Premier League Transfer News

10 Mar နေ့လယ်ခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု

– ချဲလ်ဆီးအသင်းနည်းပြ သောမတ်စ် တူဟယ်လ်က အသင်းက ကစားသမားတွေဦးဖြစ်ကြတဲ့ ခရစ္စတီယန် ပူလီရှစ်ချ်၊ တမ်မီ အေဘရာဟမ်နဲ့ အီမာဆန် ပယ်လ်မီယာရီတို့ နှစ်ဦးကို ပြီးခဲ့တဲ့ ပွဲတွေမှာ ချန်လှပ်ထားခဲ့ရတဲ့ ဆုံးဖြတ်ချက်အတွက် စိတ်မကောင်းဖြစ်ရကြောင်းနဲ့ လာမယ့်ပွဲတွေမှာ ကစားခွင့်ရရှိဖို့ ဖန်တီးပေးသွားဖို့ ကြိုးစားနေကြောင်းဆို။

– ပြီးခဲ့တဲ့ပွဲမှာ ကွင်းလယ်နဲ့ အထောင်တိုက်စစ်မှာ လွတ်လွတ်လပ်လပ် ကစားခွင့်ရခဲ့ပြီး သွင်းဂိုးမရခဲ့ပေမယ့် တစ်ဖက်ကို Own Goal သွင်းမိအောင်နဲ့ ပင်နယ်တီပေးရအောင် လုပ်ဆောင်နိုင်ခဲ့တဲ့ ခိုင် ဟာဗတ်ဇ်အတွက် နည်းပြ တူဟယ်လ်အနေနဲ့ အဖြေရှာတွေ့ခဲ့ပြီလို့ ပရိသတ်တွေက ယူဆနေပြီး လာမယ့်ပွဲတွေမှာလည်း အထောင်တိုက်စစ်မှာပဲ တွေ့မြင်ရဖွယ်ရှိနေ။

– လာမယ့်နွေရာသီမှာ ခေါ်ယူဖို့ နည်းပြ တူဟယ်လ်က စိတ်ဝင်စားနေပေမယ့်လည်း လက်တွေ့မကျတဲ့ ဘိုင်ယန်မြူးနစ်နောက်ခံလူ နစ်ကလတ်စ် ဆူးလားအစား အက်သလက်တီကို မက်ဒရစ်အသင်းမှာ အစမ်းသပ်ခံပြီး မာကျောကျစ်လျစ်တဲ့ ဥရုဂွေးနောက်ခံလူ ဟိုဆေး ဟီမီနက်ဇ်ကိုပဲ ခေါ်ယူသွားဖို့ ချဲလ်ဆီးတို့ စောင့်ကြည့်နေ။

– ချဲလ်ဆီးအသင်းအနေနဲ့ အဲဗာတန်ကို ဂိုးသွင်းယူနိုင်ခဲ့အပြီးမှာ နောက်ခံလူ ကတ်ဇူးမားကို ကွင်းဘေးစည်းဆီ ခေါ်ယူပြီး ညွှန်ကြားခဲ့တဲ့ ဝါရင့်နောက်ခံလူ သီယာဂို ဆေးလ်ဗားရဲ့ ပုံစံကို ပရိသတ်တွေက သဘောကျနေပြီး စာချုပ်တစ်နှစ် သက်တမ်းတိုးဖို့ နီးစပ်နေတဲ့ ဘရာဇီးလ်သားကို ဒါမျိုးကမှ တကယ့်အသင်းခေါင်းဆောင်လို့ ချီးကျူးနေကြ။

– ပြီးခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာ ပေါ်တိုအသင်း နောက်တစ်ဆင့်တက်နိုင်အောင် ပြိုင်ဘက် ဂျူဗင်တပ်စ် တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ထိန်းချုပ်သွားခဲ့တဲ့ နောက်ခံလူ မာလန်း ဆားရ်ရဲ့ စွမ်းဆောင်ရည်ကို အငှားချထားခဲ့တဲ့ ချဲလ်ဆီးအသင်းရဲ့ တာဝန်ရှိသူတွေက သဘောကျနေ။

