Premier League Transfer News

10 Mar နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

– မန်ချက်စတာယူနိုက်တက်အသင်းကနေ ထွက်ခွာတော့မယ်လို့ သတင်းတွေ ထွက်နေခဲ့တဲ့ တိုက်စစ်မှူး အက်ဒင်ဆန် ကာဗာနီက ကောလဟာလတွေကို ဒီအင်္ကျီကို ဝတ်ရတာ ဂုဏ်ယူတယ် Proud to wear this shirt လို့ အင်စတာဂရမ်အကောင့်ကနေ တုံ့ပြန်သွားခဲ့။

– ဘရူနို ဖာနန်ဒက်စ်ရဲ့နေရာမှာ ပါဝင်ကစားပြီး ပေါ်တူဂီသားရဲ့ ပွဲပန်းမှုတွေကို လျှော့ချပေးနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ခေါ်ယူထားခဲ့ပေမယ့် အောင်မြင်မှုမရခဲ့တဲ့ ဒွန်နီ ဗန်ဒဘိခ်ထက် ပိုမိုအဆင်ပြေပြီး အံဝင်မယ့်သူကို မန်ချက်စတာယူနိုက်တက်အနေနဲ့ အစကတည်းက ပိုင်ဆိုင်ထားတယ်လို့ စောင့်ကြည့်သူတချို့က ဆိုခဲ့ကြပြီး ဝက်စ်ဟမ်းနဲ့ ခြေစွမ်းပြနေတဲ့ ဂျက်ဆီ လင်ဂတ်ကို ပြန်စဉ်းစားဖို့ဆိုနေကြ။

– မန်ချက်စတာယူနိုက်တက်အသင်းကနေ အေစီမီလန်အသင်းကို အငှားချထားခဲ့တဲ့ ခံစစ်တောင်ပံကစားသမား ဒီယိုဂို ဒါလော့အတွက် နောက်ထပ်တစ်ရာသီအငှားချသွားနိုင်ခွင့်ကို ရှာဖွေနေပြီး ဆန်စီရိုမှာ ပျော်နေတယ်လို့ ပြောခဲ့တဲ့ ပေါ်တူဂီသားအနေနဲ့လည်း ခြေစွမ်းကို ပိုမိုတိုးတက်လာအောင် ကြိုးစားရဖို့ရှိနေ။

– အသင်းက စိတ်ဝင်စားနေတဲ့ ဖီအိုရင်တီးနားနောက်ခံလူ နီကိုလာ မီလင်ကိုဗစ်ချ်က သူ့အနေနဲ့ ကစားသမားဘဝမှာ နီမန်ဂျာ ဗီဒစ်ချ်ကို အတုယူအားကျပြီး ကြီးပြင်းလာရတာဖြစ်တဲ့အတွက် သူ့ရဲ့ ဟီးရိုးကစားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းမှာ ကစားချင်ကြောင်း ပြောကြားသွား။

– ကွင်းလယ်ကြယ်ပွင့် ဘရူနို ဖာနန်ဒက်စ်အနေနဲ့ အသင်းဘက်က ကမ်းလှမ်းခဲ့တဲ့ တစ်ပတ်ကို ပေါင်နှစ်သိန်းတန် ငါးနှစ်စာချုပ်သစ်ကို သဘောတူညီလိုခြင်း မရှိဘဲဖြစ်နေပြီး အသင်းရဲ့ ရည်မှန်းချက်နဲ့ နွေရာသီမှာ ကြီးကြီးမားမား ငွေသုံးဖို့ မရှိဘူးလို့ ပြောထားခဲ့တဲ့ နည်းပြ ဆိုးလ်ရှားရဲ့ စကားကို သံသယဖြစ်နေ။

