Premier League Transfer News

12 Mar နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာစီးတီးသတင်းများ စုစည်းမှု

– မန်ချက်စတာစီးတီးအသင်းရဲ့ တိုက်စစ်မှူးဟောင်း ရှောင်ဂုတ်တာက ဒီနေ့ခေတ် ဒိုင်လူကြီးတွေအတွက် ကစားသမားတွေဘက်က ရိုးသားမှုဟာ မထိုက်တန်ကြောင်းနဲ့ ပင်နယ်တီဧရိယာထဲမှာ ဘာပဲဖြစ်ဖြစ် ထိလိုက်တာနဲ့ လှဲချတာက အကောင်းဆုံးပဲလို့ ဖီးလ် ဖိုဒန်ရဲ့ ပင်နယ်တီ မရမှုအတွက် ဝေဖန်သွားခဲ့။

– ဖူလ်ဟမ်အသင်းအနေနဲ့ လာမယ့် မန်စီးတီးနဲ့ အိမ်ကွင်းပွဲစဉ်မှာ လီဗာပူးလ်ကို အနိုင်ယူခဲ့တဲ့ အန်းဖီးလ်အောင်ပွဲလိုမျိုး တစ်ကျော့ပြန် လုပ်နိုင်ဦးမယ်လို့ ခန့်မှန်းမှုအချို့ ရှိနေပေမယ့် ပွဲအကြိုမှာ နည်းပြ စကော့ ပါကားကတော့ ဂွါဒီယိုလာဟာ မယုံကြည်နိုင်လောက်တဲ့ အရည်အသွေးတွေနဲ့ နည်းပြတစ်ဦးဖြစ်ပြီး သူလေးစားတဲ့သူလို့ ထုတ်ဖော်သွား။

– ချဲလ်ဆီးအသင်းမှာ ရုန်းကန်နေရပြီး အသင်းကနေ နွေရာသီမှာ ထွက်ခွာတော့မယ်လို့တောင် သတင်းထွက်နေခဲ့တဲ့ အမေရိကန် တောင်ပံကစားသမား ခရစ္စတီယန် ပူလီရှစ်ချ်ဟာ သူ့အတွက် ထိန်းချုပ်ရအခက်ဆုံးပြိုင်ဘက်လို့ မန်စီးတီးနောက်ခံလူ ဂျာအို ကန်ဆယ်လိုက ပြောကြားသွားခဲ့။

– ပရီးမီးယားလိဂ်တူးမှာ မန်ချက်စတာစီးတီး ယူ-၂၃ အသင်းနဲ့ ခြေစွမ်းပြနေပြီး ၁၈ ပွဲမှာ ဂိုး ၂၀ သွင်းယူထားခဲ့တဲ့ လီယမ် ဒီလက်ပ်ကို လာမယ့်ရာသီမှာ ချန်ပီယံရှစ်ကို အငှားချသွားဖို့ အသင်းတာဝန်ရှိသူတွေက စီစဉ်နေပြီး သူ့ကို ခေါ်ယူဖို့ ဝိန်းရွန်နီရဲ့ ဒါဘီကောင်တီအသင်းနဲ့ သူ့ဖခင်ရဲ့ အသင်းဟောင်း စတုတ်စီးတီးတို့က စိတ်ဝင်စားနေ။

– မန်ချက်စတာစီးတီးအသင်းအနေနဲ့ နွေရာသီမှာ ငွေကြေးမြောက်မြားစွာ အသုံးပြုနိုင်ပေမယ့် ပါးနပ်တဲ့ အပြောင်းအရွှေ့ ခေါ်ယူမှုတွေကိုလည်း ပြုလုပ်သွားမှာဖြစ်ပြီး ဂွါဒီယိုလာရဲ့ စိတ်ကြိုက်ကစားသမားမျိုးဖြစ်တဲ့ ဆာဆူအိုလိုကွင်းလယ်လူ မန်ညူယယ် လိုကာတယ်လီကို ယူရိုသန်း ၄၀ နဲ့ ခေါ်ယူနိုင်ဖို့ ချဉ်းကပ်နေ။

– မန်ချက်စတာစီးတီးအသင်းရဲ့ ပထမအသင်းလူစာရင်းမှာ ပွဲထွက်ခွင့် သိပ်မရတဲ့ ကစားသမားတွေအနေနဲ့ မိမိကိုယ်ကို ဘာတွေ လိုအပ်ချက်ရှိနေလို့ ကစားခွင့်မရတာလဲဆိုတာ ပြန်လည်ဆန်းစစ်ဖို့ နည်းပြ ဂွါဒီယိုလာက တိုက်တွန်းလိုက်ပြီး လက်ရှိအနေအထားမှာ အသင်းအတွက် ကြိုးစားပေးခဲ့တဲ့ ကစားသမားတွေကိုပဲ ဆက်လက်နေရာပေးသွားပြီး အပြောင်းအလဲလုပ်ဖို့ မရှိဘူးလို့ဆို။

