Match Report Premier League

ကစားကွက်ပြောင်းပြီး ဒုတိယပိုင်းသွင်းဂိုးတွေနဲ့ အမှားအယွင်းမရှိ ရှေ့ဆက်တဲ့ မန်စီးတီး

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့ပွဲမှာ ထူးထူးဆန်းဆန်း ၃-၄-၃ ကစားကွက်ကို ပြောင်းလဲကစားခဲ့ပြီး ဒီဘရိုင်းနားကိုတော့ အရန်ခုံမှာပဲ ထားခဲ့သလို တိုက်စစ်မှာတော့ ဆာဂျီယို အဂွေရိုကို တောင်ပံတစ်ဖက်စီကနေ ဂျေဆူးစ်၊ တောရက်စ်တို့နဲ့ ဝန်းရံပြီး ပွဲထုတ်လာခဲ့ပါတယ်။

ဖူလ်ဟမ်ကတော့ အထောင်တိုက်စစ်မှူး မသုံးဘဲ ကွင်းလယ်နဲ့ ထိန်းပြီး တန်ပြန်တိုက်စစ်ကစားဖို့ လျင်မြန်တဲ့ လွတ်ခ်မန်းနဲ့ ကာဗာလေရိုတို့ နှစ်ဦးကိုပဲ တင်ကစားခဲ့ပြီး ပွဲစတာနဲ့ စကော့ ပါကားရဲ့ လူတွေက ဆက်တိုက် Pressing ကစားပြီး ထိုးဖောက်နေမှုကို စီးတီးတို့ တော်တော်လေး တောင့်ခံခဲ့ရပါတယ်။

ဒီနေ့ပွဲမှာ ပါဝင်လာတဲ့ နောက်ခံလူ မန်ဒီကတော့ အမှားမရှိရင် သူမဟုတ်ဘူးလို့ပဲ ပြောရမှာဖြစ်သလို စီးတီးတို့အတွက် ဘယ်နောက်ခံလူ တစ်ယောက် မဖြစ်မနေ လိုအပ်တယ်ဆိုတာကို ပြသနေပြီး သူ့ဘက်က မကြာခဏ ထိုးဖောက်နေတဲ့ ကင်းမရွန်းသား ဇြမ္ဘို အြန္ဂီးဆာသာ ပလာတာ မများရင် စီးတီးတို့ တော်တော်လေး မျက်လုံးပြူးရမယ့် အနေအထားလည်းဖြစ်ခဲ့ပါတယ်။

မန်စီးတီးတို့ရဲ့ တိုက်စစ်ကတော့ ညာခြမ်းတစ်ခြမ်းတည်းနဲ့ ကစားနေခဲ့ပြီး ကန်ဆယ်လို၊ ဘာနာဒို၊ အဂွေရိုတို့ ကြိုးစားခဲ့ကြပေမယ့် ဖူလ်ဟမ် ဂိုးသမား အာရီယိုလာ အေးအေးဆေးဆေးပဲ ကာကွယ်သွားနိုင်ခဲ့သလို အိမ်ရှင်တိုက်စစ်ကလည်း Final Touch တွေမှာ အားနည်းခဲ့လို့ ပထမပိုင်းက ဂိုးမရှိသရေပဲ ဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်းပြန်စပြီး ၄၇ မိနစ်မှာတော့ ဧည့်သည်မန်စီးတီးတို့ ဂိုးပေါက်ရှာတွေ့ခဲ့ပြီး ကန်ဆယ်လိုရဲ့ ဘယ်ခြမ်းက ဖရီးကစ်ကို အရင်ပွဲတွေမှာ ဆက်တိုက်ခြေစွမ်းပြနေတဲ့ အာဒါရာဘိုင်ယိုရိုက အသင်းဟောင်းနဲ့ပွဲမှာ ပေါ့ဆခဲ့ချိန်မှာ ဂျွန်စတုန်းစ်က နောက်ကနေ အဆင်သင့် ပြေးဝင် ပိတ်သွင်းနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ပွဲချိန် ၅၂ မိနစ်မှာတော့ ညာတောင်ပံက ဘာနာဒို ထိုးဖောက်လာပြီး ချပေးတာကို ရိုဒရီကန်ခဲ့ပေမယ့် ဂိုးသမား ကာကွယ်နိုင်ခဲ့ပြီး ၅၆ မိနစ်မှာတော့ ဖူလ်ဟမ်အသင်းခေါင်းဆောင် အန်ဒါဆန်ရဲ့ မသေမသပ်ဖျက်တာတဲ့ ဘောလုံးက ကာဗာလေရိုကို မှန်ပြီး ပြန်ထွက်လာတာကို ဂျေဆူးစ်က အသင့်အနေအထားနဲ့ ရယူပြီး ဂိုးသမား အာရီယိုလာကိုပါ လိမ်ပြီးမှ ဒုတိယဂိုးအဖြစ် ထပ်မံယူရယူနိုင်ခဲ့ပါတယ်။

