Premier League Transfer News

13 Mar ညနေခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု

– ချဲလ်ဆီးအသင်းပရိသတ်တွေအနေနဲ့ သူတို့ရဲ့ အသင်းပိုင်ရှင် ရိုမန် အေဘရာမိုဗစ်ချ်ရဲ့ လက်ဖွာမှုကို မျှော်လင့်ချက်ကြီးကြီး ထားနေကြပြီး ဒေါ့မွန်ဘက်က ပေါင်သန်း ၉၀ တစ်လုံးတစ်ခဲတည်း အပြတ်ပေးရင် ရောင်းချသွားမယ်ဆိုတဲ့ တိုက်စစ်မှူး အာလင်း ဟားလန်းအတွက် လက်ဦးမှုယူနိုင်ဖို့ ဆန္ဒရှိနေကြ။

– အသင်းရဲ့ တိုက်စစ်ကနေ ဂိုးသိပ်ရတဲ့ နည်းပြ သောမတ်စ် တူဟယ်လ်အနေနဲ့ ခံစစ်သမားတွေကိုလည်း ဂိုးတွေ ပိုသွင်းနိုင်စေဖို့ ထရိန်နင်မှာ တည်ကန်ဘောတွေကနေ လေ့ကျင့်စေပြီး Volley ကန်ချက်တွေနဲ့ ခေါင်းတိုက်ပုံတွေကို အဓိကထားနေတယ်လို့ဆို။

– ဖရန့် လမ်းပတ် ထွက်ခွာသွားလို့ စိတ်ညစ်ရတော့မယ်လို့ ထင်နေတဲ့ မေဆန်မောင့်အနေနဲ့ နည်းပြသစ် တူဟယ်လ်လက်ထက်မှာ ပိုမို ပျော်ရွှင်နေပြီး ဂျာမန်သားကြီးအနေနဲ့ သူ့ရဲ့သားဖြစ်သူနဲ့ ရင်းနှီးနွေးထွေးတဲ့ ဆက်ဆံရေးကို တည်ဆောက်နိုင်ခဲ့ပြီလို့ ဖခင်ဖြစ်သူ တိုနီမောင့် ထုတ်ဖော်သွား။

– လိစ်ဒ်ယူနိုက်တက်အသင်းနဲ့ ပွဲစဉ်မှာ နည်းပြ သောမတ်စ် တူဟယ်လ်အနေနဲ့ တိုက်စစ်မှူးအဖြစ် ခိုင်ဟာဗတ်ဇ်ကို ဆက်လက်ကစားစေဖို့ ရှိနေပြီး နောက်က မေဆန်မောင့်နဲ့ တီမို ဗာနာတို့ကို ပွဲထုတ်လာနိုင်သလို တောင်ပံတွေမှာတော့ ရီးစ်ဂျိမ်းစ်နဲ့ ချေးလ်ဝဲလ်တို့ပဲ ပွဲထွက်လာဖွယ်ရှိနေ။

– ဖရန့် လမ်းပတ်လက်ထက်က ကစားသမားတွေ စိတ်ညစ်ခဲ့ရတဲ့ တင်းကျပ်တဲ့ စည်းမျဉ်းတွေနဲ့ ကိုင်တွယ်မှုမျိုး လုပ်မှာ မဟုတ်ကြောင်းနဲ့ ဒီလိုလုပ်ရအောင် သူဟာ ရဲတစ်ယောက် မဟုတ်ကြောင်း အသင်းရဲ့ ရလဒ်ကောင်းတွေကို ပျော်ရွှင်စည်းလုံးမှုတွေနဲ့ တည်ဆောက် ပေးနိုင်ခဲ့တဲ့ သောမတ်စ် တူဟယ်လ် ပြောကြား။

– အေစီမီလန်အသင်းကနေ ထွက်ခွာတော့မယ့် ဂိုးသမား ဂျန်လွီဂီ ဒွန်နာရမ်မာကို ကမ်းလှမ်းခဲ့တဲ့ မန်ချက်စတာယူနိုက်တက်ရဲ့ ဆွဲဆောင်မှုက တော်တော်လေးကြီးမားနေကြောင်း သတင်းတွေ ထွက်လာခဲ့ပြီး ချဲလ်ဆီးအသင်းအနေနဲ့ ခေါ်ယူမယ်ဆိုရင် ပွဲထွက် နံပါတ်တစ်နေရာကို အာမခံချက်ပေးရဖွယ်ရှိနေ။

– အသင်းရဲ့ ခံစစ်ပိုင်းမှာ နည်းပြ တူဟယ်လ်လက်ထက် ခြေစွမ်းပြနေခဲ့ကြတဲ့ အသင်းခေါင်းဆောင် ဆီဆာ အက်ဇ်ပီလီကွေတာနဲ့ အန်တိုနီယို ရူဒီဂါ၊ အန်ဒရီးယက်စ် ခရစ္စတင်ဆန်တို့ကို မကြာခင်ရက်ပိုင်းအတွင်းမှာ စာချုပ်သစ်တွေ အသီးသီးပေးအပ်ဖို့ ရည်ရွယ်နေပြီး တည်ငြိမ်မှုရရှိအောင် လုပ်ဆောင်သွားဖို့ရှိနေ။

