Match Report Premier League

လူစာရင်းကို အပြောင်းအလဲလုပ်ခဲ့ပြီး ဂိုးသွင်းများခဲ့တဲ့ မန်စီးတီးရဲ့ နိုင်ပွဲ

မန်ချက်စတာစီးတီးအသင်းအနေနဲ့ သူတို့ရဲ့ ကြိုကစားတဲ့ ဆောက်သမ်တန်နဲ့ပွဲစဉ်ကို ဘာနာဒို ဆေးလ်ဗားနဲ့ လာပေါ့တ်တို့ကို ပြန်ထည့်ပြီး တိုက်စစ်မှူးမပါတဲ့ ကစားကွက်မှာ ဖိုဒန်ကို ပြန်သုံးလာခဲ့သလို အင်အားကောင်းတဲ့ ပုံစံကို တစ်ဖန်ပြန်လည်ပြသနိုင်ခဲ့ပြီး ခံစစ်ကတော့ အားနည်မှုတချို့ မြင်ခဲ့ရပါတယ်။

ပွဲချိန် ၁၅ မိနစ်မှာ အိမ်ရှင်တို့ ပထမဂိုးစရခဲ့ပြီး ဘယ်ခြမ်းကနေ ဇင်ချန်ကို ဖြတ်တင်ပေးတဲ့ ဘောလုံးကို ဖိုဒန်ပိတ်သွင်းခဲ့ရာမှာ ဂိုးသမား ကာကွယ်လို့ ပြန်ထွက်လာခဲ့တာကနေ ဒီဘရိုင်းနားက အနီးကပ်ပိတ်သွင်းနိုင်ခဲ့လို့ စီးတီးတို့ အိမ်ကွင်းမှာ စတင်ဦးဆောင်နိုင်ခဲ့ပါတယ်။

ပွဲချိန် ၂၂ မိနစ်မှာ ရက်ဒ်မွန့်ရဲ့ တစ်ကိုယ်တော် ထိုးဖောက်မှုကို အီဒါဆန် ပုတ်ထုတ်ခဲ့ပြီးတဲ့နောက် ပွဲချိန် ၂၅ မိနစ်မှာတော့ ထောင့်ကန်ဘော ကနေ ဂိုးသွင်းဖို့ ကြိုးစားတဲ့ ဗက်စတာဂါ့ဒ်ကို ဆွဲလှဲတဲ့ လာပေါ့တ်ကြောင့် ပေးခဲ့ရတဲ့ ပင်နယ်တီကို ဆောက်သမ်တန်အသင်းခေါင်းဆောင် ဝါ့ဒ်ပရောက်စ်က အမှားအယွင်းမရှိ ကန်သွင်းပြီး ချေပခဲ့ပါတယ်။

ပွဲချိန် ၃၁ မိနစ်မှာ ဖိုဒန် လုယူတာကို ပြန်ဖျက်ဖို့ ကြိုးစားခဲ့တဲ့ ဘောလုံးက ပင်နယ်တီနဲ့ တူခဲ့ပေမယ့် VAR ကတော့ ငြင်းဆန်သွားခဲ့ပြီး ၃၃ မိနစ်မှာတော့ ဝါ့ဒ်ပရောက်စ်ရဲ့ အဝေးကန်ချက်ကို စီးတီးဂိုးသမား အီဒါဆန် ဂိုးဘားပေါ်က ကျော်ပုတ်ထုတ်ခဲ့ရပါတယ်။

ပွဲချိန် ၄၅ မိနစ်မှာတော့ စီးတီးတို့ ဦးဆောင်ဂိုး ထပ်ရခဲ့ပြီး ခံစစ်ကို ရောက်နေတဲ့ ဆောက်သမ်တန်တိုက်စစ်မှူး ရှေအက်ဒမ်စ်ရဲ့ ဆိုက်ချိန်းတဲ့ ဖြတ်တင်ဘောက မာရက်ဇ်ဆီ တည့်တည့်ရောက်သွားတာကို သူက နောက်တန်းတွေကြားကနေ အဝေးတိုင်ကို ကန်သွင်းခဲ့ရာမှာ ဂိုးသမား မက္ကာသီ မကာကွယ်နိုင်တာလည်းဖြစ်ပါတယ်။