– ဘာစီလိုနာဘီအသင်းကနေ အသင်းကြီးမှာ ကြိုကြားကြိုကြား ကစားခွင့်ရလာတဲ့ အသက် ၁၉ နှစ်အရွယ် ပေါ့ဘာလက်သစ်လို့ အမည်ရနေတဲ့ ကွင်းလယ်လူ အယ်လေ့စ် မိုရီဘာကို ခေါ်ယူဖို့ ချဲလ်ဆီးအသင်းက စတင်ချဉ်းကပ်ဆွေးနွေးနေပြီဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အနေနဲ့ အမြန်ဆုံးပြိုင်ဆိုင်သွားရဖို့ရှိနေ။

– မန်ချက်စတာယူနိုက်တက်တာဝန်ရှိသူတွေအနေနဲ့ အသင်းကနေ နွေရာသီမှာ ရောင်းချဖို့ စဉ်းစားနေတဲ့ ဂိုးသမား ဒေးဗစ် ဒဟေးယား နေရာအတွက် ပြန်လည်အစားထိုးမှုပြုလုပ်ဖို့ လူသစ်တွေ ရှာဖွေနေရာမှာ အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ ယန် အော့ဘလက်ခ်ကို ဦးစားပေးအဖြစ် စဉ်းစားနေ။

– အသင်းရဲ့ နွေရာသီ ခံစစ်ပစ်မှတ်တွေထဲက တစ်ခုဖြစ်တဲ့ ဆီဗီလာနောက်ခံလူ ဂျူးလ် ကွန်ဒီအနေနဲ့ ပြီးခဲ့တဲ့ ဒေါ့မွန်နဲ့ ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်ပွဲစဉ်မှာ ဟားလန်း ဂိုးသွင်းယူနိုင်စေမယ့် အမှားကို ကျူးလွန်ခဲ့တဲ့အတွက် ယူနိုက်တက်တာဝန်ရှိသူတွေအနေနဲ့ အရည်အသွေးအတွက် စိုးရိမ်မှုရှိနေ။

– ယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်အနေနဲ့ အိမ်ခြေယာခြေမဲ့တွေနဲ့ ကလေးတွေရဲ့ ဆာလောင်မွတ်သိပ်မှုကို နှစ်သိမ့်နိုင်ဖို့ မန်ချက်စတာမြို့တစ်ဝိုက်မှာ ကားမောင်းထွက်ရင်း ငွေကြေးပေးကမ်း လှူဒါန်းလေ့ရှိတယ်လို့ သူ့ရဲ့ အစ်ကိုဖြစ်သူ ဒွိန်း မေနာ့ဒ်က ထုတ်ဖော်သွားခဲ့။

– မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားခေါ်ယူရေး တာဝန်ရှိသူတွေအနေနဲ့ အသင်းကနေ ထွက်ခွာမယ့် ဒေးဗစ် ဒဟေးယား နေရာအတွက် အစားထိုးဖို့ စောင့်ကြည့်စာရင်းအတွက် ကစားသမားသုံးဦးကို သတ်မှတ်ထားပြီး အက်သလက်တီကိုရဲ့ အော့ဘလက်ခ် အပါအဝင် လိုင်လီဂိုးသမား မိုက်ခ် မေညွန်နဲ့ အေစီမီလန်ကနေ အလွတ်နဲ့ ရရှိနိုင်တဲ့ ဂျန်လွီဂီ ဒွန်နာရမ်မာတို့ကို ထည့်သွင်းထား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– မန္ခ်က္စတာယူႏိုက္တက္အသင္းကေန ထြက္ခြာေတာ့မယ္လို႔ သတင္းေတြ ထြက္ေနခဲ့တဲ့ တိုက္စစ္မႉး အက္ဒင္ဆန္ ကာဗာနီက ေကာလဟာလေတြကို ဒီအက်ႌကို ဝတ္ရတာ ဂုဏ္ယူတယ္ Proud to wear this shirt လို႔ အင္စတာဂရမ္အေကာင့္ကေန တုံ႔ျပန္သြားခဲ့။

