Premier League Transfer News

14 Mar နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းရဲ့ တောင်ပံကစားသမား ဘူကာယို ဆာကာဟာ အားလုံးစောင့်ကြည့်ရမယ့် ကစားသမားဖြစ်ပြီး မိမိအမြင်မှာတော့ သူတို့အသင်းရဲ့ အကောင်းဆုံး ကစားသမားတစ်ဦးလို့ စပါးစ်နောက်ခံလူ အဲရစ် ဒိုင်ယာက မြောက်လန်ဒန်ဒါဘီမတိုင်ခင် ပြောကြား။

– အာဆင်နယ်အသင်းမှာ တည်ငြိမ်မှုနဲ့ ပျော်ရွှင်မှုကို ခံစားရပြီး သူ့အနေနဲ့ အငှားကာလပြီးရင်လည်း ဒီအသင်းမှာ ဆက်နေလိုကြောင်း ကွင်းလယ်လူ မာတင် အော်ဒီဂွါဒ်က ပြောကြားသွားခဲ့ပြီး ရီးရဲလ်မက်ဒရစ်အသင်းဘက်ကတော့ ဒါနီ စီဘာယော့စ်တုန်းကလိုပဲ နောက်ထပ်တစ်ရာသီ အငှားချပေးနိုင်ကြောင်း ခန့်မှန်းရ။

– ပရိသတ်တွေအနေနဲ့ နယူးကာဆယ်လ်အသင်းကို အငှားချလိုက်ပြီးကတည်းက ပုံမှန်ကစားခွင့် ရရှိနေခဲ့တဲ့ ကွင်းလယ်လူ ဂျိုးဝီလော့ခ်အနေနဲ့ ခုလို ပုံမှန်ကစားခွင့်ရရင် အာဆင်နယ်အသင်းကြီးရဲ့ ကွင်းလယ်လူ သောမတ်စ် ပါတေးကို ဆက်ခံနိုင်လိမ့်မယ်လို့ ချီးကျူးနေကြ။

– အင်တာမီလန်နဲ့ ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်ဟောင်း ရော်နယ်လ်ဒိုကြီးရဲ့ သဘောကျခြင်းခံရသူဖြစ်တဲ့ နောက်ခံလူ အက်ရှ်ရက်ဖ် ဟာကီမီကို လာမယ့် နွေရာသီမှာ ဘာစီလိုနာအသင်းကို ပြန်ဖွယ်ရှိနေတဲ့ ဟက်တာ ဘယ်လာရင်ရဲ့ နေရာမှာ အစားထိုးဖို့ ဦးစားပေး ပစ်မှတ်အဖြစ် အာဆင်နယ် သတ်မှတ်ထား။

– ဘယ်လာရင်ရဲ့ နေရာမှာ အစားထိုးနိုင်မလားလို့ စမ်းသပ်မှုပြုလုပ်တဲ့နေရာမှာ ဒဏ်ရာကနေ ပြန်ကောင်းလာတဲ့ ကယ်လမ် ချိမ်းဘားစ်ဟာ အဖြေမဟုတ်ကြောင်းနဲ့ သူ့ကို ထည့်သုံးလိုက်ရင် တိုက်စစ်ဆင်ရာမှာ လူတစ်ယောက်လိုနေသလို ခံစားရမှာပဲဖြစ်တယ်လို့ ကီဗင် ကမ်းဘဲလ်က ထောက်ပြသွားခဲ့။

– အာဆင်နယ်အသင်းအနေနဲ့ ဒေးဗစ် လူးဝစ်ဇ်ကို ခံစစ်သုံးယောက်တန်းမှာ Ball Playing Role အတွက် ခေါ်ယူခဲ့တာ မှန်ပေမယ့် လက်ရှိမှာ ဗဟိုခံစစ်နှစ်ဦးကိုသာ သုံးစွဲနေချိန်မှာ ဘာဖြစ်လို့ ထည့်သွင်းနေသေးတယ်ဆိုတာ နားမလည်ကြောင်း ဝေဖန်လိုက်သလို ကျန်တဲ့ ကစားသမားတွေကို မကြိုက်ရင်လည်း လူသစ်ဝယ်ဖို့ မာတင် ကီးယွန်းက တိုက်တွန်းသွား။

– အာဆင်နယ်နဲ့ စပါးစ်အသင်းတွေကြားမှာ ဟိုဘက်လူလိုလို ဒီဘက်လူလိုလို အမြဲထင်ခံရလေ့ရှိတဲ့ အာဆင်နယ်နဲ့ စပါးစ်နည်းပြဟောင်း ဂျော့ချ် ဂရေဟမ်က ဂန်းနားတစ်ဦးသာဖြစ်တယ်ဆိုတဲ့ သဘောကို ပြသလိုက်ပြီး အသင်းဟောင်းရဲ့ ပိုင်ရှင်ဖြစ်သူ ခရိုယန်ကီတွေကို ပေါင်သန်း ၂၀၀ ကနေ ၃၀၀ အထိ ငွေကြေးသုံးစွဲပြီး အသင်းရဲ့ အဆင့်အတန်းကို ပြန်လည်မြှင့်တင်ဖို့ ပြောကြားသွား။