ပွဲပြီးခါနီး နာကျင်အချိန်ပို ၃ မိနစ်မှာတော့ ညာခြမ်းကနေ မာရက်ဇ် တစ်ကိုယ်တော်ထိုးဖောက်လာပြီး ကန်သွင်းတဲ့ ကန်ချက်က ဂိုးတိုင်ထိပြီး ပြန်ထွက်လာတာကို နောက်က ပါလာခဲ့တဲ့ ဂွန်ဒိုးဝမ်က ကန်သွင်းနိုင်ခဲ့တာကြောင့် ပထမပိုင်းအပြီးမှာ စီးတီးတို့ သုံးဂိုး-တစ်ဂိုးနဲ ဦးဆောင်နေခဲ့ပါတယ်။

ဒုတိယပိုင်းပြန်အစမှာ ဖိုဒန်ရဲ့ ကြိုးစားမှုတွေ ဂိုးမဖြစ်ခဲ့ပေမယ့် ပွဲချိန် ၅၅ မိနစ်မှာတော့ တစ်ချိန်လုံး စိုးရိမ်တကြီးနဲ့ ကစားပြီး အလွဲလွဲ အချော်ချော်လုပ်နေခဲ့တဲ့ ဆောက်သမ်တန်နောက်ခံလူ ဆာလီဆူး လူပေးမှားတာကို ဖာနန်ဒင်ညိုက ရယူပြီး ဖိုဒန်က ထပ်ပေးတာကို မာရက်ဇ်က တစ်ဖက်နောက်ခံလူ ၄ ယောက်ကြားကနေ ကန်သွင်းခဲ့ပြီး ဂိုးသမားကတော့ တွက်ဆပုံနှေးကွေးလွန်းတာကြောင့် စတုတ္ထဂိုး ထပ်ယူနိုင်ခဲ့တာပါ။

ပွဲချိန် ၅၆ မိနစ်မှာတော့ ဘာနာဒို ဆေးလ်ဗား ဖျက်ထုတ်ရာကနေ နောက်ပြန်ရောက်သွားခဲ့တဲ့ ဘောလုံးကို ရက်ဒ်မွန့်က ဖြတ်ယူသွားခဲ့ပြီး နောက်ပေါက်နဲ့ ပြန်ချပေးတာကို အမ်းစ်ထရောင်းကန်သွင်းခဲ့ရာမှာ နောက်တန်းနဲ့ ငြိပြီး လည်လာခဲ့တဲ့ ဘောလုံးကို ရှေအက်ဒမ်စ်က အနီးကပ် ပိတ်သွင်းပြီး ချေပဂိုးတစ်ဂိုး ပြန်လည်ရယူနိုင်ခဲ့ပါတယ်။

နောက်ပိုင်းပွဲတွေမှာ ရူဘင် ဒီယက်စ်အနေနဲ့ အရင်လောက် မတည်ငြိမ်တာကိုလည်း တွေ့နေခဲ့ရပြီး ဒါက အပြောင်းအလဲများတဲ့ ဂွါဒီယိုလာရဲ့ ခံစစ်နဲ့ ကွင်လယ်အဖျက်တွေမှာ နေရာအမျိုးမျိုး ချထားပုံကြောင့်ဖြစ်နိုင်သလို ဒီနေ့ ဝင်ကစားတဲ့ လာပေါ့တ်ကလည်း ပင်နယ်တီ တစ်ကြိမ်ပေးပြီး ကံမကောင်းခဲ့တာကို တွေ့ရပါတယ်။

