Premier League Transfer News

11 Mar နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု


– လိဒ်စ်ယူနိုက်တက်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ တောင်ပံတိုက်စစ်မှူး ခရစ္စတီယန် ပူလီရှစ်ချ်ကို ပွဲထွက်လာစေဖို့ တောင်းဆိုနေကြပြီး ဒီလိုမဟုတ်ရင် သူတို့တွေ ဆန္ဒပြကြရမလားလို့ အမေရိကန်ပရိသတ်တွေက တွစ်တာကနေ ချဲလ်ဆီးအသင်းနဲ့ နည်းပြ တူဟယ်လ်ကို ဦးတည်ရေးသားခဲ့ကြ။


– အီတလီမှာ နည်းပြဟောင်း မော်ရီဇီယို ဆာရီကို ပြန်လည်ခန့်အပ်တော့မယ်လို့ အသံထွက်လာတဲ့ နာပိုလီအသင်းနဲ့ ကွင်းလယ်လူ ဂျော်ဂျင်ညိုအနေနဲ့ ချဲလ်ဆီးအသင်းကနေ နွေရာသီမှာ ထွက်ခွာပြီး ပြန်လည်ပူးပေါင်းမယ်ဆိုတာ အိုင်ဒီယာကောင်းတစ်ခုဖြစ်တယ်လို့ သူ့ရဲ့ အေးဂျင့်ဖြစ်သူ ပြောကြား။


– နည်းပြ သောမတ်စ် တူဟယ်လ်အနေနဲ့ ချဲလ်ဆီးအသင်းရဲ့ ကျစ်လစ်သိပ်သည်းပြီး ကြိုးစားအားထုတ်မှုရှိတဲ့ ပုံစံကောင်းကို ပြိုင်ဘက် ပရီးမီးယားလိဂ်အသင်းတွေအားလုံးက မနာလိုဖြစ်ရအောင် လုပ်ဆောင်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း အသင်းတောင်ပံသမားဟောင်း ပက်နဲဗင် ချီးကျူးသွားခဲ့။


– ချဲလ်ဆီးအသင်းက လာမယ့်နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ စိတ်ဝင်စားနေခဲ့တဲ့ ဘိုင်ယန်မြူးနစ်နောက်ခံလူ ဒေးဗစ် အလာဘာရဲ့ အေးဂျင့်ဖြစ်သူက သူ့ကစားသမားနဲ့ ဘာစီလိုနာအသင်းတို့ သဘောတူညီမှုရပြီဆိုတဲ့ သတင်းတွေ မဟုတ်မှန်ကြောင်း ငြင်းဆန်သွားခဲ့။


– ကွင်းလယ်လူ ခိုင်ဟာဗတ်ဇ်ရဲ့ ပုံစံကောင်းကို ပြန်လည်ရှာဖွေနိုင်ခဲ့ပြီး တိုက်စစ်မှူး တီမို ဗာနာကိုလည်း လမ်းကြောင်းမှန်ပေါ်ကို ပို့ဆောင်ပေးနေတဲ့ နည်းပြ တူဟယ်လ်အတွက် နောက်ထပ်တာဝန်ဟာ တောင်ပံကစားသမား ပူလီရှစ်ချ်ကို ခြေစွမ်းပြနိုင်အောင်လုပ်ဖို့လို့ Football 365 က ထောက်ပြသွား။


– အေစီမီလန်အသင်းရဲ့ ဂန္ထဝင်ခံစစ်သူရဲကောင်းတစ်ဦးဖြစ်တဲ့ ဖရန်ကို ဘာရီစီက အသင်းမှာ အငှားနဲ့ လာရောက်ပြီး ခြေစွမ်းပြနေတဲ့ နောက်ခံလူ ဖီကာယို တိုမိုရီကို မန်ချက်စတာယူနိုက်တက်နဲ့ ရင်ဆိုင်ရမယ့် ယူရိုပါလိဂ် ရှုံးထွက်ပွဲစဉ်မတိုင်ခင် ချီးကျူးလိုက်ပြီး ကစားသမားအနေနဲ့ အင်္ဂလန်လက်ရွေးစင်အဖြစ် ထိုက်တန်နေပြီလို့လည်း သုံးသပ်။


– နည်းပြသစ် တူဟယ်လ်လက်ထက်မှာ ပြန်ကစားခွင့် ရရှိလာခဲ့တဲ့ နောက်ခံလူ မားကို့စ် အလွန်ဆိုက သူ့အနေနဲ့ နည်းပြဟောင်း ဖရန့် လမ်းပတ်ရဲ့ ပွဲနေ့လူစာရင်း ၁၆ ကြိမ်ကို လွဲချော်ခဲ့ရအပြီးမှာ တော်တော်လေးစိတ်ပျက်ခဲ့ပြီး အသင်းက ထွက်ခွာဖို့တောင် နီးစပ်ခဲ့ကြောင်း ဝန်ခံသွား။