– လာမယ့် မြောက်လန်ဒန်ဒါဘီမှာ အာဆင်နယ်အသင်းအနေနဲ့ ဒါနီ စီဘာယော့စ်၊ ဂရာနစ် ချာကာနဲ့ ဒေးဗစ် လူးဝစ်ဇ်တို့သုံးဦးကို မသုံးဖို့နဲ့ သူတို့တွေရဲ့ အမှားတွေအတွက် မိမိတို့အနေနဲ့ နာကျင်ခဲ့ရသလို စိတ်ကုန်နေပြီဖြစ်ကြောင်း အသင်းပရိသတ်တွေက ပွဲကြို သတိပေးသွားခဲ့ကြ။

– အာဆင်နယ်နည်းပြ မီခယ်လ် အာတီတာက တော့တင်ဟမ်ဟော့စပါးစ်အသင်းရဲ့ တိုက်စစ်ဟာ ဥရောပမှာ အကောင်းဆုံးနဲ့ အသေသပ်ဆုံး လှုပ်ရှားနိုင်တဲ့ အတွဲအဖက်ဖြစ်ပြီး သူတို့ရဲ့ အခွင့်အရေးကို သူတို့ကိုယ်တိုင် ရှာဖွေဖန်တီးနိုင်သလို ထူးခြားကောင်းမွန်တယ်လို့ ဒါဘီအကြိုမှာ ပြိုင်ဘက်ကို ချီးကျူးသွားခဲ့။

– အာတီတာနဲ့ မော်ရင်ညိုတို့ နှစ်ဦးစလုံးအနေနဲ့ မြောက်လန်ဒန်ဒါဘီမှာ တိုက်စစ်ဖွင့်ကစားပြီး အပြန်အလှန် ယှဉ်ပြိုင်သွားဖို့ထက် တစ်ဦးရဲ့ အမှားကို တစ်ဦး စောင့်ကစားသွားဖို့ ရှိနေပြီး အမှားများတဲ့ အသင်းက သုံးမှတ်ဆုံးရှုံးသွားဖွယ်ရှိနေတယ်လို့ အာဆင်နယ် အားပေးသူ ဝက်ဘ်ဆိုက်တစ်ခု ရေးသား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းရဲ႕ ေတာင္ပံကစားသမား ဘူကာယို ဆာကာဟာ အားလုံးေစာင့္ၾကည့္ရမယ့္ ကစားသမားျဖစ္ၿပီး မိမိအျမင္မွာေတာ့ သူတို႔အသင္းရဲ႕ အေကာင္းဆုံး ကစားသမားတစ္ဦးလို႔ စပါးစ္ေနာက္ခံလူ အဲရစ္ ဒိုင္ယာက ေျမာက္လန္ဒန္ဒါဘီမတိုင္ခင္ ေျပာၾကား။

– အာဆင္နယ္အသင္းမွာ တည္ၿငိမ္မႈနဲ႔ ေပ်ာ္႐ႊင္မႈကို ခံစားရၿပီး သူ႔အေနနဲ႔ အငွားကာလၿပီးရင္လည္း ဒီအသင္းမွာ ဆက္ေနလိုေၾကာင္း ကြင္းလယ္လူ မာတင္ ေအာ္ဒီဂြါဒ္က ေျပာၾကားသြားခဲ့ၿပီး ရီးရဲလ္မက္ဒရစ္အသင္းဘက္ကေတာ့ ဒါနီ စီဘာေယာ့စ္တုန္းကလိုပဲ ေနာက္ထပ္တစ္ရာသီ အငွားခ်ေပးႏိုင္ေၾကာင္း ခန႔္မွန္းရ။

– ပရိသတ္ေတြအေနနဲ႔ နယူးကာဆယ္လ္အသင္းကို အငွားခ်လိုက္ၿပီးကတည္းက ပုံမွန္ကစားခြင့္ ရရွိေနခဲ့တဲ့ ကြင္းလယ္လူ ဂ်ိဳးဝီေလာ့ခ္အေနနဲ႔ ခုလို ပုံမွန္ကစားခြင့္ရရင္ အာဆင္နယ္အသင္းႀကီးရဲ႕ ကြင္းလယ္လူ ေသာမတ္စ္ ပါေတးကို ဆက္ခံႏိုင္လိမ့္မယ္လို႔ ခ်ီးက်ဴးေနၾက။

– အင္တာမီလန္နဲ႔ ရီးရဲလ္မက္ဒရစ္ၾကယ္ပြင့္ေဟာင္း ေရာ္နယ္လ္ဒိုႀကီးရဲ႕ သေဘာက်ျခင္းခံရသူျဖစ္တဲ့ ေနာက္ခံလူ အက္ရွ္ရက္ဖ္ ဟာကီမီကို လာမယ့္ ေႏြရာသီမွာ ဘာစီလိုနာအသင္းကို ျပန္ဖြယ္ရွိေနတဲ့ ဟက္တာ ဘယ္လာရင္ရဲ႕ ေနရာမွာ အစားထိုးဖို႔ ဦးစားေပး ပစ္မွတ္အျဖစ္ အာဆင္နယ္ သတ္မွတ္ထား။