ပွဲချိန် ၅၉ မိနစ်မှာတော့ ညာခြမ်းက ဝေါ်လ်ကာရဲ့ ဖြတ်တင်ဘောကို ဖိုဒန်က ထိန်းပေးခဲ့ပြီး ဒီကနေ ဒီဘရိုင်းနားက နောက်ခံလူတစ်ဦးကို ကျော်ဖြတ်ခဲ့သလို ပင်နယ်တီဧရိယာထဲကျမှ အနီးကပ် ကပ်သွင်းခဲ့ရာမှာတော့ ဂိုးသမား မက္ကာသီ ဘာမှ မတတ်နိုင်ခဲ့ စီးတီးတို့ ငါးဂိုး-နှစ်ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ အခွင့်အရေးကောင်းတစ်ကြိမ်ကို ဖိုဒန် လွဲချော်ခဲ့သလို တစ်ချိန်လုံး ရောင်းနေတဲ့ ဆာလီဆူးဆီက ဖာနန်ဒင်ညိုရယူပြီး ပေးတဲ့ ဘောလုံးကိုလည်း ဖယ်ရန် တောရက်စ် အဆုံးမသတ်နိုင်ခဲ့တာကြောင့် ဒီရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပြီး ပြီးခဲ့တဲ့ မန်ချက်စတာဒါဘီရှုံးပွဲကို ပြန်လည်တုံ့ပြန်သွားနိုင်ခဲ့ပါတယ်။

ဒီပွဲအနိုင်ကြောင့် စီးတီးတို့ ဒီရာသီမှာ သွင်းဂိုး ၆၁ ဂိုးနဲ့ အများဆုံးရယူထားနိုင်တဲ့အသင်းအဖြစ် ရမှတ် ၆၈ မှတ်နဲ့ အမှတ်ပေးဇယားကို တစ်ပွဲပိုကစား ၁၄ မှတ်ဖြတ်ပြီး ဆက်လက်ဦးဆောင်နေခဲ့ပြီး လက်ကျန်ပွဲတွေမှာ အမှားအယွင်းမရှိရင်တော့ ချန်ပီယံဆုက လက်တစ်ကမ်းမှာပဲ ရှိနေခဲ့ပြီဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ သူတို႔ရဲ႕ ႀကိဳကစားတဲ့ ေဆာက္သမ္တန္နဲ႔ပြဲစဥ္ကို ဘာနာဒို ေဆးလ္ဗားနဲ႔ လာေပါ့တ္တို႔ကို ျပန္ထည့္ၿပီး တိုက္စစ္မႉးမပါတဲ့ ကစားကြက္မွာ ဖိုဒန္ကို ျပန္သုံးလာခဲ့သလို အင္အားေကာင္းတဲ့ ပုံစံကို တစ္ဖန္ျပန္လည္ျပသႏိုင္ခဲ့ၿပီး ခံစစ္ကေတာ့ အားနည္မႈတခ်ိဳ႕ ျမင္ခဲ့ရပါတယ္။

ပြဲခ်ိန္ ၁၅ မိနစ္မွာ အိမ္ရွင္တို႔ ပထမဂိုးစရခဲ့ၿပီး ဘယ္ျခမ္းကေန ဇင္ခ်န္ကို ျဖတ္တင္ေပးတဲ့ ေဘာလုံးကို ဖိုဒန္ပိတ္သြင္းခဲ့ရာမွာ ဂိုးသမား ကာကြယ္လို႔ ျပန္ထြက္လာခဲ့တာကေန ဒီဘ႐ိုင္းနားက အနီးကပ္ပိတ္သြင္းႏိုင္ခဲ့လို႔ စီးတီးတို႔ အိမ္ကြင္းမွာ စတင္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၂၂ မိနစ္မွာ ရက္ဒ္မြန႔္ရဲ႕ တစ္ကိုယ္ေတာ္ ထိုးေဖာက္မႈကို အီဒါဆန္ ပုတ္ထုတ္ခဲ့ၿပီးတဲ့ေနာက္ ပြဲခ်ိန္ ၂၅ မိနစ္မွာေတာ့ ေထာင့္ကန္ေဘာ ကေန ဂိုးသြင္းဖို႔ ႀကိဳးစားတဲ့ ဗက္စတာဂါ့ဒ္ကို ဆြဲလွဲတဲ့ လာေပါ့တ္ေၾကာင့္ ေပးခဲ့ရတဲ့ ပင္နယ္တီကို ေဆာက္သမ္တန္အသင္းေခါင္းေဆာင္ ဝါ့ဒ္ပေရာက္စ္က အမွားအယြင္းမရွိ ကန္သြင္းၿပီး ေခ်ပခဲ့ပါတယ္။

