Premier League

ဟန္ဒါဆန္ကို စာခ်ဳပ္သက္တမ္းတုိးၿပီး အိုးလ္ထရက္ဖို႔ဒ္မွာ ထိန္းသိမ္းသြားမယ့္ ယူႏုိက္တက္

မန္ခ်က္စတာယူႏုိက္တက္အသင္းအေနနဲ႔ ခ်ဲလ္ဆီးအပါအဝင္ တျခားပရီးမီးယားလိဂ္ၿပဳိင္ဘက္အသင္းေတြက စိတ္ဝင္စားေနတဲ့ ဂိုးသမား ဒင္းန္ ဟန္ဒါဆန္ကို အုိးလ္ထရက္ဖို႔ဒ္ကြင္းမွာ ဆက္လက္ထိန္းသိမ္းထားႏုိင္ဖုိ႔ လက္ရွိစာခ်ဳပ္သက္တမ္းကို တုိးျမႇင့္ၿပီး လစာကိုလည္း ပုိမုိေပးအပ္သြားဖို႔ ရွိေနပါတယ္။

ဘရမ္းေမာလ္လိန္းကို အငွားနဲ႔ သြားေရာက္ကစားၿပီး လက္စြမ္းျပေနတဲ့ ဒီဂိုးသမားဟာ ယူႏုိက္တက္နဲ႔ ၂၀၂၂ အထိ စာခ်ဳပ္ခ်ဳပ္ဆုိထားခဲ့သလို တစ္ပတ္ကို ေပါင္ေျခာက္ေသာင္းခြဲေလာက္ ရွိေနတယ္လို႔ ခန္႔မွန္းရၿပီး အငွားအတြက္ေတာ့ တစ္ပတ္ကို ေပါင္တစ္ေသာင္းသာ ေပးေခ်ရတယ္လို႔ ရွက္ဖီးလ္ဒ္ယူႏုိက္တက္အသင္းဘက္က မွတ္တမ္းေတြအရ သိရပါတယ္။

ခ်ဲလ္ဆီးအသင္းအေနနဲ႔ သူတုိ႔ရဲ႕ မယုံရတဲ့ ဂိုးသမား ကီပါ အာရီဇာဘာလာဂါေနရာမွာ ဒီအသက္ ၂၂ ႏွစ္အရြယ္ အဂၤလန္ဂိုးသမားကို အစားထိုးလိုေနရာမွာ ေပါင္သန္း ၅၀ နဲ႔ ကမ္းလွမ္းဖို႔ ျပင္ဆင္ေနတယ္လို႔ သိရၿပီး ဒါကို တားဆီးၿပီး အသင္းရဲ႕ အနာဂတ္ဂိုးသမားအျဖစ္ ထားရွိႏုိင္ဖို႔ မန္ယူဘက္က တစ္ပတ္ကို ေပါင္တစ္သိန္း လစာေငြနဲ႔ တုိးျမႇင့္ေပးသြားမွာ ျဖစ္ေၾကာင္းလည္း သိရပါတယ္။

လက္ရွိရပ္နားထားတဲ့ ပရီးမီးယားလိဂ္ရာသီမွာ Clean Sheet ၁၀ ပြဲနဲ႔ ေရႊလက္အိတ္ဆုအတြက္ ၿပဳိင္ဆုိင္ေနတဲ့ ဟန္ဒါဆန္ကို ခ်ဲလ္ဆီးအျပင္ ျပင္သစ္အင္အားႀကီးကလပ္ ပီအက္စ္ဂ်ီကလည္း စိတ္ဝင္စားေနၿပီး သူ႕အေနနဲ႔ ေျပာင္းေရႊ႕ခဲ့ရင္ေတာ့ ယူႏုိက္တက္ရဲ႕ ဦးစားေပးဂိုးသမား ေဒးဗစ္ ဒေဟးယားရဲ႕ လစာေငြကိုလည္း လုိက္မီႏုိင္ဖြယ္ရွိေနပါတယ္။

