Premier League Transfer News

11 Mar နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းအနေနဲ့ ဘရန့်ဖို့ဒ်တိုက်စစ်မှူး အိုင်ဗန် တုန်နီကို ခေါ်ယူရာမှာ အသင်းကနေ ထွက်ခွာဖို့ ရှိနေတဲ့ လူငယ်တိုက်စစ်မှူး ဖိုလာရင် ဘာလိုဂွန်ကို ခေါ်ယူခွင့်နဲ့ ဆွဲဆောင်သွားဖွယ်ရှိနေပြီး ထုံးစံအတိုင်း နောက်ထပ်ပြောင်းရွှေ့ကြေးကို ခံစားခွင့်နဲ့တော့ ထည့်သွင်း ရောင်းချသွားဖွယ်ရှိနေ။

– အာဆင်နယ်နည်းပြ မီခယ်လ် အာတီတာက သူတို့ရဲ့ အဓိက ကွင်းလယ်လူတစ်ဦးဖြစ်တဲ့ အီမီးလ် စမစ်ရိုးအနေနဲ့ ကြံ့ခိုင်မှုပြည့်ဝနေပြီလို့ ထုတ်ဖော်သွားခဲ့ပြီး ဒီနေ့ညမှာ ကစားရမယ့် အိုလံပီယာကော့စ်နဲ့ အဝေးကွင်းပွဲစဉ်မှာ ပါဝင်လာနိုင်ကြောင်း ချပြသွား။

– ပြီးခဲ့တဲ့ မိုင့်ဇ်အသင်းနဲ့ အိမ်ကွင်းမှာ ဂိုးမပေးရဘဲ ဂိုးမရှိသရေကျခဲ့တဲ့ ပွဲစဉ်မှာ ရှော်လ်ကာအကယ်ဒမီကစားသမားဘဝက ကစားခဲ့ဖူးတဲ့ ကွင်းလယ်အဖျက် နံပါတ် ၆ နေရာမှာ ပြောင်းလဲကစားခဲ့တဲ့ ဆိဒ် ကိုလာစီနက်ချ်ရဲ့ ခြေစွမ်းက တိုးတက်လာတယ်လို့ ဂျာမန်အခြေစိုက် သတင်းဌာနတွေက သုံးသပ်ခဲ့ကြပြီး အာဆင်နယ်အနေနဲ့ ပြန်ခေါ်ကောင်းခေါ်နိုင်တယ်လို့ ဆိုနေကြ။

– ဆာကာတစ်ယောက်တည်းကို မှီခိုနေရပြီး သူခြေစွမ်းမပြနိုင်ရင် ရုန်းကန်နေရတတ်တဲ့ အာဆင်နယ်အသင်းကို နည်းပြ မီခယ်လ် အာတီတာအနေနဲ့ မယုံကြည်တာ မဆန်းကြောင်းနဲ့ ကစားသမားကောင်းတွေဖြစ်လျက်သားနဲ့ ဒီထက် ကြိုးစားသင့်တယ်လို့ ထင်ကြောင်း ရီယို ဖာဒီနန် ဝေဖန်။

– စတုဂတ်အသင်းရဲ့ အားကစားဒါရိုက်တာ ဆဗင် မစ်စ်လင်တက်အနေနဲ့ အာဆင်နယ်အသင်းမှာတုန်းက သူခေါ်ယူပေးခဲ့တဲ့ ကွင်းလယ် ကစားသမားတွေဖြစ်ကြတဲ့ လူးကပ်စ် တော်ရဲရားနဲ့ မက်တီယို ဂန်ဒူဇီတို့နှစ်ဦးတို့ကို လက်ရှိကိုင်တွယ်ပုံအတွက် စိတ်ပျက်နေပြီး ဒီအတွက် နည်းပြ အာတီတာနဲ့ စကားပြောသွားလိုတယ်လို့ ထုတ်ဖော်သွားခဲ့။

– အာဆင်နယ်အသင်းနည်းပြ မီခယ်လ် အာတီတာအနေနဲ့ လက်ရှိမှာ အသင်းကို ရီးရဲလ်မက်ဒရစ်အသင်းကနေ အငှားနဲ့ လာရောက် ကစားနေခဲ့တဲ့ ကွင်းလယ်လူ မာတင် အော်ဒီဂွါဒ်ရဲ့ ခြေစွမ်းအတွက် ကျေနပ်ကြောင်း ပြောကြားသွားခဲ့ပြီး သူ့ရဲ့ စွမ်းဆောင်မှုတွေနဲ့အတူ အသင်းအနေနဲ့ ရလဒ်ကောင်းတွေ ရယူနိုင်လိမ့်မယ်လို့ဆို။