– ချန်ပီယံလိဂ်ရဲ့ ဂိုး ၂၀ အမြန်ဆုံး ပြည့်မြောက်တဲ့ စံချိန်ကို ယမန်နေ့က ရယူသွားခဲ့တဲ့ ဒေါ့မွန်တိုက်စစ်မှူး အာလင်း ဟားလန်းဟာ ပေါင်သန်း ၁၂၀ ပေးရမယ်ဆိုရင်လည်း ထိုက်တန်သူဖြစ်လို့ စာချုပ်လျော်ကြေး ပေါင် ၆၇ သန်းနဲ့ ရရှိနိုင်မယ့် နောက်တစ်နှစ်အထိ စောင့်နေရင် တခြားအသင်းတွေလက်ထဲ ပါသွားနိုင်တဲ့အတွက် အမြန်ဆုံးခေါ်ယူဖို့ ချဲလ်ဆီးကစားသမားဟောင်း ဂျေဆန် ကန်ဒီ တိုက်တွန်း။


– ချဲလ်ဆီးအသင်းအနေနဲ့ ဒီနွေရာသီမှာ ရောက်ရှိလာခဲ့ပြီး ဂိုးမိုးခေါင်မှု ကြာမြင့်လွန်းခဲ့လို့ ပြိုင်ဘက်အသင်းတွေရဲ့လှောင်ပြောင်မှုနဲ့ပါ ရင်ဆိုင်ခဲ့ရတဲ့ တိုက်စစ်မှူး တီမို ဗာနာကို ပြန်လည်ရောင်းချဖို့ စဉ်းစားနေပြီး အသင်းရဲ့ ကစားကွက်နဲ့ သူ့ရဲ့ ကစားပုံ ကိုက်ညီမှုကို သံသယရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
– လိဒ္စ္ယူႏိုက္တက္နဲ႔ ပရီးမီးယားလိဂ္ပြဲစဥ္မွာ ေတာင္ပံတိုက္စစ္မႉး ခရစၥတီယန္ ပူလီရွစ္ခ်္ကို ပြဲထြက္လာေစဖို႔ ေတာင္းဆိုေနၾကၿပီး ဒီလိုမဟုတ္ရင္ သူတို႔ေတြ ဆႏၵျပၾကရမလားလို႔ အေမရိကန္ပရိသတ္ေတြက တြစ္တာကေန ခ်ဲလ္ဆီးအသင္းနဲ႔ နည္းျပ တူဟယ္လ္ကို ဦးတည္ေရးသားခဲ့ၾက။


– အီတလီမွာ နည္းျပေဟာင္း ေမာ္ရီဇီယို ဆာရီကို ျပန္လည္ခန႔္အပ္ေတာ့မယ္လို႔ အသံထြက္လာတဲ့ နာပိုလီအသင္းနဲ႔ ကြင္းလယ္လူ ေဂ်ာ္ဂ်င္ညိဳအေနနဲ႔ ခ်ဲလ္ဆီးအသင္းကေန ေႏြရာသီမွာ ထြက္ခြာၿပီး ျပန္လည္ပူးေပါင္းမယ္ဆိုတာ အိုင္ဒီယာေကာင္းတစ္ခုျဖစ္တယ္လို႔ သူ႔ရဲ႕ ေအးဂ်င့္ျဖစ္သူ ေျပာၾကား။


– နည္းျပ ေသာမတ္စ္ တူဟယ္လ္အေနနဲ႔ ခ်ဲလ္ဆီးအသင္းရဲ႕ က်စ္လစ္သိပ္သည္းၿပီး ႀကိဳးစားအားထုတ္မႈရွိတဲ့ ပုံစံေကာင္းကို ၿပိဳင္ဘက္ ပရီးမီးယားလိဂ္အသင္းေတြအားလုံးက မနာလိုျဖစ္ရေအာင္ လုပ္ေဆာင္ေပးႏိုင္ခဲ့ၿပီျဖစ္ေၾကာင္း အသင္းေတာင္ပံသမားေဟာင္း ပက္နဲဗင္ ခ်ီးက်ဴးသြားခဲ့။


– ခ်ဲလ္ဆီးအသင္းက လာမယ့္ေႏြရာသီမွာ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေခၚယူႏိုင္ဖို႔ စိတ္ဝင္စားေနခဲ့တဲ့ ဘိုင္ယန္ျမဴးနစ္ေနာက္ခံလူ ေဒးဗစ္ အလာဘာရဲ႕ ေအးဂ်င့္ျဖစ္သူက သူ႔ကစားသမားနဲ႔ ဘာစီလိုနာအသင္းတို႔ သေဘာတူညီမႈရၿပီဆိုတဲ့ သတင္းေတြ မဟုတ္မွန္ေၾကာင္း ျငင္းဆန္သြားခဲ့။


