Premier League Transfer News

11 Mar နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ လာမယ့် အေစီမီလန်အသင်းနဲ့ ပွဲစဉ်မှာ လူငယ်ကစားသမား အများစုကို ထုတ်သုံးနိုင်ပြီး ဝါရင့်ကစားသမားအချို့နဲ့သာ ထိန်းကျောင်းသွားဖို့ ပရိသတ်တွေက ဆန္ဒရှိနေပြီး အာမက် ဂျယ်လိုကို အဓိက ပွဲထွက်အဖြစ် အသုံးပြုစေချင်နေကြ။

– ရီးရဲလ်မက်ဒရစ်အသင်းကနေ နွေရာသီမှာ ထွက်ခွာဖို့ ပြင်ဆင်နေတဲ့ နောက်ခံလူ ရာဖေးလ် ဗာရွန်းရဲ့ လားရာက ပရီးမီးယားလိဂ်လို့ ဆိုထားတဲ့အတွက် မန်ချက်စတာယူနိုက်တက်ဘက်က အားတက်နေပြီး တခြားပြိုင်ဘက်တွေကို ကျော်ဖြတ်ခေါ်ယူသွားနိုင်ဖို့ ယုံကြည်နေ။

– စပို့တင်းလစ္စဘွန်းအသင်းမှာ အတူတွဲဖက်ကစားခဲ့ကြဖူးတဲ့ အသင်းဖော်ဟောင်း ရာဖင်ညာနဲ့ ဘရူနို ဖာနန်ဒက်စ်တို့ဟာ လက်ရှိအချိန်ထိ အဆက်အသွယ်မပြတ်ရှိနေကြဆဲဖြစ်ပြီး ဘရာဇီးလ်တောင်ပံသမားကို ခေါ်ယူလိုနေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းအတွက်တော့ အားတက်စရာဖြစ်နေ။

– အသင်းကနေ ဒေးဗစ် ဒဟေးယားကို ပြန်လည်ရောင်းချဖို့ စီစဉ်နေချိန်မှာ အက်သလက်တီကိုရဲ့ ယန် အော့ဘလက်ခ်အတွက် ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်ဆိုတာက လက်ရှိတောက်ပလာခဲ့တဲ့ ဂိုးသမား ဒင်းန် ဟန်ဒါဆန်အတွက်တော့ ဝမ်းသာစရာ မဟုတ်နိုင်ဘဲ အင်္ဂလန်သားအနေနဲ့ နွေရာသီမှာ သူ့ရဲ့ အနာဂတ်ကို ထပ်မံစဉ်းစားရဖွယ်ရှိနေ။

– မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အိုးလ်ထရက်ဖို့ဒ်မှာ ရင်ဆိုင်ရမယ့် အေစီမီလန်အသင်းအတွက် အသင်းကစားသမားဟောင်း ဇလာတန် အီဘရာဟီမိုဗစ်ချ်အနေနဲ့ ဒဏ်ရာကြောင့် လွဲချော်မှာဖြစ်ပေမယ့် အငှားချထားတဲ့ ကစားသမား ဒီယိုဂို ဒါလော့ကတော့ UEFA ရဲ့ မိခင်အသင်းနဲ့ ရင်ဆိုင်တွေ့ခွင့် မရှိကြောင်းအချက်ကို အသိအမှတ်မပြုတာကြောင့် ပြန်လည်ရင်ဆိုင်လာဖွယ်ရှိနေ။

– လူငယ်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကို ဦးဆောင်ခဲ့သူ ဂျွန်မာတပ်ဖ်ကို အားကစားဒါရိုက်တာအဖြစ် ခန့်အပ်ခဲ့ပြီး ကစားသမားဟောင်း ဒါရင် ဖလက်ချာကို နည်းစနစ်ဒါရိုက်တာအဖြစ် ရက်ပိုင်းအတွင်းကမှ ခန့်အပ်ထားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အနေနဲ့ သူတို့နှစ်ဦးရဲ့ အိုင်ဒီယာတွေက ကလပ်ကို ပိုမိုကောင်းမွန်အောင်လုပ်ဆောင်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်နေ။

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ပြီးခဲ့တဲ့ နွေရာသီက အသင်းတိုက်စစ်မှူးဟောင်း ခရစ္စတီယာနို ရော်နယ်လ်ဒိုကို တစ်ကျော့ပြန် ခေါ်ယူနိုင်မယ့် အခွင့်အရေးကို ပယ်ချခဲ့တယ်လို့ အီတာလျံဂျာနယ်လစ် အီမန်ညူယယ်လ် ဂမ်ဘာက ထုတ်ဖော်လိုက်ပြီး ဒီရာသီကုန်မှာလည်း အက်ဒင်ဆန် ကာဗာနီ ထွက်ခွာနိုင်ချိန်မှာ ထပ်မံနီးစပ်နိုင်သေးတယ်လို့ ခန့်မှန်း။

