Premier League Transfer News

10 Mar ညနေခင်း နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

– RB လိုက်ပ်ဇစ်အသင်းနဲ့ ဒီနေ့ညမှာ ကစားရမယ့်ပွဲအတွက် လီဗာပူးလ်ခံစစ်မှာ ကွင်းလယ်လူ ဖာဘင်ညိုကို ပြန်လည်ထည့်သွင်းဖို့ အဆင်သင့်ဖြစ်နေပြီလို့ နည်းပြ ယာဂန် ကလော့ပ်က ပြောကြားလိုက်ပြီး ပရိသတ်တွေ စိုးရိမ်နေတဲ့ ခံစစ်ပိုင်းကို ဖာထေးသွားဖွယ်ရှိနေ။

– မီဒီယာတွေမှာ ဖော်ပြခဲ့တဲ့ ချဲလ်ဆီးအသင်းကနေ ထွက်ဖို့ အကြောင်းပေါ်လာခဲ့တဲ့ တောင်ပံကစားသမား ခရစ္စတီယန် ပူလီရှစ်ချ်ကို ပေါင်သန်း ၃၀ နဲ့ ရရှိနိုင်မယ်လို့ဆိုပြီး လီဗာပူးလ်အသင်းအနေနဲ့ စောင့်ကြည့်နေတဲ့ သတင်းတွေကို အမှန်ဖြစ်လို့ ပရိသတ်တွေက ဆန္ဒရှိနေကြ။

– အားကစားဒါရိုက်တာ မိုက်ကယ် အက်ဒ်ဝပ်က အပြောင်းအရွှေ့နောက်ဆုံးနေ့မှာ ပရက်စတန်အသင်းကနေ ခေါ်ယူပေးလိုက်တဲ့ နောက်ခံလူ ဘန်ဒေးဗီးစ်ကို နည်းပြ ကလော့ပ်က သဘောကျယုံကြည်ခြင်းမရှိတာကြောင့် ကစားခွင့် မပေးသေးတာဖြစ်တယ်လို့ သုံးသပ်နေကြပြီး အင်္ဂလန်သားအနေနဲ့ ဘယ်အတွင်းလူနဲ့ ဘယ်အစွန်လူနေရာတွေမှာ ကစားနိုင်တယ်လို့ သိရ။

– ညာနောက်ခံလူ ထရင့် အလက်ဇန်းဒါး-အာနိုးလ်ဒ်ကို ပစ်မှတ်ထားပြီး ကစားရမယ်လို့ ပွဲကြိုမှာ လေကြီးမိုးကြီးနဲ့ ကြုံးဝါသွားခဲ့တဲ့ RB လိုက်ပ်ဇစ် နောက်ခံလူ အန်ဟဲလီညိုအနေနဲ့ ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့် ဒုတိယအကျော့ပွဲစဉ်ကို လွဲချော်တော့မယ်ဆိုတဲ့ အတွက် ကျောနံပါတ် ၆၆ ပိုင်ရှင်ကတော့ ရယ်နေတော့မယ်လို့ လီဗာပူးလ်ပရိသတ်တွေ ဆိုနေကြ။

– စကော့တလန်ကလပ် ရိန်းဂျားစ်အသင်းနဲ့အတူ အမှတ်ပေးချန်ပီယံဆုကို ကစားသမားဘဝအလွန်မှာ ရယူနိုင်ခဲ့ပြီဖြစ်တဲ့ အသင်းခေါင်းဆောင်ဟောင်း စတီဗင် ဂျရတ်က လီဗာပူးလ်ပရိသတ်တွေအနေနဲ့ မိမိကို နည်းပြအဖြစ် အလိုရှိမှာ မဟုတ်ကြောင်းနဲ့ သူတို့အနေနဲ့ ယာဂန် ကလော့ပ်ကို ယုံကြည်နေတာဟာ အကောင်းဆုံးဖြစ်သလို မိမိအနေနဲ့ ဒါကို ထောက်ခံကြောင်းပြောကြား။

