Serie A

ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကို ၂၀၂၄ ခုႏွစ္အထိ သက္တမ္းတုိးသြားဖို႔ အလိုရွိေနတဲ့ ဂ်ဴဗင္တပ္စ္

စီးရီးေအကလပ္ ဂ်ဴဗင္တပ္စ္အသင္းအေနနဲ႔ သူတုိ႔ရဲ႕ ဝါရင့္တုိက္စစ္မွဴး ခရစၥတီယာႏုိ ေရာ္နယ္လ္ဒိုကို လက္ရွိ ၂၀၂၂ အထိ ခ်ဳပ္ဆုိထားခဲ့တဲ့ စာခ်ဳပ္ထက္ ေနာက္ထပ္ႏွစ္ႏွစ္တာစာခ်ဳပ္ကို ေပးအပ္ၿပီး အသင္းကို အမ်ားႀကီးအက်ဳိးျပဳႏုိင္ဦးမယ့္ သူ႕ကို ဆက္လက္ထိန္းသိမ္းသြားဖို႔ အလိုရွိေနပါတယ္။

ဂ်ဴဗင္တပ္စ္အသင္းအေနနဲ႔ ဒီေပၚတူဂီတုိက္စစ္မွဴးကို အသင္းရဲ႕ အဓိက အေျခခံအုတ္ျမစ္တစ္ခုအျဖစ္ ရွဳျမင္ထားၿပီး ဆုဖလားေတြကို ရယူေပးႏုိင္မယ့္ တန္ဖိုးမျဖတ္ႏုိင္သူတစ္ဦးလို႔ သတ္မွတ္ထားခဲ့သလို အသင္းမွာ ႏွစ္ရွည္လမ်ား ဆက္လက္ရွိေနေစဖို႔ ရည္ရြယ္ထားတာလည္းျဖစ္ပါတယ္။

၂၀၁၈ ခုႏွစ္ ေႏြရာသီက အသင္းကို ၄ ႏွစ္စာခ်ဳပ္၊ တစ္ပတ္လုပ္ခ ေပါင္ငါးသိန္းနဲ႔ ေျပာင္းေရႊ႕လာခဲ့တဲ့ ေရာ္နယ္လ္ဒိုဟာ စစခ်င္းရာသီမွာပဲ အသင္းအတြက္ ရရွိျမဲ စီးရီးေအဆုဖလားကို ရယူဖို႔ ပြဲေပါင္း ၃၁ ပြဲကစား ၂၁ ဂိုးနဲ႔ ကူညီထားႏုိင္ခဲ့သလို ဒီရာသီမွာလည္း ခ်န္ပီယံဆုအတြက္ လမ္းေၾကာင္းေပၚမွာ ရပ္တည္ဖို႔ ၂၂ ပြဲမွာ ၂၁ ဂိုး သြင္းယူထားခဲ့ပါတယ္။

ၿပီးခဲ့တဲ့ အဓိကၿပဳိင္ဘက္ အင္တာမီလန္အသင္းကို အႏိုင္ရတဲ့ပြဲ မတုိင္ခင္အထိ စီးရီးေအမွာ ၁၁ ပြဲဆက္တုိက္ ဂိုးသြင္းယူႏုိင္ခဲ့တဲ့ ေပၚတူဂီတုိက္စစ္မွဴးကို ဂ်ဴဗင္တပ္စ္အသင္းအေနနဲ႔ လာမယ့္ရာသီမွာ ေနာက္ထပ္ ေျခစြမ္းျမင့္မားတဲ့ တုိက္စစ္မွဴးတစ္ဦးနဲ႔ တြဲဖက္ေပးဖို႔လည္း စီစဥ္ေနၿပီး စပါးစ္ရဲ႕ အဂၤလန္တုိက္စစ္မွဴး ဟာရီကိန္းကိုလည္း ေစာင့္ၾကည့္ေနတာျဖစ္ပါတယ္။