– အက်စ်တန်ဗီလာအသင်းရဲ့ ဘရာဇီးလ်တိုက်စစ်မှူး ဝက်စ်လီ မိုရေးစ်အနေနဲ့ တစ်နှစ်ကျော်အနားယူခဲ့ရတဲ့ ဒူးဒဏ်ရာကနေ ပြန်လည် သက်သာကောင်းမွန်လာခဲ့ပြီဖြစ်တာကြောင့် သူတို့ရဲ့ တမ်မီ အေဘရာဟမ်အပေါ် စိတ်ဝင်စားမှုက လျော့ကျသွားခဲ့ပြီး နွေရာသီမှာ ဝက်စ်ဟမ်းအသင်းနဲ့သာ ပိုမိုနီးစပ်နိုင်ဖို့ရှိနေ။

– ချဲလ်ဆီးအသင်းရဲ့ ကစားပုံဟာ ဒီထက် တိုးတက်လာဖို့ လိုအပ်နေသေးကြောင်းနဲ့ တိုက်စစ်ပိုင်းမှာ ပေးပို့မှုတွေ ပိုလုပ်ပြီး ဂိုးတွေ ဒီထက် များများသွင်းယူနိုင်ဖို့လည်း အရေးကြီးကြောင်း ဘောလုံးကျွမ်းကျင်သူ ပေါလ် မာဆန်က ထောက်ပြသွားခဲ့ပြီး ဟာဗတ်ဇ်နဲ့ မေဆန်မောင့်တို့ကို ရွေးချယ်ဖို့လည်း ခေါင်းစားရနိုင်ကြောင်း သတိပေးသွား။

– လာမယ့်နွေရာသီမှာ အသင်းရဲ့ ကွင်းလယ်ကို အားဖြည့်သွားဖို့ ပရီးမီးယားလိဂ်အသင်းကြီးတွေရဲ့ အစောင့်ကြည့်ခံ ကစားသမားတစ်ဦးဖြစ်တဲ့ အေစီမီလန်ရဲ့ ဖရန့်ခ် ကက်ဆီယေးကို ခေါ်ယူသွားဖို့ ချဲလ်ဆီးအပြောင်းအရွှေ့တာဝန်ခံ မာရီယာ ဂရာနော့ဗ်စကားယာက စောင့်ကြည့်နေပြီး တစ်ဖက်အသင်းက အလိုရှိနေတဲ့ ဖီကာယို တိုမိုရီနဲ့ အလဲအထပ်ဖြစ်ပေါ်လာနိုင်။

– ဒေါ့မွန်မှာ လက်တွဲခဲ့ဖူးတဲ့ နည်းပြဟောင်း တူဟယ်လ်နဲ့ ပြန်လည်ပူးပေါင်းမိကာမှ ပွဲကစားခွင့် ပျောက်ဆုံးသွားခဲ့တဲ့ အမေရိကန် လက်ရွေးစင် ပူလီရှစ်ချ်အနေနဲ့ လာမယ့်ရာသီမှာ စတမ်းဖို့်ဘရစ်ချ်က ထွက်ခွာဖွယ်ရှိလာခဲ့ပြီး မန်ချက်စတာယူနိုက်တက်နဲ့ လီဗာပူးလ် အသင်းတွေက စောင့်ကြည့်နေ။

– ချဲလ်ဆီးအသင်းအနေနဲ့ အာဆင်နယ်အသင်းက စိတ်ဝင်စားနေတဲ့ မြန်နှုန်းမြင့်နောက်ခံလူ အက်ရှ်ရက်ဖ် ဟာကီမီကို အင်တာမီလန် အသင်းကနေ ခေါ်ယူနိုင်ဖို့ ကြိုးစားသွားမှာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်ဆီကို ပေးရမယ့် အရစ်ကျငွေကို မပေးနိုင်သေးတဲ့ အပြာအနက်ကျား အသင်းနေနဲ့ ဆက်လက်ထိန်းသိမ်းမထားနိုင်ဘဲ လက်လွှတ်ရဖွယ်ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ခ်ဲလ္ဆီးအသင္းနည္းျပ ေသာမတ္စ္ တူဟယ္လ္က အသင္းက ကစားသမားေတြဦးျဖစ္ၾကတဲ့ ခရစၥတီယန္ ပူလီရွစ္ခ်္၊ တမ္မီ ေအဘရာဟမ္နဲ႔ အီမာဆန္ ပယ္လ္မီယာရီတို႔ ႏွစ္ဦးကို ၿပီးခဲ့တဲ့ ပြဲေတြမွာ ခ်န္လွပ္ထားခဲ့ရတဲ့ ဆုံးျဖတ္ခ်က္အတြက္ စိတ္မေကာင္းျဖစ္ရေၾကာင္းနဲ႔ လာမယ့္ပြဲေတြမွာ ကစားခြင့္ရရွိဖို႔ ဖန္တီးေပးသြားဖို႔ ႀကိဳးစားေနေၾကာင္းဆို။

