားဆီးႏိုင္ခဲ့ဘဲ ဂိုးသမား လီႏိုပါ ျမင္ကြင္းပိတ္ေနခဲ့လို႔ စပါးစ္တို႔ စတင္ဦးေဆာင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၃၆ မိနစ္မွာေတာ့ အာဆင္နယ္တို႔ ထိုးေဖာက္လာရင္း ဆီးဒရစ္ရဲ႕ ကန္ခြင့္က တိုင္ထိၿပီး ျပန္ထြက္လာခဲ့သလို ဒုတိယအႀကိမ္ မခ်င့္မရဲ ျဖစ္ခဲ့ရၿပီး ဒီကေန ဆာကာနဲ႔ ေအာ္ဒီဂြါဒ္တို႔ ပူးေပါင္းၿပီး ခ်ေပးတာကိုလည္း လာကာဇက္ရဲ႕ ေလးလံတဲ့ ေျခေထာက္ေတြက မပိတ္ႏိုင္ဘဲ ရွိခဲ့လို႔ အာတီတာအေနနဲ႔ သူ႔ကို ပြဲထုတ္ခဲ့တာေတာ့ အဆင္မေျပဘူးလို႔ပဲ သုံးသပ္ရမွာျဖစ္ပါတယ္။

အာဆင္နယ္တို႔ ေတာက္ေလွ်ာက္တိုက္စစ္ဆင္ေနရင္းနဲ႔ ပြဲခ်ိန္ ၄၄ မိနစ္မွာေတာ့ ေခ်ပဂိုး ျပန္လည္ရယူႏိုင္ခဲ့ၿပီး ဘယ္ျခမ္းက ေနာက္ခံလူ တီယာနီရဲ႕ တစ္ကိုယ္ေတာ္႐ုန္းအားနဲ႔ အနိမ့္ေဘာခ်ိဳးေပးတာကို ကြင္းလယ္လူ ေအာ္ဒီဂြါဒ္က ပိတ္သြင္းခဲ့ရာမွာ စပါးစ္ဘက္က အယ္လ္ဒါဝီရယ္လ္ရဲ႕ ေျခေထာက္နဲ႔ထိၿပီး ဝင္သြားခဲ့ နည္းျပ အာတီတာနဲ႔ ပြဲမတိုင္ခင္ စိန္ေခၚထားခဲ့တဲ့အတိုင္း သူ႔ရဲ႕ ပထမဆုံး ပရီးမီးယားလိဂ္ကိုပါ ရယူႏိုင္ခဲ့ပါတယ္။

ပထမပိုင္းမွာ တစ္ဂိုးစီ သေရက်ေနခဲ့ၿပီး ဒုတိယပိုင္း ျပန္အစမွာေတာ့ ဆာကာအစား ေပေပကို အာဆင္နယ္တို႔ ထည့္သြင္းကစားခဲ့ၿပီး ဒါဘီ ႏိုင္ပြဲအတြက္ ျပင္ဆင္လာခဲ့သလို ပြဲခ်ိန္ ၅၅ မိနစ္မွာ လာကာဇက္ရဲ႕ ကန္ခ်က္ကို လိုရစ္ ကာကြယ္ႏိုင္ခဲ့ေပမယ့္ လြတ္က်ခဲ့တာကို မိသြားခဲ့ၿပီထင္ၿပီး ျပန္လွည့္သြားတဲ့ ဆီးဒရစ္ေၾကာင့္ စပါးစ္တို႔ သက္သာခြင့္ရခဲ့ပါတယ္။

ေမာ္ရင္ညိဳကေတာ့ မိနစ္ ၆၀ မွာပဲ ကစားသမားသုံးေယာက္ကို အကုန္လဲပစ္ခဲ့ၿပီး ေဘးလ္အစား ဆစ္ဆိုကိုနဲ႔ အန္ဒြမ္ဘီလီအစား အယ္လီတို႔ကို လဲစားခဲ့ေပမယ့္ ဦးေဆာင္ဂိုး ရယူႏိုင္ခဲ့သူကေတာ့ အာဆင္နယ္တို႔ ျဖစ္သြားခဲ့ၿပီး ပြဲခ်ိန္ ၆၄ မိနစ္မွာ ေဒဗင္ဆန္ ဆန္ခ်က္ဇ္ရဲ႕ ျပစ္ဒဏ္ က်ဴးလြန္မႈေၾကာင့္ရတဲ့ ပင္နယ္တီကို လာကာဇက္က ကိုယ္တိုင္ပဲ ကန္သြင္းယူခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၇၆ မိနစ္မွာေတာ့ ေဘာလုံးရယူရင္း တီယာနီရဲ႕ မ်က္ႏွာကို လက္နဲ႔႐ိုက္တဲ့ ဂိုးသြင္းရွင္ လာမယ္လာ ဒုတိယအဝါနဲ႔ အထုတ္ခံခဲ့ရၿပီး ၇၇ မိနစ္မွာေတာ့ စမစ္႐ိုးအစား ဝီလီယန္ ဝင္ေရာက္ကစားၿပီး တစ္ေယာက္အသာနဲ႔ အာဆင္နယ္တို႔ အႏိုင္ရလဒ္ကို ထိန္းကစားဖို႔ ျပင္ဆင္လာခဲ့ပါတယ္။

ပြဲခ်ိန္ ၈၂ မိနစ္မွာ ဟာရီကိန္းက ဖရီးကစ္ကေန ေခါင္းတိုက္သြင္းႏိုင္ေပမယ့္ လူကြၽံေနခဲ့လို႔ သက္သာခဲ့ၿပီး ဒီဂိုးမွာ လီႏိုရဲ႕ အာ႐ုံစူးစိုက္မႈနဲ႔ ေနရာယူမႈကေတာ့ အဆင္သိပ္မေျပခဲ့ဘဲ တစ္ေယာက္အသာနဲ႔ ကစားရခ်ိန္မွာ အာဆင္နယ္တို႔အေနနဲ႔ အာ႐ုံစူးစိုက္မႈေလ်ာ့က်လာခဲ့တာကိုလည္း ေတြ႕ရၿပီး ပါေတးရဲ႕ စိတ္လႈပ္ရွားလြန္းတဲ့ ကစားပုံက အဆိုး႐ြားဆုံးျဖစ္ခဲ့ပါတယ္။


ဒီေနာက္ပိုင္းမွာေတာ့ အာဆင္နယ္တို႔ ပြဲကို စိုးရိမ္စိတ္အျပည့္နဲ႔ပဲ ထိန္းသိမ္းသြားႏိုင္ခဲ့ၿပီး ဆယ္ေယာက္က်န္ စပါးစ္တို႔ အခြင့္အေရးေတြကို အသုံးမခ်ႏိုင္ခဲ့တာေၾကာင့္ ပြဲၿပီးမွာ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ အိမ္ရွင္ေတြ ေအာင္ပြဲခံခဲ့ၿပီး စည္းကမ္းပိုင္း ခ်ိဳ႕ယြင္းလို႔ ပုံစံေပးခံထားခဲ့ရတဲ့ အူဘာမီယန္း မပါဝင္ဘဲ ႏိုင္ပြဲရွာေဖြႏိုင္ခဲ့သလို ရမွတ္ ၄၁မွတ္နဲ႔ အဆင့္ ၁၀ မွာ ရပ္တည္ႏိုင္ခဲ့သလို စပါးစ္တို႔ကေတာ့ အဆင့္ ၇ မွာ ဆက္လက္ေနၿမဲျဖစ္ခဲ့ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.