– CIES ဘောလုံးလေ့လာရေးနဲ့ စာရင်းအင်းပြုစုရေးအဖွဲ့ရဲ့ တန်ဖိုးသတ်မှတ်ချက်အရ ချဲလ်ဆီးကွင်းလယ်လူ မေဆန်မောင်အနေနဲ့ မန်ချက်စတာစီးတီးလက်ထောက်အသင်းခေါင်းဆောင် ကီဗင် ဒီဘရိုင်းနားနဲ့ အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီကိန်းတို့ထက် ပိုမိုပြီး တန်ဖိုးမြင့်မားခဲ့သလို ပေါင် ၉၃.၆ သန်း တန်တယ်လို့ သတ်မှတ်ခံခဲ့ရ။

– ဘက်ဖဲရ်ရဲ့ တိုက်စစ်မှူးဟောင်း ဒီမီတာ ဘာဘာတော့ဗ်က ချဲလ်ဆီးအသင်းအနေနဲ့ အယ်လန်ရုတ်ဒ်မှာ နှစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရမယ်လို့ ခန့်မှန်းလိုက်ပြီး ဘက်ဗစ်တာရဲ့ မိုက်ကယ် အိုဝင်ကတော့ အနောက်လန်ဒန်သားတွေကိုပဲ အနိုင်ပေးခဲ့သလို နှစ်ဂိုး-တစ်ဂိုးလို့ ခန့်မှန်းသွားခဲ့။

– လာမယ့်နွေရာသီမှာ ချဲလ်ဆီးအသင်းအနေနဲ့ အသင်းရဲ့ ခံစစ်ကို ထပ်မံအားဖြည့်သွားဖွယ်ရှိနေပြီး ရိုးမားအသင်းကနေ ပေါင် ၂၇ သန်း ရရှိရင် ရောင်းထုတ်သွားမယ့် ဗဟိုနောက်ခံလူ ဂျန်လူကာ မန်ချီနီကို မန်ချက်စတာယူနိုက်တက်အသင်းနဲ့အပြိုင် ခေါ်ယူသွားဖို့ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ခ်ဲလ္ဆီးအသင္းပရိသတ္ေတြအေနနဲ႔ သူတို႔ရဲ႕ အသင္းပိုင္ရွင္ ႐ိုမန္ ေအဘရာမိုဗစ္ခ်္ရဲ႕ လက္ဖြာမႈကို ေမွ်ာ္လင့္ခ်က္ႀကီးႀကီး ထားေနၾကၿပီး ေဒါ့မြန္ဘက္က ေပါင္သန္း ၉၀ တစ္လုံးတစ္ခဲတည္း အျပတ္ေပးရင္ ေရာင္းခ်သြားမယ္ဆိုတဲ့ တိုက္စစ္မႉး အာလင္း ဟားလန္းအတြက္ လက္ဦးမႈယူႏိုင္ဖို႔ ဆႏၵရွိေနၾက။

– အသင္းရဲ႕ တိုက္စစ္ကေန ဂိုးသိပ္ရတဲ့ နည္းျပ ေသာမတ္စ္ တူဟယ္လ္အေနနဲ႔ ခံစစ္သမားေတြကိုလည္း ဂိုးေတြ ပိုသြင္းႏိုင္ေစဖို႔ ထရိန္နင္မွာ တည္ကန္ေဘာေတြကေန ေလ့က်င့္ေစၿပီး Volley ကန္ခ်က္ေတြနဲ႔ ေခါင္းတိုက္ပုံေတြကို အဓိကထားေနတယ္လို႔ဆို။

– ဖရန႔္ လမ္းပတ္ ထြက္ခြာသြားလို႔ စိတ္ညစ္ရေတာ့မယ္လို႔ ထင္ေနတဲ့ ေမဆန္ေမာင့္အေနနဲ႔ နည္းျပသစ္ တူဟယ္လ္လက္ထက္မွာ ပိုမို ေပ်ာ္႐ႊင္ေနၿပီး ဂ်ာမန္သားႀကီးအေနနဲ႔ သူ႔ရဲ႕သားျဖစ္သူနဲ႔ ရင္းႏွီးေႏြးေထြးတဲ့ ဆက္ဆံေရးကို တည္ေဆာက္ႏိုင္ခဲ့ၿပီလို႔ ဖခင္ျဖစ္သူ တိုနီေမာင့္ ထုတ္ေဖာ္သြား။

– လိစ္ဒ္ယူႏိုက္တက္အသင္းနဲ႔ ပြဲစဥ္မွာ နည္းျပ ေသာမတ္စ္ တူဟယ္လ္အေနနဲ႔ တိုက္စစ္မႉးအျဖစ္ ခိုင္ဟာဗတ္ဇ္ကို ဆက္လက္ကစားေစဖို႔ ရွိေနၿပီး ေနာက္က ေမဆန္ေမာင့္နဲ႔ တီမို ဗာနာတို႔ကို ပြဲထုတ္လာႏိုင္သလို ေတာင္ပံေတြမွာေတာ့ ရီးစ္ဂ်ိမ္းစ္နဲ႔ ေခ်းလ္ဝဲလ္တို႔ပဲ ပြဲထြက္လာဖြယ္ရွိေန။