– VAR အကြောင်း ပြောချင်နေတာကြာပြီဖြစ်ပြီး သူ့အနေနဲ့ ငါးဂိုး-နှစ်ဂိုးနဲ့ ရှုံးတာမဟုတ်ဘဲ နိုင်တဲ့ပွဲမျိုးမှာ အခုလို ပြောရတာဖြစ်ကြောင်းနဲ့ ဒိုင်လူကြီးအနေနဲ့ ဘယ်လိုမျိုးက ပင်နယ်တီဆိုတာ သေသေချာချာ ရှင်းပြသင့်ပြီး လက်ရှိမှာ သူတို့အနေနဲ့ ကစားသမားနဲ့ အသင်းတွေကို ဘာမှ ဖြေရှင်းချက်မပေးဘဲ လုပ်ချင်သလို လုပ်နေတာတွေ တစ်နေ့မှာ ရပ်တန့်သွားမယ်လို့ မျှော်လင့်ကြောင်း ဂွါဒီယိုလာပြောကြား။

– အင်တာမီလန်အသင်းနဲ့ ပီအက်စ်ဂျီအသင်းတွေအနေနဲ့ နွေရာသီမှာ မန်ချက်စတာစီးတီးအသင်းနဲ့ စာချုပ်ကုန်ဆုံးမယ့် တိုက်စစ်မှူး ဆာဂျီယို အဂွေရိုကို ခေါ်ယူဖို့ ကစားသမားကို တရားဝင်မဟုတ်တဲ့ ချဉ်းကပ်စုံစမ်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ အာဂျင်တီးနားဘက်က သတင်းတွေ ဖော်ပြ။

– အေစီမီလန်အသင်းရဲ့ ကွင်းလယ်လူ အစ္စမေးလ် ဘင်နာဆာကို ခေါ်ယူဖို့ မန်ချက်စတာစီးတီးအသင်းအနေနဲ့ မြို့ခံပြိုင်ဘက် မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ခေါ်ယူသွားဖို့ ရှိနေပြီး အယ်လ်ဂျီးရီးယားအနေနဲ့ အာဆင်နယ်အသင်းနဲ့ ကစားခွင့် မရခဲ့တဲ့ ပရီးမီးယားလိဂ်ကို ပြန်လည်အခြေချဖို့ စိတ်ဝင်စားနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– မန္ခ်က္စတာစီးတီးအသင္းရဲ႕ တိုက္စစ္မႉးေဟာင္း ေရွာင္ဂုတ္တာက ဒီေန႔ေခတ္ ဒိုင္လူႀကီးေတြအတြက္ ကစားသမားေတြဘက္က ႐ိုးသားမႈဟာ မထိုက္တန္ေၾကာင္းနဲ႔ ပင္နယ္တီဧရိယာထဲမွာ ဘာပဲျဖစ္ျဖစ္ ထိလိုက္တာနဲ႔ လွဲခ်တာက အေကာင္းဆုံးပဲလို႔ ဖီးလ္ ဖိုဒန္ရဲ႕ ပင္နယ္တီ မရမႈအတြက္ ေဝဖန္သြားခဲ့။

– ဖူလ္ဟမ္အသင္းအေနနဲ႔ လာမယ့္ မန္စီးတီးနဲ႔ အိမ္ကြင္းပြဲစဥ္မွာ လီဗာပူးလ္ကို အႏိုင္ယူခဲ့တဲ့ အန္းဖီးလ္ေအာင္ပြဲလိုမ်ိဳး တစ္ေက်ာ့ျပန္ လုပ္ႏိုင္ဦးမယ္လို႔ ခန႔္မွန္းမႈအခ်ိဳ႕ ရွိေနေပမယ့္ ပြဲအႀကိဳမွာ နည္းျပ စေကာ့ ပါကားကေတာ့ ဂြါဒီယိုလာဟာ မယုံၾကည္ႏိုင္ေလာက္တဲ့ အရည္အေသြးေတြနဲ႔ နည္းျပတစ္ဦးျဖစ္ၿပီး သူေလးစားတဲ့သူလို႔ ထုတ္ေဖာ္သြား။

– ခ်ဲလ္ဆီးအသင္းမွာ ႐ုန္းကန္ေနရၿပီး အသင္းကေန ေႏြရာသီမွာ ထြက္ခြာေတာ့မယ္လို႔ေတာင္ သတင္းထြက္ေနခဲ့တဲ့ အေမရိကန္ ေတာင္ပံကစားသမား ခရစၥတီယန္ ပူလီရွစ္ခ်္ဟာ သူ႔အတြက္ ထိန္းခ်ဳပ္ရအခက္ဆုံးၿပိဳင္ဘက္လို႔ မန္စီးတီးေနာက္ခံလူ ဂ်ာအို ကန္ဆယ္လိုက ေျပာၾကားသြားခဲ့။