– ဘ႐ူႏို ဖာနန္ဒက္စ္ရဲ႕ေနရာမွာ ပါဝင္ကစားၿပီး ေပၚတူဂီသားရဲ႕ ပြဲပန္းမႈေတြကို ေလွ်ာ့ခ်ေပးႏိုင္ဖို႔ ရည္႐ြယ္ခ်က္နဲ႔ ေခၚယူထားခဲ့ေပမယ့္ ေအာင္ျမင္မႈမရခဲ့တဲ့ ဒြန္နီ ဗန္ဒဘိခ္ထက္ ပိုမိုအဆင္ေျပၿပီး အံဝင္မယ့္သူကို မန္ခ်က္စတာယူႏိုက္တက္အေနနဲ႔ အစကတည္းက ပိုင္ဆိုင္ထားတယ္လို႔ ေစာင့္ၾကည့္သူတခ်ိဳ႕က ဆိုခဲ့ၾကၿပီး ဝက္စ္ဟမ္းနဲ႔ ေျခစြမ္းျပေနတဲ့ ဂ်က္ဆီ လင္ဂတ္ကို ျပန္စဥ္းစားဖို႔ဆိုေနၾက။

– မန္ခ်က္စတာယူႏိုက္တက္အသင္းကေန ေအစီမီလန္အသင္းကို အငွားခ်ထားခဲ့တဲ့ ခံစစ္ေတာင္ပံကစားသမား ဒီယိုဂို ဒါေလာ့အတြက္ ေနာက္ထပ္တစ္ရာသီအငွားခ်သြားႏိုင္ခြင့္ကို ရွာေဖြေနၿပီး ဆန္စီ႐ိုမွာ ေပ်ာ္ေနတယ္လို႔ ေျပာခဲ့တဲ့ ေပၚတူဂီသားအေနနဲ႔လည္း ေျခစြမ္းကို ပိုမိုတိုးတက္လာေအာင္ ႀကိဳးစားရဖို႔ရွိေန။

– အသင္းက စိတ္ဝင္စားေနတဲ့ ဖီအိုရင္တီးနားေနာက္ခံလူ နီကိုလာ မီလင္ကိုဗစ္ခ်္က သူ႔အေနနဲ႔ ကစားသမားဘဝမွာ နီမန္ဂ်ာ ဗီဒစ္ခ်္ကို အတုယူအားက်ၿပီး ႀကီးျပင္းလာရတာျဖစ္တဲ့အတြက္ သူ႔ရဲ႕ ဟီး႐ိုးကစားခဲ့တဲ့ မန္ခ်က္စတာယူႏိုက္တက္အသင္းမွာ ကစားခ်င္ေၾကာင္း ေျပာၾကားသြား။

– ကြင္းလယ္ၾကယ္ပြင့္ ဘ႐ူႏို ဖာနန္ဒက္စ္အေနနဲ႔ အသင္းဘက္က ကမ္းလွမ္းခဲ့တဲ့ တစ္ပတ္ကို ေပါင္ႏွစ္သိန္းတန္ ငါးႏွစ္စာခ်ဳပ္သစ္ကို သေဘာတူညီလိုျခင္း မရွိဘဲျဖစ္ေနၿပီး အသင္းရဲ႕ ရည္မွန္းခ်က္နဲ႔ ေႏြရာသီမွာ ႀကီးႀကီးမားမား ေငြသုံးဖို႔ မရွိဘူးလို႔ ေျပာထားခဲ့တဲ့ နည္းျပ ဆိုးလ္ရွားရဲ႕ စကားကို သံသယျဖစ္ေန။

