Premier League Transfer News

အာဆင်နယ်မှာ လာမယ့်နွေကျရင် မီခယ်လ်သုံးယောက်ဖြစ်လာမှာလား

အာဆင်နယ်အသင်းအနေနဲ့ လာမယ့်နွေရာသီ အပြောင်းအရွှေ့ဈေးကွက်မှာ ခပ်သွက်သွက် လှုပ်ရှားဖို့ ပြင်ဆင်နေပြီး အသင်းကွင်းလယ်နဲ့ တိုက်စစ်ပိုင်းကို အဓိက ပြင်ဆင်ဖို့ ရှိနေသလို စပိန်ကလပ် ရီးရဲလ်ဆိုစီဒက်အသင်းက ကစားသမား ၂ ဦးကို ပေါင်သန်း ၁၀၀ ကျော်အထိ သုံးစွဲပြီး ခေါ်ယူဖို့ စီစဉ်နေပါတယ်။

အာဆင်နယ်အသင်းရဲ့ အားကစားဒါရိုက်တာ အီဒူးက ဆိုစီဒက်ကြယ်ပွင့် တောင်ပံတိုက်စစ်မှုး မီခယ်လ် အိုယာဇာဘယ်လ်နဲ့ သူ့ရဲ့အသင်းဖော် ဆိုစီဒက်ကွင်းလယ်လူ မီခယ်လ် မာရီနိုတို့ကို ခေါ်ယူပေးဖို့ နည်းပြ မီခယ်လ် အာတီတာရဲ့ ဖိအားပေးတောင်းဆိုမှုကို လက်ခံရရှိထားကြောင်း သိရပါတယ်။

အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီက သောမတ်စ် ပါတေးကို ပေါင် ၄၅ သန်း အကုန်ကျခံပြီး ဝယ်ယူခဲ့ပေမယ့် လက်ရှိမှာတော့ သူ့ရဲ့ခြေစွမ်းက ကြံ့ခိုင်မှုကြောင့် သာမန်အနေအထားမှာပဲ ရှိသေးသလို ရီးရဲလ်မက်ဒရစ်နေ ခေါ်ယူထားတဲ့ ကစားသမားတွေကလည်း အပြည့်အဝ အားမကိုးလောက်သေးတဲ့ ပုံစံမှာ ရှိနေပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ကာလက အာဆင်နယ်အသင်းဟာ အိုဇေးလ်နဲ့ မူစတာဖီတို့ကို ရောင်းထုတ်ခဲ့သလို ကိုလာစီနက်ချ်ကိုလည်း အငှားချပြီးပြီး အသင်းရဲ့ လစာပေးချေမှုဝိတ်ကို လျှော့ချနိုင်ခဲ့လို့ အခုလို ကစားသမားအသစ်နှစ်ဦးကို တပြိုင်နက်တည်း ဝယ်ယူဖို့ ဆုံးဖြတ်လာတာဖြစ်ပါတယ်။

အီဒူးအနေဲ့ ကစားသမားနှစ်ဦးစလုံးရဲ့ အေးဂျင့်တွေနဲ့ ဆက်သွယ်ပြီး စကားပြောဆိုမှုတွေ ပြုလုပ်နေပါတယ်။ ဒီနှစ်ဦးထဲက မာရီနိုကတော့ ပရီးမီးယားလိဂ် အတွေ့အကြုံရှိထားပြီး နယူးကာဆယ်အသင်းရဲ့ ကွင်းလယ်ကစားသမားတစ်ဦးအဖြစ် ဒေါ့မွန်ကနေ အငှားနဲ့ ခေါ်ယူအပြီးမှာ ပရီးမီးယားလိဂ်မှာ ၂၄ ပွဲ ကစားခဲ့ဖူးသူလည်းဖြစ်ပါတယ်။

စပိန်တိုက်စစ်မှူး အိုယာဇာဘယ်လ်ဟာ အသက် ၂၃ နှစ်အရွယ်သာရှိသေးပြီး လက်ရှိ ဆိုစီဒက်အသင်းမှာ တောက်ပနေတဲ့ သူ့ရဲ့ခြေစွမ်းနဲ့ ဂိုးသွင်းအားကြောင့် လာမယ့် ၂၀၂၀ ယူရိုပြိုင်ပွဲမှာ စပိန်လက်ရွေးစင်အဖြစ် ရွေးချယ်ခံရဖို့ အလားအလာကောင်းနေပါတယ်။

လာမယ့်ရာသီမှာ အမှားများနေတဲ့ ကွင်းလယ်လူ ဂရာနစ် ချာကာနေရာမှာ အစားထိုးနိုင်ဖို့ အသက် ၂၄ နှစ်အရွယ် စပိန်သား ဘယ်သန်ကွင်းလယ်လူ မာရီနိုရဲ့ စာချုပ်သက်တမ်းက ၂၀၂၅ မှာ ကုန်ဆုံးမှာဖြစ်ပြီး စာချုပ်ဖျက်သိမ်းကြေးက ပေါင် ၅၁ သန်းလို့ သိရတာကြောင့် အာတီတာအနေနဲ့ သူမွေးဖွားရာ ဆန်ဆီဘက်ရှန်မြို့ခံအသင်းက ကစားသမားတွေကို စုဆောင်းပြီး မီခယ်လ်သုံးယောက်ဖြစ်လာနိုင်မလား စောင့်ကြည့်ရဖို့ ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းအေနနဲ႔ လာမယ့္ေႏြရာသီ အေျပာင္းအေ႐ႊ႕ေဈးကြက္မွာ ခပ္သြက္သြက္ လႈပ္ရွားဖို႔ ျပင္ဆင္ေနၿပီး အသင္းကြင္းလယ္နဲ႔ တိုက္စစ္ပိုင္းကို အဓိက ျပင္ဆင္ဖို႔ ရွိေနသလို စပိန္ကလပ္ ရီးရဲလ္ဆိုစီဒက္အသင္းက ကစားသမား ၂ ဦးကို ေပါင္သန္း ၁၀၀ ေက်ာ္အထိ သုံးစြဲၿပီး ေခၚယူဖို႔ စီစဥ္ေနပါတယ္။