– သီယာရီ အွန်နရီလက်သစ်လို့ သြစတြီးယားကလပ် ရက်ဒ်ဘူးလ် ဆာ့လ်ဇ်ဘတ်အသင်းမှာ ထင်ရှားနေတဲ့ တိုက်စစ်မှူး ပတ်ဆန် ဒါကာကို ခေါ်ယူဖို့ အာဆင်နယ်အသင်းအနေနဲ့ မြို့ခံပြိုင်ဘက် စပါးစ်၊ လန်ဒန်ပြိုင်ဘက် ဝက်စ်ဟမ်းတို့နဲ့အပြိုင် ကြိုးစားရဖွယ်ရှိနေပြီး ပေါင် ၂၅ သန်းဝန်းကျင်နဲ့ ရရှိနိုင်မယ်လို့ သိရ။

– အိုလံပီယာကော့စ်အသင်းနဲ့ တွေ့ဆုံမယ့်ပွဲအတွက် အာဆင်နယ်အသင်းအနေနဲ့ ပြီးခဲ့တဲ့ ရာသီကထက် ပိုမိုကစားရခက်ဖွယ်ရှိနေပြီး ဇန်နဝါရီက အေသင်အခြေစိုက်အသင်းဆီ ပြောင်းရွှေ့သွားခဲ့တဲ့ နောက်ခံလူ ဆိုကရာတစ် ပါပါစတာသိုပူးလော့စ်ဆီက သိထားနိုင်တဲ့ အားနည်းချက်တွေကို ထိုးနှက်လာဖွယ်ရှိတယ်လို့ ကျွမ်းကျင်သူတွေ ခန့်မှန်း။

– အာဆင်နယ်အသင်းပရိသတ်တွေအနေနဲ့ လာမယ့် အိုလံပီယာကော့စ်နဲ့ပွဲမှာ အသင်းရဲ့ ဘယ်တောင်ပံကနေ ဘရာဇီးလ်လူငယ် တိုက်စစ်မှူး ဂါဘရီယယ်လ် မာတီနယ်လီကို ပွဲထုတ်စေချင်နေကြပြီး ပရိသတ်တစ်ဦးကတော့ သူကစားရဖို့အတွက် ဘယ်ဘက် အဆုတ်တစ်ခြမ်းကို ထုတ်ပေးမယ်လို့ ကမ်းလှမ်းသွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းအေနနဲ႔ ဘရန႔္ဖို႔ဒ္တိုက္စစ္မႉး အိုင္ဗန္ တုန္နီကို ေခၚယူရာမွာ အသင္းကေန ထြက္ခြာဖို႔ ရွိေနတဲ့ လူငယ္တိုက္စစ္မႉး ဖိုလာရင္ ဘာလိုဂြန္ကို ေခၚယူခြင့္နဲ႔ ဆြဲေဆာင္သြားဖြယ္ရွိေနၿပီး ထုံးစံအတိုင္း ေနာက္ထပ္ေျပာင္းေ႐ႊ႕ေၾကးကို ခံစားခြင့္နဲ႔ေတာ့ ထည့္သြင္း ေရာင္းခ်သြားဖြယ္ရွိေန။

– အာဆင္နယ္နည္းျပ မီခယ္လ္ အာတီတာက သူတို႔ရဲ႕ အဓိက ကြင္းလယ္လူတစ္ဦးျဖစ္တဲ့ အီမီးလ္ စမစ္႐ိုးအေနနဲ႔ ႀကံ့ခိုင္မႈျပည့္ဝေနၿပီလို႔ ထုတ္ေဖာ္သြားခဲ့ၿပီး ဒီေန႔ညမွာ ကစားရမယ့္ အိုလံပီယာေကာ့စ္နဲ႔ အေဝးကြင္းပြဲစဥ္မွာ ပါဝင္လာႏိုင္ေၾကာင္း ခ်ျပသြား။

– ၿပီးခဲ့တဲ့ မိုင့္ဇ္အသင္းနဲ႔ အိမ္ကြင္းမွာ ဂိုးမေပးရဘဲ ဂိုးမရွိသေရက်ခဲ့တဲ့ ပြဲစဥ္မွာ ေရွာ္လ္ကာအကယ္ဒမီကစားသမားဘဝက ကစားခဲ့ဖူးတဲ့ ကြင္းလယ္အဖ်က္ နံပါတ္ ၆ ေနရာမွာ ေျပာင္းလဲကစားခဲ့တဲ့ ဆိဒ္ ကိုလာစီနက္ခ်္ရဲ႕ ေျခစြမ္းက တိုးတက္လာတယ္လို႔ ဂ်ာမန္အေျခစိုက္ သတင္းဌာနေတြက သုံးသပ္ခဲ့ၾကၿပီး အာဆင္နယ္အေနနဲ႔ ျပန္ေခၚေကာင္းေခၚႏိုင္တယ္လို႔ ဆိုေနၾက။