– ဖရန႔္ လမ္းပတ္လက္ထက္က ကစားသမားေတြ စိတ္ညစ္ခဲ့ရတဲ့ တင္းက်ပ္တဲ့ စည္းမ်ဥ္းေတြနဲ႔ ကိုင္တြယ္မႈမ်ိဳး လုပ္မွာ မဟုတ္ေၾကာင္းနဲ႔ ဒီလိုလုပ္ရေအာင္ သူဟာ ရဲတစ္ေယာက္ မဟုတ္ေၾကာင္း အသင္းရဲ႕ ရလဒ္ေကာင္းေတြကို ေပ်ာ္႐ႊင္စည္းလုံးမႈေတြနဲ႔ တည္ေဆာက္ ေပးႏိုင္ခဲ့တဲ့ ေသာမတ္စ္ တူဟယ္လ္ ေျပာၾကား။

– ေအစီမီလန္အသင္းကေန ထြက္ခြာေတာ့မယ့္ ဂိုးသမား ဂ်န္လြီဂီ ဒြန္နာရမ္မာကို ကမ္းလွမ္းခဲ့တဲ့ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ဆြဲေဆာင္မႈက ေတာ္ေတာ္ေလးႀကီးမားေနေၾကာင္း သတင္းေတြ ထြက္လာခဲ့ၿပီး ခ်ဲလ္ဆီးအသင္းအေနနဲ႔ ေခၚယူမယ္ဆိုရင္ ပြဲထြက္ နံပါတ္တစ္ေနရာကို အာမခံခ်က္ေပးရဖြယ္ရွိေန။

– အသင္းရဲ႕ ခံစစ္ပိုင္းမွာ နည္းျပ တူဟယ္လ္လက္ထက္ ေျခစြမ္းျပေနခဲ့ၾကတဲ့ အသင္းေခါင္းေဆာင္ ဆီဆာ အက္ဇ္ပီလီေကြတာနဲ႔ အန္တိုနီယို ႐ူဒီဂါ၊ အန္ဒရီးယက္စ္ ခရစၥတင္ဆန္တို႔ကို မၾကာခင္ရက္ပိုင္းအတြင္းမွာ စာခ်ဳပ္သစ္ေတြ အသီးသီးေပးအပ္ဖို႔ ရည္႐ြယ္ေနၿပီး တည္ၿငိမ္မႈရရွိေအာင္ လုပ္ေဆာင္သြားဖို႔ရွိေန။

– CIES ေဘာလုံးေလ့လာေရးနဲ႔ စာရင္းအင္းျပဳစုေရးအဖြဲ႕ရဲ႕ တန္ဖိုးသတ္မွတ္ခ်က္အရ ခ်ဲလ္ဆီးကြင္းလယ္လူ ေမဆန္ေမာင္အေနနဲ႔ မန္ခ်က္စတာစီးတီးလက္ေထာက္အသင္းေခါင္းေဆာင္ ကီဗင္ ဒီဘ႐ိုင္းနားနဲ႔ အဂၤလန္အသင္းေခါင္းေဆာင္ ဟာရီကိန္းတို႔ထက္ ပိုမိုၿပီး တန္ဖိုးျမင့္မားခဲ့သလို ေပါင္ ၉၃.၆ သန္း တန္တယ္လို႔ သတ္မွတ္ခံခဲ့ရ။

– ဘက္ဖဲရ္ရဲ႕ တိုက္စစ္မႉးေဟာင္း ဒီမီတာ ဘာဘာေတာ့ဗ္က ခ်ဲလ္ဆီးအသင္းအေနနဲ႔ အယ္လန္႐ုတ္ဒ္မွာ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရမယ္လို႔ ခန႔္မွန္းလိုက္ၿပီး ဘက္ဗစ္တာရဲ႕ မိုက္ကယ္ အိုဝင္ကေတာ့ အေနာက္လန္ဒန္သားေတြကိုပဲ အႏိုင္ေပးခဲ့သလို ႏွစ္ဂိုး-တစ္ဂိုးလို႔ ခန႔္မွန္းသြားခဲ့။

– လာမယ့္ေႏြရာသီမွာ ခ်ဲလ္ဆီးအသင္းအေနနဲ႔ အသင္းရဲ႕ ခံစစ္ကို ထပ္မံအားျဖည့္သြားဖြယ္ရွိေနၿပီး ႐ိုးမားအသင္းကေန ေပါင္ ၂၇ သန္း ရရွိရင္ ေရာင္းထုတ္သြားမယ့္ ဗဟိုေနာက္ခံလူ ဂ်န္လူကာ မန္ခ်ီနီကို မန္ခ်က္စတာယူႏိုက္တက္အသင္းနဲ႔အၿပိဳင္ ေခၚယူသြားဖို႔ရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.