ပွဲချိန် မိနစ် ၆၀ မှာတော့ အာဒါရာဘိုင်ယိုရိုရဲ့ အမှားကနေ တောရက်စ် ဘောလုံးလုယူနိုင်ခဲ့ပြီး ဂိုးရှေ့ဆွဲအပြေးမှာ နောက်က လိုက်တွန်းခဲ့လို့ လဲကျသွားချိန်မှာ ပင်နယ်တီပေးခဲ့ရပြီး ဒါကိုတော့ တိုက်စစ်မှူး အဂွေရိုက ဘယ်ဘက်တိုင်ခြေကို ကန်သွင်းခဲ့ရာမှာ ဂိုးသမား အာရီယိုလာ ဒိုက်ပစ်မှုက အနည်းငယ်နောက်ကျနေခဲ့လို့ တတိယဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ တစ်ချိန်လုံးမှားနေတဲ့ ဖူလ်ဟမ်နောက်တန်းက ပြန်လည်တည်ငြိမ်သွားခဲ့ပြီး စီးတီးတို့ရဲ့ ထိုးဖောက်မှုတွေကို ထိန်းချုပ် သွားနိုင်ခဲ့ပေမယ့် ရလဒ်ကတော့ ပြန်လှန်ဖို့ အချိန်မမီတော့ဘဲ ပေါ့လျော့မှုတစ်ကြိမ်၊ အမှားနှစ်ခုနဲ့အတူ အိမ်ကွင်းမှာ ဦးဆောင်သူတွေကို အရှုံးပေးခဲ့ရပါတယ်။

ဒီပွဲအနိုင်နဲ့ Clean Sheet ကြောင့် ဒီဘရိုင်းနား မပါရင် အသင်းကစားပုံက ပိုကောင်းတယ်ဆိုရင် အဆိုတစ်ခုကို ပရိသတ်တွေကြားမှာ ဆက်လက်ငြင်းခုံဖို့ ဖြစ်လာခဲ့သလို မန်ချက်စတာစီးတီးတို့ကတော့ ရမှတ် ၇၁ မှတ်၊ နောက်ဆုံးနှစ်ပွဲဆက်အနိုင်နဲ့ မန်ချက်စတာယူနိုက်တက်တို့ မကစားခင် ပရီးမီးယားလိဂ်မှာ ၁၇ မှတ်ဖြတ်ပြီး ဦးဆောင်ထားနိုင်ခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဒီေန႔ပြဲမွာ ထူးထူးဆန္းဆန္း ၃-၄-၃ ကစားကြက္ကို ေျပာင္းလဲကစားခဲ့ၿပီး ဒီဘ႐ိုင္းနားကိုေတာ့ အရန္ခုံမွာပဲ ထားခဲ့သလို တိုက္စစ္မွာေတာ့ ဆာဂ်ီယို အေဂြ႐ိုကို ေတာင္ပံတစ္ဖက္စီကေန ေဂ်ဆူးစ္၊ ေတာရက္စ္တို႔နဲ႔ ဝန္းရံၿပီး ပြဲထုတ္လာခဲ့ပါတယ္။

ဖူလ္ဟမ္ကေတာ့ အေထာင္တိုက္စစ္မႉး မသုံးဘဲ ကြင္းလယ္နဲ႔ ထိန္းၿပီး တန္ျပန္တိုက္စစ္ကစားဖို႔ လ်င္ျမန္တဲ့ လြတ္ခ္မန္းနဲ႔ ကာဗာေလ႐ိုတို႔ ႏွစ္ဦးကိုပဲ တင္ကစားခဲ့ၿပီး ပြဲစတာနဲ႔ စေကာ့ ပါကားရဲ႕ လူေတြက ဆက္တိုက္ Pressing ကစားၿပီး ထိုးေဖာက္ေနမႈကို စီးတီးတို႔ ေတာ္ေတာ္ေလး ေတာင့္ခံခဲ့ရပါတယ္။

ဒီေန႔ပြဲမွာ ပါဝင္လာတဲ့ ေနာက္ခံလူ မန္ဒီကေတာ့ အမွားမရွိရင္ သူမဟုတ္ဘူးလို႔ပဲ ေျပာရမွာျဖစ္သလို စီးတီးတို႔အတြက္ ဘယ္ေနာက္ခံလူ တစ္ေယာက္ မျဖစ္မေန လိုအပ္တယ္ဆိုတာကို ျပသေနၿပီး သူ႔ဘက္က မၾကာခဏ ထိုးေဖာက္ေနတဲ့ ကင္းမ႐ြန္းသား ျဇမၻိဳ ျအႏၢီးဆာသာ ပလာတာ မမ်ားရင္ စီးတီးတို႔ ေတာ္ေတာ္ေလး မ်က္လုံးျပဴးရမယ့္ အေနအထားလည္းျဖစ္ခဲ့ပါတယ္။