ပြဲခ်ိန္ ၃၁ မိနစ္မွာ ဖိုဒန္ လုယူတာကို ျပန္ဖ်က္ဖို႔ ႀကိဳးစားခဲ့တဲ့ ေဘာလုံးက ပင္နယ္တီနဲ႔ တူခဲ့ေပမယ့္ VAR ကေတာ့ ျငင္းဆန္သြားခဲ့ၿပီး ၃၃ မိနစ္မွာေတာ့ ဝါ့ဒ္ပေရာက္စ္ရဲ႕ အေဝးကန္ခ်က္ကို စီးတီးဂိုးသမား အီဒါဆန္ ဂိုးဘားေပၚက ေက်ာ္ပုတ္ထုတ္ခဲ့ရပါတယ္။

ပြဲခ်ိန္ ၄၅ မိနစ္မွာေတာ့ စီးတီးတို႔ ဦးေဆာင္ဂိုး ထပ္ရခဲ့ၿပီး ခံစစ္ကို ေရာက္ေနတဲ့ ေဆာက္သမ္တန္တိုက္စစ္မႉး ေရွအက္ဒမ္စ္ရဲ႕ ဆိုက္ခ်ိန္းတဲ့ ျဖတ္တင္ေဘာက မာရက္ဇ္ဆီ တည့္တည့္ေရာက္သြားတာကို သူက ေနာက္တန္းေတြၾကားကေန အေဝးတိုင္ကို ကန္သြင္းခဲ့ရာမွာ ဂိုးသမား မကၠာသီ မကာကြယ္ႏိုင္တာလည္းျဖစ္ပါတယ္။

ပြဲၿပီးခါနီး နာက်င္အခ်ိန္ပို ၃ မိနစ္မွာေတာ့ ညာျခမ္းကေန မာရက္ဇ္ တစ္ကိုယ္ေတာ္ထိုးေဖာက္လာၿပီး ကန္သြင္းတဲ့ ကန္ခ်က္က ဂိုးတိုင္ထိၿပီး ျပန္ထြက္လာတာကို ေနာက္က ပါလာခဲ့တဲ့ ဂြန္ဒိုးဝမ္က ကန္သြင္းႏိုင္ခဲ့တာေၾကာင့္ ပထမပိုင္းအၿပီးမွာ စီးတီးတို႔ သုံးဂိုး-တစ္ဂိုးနဲ ဦးေဆာင္ေနခဲ့ပါတယ္။

ဒုတိယပိုင္းျပန္အစမွာ ဖိုဒန္ရဲ႕ ႀကိဳးစားမႈေတြ ဂိုးမျဖစ္ခဲ့ေပမယ့္ ပြဲခ်ိန္ ၅၅ မိနစ္မွာေတာ့ တစ္ခ်ိန္လုံး စိုးရိမ္တႀကီးနဲ႔ ကစားၿပီး အလြဲလြဲ အေခ်ာ္ေခ်ာ္လုပ္ေနခဲ့တဲ့ ေဆာက္သမ္တန္ေနာက္ခံလူ ဆာလီဆူး လူေပးမွားတာကို ဖာနန္ဒင္ညိဳက ရယူၿပီး ဖိုဒန္က ထပ္ေပးတာကို မာရက္ဇ္က တစ္ဖက္ေနာက္ခံလူ ၄ ေယာက္ၾကားကေန ကန္သြင္းခဲ့ၿပီး ဂိုးသမားကေတာ့ တြက္ဆပုံေႏွးေကြးလြန္းတာေၾကာင့္ စတုတၳဂိုး ထပ္ယူႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၅၆ မိနစ္မွာေတာ့ ဘာနာဒို ေဆးလ္ဗား ဖ်က္ထုတ္ရာကေန ေနာက္ျပန္ေရာက္သြားခဲ့တဲ့ ေဘာလုံးကို ရက္ဒ္မြန႔္က ျဖတ္ယူသြားခဲ့ၿပီး ေနာက္ေပါက္နဲ႔ ျပန္ခ်ေပးတာကို အမ္းစ္ထေရာင္းကန္သြင္းခဲ့ရာမွာ ေနာက္တန္းနဲ႔ ၿငိၿပီး လည္လာခဲ့တဲ့ ေဘာလုံးကို ေရွအက္ဒမ္စ္က အနီးကပ္ ပိတ္သြင္းၿပီး ေခ်ပဂိုးတစ္ဂိုး ျပန္လည္ရယူႏိုင္ခဲ့ပါတယ္။