– ဆာကာတစ္ေယာက္တည္းကို မွီခိုေနရၿပီး သူေျခစြမ္းမျပႏိုင္ရင္ ႐ုန္းကန္ေနရတတ္တဲ့ အာဆင္နယ္အသင္းကို နည္းျပ မီခယ္လ္ အာတီတာအေနနဲ႔ မယုံၾကည္တာ မဆန္းေၾကာင္းနဲ႔ ကစားသမားေကာင္းေတြျဖစ္လ်က္သားနဲ႔ ဒီထက္ ႀကိဳးစားသင့္တယ္လို႔ ထင္ေၾကာင္း ရီယို ဖာဒီနန္ ေဝဖန္။

– စတုဂတ္အသင္းရဲ႕ အားကစားဒါ႐ိုက္တာ ဆဗင္ မစ္စ္လင္တက္အေနနဲ႔ အာဆင္နယ္အသင္းမွာတုန္းက သူေခၚယူေပးခဲ့တဲ့ ကြင္းလယ္ ကစားသမားေတြျဖစ္ၾကတဲ့ လူးကပ္စ္ ေတာ္ရဲရားနဲ႔ မက္တီယို ဂန္ဒူဇီတို႔ႏွစ္ဦးတို႔ကို လက္ရွိကိုင္တြယ္ပုံအတြက္ စိတ္ပ်က္ေနၿပီး ဒီအတြက္ နည္းျပ အာတီတာနဲ႔ စကားေျပာသြားလိုတယ္လို႔ ထုတ္ေဖာ္သြားခဲ့။

– အာဆင္နယ္အသင္းနည္းျပ မီခယ္လ္ အာတီတာအေနနဲ႔ လက္ရွိမွာ အသင္းကို ရီးရဲလ္မက္ဒရစ္အသင္းကေန အငွားနဲ႔ လာေရာက္ ကစားေနခဲ့တဲ့ ကြင္းလယ္လူ မာတင္ ေအာ္ဒီဂြါဒ္ရဲ႕ ေျခစြမ္းအတြက္ ေက်နပ္ေၾကာင္း ေျပာၾကားသြားခဲ့ၿပီး သူ႔ရဲ႕ စြမ္းေဆာင္မႈေတြနဲ႔အတူ အသင္းအေနနဲ႔ ရလဒ္ေကာင္းေတြ ရယူႏိုင္လိမ့္မယ္လို႔ဆို။

– သီယာရီ အြန္နရီလက္သစ္လို႔ ၾသစႀတီးယားကလပ္ ရက္ဒ္ဘူးလ္ ဆာ့လ္ဇ္ဘတ္အသင္းမွာ ထင္ရွားေနတဲ့ တိုက္စစ္မႉး ပတ္ဆန္ ဒါကာကို ေခၚယူဖို႔ အာဆင္နယ္အသင္းအေနနဲ႔ ၿမိဳ႕ခံၿပိဳင္ဘက္ စပါးစ္၊ လန္ဒန္ၿပိဳင္ဘက္ ဝက္စ္ဟမ္းတို႔နဲ႔အၿပိဳင္ ႀကိဳးစားရဖြယ္ရွိေနၿပီး ေပါင္ ၂၅ သန္းဝန္းက်င္နဲ႔ ရရွိႏိုင္မယ္လို႔ သိရ။

– အိုလံပီယာေကာ့စ္အသင္းနဲ႔ ေတြ႕ဆုံမယ့္ပြဲအတြက္ အာဆင္နယ္အသင္းအေနနဲ႔ ၿပီးခဲ့တဲ့ ရာသီကထက္ ပိုမိုကစားရခက္ဖြယ္ရွိေနၿပီး ဇန္နဝါရီက ေအသင္အေျခစိုက္အသင္းဆီ ေျပာင္းေ႐ႊ႕သြားခဲ့တဲ့ ေနာက္ခံလူ ဆိုကရာတစ္ ပါပါစတာသိုပူးေလာ့စ္ဆီက သိထားႏိုင္တဲ့ အားနည္းခ်က္ေတြကို ထိုးႏွက္လာဖြယ္ရွိတယ္လို႔ ကြၽမ္းက်င္သူေတြ ခန႔္မွန္း။

– အာဆင္နယ္အသင္းပရိသတ္ေတြအေနနဲ႔ လာမယ့္ အိုလံပီယာေကာ့စ္နဲ႔ပြဲမွာ အသင္းရဲ႕ ဘယ္ေတာင္ပံကေန ဘရာဇီးလ္လူငယ္ တိုက္စစ္မႉး ဂါဘရီယယ္လ္ မာတီနယ္လီကို ပြဲထုတ္ေစခ်င္ေနၾကၿပီး ပရိသတ္တစ္ဦးကေတာ့ သူကစားရဖို႔အတြက္ ဘယ္ဘက္ အဆုတ္တစ္ျခမ္းကို ထုတ္ေပးမယ္လို႔ ကမ္းလွမ္းသြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.