အာဆင္နယ္အသင္းရဲ႕ အားကစားဒါ႐ိုက္တာ အီဒူးက ဆိုစီဒက္ၾကယ္ပြင့္ ေတာင္ပံတိုက္စစ္မႈး မီခယ္လ္ အိုယာဇာဘယ္လ္နဲ႔ သူ႔ရဲ႕အသင္းေဖာ္ ဆိုစီဒက္ကြင္းလယ္လူ မီခယ္လ္ မာရီႏိုတို႔ကို ေခၚယူေပးဖို႔ နည္းျပ မီခယ္လ္ အာတီတာရဲ႕ ဖိအားေပးေတာင္းဆိုမႈကို လက္ခံရရွိထားေၾကာင္း သိရပါတယ္။

အာဆင္နယ္အသင္းဟာ ၿပီးခဲ့တဲ့ေႏြရာသီက ေသာမတ္စ္ ပါေတးကို ေပါင္ ၄၅ သန္း အကုန္က်ခံၿပီး ဝယ္ယူခဲ့ေပမယ့္ လက္ရွိမွာေတာ့ သူ႔ရဲ႕ေျခစြမ္းက ႀကံ့ခိုင္မႈေၾကာင့္ သာမန္အေနအထားမွာပဲ ရွိေသးသလို ရီးရဲလ္မက္ဒရစ္ေန ေခၚယူထားတဲ့ ကစားသမားေတြကလည္း အျပည့္အဝ အားမကိုးေလာက္ေသးတဲ့ ပုံစံမွာ ရွိေနပါတယ္။

ၿပီးခဲ့တဲ့ ဇန္နဝါရီ အေျပာင္းအေ႐ႊ႕ကာလက အာဆင္နယ္အသင္းဟာ အိုေဇးလ္နဲ႔ မူစတာဖီတို႔ကို ေရာင္းထုတ္ခဲ့သလို ကိုလာစီနက္ခ်္ကိုလည္း အငွားခ်ၿပီးၿပီး အသင္းရဲ႕ လစာေပးေခ်မႈဝိတ္ကို ေလွ်ာ့ခ်ႏိုင္ခဲ့လို႔ အခုလို ကစားသမားအသစ္ႏွစ္ဦးကို တၿပိဳင္နက္တည္း ဝယ္ယူဖို႔ ဆုံးျဖတ္လာတာျဖစ္ပါတယ္။

အီဒူးအေနဲ႔ ကစားသမားႏွစ္ဦးစလုံးရဲ႕ ေအးဂ်င့္ေတြနဲ႔ ဆက္သြယ္ၿပီး စကားေျပာဆိုမႈေတြ ျပဳလုပ္ေနပါတယ္။ ဒီႏွစ္ဦးထဲက မာရီႏိုကေတာ့ ပရီးမီးယားလိဂ္ အေတြ႕အႀကဳံရွိထားၿပီး နယူးကာဆယ္အသင္းရဲ႕ ကြင္းလယ္ကစားသမားတစ္ဦးအျဖစ္ ေဒါ့မြန္ကေန အငွားနဲ႔ ေခၚယူအၿပီးမွာ ပရီးမီးယားလိဂ္မွာ ၂၄ ပြဲ ကစားခဲ့ဖူးသူလည္းျဖစ္ပါတယ္။

စပိန္တိုက္စစ္မႉး အိုယာဇာဘယ္လ္ဟာ အသက္ ၂၃ ႏွစ္အ႐ြယ္သာရွိေသးၿပီး လက္ရွိ ဆိုစီဒက္အသင္းမွာ ေတာက္ပေနတဲ့ သူ႔ရဲ႕ေျခစြမ္းနဲ႔ ဂိုးသြင္းအားေၾကာင့္ လာမယ့္ ၂၀၂၀ ယူ႐ိုၿပိဳင္ပြဲမွာ စပိန္လက္ေ႐ြးစင္အျဖစ္ ေ႐ြးခ်ယ္ခံရဖို႔ အလားအလာေကာင္းေနပါတယ္။

လာမယ့္ရာသီမွာ အမွားမ်ားေနတဲ့ ကြင္းလယ္လူ ဂရာနစ္ ခ်ာကာေနရာမွာ အစားထိုးႏိုင္ဖို႔ အသက္ ၂၄ ႏွစ္အ႐ြယ္ စပိန္သား ဘယ္သန္ကြင္းလယ္လူ မာရီႏိုရဲ႕ စာခ်ဳပ္သက္တမ္းက ၂၀၂၅ မွာ ကုန္ဆုံးမွာျဖစ္ၿပီး စာခ်ဳပ္ဖ်က္သိမ္းေၾကးက ေပါင္ ၅၁ သန္းလို႔ သိရတာေၾကာင့္ အာတီတာအေနနဲ႔ သူေမြးဖြားရာ ဆန္ဆီဘက္ရွန္ၿမိဳ႕ခံအသင္းက ကစားသမားေတြကို စုေဆာင္းၿပီး မီခယ္လ္သုံးေယာက္ျဖစ္လာႏိုင္မလား ေစာင့္ၾကည့္ရဖို႔ ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.