– ဘယ္လာရင္ရဲ႕ ေနရာမွာ အစားထိုးႏိုင္မလားလို႔ စမ္းသပ္မႈျပဳလုပ္တဲ့ေနရာမွာ ဒဏ္ရာကေန ျပန္ေကာင္းလာတဲ့ ကယ္လမ္ ခ်ိမ္းဘားစ္ဟာ အေျဖမဟုတ္ေၾကာင္းနဲ႔ သူ႔ကို ထည့္သုံးလိုက္ရင္ တိုက္စစ္ဆင္ရာမွာ လူတစ္ေယာက္လိုေနသလို ခံစားရမွာပဲျဖစ္တယ္လို႔ ကီဗင္ ကမ္းဘဲလ္က ေထာက္ျပသြားခဲ့။

– အာဆင္နယ္အသင္းအေနနဲ႔ ေဒးဗစ္ လူးဝစ္ဇ္ကို ခံစစ္သုံးေယာက္တန္းမွာ Ball Playing Role အတြက္ ေခၚယူခဲ့တာ မွန္ေပမယ့္ လက္ရွိမွာ ဗဟိုခံစစ္ႏွစ္ဦးကိုသာ သုံးစြဲေနခ်ိန္မွာ ဘာျဖစ္လို႔ ထည့္သြင္းေနေသးတယ္ဆိုတာ နားမလည္ေၾကာင္း ေဝဖန္လိုက္သလို က်န္တဲ့ ကစားသမားေတြကို မႀကိဳက္ရင္လည္း လူသစ္ဝယ္ဖို႔ မာတင္ ကီးယြန္းက တိုက္တြန္းသြား။

– အာဆင္နယ္နဲ႔ စပါးစ္အသင္းေတြၾကားမွာ ဟိုဘက္လူလိုလို ဒီဘက္လူလိုလို အၿမဲထင္ခံရေလ့ရွိတဲ့ အာဆင္နယ္နဲ႔ စပါးစ္နည္းျပေဟာင္း ေဂ်ာ့ခ်္ ဂေရဟမ္က ဂန္းနားတစ္ဦးသာျဖစ္တယ္ဆိုတဲ့ သေဘာကို ျပသလိုက္ၿပီး အသင္းေဟာင္းရဲ႕ ပိုင္ရွင္ျဖစ္သူ ခ႐ိုယန္ကီေတြကို ေပါင္သန္း ၂၀၀ ကေန ၃၀၀ အထိ ေငြေၾကးသုံးစြဲၿပီး အသင္းရဲ႕ အဆင့္အတန္းကို ျပန္လည္ျမႇင့္တင္ဖို႔ ေျပာၾကားသြား။

– လာမယ့္ ေျမာက္လန္ဒန္ဒါဘီမွာ အာဆင္နယ္အသင္းအေနနဲ႔ ဒါနီ စီဘာေယာ့စ္၊ ဂရာနစ္ ခ်ာကာနဲ႔ ေဒးဗစ္ လူးဝစ္ဇ္တို႔သုံးဦးကို မသုံးဖို႔နဲ႔ သူတို႔ေတြရဲ႕ အမွားေတြအတြက္ မိမိတို႔အေနနဲ႔ နာက်င္ခဲ့ရသလို စိတ္ကုန္ေနၿပီျဖစ္ေၾကာင္း အသင္းပရိသတ္ေတြက ပြဲႀကိဳ သတိေပးသြားခဲ့ၾက။

– အာဆင္နယ္နည္းျပ မီခယ္လ္ အာတီတာက ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းရဲ႕ တိုက္စစ္ဟာ ဥေရာပမွာ အေကာင္းဆုံးနဲ႔ အေသသပ္ဆုံး လႈပ္ရွားႏိုင္တဲ့ အတြဲအဖက္ျဖစ္ၿပီး သူတို႔ရဲ႕ အခြင့္အေရးကို သူတို႔ကိုယ္တိုင္ ရွာေဖြဖန္တီးႏိုင္သလို ထူးျခားေကာင္းမြန္တယ္လို႔ ဒါဘီအႀကိဳမွာ ၿပိဳင္ဘက္ကို ခ်ီးက်ဴးသြားခဲ့။

– အာတီတာနဲ႔ ေမာ္ရင္ညိဳတို႔ ႏွစ္ဦးစလုံးအေနနဲ႔ ေျမာက္လန္ဒန္ဒါဘီမွာ တိုက္စစ္ဖြင့္ကစားၿပီး အျပန္အလွန္ ယွဥ္ၿပိဳင္သြားဖို႔ထက္ တစ္ဦးရဲ႕ အမွားကို တစ္ဦး ေစာင့္ကစားသြားဖို႔ ရွိေနၿပီး အမွားမ်ားတဲ့ အသင္းက သုံးမွတ္ဆုံးရႈံးသြားဖြယ္ရွိေနတယ္လို႔ အာဆင္နယ္ အားေပးသူ ဝက္ဘ္ဆိုက္တစ္ခု ေရးသား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.