– စပိန်ကလပ်အသင်းတွေရဲ့ လက်ရှိ ဘဏ္ဏာရေးအခြေအနေကို သူ့အနေနဲ့ အသိဆုံးဖြစ်ပြီး မိုဟာမက် ဆာလားကို လီဗာပူးလ်ကနေ ခေါ်ယူနိုင်လောက်အောင် ငွေကြေးမတောင့်တင်းဘူးလို့ လာလီဂါဥက္ကဌ ဟားဗီးယား တီဘက်စ်က ပြောကြားလိုက်ပြီး အီဂျစ်သားအနေနဲ့ အန်းဖီးလ်က ထွက်ခွာမယ်ဆိုရင် ပီအက်စ်ဂျီနဲ့ ဘိုင်ယန်နှစ်သင်းပဲ ဖြစ်နိုင်လိမ့်မယ်လို့ ခန့်မှန်းနေကြ။

– RB လိုက်ပ်ဇစ်နဲ့ပွဲအတွက် လီဗာပူးလ်အသင်းအနေနဲ့ ဖာဘင်ညိုနဲ့ ကာဘက်ခ်တို့ကို ခံစစ်မှာ တွဲဖက်ပေးလာဖို့ ရှိနေပြီး အလက်ဇန်းဒါး-အာနိုးလ်ဒ် ပြန်လည်ပါဝင်ပွဲထွက်ဖို့ ရှိနေသလို ကွင်းလယ်မှာ သီယာဂိုနဲ့ ကားတစ်ဂျုံးစ်၊ တိုက်စစ်မှာ ဆာလားနဲ့ မာနေးတို့ကို ဂျိုတာနဲ့ တွဲဖက်ပေးသွားဖွယ်ရှိနေ။

– လီဗာပူးလ်အသင်းမှာ ပြင်းထန်တဲ့ ကန်ချက်တွေနဲ့ နာမည်ကျော်ခဲ့တဲ့ နော်ဝေလက်ရွေးစင်နောက်ခံလူဟောင်း ဂျွန်အာနီ ရီဆားက သူ့ရဲ့အသင်းဟောင်းအနေနဲ့ နိုင်ငံတူ အာလင်း ဟားလန်းသာ အန်းဖီးလ်ကို ရောက်ခဲ့မယ်ဆိုရင် အလွန်ကြောက်စရာကောင်းတဲ့ တိုက်စစ်ကို တွေ့မြင်ရလိမ့်မယ်လို့ မှတ်ချက်ပေးသွားခဲ့။

– ဂျိုအန် လာပေါ်တာ ဥက္ကဌသစ်ဖြစ်လာတဲ့ ဘာစီလိုနာအသင်းအနေနဲ့ လာမယ့်နွေရာသီမှာ လီဗာပူးလ်အသင်းကို ဒုက္ခပေးဖွယ်ရှိနေပြီး ကွင်းလယ်မှာ ရုန်းကန်နေရတဲ့ သီယာဂို အယ်လ်ကန်တာရာနဲ့ သူတို့ရဲ့ ပစ်မှတ်တစ်ခုဖြစ်တဲ့ ဝုလ်ဗ်စ်တောင်ပံကစားသမား အဒါမာ ထရာအိုရေးတို့ကို သူကတိပေးထားခဲ့တဲ့ လာမာစီယာလူငယ်တွေ ပြန်လည်သိမ်းဆည်းရေးလုပ်ငန်းစဉ်အရ ခေါ်ယူသွားဖို့ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– RB လိုက္ပ္ဇစ္အသင္းနဲ႔ ဒီေန႔ညမွာ ကစားရမယ့္ပြဲအတြက္ လီဗာပူးလ္ခံစစ္မွာ ကြင္းလယ္လူ ဖာဘင္ညိဳကို ျပန္လည္ထည့္သြင္းဖို႔ အဆင္သင့္ျဖစ္ေနၿပီလို႔ နည္းျပ ယာဂန္ ကေလာ့ပ္က ေျပာၾကားလိုက္ၿပီး ပရိသတ္ေတြ စိုးရိမ္ေနတဲ့ ခံစစ္ပိုင္းကို ဖာေထးသြားဖြယ္ရွိေန။