– ကြင္းလယ္လူ ခိုင္ဟာဗတ္ဇ္ရဲ႕ ပုံစံေကာင္းကို ျပန္လည္ရွာေဖြႏိုင္ခဲ့ၿပီး တိုက္စစ္မႉး တီမို ဗာနာကိုလည္း လမ္းေၾကာင္းမွန္ေပၚကို ပို႔ေဆာင္ေပးေနတဲ့ နည္းျပ တူဟယ္လ္အတြက္ ေနာက္ထပ္တာဝန္ဟာ ေတာင္ပံကစားသမား ပူလီရွစ္ခ်္ကို ေျခစြမ္းျပႏိုင္ေအာင္လုပ္ဖို႔လို႔ Football 365 က ေထာက္ျပသြား။


– ေအစီမီလန္အသင္းရဲ႕ ဂႏၴဝင္ခံစစ္သူရဲေကာင္းတစ္ဦးျဖစ္တဲ့ ဖရန္ကို ဘာရီစီက အသင္းမွာ အငွားနဲ႔ လာေရာက္ၿပီး ေျခစြမ္းျပေနတဲ့ ေနာက္ခံလူ ဖီကာယို တိုမိုရီကို မန္ခ်က္စတာယူႏိုက္တက္နဲ႔ ရင္ဆိုင္ရမယ့္ ယူ႐ိုပါလိဂ္ ရႈံးထြက္ပြဲစဥ္မတိုင္ခင္ ခ်ီးက်ဴးလိုက္ၿပီး ကစားသမားအေနနဲ႔ အဂၤလန္လက္ေ႐ြးစင္အျဖစ္ ထိုက္တန္ေနၿပီလို႔လည္း သုံးသပ္။


– နည္းျပသစ္ တူဟယ္လ္လက္ထက္မွာ ျပန္ကစားခြင့္ ရရွိလာခဲ့တဲ့ ေနာက္ခံလူ မားကို႔စ္ အလြန္ဆိုက သူ႔အေနနဲ႔ နည္းျပေဟာင္း ဖရန႔္ လမ္းပတ္ရဲ႕ ပြဲေန႔လူစာရင္း ၁၆ ႀကိမ္ကို လြဲေခ်ာ္ခဲ့ရအၿပီးမွာ ေတာ္ေတာ္ေလးစိတ္ပ်က္ခဲ့ၿပီး အသင္းက ထြက္ခြာဖို႔ေတာင္ နီးစပ္ခဲ့ေၾကာင္း ဝန္ခံသြား။


– ခ်န္ပီယံလိဂ္ရဲ႕ ဂိုး ၂၀ အျမန္ဆုံး ျပည့္ေျမာက္တဲ့ စံခ်ိန္ကို ယမန္ေန႔က ရယူသြားခဲ့တဲ့ ေဒါ့မြန္တိုက္စစ္မႉး အာလင္း ဟားလန္းဟာ ေပါင္သန္း ၁၂၀ ေပးရမယ္ဆိုရင္လည္း ထိုက္တန္သူျဖစ္လို႔ စာခ်ဳပ္ေလ်ာ္ေၾကး ေပါင္ ၆၇ သန္းနဲ႔ ရရွိႏိုင္မယ့္ ေနာက္တစ္ႏွစ္အထိ ေစာင့္ေနရင္ တျခားအသင္းေတြလက္ထဲ ပါသြားႏိုင္တဲ့အတြက္ အျမန္ဆုံးေခၚယူဖို႔ ခ်ဲလ္ဆီးကစားသမားေဟာင္း ေဂ်ဆန္ ကန္ဒီ တိုက္တြန္း။


– ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဒီေႏြရာသီမွာ ေရာက္ရွိလာခဲ့ၿပီး ဂိုးမိုးေခါင္မႈ ၾကာျမင့္လြန္းခဲ့လို႔ ၿပိဳင္ဘက္အသင္းေတြရဲ႕ေလွာင္ေျပာင္မႈနဲ႔ပါ ရင္ဆိုင္ခဲ့ရတဲ့ တိုက္စစ္မႉး တီမို ဗာနာကို ျပန္လည္ေရာင္းခ်ဖို႔ စဥ္းစားေနၿပီး အသင္းရဲ႕ ကစားကြက္နဲ႔ သူ႔ရဲ႕ ကစားပုံ ကိုက္ညီမႈကို သံသယရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.