– အေစီမီလန်အသင်းနဲ့ ရင်ဆိုင်မယ့် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်ကို လူငယ်ကစားသမား မေဆန် ဂရင်းဝုဒ်နဲ့ အန်တိုနီ မာစီယယ်လ်တို့ ဦးဆောင်လာဖွယ်ရှိနေပြီး ခံစစ်မှာ အဲရစ် ဘိုင်လီနဲ့ အဲလက်စ် တဲလက်စ်တို့ကို ပွဲထွက်ကစားသမားတွေအဖြစ် ထည့်သွင်းဖွယ်ရှိနေသလို ဘရူနို ဖာနန်ဒက်စ်ကိုတော့ တခြားကစားသမားတွေရဲ့ ဒဏ်ရာကြောင့် အနားပေးနိုင်ဖွယ်မရှိသေးဘူးလို့ ခန့်မှန်းနေကြ။

– မန်ချက်စတာစီးတီးအသင်းက လာမယ့်နွေရာသီမှာ ဗီလာရီးရဲလ်အသင်းကနေ ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ပေါင်သန်း ၄၀ ခန့် ကျသင့်နိုင်တဲ့ စပိန်လက်ရွေးစင်နောက်ခံလူ ပေါ်တောရက်စ်အတွက် မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ယှဉ်ပြိုင်သွားဖို့ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ လာမယ့္ ေအစီမီလန္အသင္းနဲ႔ ပြဲစဥ္မွာ လူငယ္ကစားသမား အမ်ားစုကို ထုတ္သုံးႏိုင္ၿပီး ဝါရင့္ကစားသမားအခ်ိဳ႕နဲ႔သာ ထိန္းေက်ာင္းသြားဖို႔ ပရိသတ္ေတြက ဆႏၵရွိေနၿပီး အာမက္ ဂ်ယ္လိုကို အဓိက ပြဲထြက္အျဖစ္ အသုံးျပဳေစခ်င္ေနၾက။

– ရီးရဲလ္မက္ဒရစ္အသင္းကေန ေႏြရာသီမွာ ထြက္ခြာဖို႔ ျပင္ဆင္ေနတဲ့ ေနာက္ခံလူ ရာေဖးလ္ ဗာ႐ြန္းရဲ႕ လားရာက ပရီးမီးယားလိဂ္လို႔ ဆိုထားတဲ့အတြက္ မန္ခ်က္စတာယူႏိုက္တက္ဘက္က အားတက္ေနၿပီး တျခားၿပိဳင္ဘက္ေတြကို ေက်ာ္ျဖတ္ေခၚယူသြားႏိုင္ဖို႔ ယုံၾကည္ေန။

– စပို႔တင္းလစၥဘြန္းအသင္းမွာ အတူတြဲဖက္ကစားခဲ့ၾကဖူးတဲ့ အသင္းေဖာ္ေဟာင္း ရာဖင္ညာနဲ႔ ဘ႐ူႏို ဖာနန္ဒက္စ္တို႔ဟာ လက္ရွိအခ်ိန္ထိ အဆက္အသြယ္မျပတ္ရွိေနၾကဆဲျဖစ္ၿပီး ဘရာဇီးလ္ေတာင္ပံသမားကို ေခၚယူလိုေနတဲ့ မန္ခ်က္စတာယူႏိုက္တက္အသင္းအတြက္ေတာ့ အားတက္စရာျဖစ္ေန။

– အသင္းကေန ေဒးဗစ္ ဒေဟးယားကို ျပန္လည္ေရာင္းခ်ဖို႔ စီစဥ္ေနခ်ိန္မွာ အက္သလက္တီကိုရဲ႕ ယန္ ေအာ့ဘလက္ခ္အတြက္ ကမ္းလွမ္းဖို႔ ျပင္ဆင္ေနတယ္ဆိုတာက လက္ရွိေတာက္ပလာခဲ့တဲ့ ဂိုးသမား ဒင္းန္ ဟန္ဒါဆန္အတြက္ေတာ့ ဝမ္းသာစရာ မဟုတ္ႏိုင္ဘဲ အဂၤလန္သားအေနနဲ႔ ေႏြရာသီမွာ သူ႔ရဲ႕ အနာဂတ္ကို ထပ္မံစဥ္းစားရဖြယ္ရွိေန။