– ဘာစီလိုနာဘီအသင္းကေန အသင္းႀကီးမွာ ႀကိဳၾကားႀကိဳၾကား ကစားခြင့္ရလာတဲ့ အသက္ ၁၉ ႏွစ္အ႐ြယ္ ေပါ့ဘာလက္သစ္လို႔ အမည္ရေနတဲ့ ကြင္းလယ္လူ အယ္ေလ့စ္ မိုရီဘာကို ေခၚယူဖို႔ ခ်ဲလ္ဆီးအသင္းက စတင္ခ်ဥ္းကပ္ေဆြးေႏြးေနၿပီျဖစ္ၿပီး မန္ခ်က္စတာယူႏိုက္တက္အေနနဲ႔ အျမန္ဆုံးၿပိဳင္ဆိုင္သြားရဖို႔ရွိေန။

– မန္ခ်က္စတာယူႏိုက္တက္တာဝန္ရွိသူေတြအေနနဲ႔ အသင္းကေန ေႏြရာသီမွာ ေရာင္းခ်ဖို႔ စဥ္းစားေနတဲ့ ဂိုးသမား ေဒးဗစ္ ဒေဟးယား ေနရာအတြက္ ျပန္လည္အစားထိုးမႈျပဳလုပ္ဖို႔ လူသစ္ေတြ ရွာေဖြေနရာမွာ အက္သလက္တီကို မက္ဒရစ္အသင္းရဲ႕ ယန္ ေအာ့ဘလက္ခ္ကို ဦးစားေပးအျဖစ္ စဥ္းစားေန။

– အသင္းရဲ႕ ေႏြရာသီ ခံစစ္ပစ္မွတ္ေတြထဲက တစ္ခုျဖစ္တဲ့ ဆီဗီလာေနာက္ခံလူ ဂ်ဴးလ္ ကြန္ဒီအေနနဲ႔ ၿပီးခဲ့တဲ့ ေဒါ့မြန္နဲ႔ ခ်န္ပီယံလိဂ္ ၁၆ သင္း ရႈံးထြက္ပြဲစဥ္မွာ ဟားလန္း ဂိုးသြင္းယူႏိုင္ေစမယ့္ အမွားကို က်ဴးလြန္ခဲ့တဲ့အတြက္ ယူႏိုက္တက္တာဝန္ရွိသူေတြအေနနဲ႔ အရည္အေသြးအတြက္ စိုးရိမ္မႈရွိေန။

– ယူႏိုက္တက္အသင္းရဲ႕ တိုက္စစ္မႉး မားကပ္စ္ ရက္ရွ္ဖို႔ဒ္အေနနဲ႔ အိမ္ေျခယာေျခမဲ့ေတြနဲ႔ ကေလးေတြရဲ႕ ဆာေလာင္မြတ္သိပ္မႈကို ႏွစ္သိမ့္ႏိုင္ဖို႔ မန္ခ်က္စတာၿမိဳ႕တစ္ဝိုက္မွာ ကားေမာင္းထြက္ရင္း ေငြေၾကးေပးကမ္း လႉဒါန္းေလ့ရွိတယ္လို႔ သူ႔ရဲ႕ အစ္ကိုျဖစ္သူ ဒြိန္း ေမနာ့ဒ္က ထုတ္ေဖာ္သြားခဲ့။

– မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ကစားသမားေခၚယူေရး တာဝန္ရွိသူေတြအေနနဲ႔ အသင္းကေန ထြက္ခြာမယ့္ ေဒးဗစ္ ဒေဟးယား ေနရာအတြက္ အစားထိုးဖို႔ ေစာင့္ၾကည့္စာရင္းအတြက္ ကစားသမားသုံးဦးကို သတ္မွတ္ထားၿပီး အက္သလက္တီကိုရဲ႕ ေအာ့ဘလက္ခ္ အပါအဝင္ လိုင္လီဂိုးသမား မိုက္ခ္ ေမၫြန္နဲ႔ ေအစီမီလန္ကေန အလြတ္နဲ႔ ရရွိႏိုင္တဲ့ ဂ်န္လြီဂီ ဒြန္နာရမ္မာတို႔ကို ထည့္သြင္းထား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.