၂၀၂၄ အထိ တူရင္ၿမဳိ႕မွာ ဆက္ရွိေနေစမယ့္ စာခ်ဳပ္ကို ကမ္းလွမ္းထားခဲ့ၿပီး ကစားသမားဘက္က သေဘာတူညီခဲ့ရင္ေတာ့ ေရာ္နယ္လ္ဒိုအေနနဲ႔ အသက္ ၃၉ ႏွစ္ျပည့္ ေမြးေန႔ကို ဂ်ဴဗင္တပ္စ္အသင္းနဲ႔ ျဖတ္သန္းရမွာျဖစ္ၿပီး အသင္းရဲ႕ ေႏြရာသီ ကစားသမားေခၚယူမွဳေတြနဲ႔ ရည္မွန္းခ်က္ကို ျပသႏုိင္မွဳကသာ သူ႕ကို သေဘာတူညီႏုိင္ေစလိမ့္မယ္လုိ႔လည္း သုံးသပ္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: စီးရီးအေကလပ် ဂျူဗင်တပ်စ်အသင်းအနေနဲ့ သူတို့ရဲ့ ဝါရင့်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုကို လက်ရှိ ၂၀၂၂ အထိ ချုပ်ဆိုထားခဲ့တဲ့ စာချုပ်ထက် နောက်ထပ်နှစ်နှစ်တာစာချုပ်ကို ပေးအပ်ပြီး အသင်းကို အများကြီးအကျိုးပြုနိုင်ဦးမယ့် သူ့ကို ဆက်လက်ထိန်းသိမ်းသွားဖို့ အလိုရှိနေပါတယ်။

ဂျူဗင်တပ်စ်အသင်းအနေနဲ့ ဒီပေါ်တူဂီတိုက်စစ်မှူးကို အသင်းရဲ့ အဓိက အခြေခံအုတ်မြစ်တစ်ခုအဖြစ် ရှုမြင်ထားပြီး ဆုဖလားတွေကို ရယူပေးနိုင်မယ့် တန်ဖိုးမဖြတ်နိုင်သူတစ်ဦးလို့ သတ်မှတ်ထားခဲ့သလို အသင်းမှာ နှစ်ရှည်လများ ဆက်လက်ရှိနေစေဖို့ ရည်ရွယ်ထားတာလည်းဖြစ်ပါတယ်။

၂၀၁၈ ခုနှစ် နွေရာသီက အသင်းကို ၄ နှစ်စာချုပ်၊ တစ်ပတ်လုပ်ခ ပေါင်ငါးသိန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ရော်နယ်လ်ဒိုဟာ စစချင်းရာသီမှာပဲ အသင်းအတွက် ရရှိမြဲ စီးရီးအေဆုဖလားကို ရယူဖို့ ပွဲပေါင်း ၃၁ ပွဲကစား ၂၁ ဂိုးနဲ့ ကူညီထားနိုင်ခဲ့သလို ဒီရာသီမှာလည်း ချန်ပီယံဆုအတွက် လမ်းကြောင်းပေါ်မှာ ရပ်တည်ဖို့ ၂၂ ပွဲမှာ ၂၁ ဂိုး သွင်းယူထားခဲ့ပါတယ်။

ပြီးခဲ့တဲ့ အဓိကပြိုင်ဘက် အင်တာမီလန်အသင်းကို အနိုင်ရတဲ့ပွဲ မတိုင်ခင်အထိ စီးရီးအေမှာ ၁၁ ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့တဲ့ ပေါ်တူဂီတိုက်စစ်မှူးကို ဂျူဗင်တပ်စ်အသင်းအနေနဲ့ လာမယ့်ရာသီမှာ နောက်ထပ် ခြေစွမ်းမြင့်မားတဲ့ တိုက်စစ်မှူးတစ်ဦးနဲ့ တွဲဖက်ပေးဖို့လည်း စီစဉ်နေပြီး စပါးစ်ရဲ့ အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်းကိုလည်း စောင့်ကြည့်နေတာဖြစ်ပါတယ်။

၂၀၂၄ အထိ တူရင်မြို့မှာ ဆက်ရှိနေစေမယ့် စာချုပ်ကို ကမ်းလှမ်းထားခဲ့ပြီး ကစားသမားဘက်က သဘောတူညီခဲ့ရင်တော့ ရော်နယ်လ်ဒိုအနေနဲ့ အသက် ၃၉ နှစ်ပြည့် မွေးနေ့ကို ဂျူဗင်တပ်စ်အသင်းနဲ့ ဖြတ်သန်းရမှာဖြစ်ပြီး အသင်းရဲ့ နွေရာသီ ကစားသမားခေါ်ယူမှုတွေနဲ့ ရည်မှန်းချက်ကို ပြသနိုင်မှုကသာ သူ့ကို သဘောတူညီနိုင်စေလိမ့်မယ်လို့လည်း သုံးသပ်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.