– ၿပီးခဲ့တဲ့ပြဲမွာ ကြင္းလယ္နဲ႔ အေထာင္တိုက္စစ္မွာ လြတ္လြတ္လပ္လပ္ ကစားခြင့္ရခဲ့ၿပီး သြင္းဂိုးမရခဲ့ေပမယ့္ တစ္ဖက္ကို Own Goal သြင္းမိေအာင္နဲ႔ ပင္နယ္တီေပးရေအာင္ လုပ္ေဆာင္ႏိုင္ခဲ့တဲ့ ခိုင္ ဟာဗတ္ဇ္အတြက္ နည္းျပ တူဟယ္လ္အေနနဲ႔ အေျဖရွာေတြ႕ခဲ့ၿပီလို႔ ပရိသတ္ေတြက ယူဆေနၿပီး လာမယ့္ပြဲေတြမွာလည္း အေထာင္တိုက္စစ္မွာပဲ ေတြ႕ျမင္ရဖြယ္ရွိေန။

– လာမယ့္ေႏြရာသီမွာ ေခၚယူဖို႔ နည္းျပ တူဟယ္လ္က စိတ္ဝင္စားေနေပမယ့္လည္း လက္ေတြ႕မက်တဲ့ ဘိုင္ယန္ျမဴးနစ္ေနာက္ခံလူ နစ္ကလတ္စ္ ဆူးလားအစား အက္သလက္တီကို မက္ဒရစ္အသင္းမွာ အစမ္းသပ္ခံၿပီး မာေက်ာက်စ္လ်စ္တဲ့ ဥ႐ုေဂြးေနာက္ခံလူ ဟိုေဆး ဟီမီနက္ဇ္ကိုပဲ ေခၚယူသြားဖို႔ ခ်ဲလ္ဆီးတို႔ ေစာင့္ၾကည့္ေန။

– ခ်ဲလ္ဆီးအသင္းအေနနဲ႔ အဲဗာတန္ကို ဂိုးသြင္းယူႏိုင္ခဲ့အၿပီးမွာ ေနာက္ခံလူ ကတ္ဇူးမားကို ကြင္းေဘးစည္းဆီ ေခၚယူၿပီး ၫႊန္ၾကားခဲ့တဲ့ ဝါရင့္ေနာက္ခံလူ သီယာဂို ေဆးလ္ဗားရဲ႕ ပုံစံကို ပရိသတ္ေတြက သေဘာက်ေနၿပီး စာခ်ဳပ္တစ္ႏွစ္ သက္တမ္းတိုးဖို႔ နီးစပ္ေနတဲ့ ဘရာဇီးလ္သားကို ဒါမ်ိဳးကမွ တကယ့္အသင္းေခါင္းေဆာင္လို႔ ခ်ီးက်ဴးေနၾက။

– ၿပီးခဲ့တဲ့ ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ ရႈံးထြက္ပြဲစဥ္မွာ ေပၚတိုအသင္း ေနာက္တစ္ဆင့္တက္ႏိုင္ေအာင္ ၿပိဳင္ဘက္ ဂ်ဴဗင္တပ္စ္ တိုက္စစ္မႉး ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကို ထိန္းခ်ဳပ္သြားခဲ့တဲ့ ေနာက္ခံလူ မာလန္း ဆားရ္ရဲ႕ စြမ္းေဆာင္ရည္ကို အငွားခ်ထားခဲ့တဲ့ ခ်ဲလ္ဆီးအသင္းရဲ႕ တာဝန္ရွိသူေတြက သေဘာက်ေန။