– မန္ခ်က္စတာယူႏိုက္တက္အသင္းနဲ႔ အိုးလ္ထရက္ဖို႔ဒ္မွာ ရင္ဆိုင္ရမယ့္ ေအစီမီလန္အသင္းအတြက္ အသင္းကစားသမားေဟာင္း ဇလာတန္ အီဘရာဟီမိုဗစ္ခ်္အေနနဲ႔ ဒဏ္ရာေၾကာင့္ လြဲေခ်ာ္မွာျဖစ္ေပမယ့္ အငွားခ်ထားတဲ့ ကစားသမား ဒီယိုဂို ဒါေလာ့ကေတာ့ UEFA ရဲ႕ မိခင္အသင္းနဲ႔ ရင္ဆိုင္ေတြ႕ခြင့္ မရွိေၾကာင္းအခ်က္ကို အသိအမွတ္မျပဳတာေၾကာင့္ ျပန္လည္ရင္ဆိုင္လာဖြယ္ရွိေန။

– လူငယ္ဖြံ႕ၿဖိဳးတိုးတက္ေရးစီမံကိန္းကို ဦးေဆာင္ခဲ့သူ ဂြၽန္မာတပ္ဖ္ကို အားကစားဒါ႐ိုက္တာအျဖစ္ ခန႔္အပ္ခဲ့ၿပီး ကစားသမားေဟာင္း ဒါရင္ ဖလက္ခ်ာကို နည္းစနစ္ဒါ႐ိုက္တာအျဖစ္ ရက္ပိုင္းအတြင္းကမွ ခန႔္အပ္ထားခဲ့တဲ့ မန္ခ်က္စတာယူႏိုက္တက္အေနနဲ႔ သူတို႔ႏွစ္ဦးရဲ႕ အိုင္ဒီယာေတြက ကလပ္ကို ပိုမိုေကာင္းမြန္ေအာင္လုပ္ေဆာင္ေပးႏိုင္လိမ့္မယ္လို႔ ယုံၾကည္ေန။

– မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ၿပီးခဲ့တဲ့ ေႏြရာသီက အသင္းတိုက္စစ္မႉးေဟာင္း ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကို တစ္ေက်ာ့ျပန္ ေခၚယူႏိုင္မယ့္ အခြင့္အေရးကို ပယ္ခ်ခဲ့တယ္လို႔ အီတာလ်ံဂ်ာနယ္လစ္ အီမန္ညဴယယ္လ္ ဂမ္ဘာက ထုတ္ေဖာ္လိုက္ၿပီး ဒီရာသီကုန္မွာလည္း အက္ဒင္ဆန္ ကာဗာနီ ထြက္ခြာႏိုင္ခ်ိန္မွာ ထပ္မံနီးစပ္ႏိုင္ေသးတယ္လို႔ ခန႔္မွန္း။

– ေအစီမီလန္အသင္းနဲ႔ ရင္ဆိုင္မယ့္ မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ တိုက္စစ္ကို လူငယ္ကစားသမား ေမဆန္ ဂရင္းဝုဒ္နဲ႔ အန္တိုနီ မာစီယယ္လ္တို႔ ဦးေဆာင္လာဖြယ္ရွိေနၿပီး ခံစစ္မွာ အဲရစ္ ဘိုင္လီနဲ႔ အဲလက္စ္ တဲလက္စ္တို႔ကို ပြဲထြက္ကစားသမားေတြအျဖစ္ ထည့္သြင္းဖြယ္ရွိေနသလို ဘ႐ူႏို ဖာနန္ဒက္စ္ကိုေတာ့ တျခားကစားသမားေတြရဲ႕ ဒဏ္ရာေၾကာင့္ အနားေပးႏိုင္ဖြယ္မရွိေသးဘူးလို႔ ခန႔္မွန္းေနၾက။

– မန္ခ်က္စတာစီးတီးအသင္းက လာမယ့္ေႏြရာသီမွာ ဗီလာရီးရဲလ္အသင္းကေန ေခၚယူဖို႔ စိတ္ဝင္စားေနၿပီး ေပါင္သန္း ၄၀ ခန႔္ က်သင့္ႏိုင္တဲ့ စပိန္လက္ေ႐ြးစင္ေနာက္ခံလူ ေပၚေတာရက္စ္အတြက္ မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ယွဥ္ၿပိဳင္သြားဖို႔ရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.