မန္ခ်က္စတာယူႏုိက္တက္ကေတာ့ သူ႕ကို အုိးလ္ထရက္ဖို႔ဒ္မွာ ထိန္းသိမ္းထားလုိေနၿပီး အမွားေတြ လုပ္ေနၿပီး တစ္ပတ္ကို ေပါင္သုံးသိန္းခုနစ္ေသာင္းခြဲ ေပးေခ်ေနရတဲ့ ဒေဟးယားရဲ႕ ေနရာမွာ အဆင္သင့္ အစားထုိးႏုိင္ဖို႔ လာမယ့္ရာသီကစၿပီး အသင္းမွာ ထားရွိသြားဖြယ္ ရွိေနသလို စပိန္လက္ေရြးစင္ဂိုးသမားကိုလည္း ေႏြရာသီမွာ ေရာင္းထုတ္ႏုိင္လို႔ တစ္ခါတည္းပဲ အစားထိုးသြားမွာလား ေစာင့္ၾကည့္ရဖို႔ရွိေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ချဲလ်ဆီးအပါအဝင် တခြားပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းတွေက စိတ်ဝင်စားနေတဲ့ ဂိုးသမား ဒင်းန် ဟန်ဒါဆန်ကို အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ လက်ရှိစာချုပ်သက်တမ်းကို တိုးမြှင့်ပြီး လစာကိုလည်း ပိုမိုပေးအပ်သွားဖို့ ရှိနေပါတယ်။

ဘရမ်းမောလ်လိန်းကို အငှားနဲ့ သွားရောက်ကစားပြီး လက်စွမ်းပြနေတဲ့ ဒီဂိုးသမားဟာ ယူနိုက်တက်နဲ့ ၂၀၂၂ အထိ စာချုပ်ချုပ်ဆိုထားခဲ့သလို တစ်ပတ်ကို ပေါင်ခြောက်သောင်းခွဲလောက် ရှိနေတယ်လို့ ခန့်မှန်းရပြီး အငှားအတွက်တော့ တစ်ပတ်ကို ပေါင်တစ်သောင်းသာ ပေးချေရတယ်လို့ ရှက်ဖီးလ်ဒ်ယူနိုက်တက်အသင်းဘက်က မှတ်တမ်းတွေအရ သိရပါတယ်။

ချဲလ်ဆီးအသင်းအနေနဲ့ သူတို့ရဲ့ မယုံရတဲ့ ဂိုးသမား ကီပါ အာရီဇာဘာလာဂါနေရာမှာ ဒီအသက် ၂၂ နှစ်အရွယ် အင်္ဂလန်ဂိုးသမားကို အစားထိုးလိုနေရာမှာ ပေါင်သန်း ၅၀ နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ သိရပြီး ဒါကို တားဆီးပြီး အသင်းရဲ့ အနာဂတ်ဂိုးသမားအဖြစ် ထားရှိနိုင်ဖို့ မန်ယူဘက်က တစ်ပတ်ကို ပေါင်တစ်သိန်း လစာငွေနဲ့ တိုးမြှင့်ပေးသွားမှာ ဖြစ်ကြောင်းလည်း သိရပါတယ်။

လက်ရှိရပ်နားထားတဲ့ ပရီးမီးယားလိဂ်ရာသီမှာ Clean Sheet ၁၀ ပွဲနဲ့ ရွှေလက်အိတ်ဆုအတွက် ပြိုင်ဆိုင်နေတဲ့ ဟန်ဒါဆန်ကို ချဲလ်ဆီးအပြင် ပြင်သစ်အင်အားကြီးကလပ် ပီအက်စ်ဂျီကလည်း စိတ်ဝင်စားနေပြီး သူ့အနေနဲ့ ပြောင်းရွှေ့ခဲ့ရင်တော့ ယူနိုက်တက်ရဲ့ ဦးစားပေးဂိုးသမား ဒေးဗစ် ဒဟေးယားရဲ့ လစာငွေကိုလည်း လိုက်မီနိုင်ဖွယ်ရှိနေပါတယ်။

မန်ချက်စတာယူနိုက်တက်ကတော့ သူ့ကို အိုးလ်ထရက်ဖို့ဒ်မှာ ထိန်းသိမ်းထားလိုနေပြီး အမှားတွေ လုပ်နေပြီး တစ်ပတ်ကို ပေါင်သုံးသိန်းခုနစ်သောင်းခွဲ ပေးချေနေရတဲ့ ဒဟေးယားရဲ့ နေရာမှာ အဆင်သင့် အစားထိုးနိုင်ဖို့ လာမယ့်ရာသီကစပြီး အသင်းမှာ ထားရှိသွားဖွယ် ရှိနေသလို စပိန်လက်ရွေးစင်ဂိုးသမားကိုလည်း နွေရာသီမှာ ရောင်းထုတ်နိုင်လို့ တစ်ခါတည်းပဲ အစားထိုးသွားမှာလား စောင့်ကြည့်ရဖို့ရှိကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.