– အက္စ္တန္ဗီလာအသင္းရဲ႕ ဘရာဇီးလ္တိုက္စစ္မႉး ဝက္စ္လီ မိုေရးစ္အေနနဲ႔ တစ္ႏွစ္ေက်ာ္အနားယူခဲ့ရတဲ့ ဒူးဒဏ္ရာကေန ျပန္လည္ သက္သာေကာင္းမြန္လာခဲ့ၿပီျဖစ္တာေၾကာင့္ သူတို႔ရဲ႕ တမ္မီ ေအဘရာဟမ္အေပၚ စိတ္ဝင္စားမႈက ေလ်ာ့က်သြားခဲ့ၿပီး ေႏြရာသီမွာ ဝက္စ္ဟမ္းအသင္းနဲ႔သာ ပိုမိုနီးစပ္ႏိုင္ဖို႔ရွိေန။

– ခ်ဲလ္ဆီးအသင္းရဲ႕ ကစားပုံဟာ ဒီထက္ တိုးတက္လာဖို႔ လိုအပ္ေနေသးေၾကာင္းနဲ႔ တိုက္စစ္ပိုင္းမွာ ေပးပို႔မႈေတြ ပိုလုပ္ၿပီး ဂိုးေတြ ဒီထက္ မ်ားမ်ားသြင္းယူႏိုင္ဖို႔လည္း အေရးႀကီးေၾကာင္း ေဘာလုံးကြၽမ္းက်င္သူ ေပါလ္ မာဆန္က ေထာက္ျပသြားခဲ့ၿပီး ဟာဗတ္ဇ္နဲ႔ ေမဆန္ေမာင့္တို႔ကို ေ႐ြးခ်ယ္ဖို႔လည္း ေခါင္းစားရႏိုင္ေၾကာင္း သတိေပးသြား။

– လာမယ့္ေႏြရာသီမွာ အသင္းရဲ႕ ကြင္းလယ္ကို အားျဖည့္သြားဖို႔ ပရီးမီးယားလိဂ္အသင္းႀကီးေတြရဲ႕ အေစာင့္ၾကည့္ခံ ကစားသမားတစ္ဦးျဖစ္တဲ့ ေအစီမီလန္ရဲ႕ ဖရန႔္ခ္ ကက္ဆီေယးကို ေခၚယူသြားဖို႔ ခ်ဲလ္ဆီးအေျပာင္းအေ႐ႊ႕တာဝန္ခံ မာရီယာ ဂရာေနာ့ဗ္စကားယာက ေစာင့္ၾကည့္ေနၿပီး တစ္ဖက္အသင္းက အလိုရွိေနတဲ့ ဖီကာယို တိုမိုရီနဲ႔ အလဲအထပ္ျဖစ္ေပၚလာႏိုင္။

– ေဒါ့မြန္မွာ လက္တြဲခဲ့ဖူးတဲ့ နည္းျပေဟာင္း တူဟယ္လ္နဲ႔ ျပန္လည္ပူးေပါင္းမိကာမွ ပြဲကစားခြင့္ ေပ်ာက္ဆုံးသြားခဲ့တဲ့ အေမရိကန္ လက္ေ႐ြးစင္ ပူလီရွစ္ခ်္အေနနဲ႔ လာမယ့္ရာသီမွာ စတမ္းဖို႔္ဘရစ္ခ်္က ထြက္ခြာဖြယ္ရွိလာခဲ့ၿပီး မန္ခ်က္စတာယူႏိုက္တက္နဲ႔ လီဗာပူးလ္ အသင္းေတြက ေစာင့္ၾကည့္ေန။

– ခ်ဲလ္ဆီးအသင္းအေနနဲ႔ အာဆင္နယ္အသင္းက စိတ္ဝင္စားေနတဲ့ ျမန္ႏႈန္းျမင့္ေနာက္ခံလူ အက္ရွ္ရက္ဖ္ ဟာကီမီကို အင္တာမီလန္ အသင္းကေန ေခၚယူႏိုင္ဖို႔ ႀကိဳးစားသြားမွာျဖစ္ၿပီး ရီးရဲလ္မက္ဒရစ္ဆီကို ေပးရမယ့္ အရစ္က်ေငြကို မေပးႏိုင္ေသးတဲ့ အျပာအနက္က်ား အသင္းေနနဲ႔ ဆက္လက္ထိန္းသိမ္းမထားႏိုင္ဘဲ လက္လႊတ္ရဖြယ္ရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.