– ပရီးမီးယားလိဂ္တူးမွာ မန္ခ်က္စတာစီးတီး ယူ-၂၃ အသင္းနဲ႔ ေျခစြမ္းျပေနၿပီး ၁၈ ပြဲမွာ ဂိုး ၂၀ သြင္းယူထားခဲ့တဲ့ လီယမ္ ဒီလက္ပ္ကို လာမယ့္ရာသီမွာ ခ်န္ပီယံရွစ္ကို အငွားခ်သြားဖို႔ အသင္းတာဝန္ရွိသူေတြက စီစဥ္ေနၿပီး သူ႔ကို ေခၚယူဖို႔ ဝိန္း႐ြန္နီရဲ႕ ဒါဘီေကာင္တီအသင္းနဲ႔ သူ႔ဖခင္ရဲ႕ အသင္းေဟာင္း စတုတ္စီးတီးတို႔က စိတ္ဝင္စားေန။

– မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ေႏြရာသီမွာ ေငြေၾကးေျမာက္ျမားစြာ အသုံးျပဳႏိုင္ေပမယ့္ ပါးနပ္တဲ့ အေျပာင္းအေ႐ႊ႕ ေခၚယူမႈေတြကိုလည္း ျပဳလုပ္သြားမွာျဖစ္ၿပီး ဂြါဒီယိုလာရဲ႕ စိတ္ႀကိဳက္ကစားသမားမ်ိဳးျဖစ္တဲ့ ဆာဆူအိုလိုကြင္းလယ္လူ မန္ညဴယယ္ လိုကာတယ္လီကို ယူ႐ိုသန္း ၄၀ နဲ႔ ေခၚယူႏိုင္ဖို႔ ခ်ဥ္းကပ္ေန။

– မန္ခ်က္စတာစီးတီးအသင္းရဲ႕ ပထမအသင္းလူစာရင္းမွာ ပြဲထြက္ခြင့္ သိပ္မရတဲ့ ကစားသမားေတြအေနနဲ႔ မိမိကိုယ္ကို ဘာေတြ လိုအပ္ခ်က္ရွိေနလို႔ ကစားခြင့္မရတာလဲဆိုတာ ျပန္လည္ဆန္းစစ္ဖို႔ နည္းျပ ဂြါဒီယိုလာက တိုက္တြန္းလိုက္ၿပီး လက္ရွိအေနအထားမွာ အသင္းအတြက္ ႀကိဳးစားေပးခဲ့တဲ့ ကစားသမားေတြကိုပဲ ဆက္လက္ေနရာေပးသြားၿပီး အေျပာင္းအလဲလုပ္ဖို႔ မရွိဘူးလို႔ဆို။

– VAR အေၾကာင္း ေျပာခ်င္ေနတာၾကာၿပီျဖစ္ၿပီး သူ႔အေနနဲ႔ ငါးဂိုး-ႏွစ္ဂိုးနဲ႔ ရႈံးတာမဟုတ္ဘဲ ႏိုင္တဲ့ပြဲမ်ိဳးမွာ အခုလို ေျပာရတာျဖစ္ေၾကာင္းနဲ႔ ဒိုင္လူႀကီးအေနနဲ႔ ဘယ္လိုမ်ိဳးက ပင္နယ္တီဆိုတာ ေသေသခ်ာခ်ာ ရွင္းျပသင့္ၿပီး လက္ရွိမွာ သူတို႔အေနနဲ႔ ကစားသမားနဲ႔ အသင္းေတြကို ဘာမွ ေျဖရွင္းခ်က္မေပးဘဲ လုပ္ခ်င္သလို လုပ္ေနတာေတြ တစ္ေန႔မွာ ရပ္တန႔္သြားမယ္လို႔ ေမွ်ာ္လင့္ေၾကာင္း ဂြါဒီယိုလာေျပာၾကား။

– အင္တာမီလန္အသင္းနဲ႔ ပီအက္စ္ဂ်ီအသင္းေတြအေနနဲ႔ ေႏြရာသီမွာ မန္ခ်က္စတာစီးတီးအသင္းနဲ႔ စာခ်ဳပ္ကုန္ဆုံးမယ့္ တိုက္စစ္မႉး ဆာဂ်ီယို အေဂြ႐ိုကို ေခၚယူဖို႔ ကစားသမားကို တရားဝင္မဟုတ္တဲ့ ခ်ဥ္းကပ္စုံစမ္းမႈေတြ ျပဳလုပ္ခဲ့တယ္လို႔ အာဂ်င္တီးနားဘက္က သတင္းေတြ ေဖာ္ျပ။

– ေအစီမီလန္အသင္းရဲ႕ ကြင္းလယ္လူ အစၥေမးလ္ ဘင္နာဆာကို ေခၚယူဖို႔ မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ၿမိဳ႕ခံၿပိဳင္ဘက္ မန္ခ်က္စတာယူႏိုက္တက္အသင္းနဲ႔ ယွဥ္ၿပိဳင္ေခၚယူသြားဖို႔ ရွိေနၿပီး အယ္လ္ဂ်ီးရီးယားအေနနဲ႔ အာဆင္နယ္အသင္းနဲ႔ ကစားခြင့္ မရခဲ့တဲ့ ပရီးမီးယားလိဂ္ကို ျပန္လည္အေျခခ်ဖို႔ စိတ္ဝင္စားေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.