မန္စီးတီးတို႔ရဲ႕ တိုက္စစ္ကေတာ့ ညာျခမ္းတစ္ျခမ္းတည္းနဲ႔ ကစားေနခဲ့ၿပီး ကန္ဆယ္လို၊ ဘာနာဒို၊ အေဂြ႐ိုတို႔ ႀကိဳးစားခဲ့ၾကေပမယ့္ ဖူလ္ဟမ္ ဂိုးသမား အာရီယိုလာ ေအးေအးေဆးေဆးပဲ ကာကြယ္သြားႏိုင္ခဲ့သလို အိမ္ရွင္တိုက္စစ္ကလည္း Final Touch ေတြမွာ အားနည္းခဲ့လို႔ ပထမပိုင္းက ဂိုးမရွိသေရပဲ ျဖစ္ေနခဲ့ပါတယ္။

ဒုတိယပိုင္းျပန္စၿပီး ၄၇ မိနစ္မွာေတာ့ ဧည့္သည္မန္စီးတီးတို႔ ဂိုးေပါက္ရွာေတြ႕ခဲ့ၿပီး ကန္ဆယ္လိုရဲ႕ ဘယ္ျခမ္းက ဖရီးကစ္ကို အရင္ပြဲေတြမွာ ဆက္တိုက္ေျခစြမ္းျပေနတဲ့ အာဒါရာဘိုင္ယို႐ိုက အသင္းေဟာင္းနဲ႔ပြဲမွာ ေပါ့ဆခဲ့ခ်ိန္မွာ ဂြၽန္စတုန္းစ္က ေနာက္ကေန အဆင္သင့္ ေျပးဝင္ ပိတ္သြင္းႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။

ပြဲခ်ိန္ ၅၂ မိနစ္မွာေတာ့ ညာေတာင္ပံက ဘာနာဒို ထိုးေဖာက္လာၿပီး ခ်ေပးတာကို ႐ိုဒရီကန္ခဲ့ေပမယ့္ ဂိုးသမား ကာကြယ္ႏိုင္ခဲ့ၿပီး ၅၆ မိနစ္မွာေတာ့ ဖူလ္ဟမ္အသင္းေခါင္းေဆာင္ အန္ဒါဆန္ရဲ႕ မေသမသပ္ဖ်က္တာတဲ့ ေဘာလုံးက ကာဗာေလ႐ိုကို မွန္ၿပီး ျပန္ထြက္လာတာကို ေဂ်ဆူးစ္က အသင့္အေနအထားနဲ႔ ရယူၿပီး ဂိုးသမား အာရီယိုလာကိုပါ လိမ္ၿပီးမွ ဒုတိယဂိုးအျဖစ္ ထပ္မံယူရယူႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ မိနစ္ ၆၀ မွာေတာ့ အာဒါရာဘိုင္ယို႐ိုရဲ႕ အမွားကေန ေတာရက္စ္ ေဘာလုံးလုယူႏိုင္ခဲ့ၿပီး ဂိုးေရွ႕ဆြဲအေျပးမွာ ေနာက္က လိုက္တြန္းခဲ့လို႔ လဲက်သြားခ်ိန္မွာ ပင္နယ္တီေပးခဲ့ရၿပီး ဒါကိုေတာ့ တိုက္စစ္မႉး အေဂြ႐ိုက ဘယ္ဘက္တိုင္ေျခကို ကန္သြင္းခဲ့ရာမွာ ဂိုးသမား အာရီယိုလာ ဒိုက္ပစ္မႈက အနည္းငယ္ေနာက္က်ေနခဲ့လို႔ တတိယဂိုးနဲ႔ ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ တစ္ခ်ိန္လုံးမွားေနတဲ့ ဖူလ္ဟမ္ေနာက္တန္းက ျပန္လည္တည္ၿငိမ္သြားခဲ့ၿပီး စီးတီးတို႔ရဲ႕ ထိုးေဖာက္မႈေတြကို ထိန္းခ်ဳပ္ သြားႏိုင္ခဲ့ေပမယ့္ ရလဒ္ကေတာ့ ျပန္လွန္ဖို႔ အခ်ိန္မမီေတာ့ဘဲ ေပါ့ေလ်ာ့မႈတစ္ႀကိမ္၊ အမွားႏွစ္ခုနဲ႔အတူ အိမ္ကြင္းမွာ ဦးေဆာင္သူေတြကို အရႈံးေပးခဲ့ရပါတယ္။

ဒီပြဲအႏိုင္နဲ႔ Clean Sheet ေၾကာင့္ ဒီဘ႐ိုင္းနား မပါရင္ အသင္းကစားပုံက ပိုေကာင္းတယ္ဆိုရင္ အဆိုတစ္ခုကို ပရိသတ္ေတြၾကားမွာ ဆက္လက္ျငင္းခုံဖို႔ ျဖစ္လာခဲ့သလို မန္ခ်က္စတာစီးတီးတို႔ကေတာ့ ရမွတ္ ၇၁ မွတ္၊ ေနာက္ဆုံးႏွစ္ပြဲဆက္အႏိုင္နဲ႔ မန္ခ်က္စတာယူႏိုက္တက္တို႔ မကစားခင္ ပရီးမီးယားလိဂ္မွာ ၁၇ မွတ္ျဖတ္ၿပီး ဦးေဆာင္ထားႏိုင္ခဲ့ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.