ေနာက္ပိုင္းပြဲေတြမွာ ႐ူဘင္ ဒီယက္စ္အေနနဲ႔ အရင္ေလာက္ မတည္ၿငိမ္တာကိုလည္း ေတြ႕ေနခဲ့ရၿပီး ဒါက အေျပာင္းအလဲမ်ားတဲ့ ဂြါဒီယိုလာရဲ႕ ခံစစ္နဲ႔ ကြင္လယ္အဖ်က္ေတြမွာ ေနရာအမ်ိဳးမ်ိဳး ခ်ထားပုံေၾကာင့္ျဖစ္ႏိုင္သလို ဒီေန႔ ဝင္ကစားတဲ့ လာေပါ့တ္ကလည္း ပင္နယ္တီ တစ္ႀကိမ္ေပးၿပီး ကံမေကာင္းခဲ့တာကို ေတြ႕ရပါတယ္။

ပြဲခ်ိန္ ၅၉ မိနစ္မွာေတာ့ ညာျခမ္းက ေဝၚလ္ကာရဲ႕ ျဖတ္တင္ေဘာကို ဖိုဒန္က ထိန္းေပးခဲ့ၿပီး ဒီကေန ဒီဘ႐ိုင္းနားက ေနာက္ခံလူတစ္ဦးကို ေက်ာ္ျဖတ္ခဲ့သလို ပင္နယ္တီဧရိယာထဲက်မွ အနီးကပ္ ကပ္သြင္းခဲ့ရာမွာေတာ့ ဂိုးသမား မကၠာသီ ဘာမွ မတတ္ႏိုင္ခဲ့ စီးတီးတို႔ ငါးဂိုး-ႏွစ္ဂိုးနဲ႔ ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ အခြင့္အေရးေကာင္းတစ္ႀကိမ္ကို ဖိုဒန္ လြဲေခ်ာ္ခဲ့သလို တစ္ခ်ိန္လုံး ေရာင္းေနတဲ့ ဆာလီဆူးဆီက ဖာနန္ဒင္ညိဳရယူၿပီး ေပးတဲ့ ေဘာလုံးကိုလည္း ဖယ္ရန္ ေတာရက္စ္ အဆုံးမသတ္ႏိုင္ခဲ့တာေၾကာင့္ ဒီရလဒ္နဲ႔ပဲ ပြဲၿပီးဆုံးခဲ့ၿပီး ၿပီးခဲ့တဲ့ မန္ခ်က္စတာဒါဘီရႈံးပြဲကို ျပန္လည္တုံ႔ျပန္သြားႏိုင္ခဲ့ပါတယ္။

ဒီပြဲအႏိုင္ေၾကာင့္ စီးတီးတို႔ ဒီရာသီမွာ သြင္းဂိုး ၆၁ ဂိုးနဲ႔ အမ်ားဆုံးရယူထားႏိုင္တဲ့အသင္းအျဖစ္ ရမွတ္ ၆၈ မွတ္နဲ႔ အမွတ္ေပးဇယားကို တစ္ပြဲပိုကစား ၁၄ မွတ္ျဖတ္ၿပီး ဆက္လက္ဦးေဆာင္ေနခဲ့ၿပီး လက္က်န္ပြဲေတြမွာ အမွားအယြင္းမရွိရင္ေတာ့ ခ်န္ပီယံဆုက လက္တစ္ကမ္းမွာပဲ ရွိေနခဲ့ၿပီျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.