– မီဒီယာေတြမွာ ေဖာ္ျပခဲ့တဲ့ ခ်ဲလ္ဆီးအသင္းကေန ထြက္ဖို႔ အေၾကာင္းေပၚလာခဲ့တဲ့ ေတာင္ပံကစားသမား ခရစၥတီယန္ ပူလီရွစ္ခ်္ကို ေပါင္သန္း ၃၀ နဲ႔ ရရွိႏိုင္မယ္လို႔ဆိုၿပီး လီဗာပူးလ္အသင္းအေနနဲ႔ ေစာင့္ၾကည့္ေနတဲ့ သတင္းေတြကို အမွန္ျဖစ္လို႔ ပရိသတ္ေတြက ဆႏၵရွိေနၾက။

– အားကစားဒါ႐ိုက္တာ မိုက္ကယ္ အက္ဒ္ဝပ္က အေျပာင္းအေ႐ႊ႕ေနာက္ဆုံးေန႔မွာ ပရက္စတန္အသင္းကေန ေခၚယူေပးလိုက္တဲ့ ေနာက္ခံလူ ဘန္ေဒးဗီးစ္ကို နည္းျပ ကေလာ့ပ္က သေဘာက်ယုံၾကည္ျခင္းမရွိတာေၾကာင့္ ကစားခြင့္ မေပးေသးတာျဖစ္တယ္လို႔ သုံးသပ္ေနၾကၿပီး အဂၤလန္သားအေနနဲ႔ ဘယ္အတြင္းလူနဲ႔ ဘယ္အစြန္လူေနရာေတြမွာ ကစားႏိုင္တယ္လို႔ သိရ။

– ညာေနာက္ခံလူ ထရင့္ အလက္ဇန္းဒါး-အာႏိုးလ္ဒ္ကို ပစ္မွတ္ထားၿပီး ကစားရမယ္လို႔ ပြဲႀကိဳမွာ ေလႀကီးမိုးႀကီးနဲ႔ ႀကဳံးဝါသြားခဲ့တဲ့ RB လိုက္ပ္ဇစ္ ေနာက္ခံလူ အန္ဟဲလီညိဳအေနနဲ႔ ခ်န္ပီယံလိဂ္ ၁၆ သင္း ရႈံးထြက္အဆင့္ ဒုတိယအေက်ာ့ပြဲစဥ္ကို လြဲေခ်ာ္ေတာ့မယ္ဆိုတဲ့ အတြက္ ေက်ာနံပါတ္ ၆၆ ပိုင္ရွင္ကေတာ့ ရယ္ေနေတာ့မယ္လို႔ လီဗာပူးလ္ပရိသတ္ေတြ ဆိုေနၾက။

– စေကာ့တလန္ကလပ္ ရိန္းဂ်ားစ္အသင္းနဲ႔အတူ အမွတ္ေပးခ်န္ပီယံဆုကို ကစားသမားဘဝအလြန္မွာ ရယူႏိုင္ခဲ့ၿပီျဖစ္တဲ့ အသင္းေခါင္းေဆာင္ေဟာင္း စတီဗင္ ဂ်ရတ္က လီဗာပူးလ္ပရိသတ္ေတြအေနနဲ႔ မိမိကို နည္းျပအျဖစ္ အလိုရွိမွာ မဟုတ္ေၾကာင္းနဲ႔ သူတို႔အေနနဲ႔ ယာဂန္ ကေလာ့ပ္ကို ယုံၾကည္ေနတာဟာ အေကာင္းဆုံးျဖစ္သလို မိမိအေနနဲ႔ ဒါကို ေထာက္ခံေၾကာင္းေျပာၾကား။

– စပိန္ကလပ္အသင္းေတြရဲ႕ လက္ရွိ ဘဏၰာေရးအေျခအေနကို သူ႔အေနနဲ႔ အသိဆုံးျဖစ္ၿပီး မိုဟာမက္ ဆာလားကို လီဗာပူးလ္ကေန ေခၚယူႏိုင္ေလာက္ေအာင္ ေငြေၾကးမေတာင့္တင္းဘူးလို႔ လာလီဂါဥကၠဌ ဟားဗီးယား တီဘက္စ္က ေျပာၾကားလိုက္ၿပီး အီဂ်စ္သားအေနနဲ႔ အန္းဖီးလ္က ထြက္ခြာမယ္ဆိုရင္ ပီအက္စ္ဂ်ီနဲ႔ ဘိုင္ယန္ႏွစ္သင္းပဲ ျဖစ္ႏိုင္လိမ့္မယ္လို႔ ခန႔္မွန္းေနၾက။

– RB လိုက္ပ္ဇစ္နဲ႔ပြဲအတြက္ လီဗာပူးလ္အသင္းအေနနဲ႔ ဖာဘင္ညိဳနဲ႔ ကာဘက္ခ္တို႔ကို ခံစစ္မွာ တြဲဖက္ေပးလာဖို႔ ရွိေနၿပီး အလက္ဇန္းဒါး-အာႏိုးလ္ဒ္ ျပန္လည္ပါဝင္ပြဲထြက္ဖို႔ ရွိေနသလို ကြင္းလယ္မွာ သီယာဂိုနဲ႔ ကားတစ္ဂ်ဳံးစ္၊ တိုက္စစ္မွာ ဆာလားနဲ႔ မာေနးတို႔ကို ဂ်ိဳတာနဲ႔ တြဲဖက္ေပးသြားဖြယ္ရွိေန။

– လီဗာပူးလ္အသင္းမွာ ျပင္းထန္တဲ့ ကန္ခ်က္ေတြနဲ႔ နာမည္ေက်ာ္ခဲ့တဲ့ ေနာ္ေဝလက္ေ႐ြးစင္ေနာက္ခံလူေဟာင္း ဂြၽန္အာနီ ရီဆားက သူ႔ရဲ႕အသင္းေဟာင္းအေနနဲ႔ ႏိုင္ငံတူ အာလင္း ဟားလန္းသာ အန္းဖီးလ္ကို ေရာက္ခဲ့မယ္ဆိုရင္ အလြန္ေၾကာက္စရာေကာင္းတဲ့ တိုက္စစ္ကို ေတြ႕ျမင္ရလိမ့္မယ္လို႔ မွတ္ခ်က္ေပးသြားခဲ့။

– ဂ်ိဳအန္ လာေပၚတာ ဥကၠဌသစ္ျဖစ္လာတဲ့ ဘာစီလိုနာအသင္းအေနနဲ႔ လာမယ့္ေႏြရာသီမွာ လီဗာပူးလ္အသင္းကို ဒုကၡေပးဖြယ္ရွိေနၿပီး ကြင္းလယ္မွာ ႐ုန္းကန္ေနရတဲ့ သီယာဂို အယ္လ္ကန္တာရာနဲ႔ သူတို႔ရဲ႕ ပစ္မွတ္တစ္ခုျဖစ္တဲ့ ဝုလ္ဗ္စ္ေတာင္ပံကစားသမား အဒါမာ ထရာအိုေရးတို႔ကို သူကတိေပးထားခဲ့တဲ့ လာမာစီယာလူငယ္ေတြ ျပန္လည္သိမ္းဆည္းေရးလုပ္ငန္းစဥ္အရ ေခၚယူသြားဖို႔ရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.