Premier League Transfer News

10 Mar နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းအနေနဲ့ လာမယ့်ရာသီမှာ ရီးရဲလ်မက်ဒရစ်ကစားသမားနှစ်ဦးကို အငှားခေါ်ယူထားရာကနေ ပြန်ပို့ဖို့ရှိနေပြီး ရီးရဲလ် ဆိုစီဒက်အသင်းက ကွင်းလယ်လူ မီခယ်လ် မယ်ရီနိုနဲ့ တိုက်စစ်မှူး မီခယ်လ် အိုယာဇာဘယ်လ်တို့ကို ခေါ်ယူဖို့ စိတ်ဝင်စား နေတာကြောင့် နည်းပြ မီခယ် အာတီတာနဲ့ဆို မီခယ်လ် သုံးဦးဖြစ်လာမလား စောင့်ကြည့်ရဖွယ်ရှိနေ။

– အသင်းနည်းပြဟောင်း အူနိုင်း အမ်မရီ ကိုင်တွယ်နေတဲ့ ဗီလာရီးရဲလ်အသင်းအနေနဲ့ သူတို့ရဲ့ နွေရာသီမှာ လက်လွှတ်ဆုံးရှုံးရဖွယ် ရှိနေတဲ့ နောက်ခံလူ ပေါ်တောရက်စ်ကို အစားထိုးနိုင်ဖို့ အာဆင်နယ်နောက်ခံလူ ပါဘလို မာရီကို ခေါ်ယူဖို့ စိတ်ဝင်စားနေ။

– အာဆင်နယ်အသင်းအနေနဲ့ ချဲလ်ဆီးအသင်းနဲ့အပြိုင် အင်တာမီလန်နောက်ခံလူ အက်ရှ်ရက်ဖ် ဟာကီမီကို ခေါ်ယူဖို့ ကြိုးစားသွားမှာဖြစ်ပြီး တောင်ပံတိုက်စစ်ရော ခံစစ်မှာပါ ကစားနိုင်တဲ့ မော်ရိုကိုသားအနေနဲ့ မှတ်တမ်းတွေအရ အူဘာမီယန်းထက်တောင် မြန်နှုန်းမြင့်ကြောင်းသိရ။

– အသင်းတာဝန်ရှိသူတွေအနေနဲ့ ရာသီကုန်မှာ နောက်ခံလူ ဒေးဗစ် လူးဝစ်ဇ်ကို စာချုပ်သစ်ကမ်းလှမ်းတော့မှာ မဟုတ်ဘူးလို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီး ကစားသမားနည်းပြအဖြစ် အာဆင်နယ်မှာ ဆက်ရှိနေမယ်ဆိုတဲ့ မူလသတင်းတွေကြားမှာ အံ့အားသင့်စရာဖြစ်လာ။

– ပေါင် ၁၅ သန်းနဲ့ ဈေးပေါပေါရမယ့် အသက် ၂၃ နှစ်အရွယ် ဆဲလ်တစ်တိုက်စစ်မှူး အော့ဒ်ဆွန်း အေဒူယာကို ခေါ်ယူမယ့်အစား နွေရာသီမှာ အသက် ၂၅ နှစ်ပြည့်မယ့် ပေါင်သန်း ၃၀ တန် ဘရန့်ဖို့ဒ်တိုက်စစ်မှူး အိုင်ဗန် တုန်နီကို ခေါ်ယူလိုနေတဲ့ အာဆင်နယ်ရဲ့ တာဝန်ရှိသူတွေကို ပရိသတ်တွေ နားမလည်နိုင်အောင်ဖြစ်နေကြ။

– လာမယ့်ကြာသပတေးနေ့ညမှာ တွေ့ဆုံမယ့် စပို့တင်းလစ္စဘွန်းအသင်းဖော်ဟောင်း ဆီးဒရစ်ဟာ မိမိကို ဘယ်လိုကစားရမယ်ဆိုတဲ့ အယူအဆအတွက် အများကြီး သင်ကြားပေးခဲ့သူဖြစ်ပြီး ပြန်ရင်ဆိုင်ရမှာကို စိတ်လှုပ်ရှားနေကြောင်း အိုလံပီယာကော့စ်တောင်ပံသမား ဘရူးမားက ပြောကြားသွား။

– အာဆင်နယ်အသင်းအနေနဲ့ လာမယ့်နွေရာသီမှာ ဘရာဇီးကလပ် ဆန်တို့စ်နဲ့ စာချုပ်သက်တမ်း ၆ လသာ ကျန်ရှိတော့မှာဖြစ်တဲ့ တိုက်စစ်မှူး ကိုင်ယို ဂျော်ဂျီကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး အီတလီ စီးရီးအေကလပ်တွေနဲ့အပြိုင် ခေါ်ယူရဖွယ်ရှိနေ။

– အီတလီကင်းထောက်တစ်ဦးဖြစ်တဲ့ လူကာ ဘော်ရီယယ်လိုအနေနဲ့ နာပိုလီအသင်းဆီ လူးကပ်စ် တော်ရဲရားကို ခေါ်ယူသင့်တယ်လို့ ထောက်ခံချက်ပေးခဲ့ပြီး အသက် ၂၅ နှစ်အရွယ် ကွင်းလယ်လူဟာ ပြီးပြည့်စုံတဲ့ ကစားသမားတစ်ဦးဖြစ်လို့ နွေရာသီမှာ ယူရိုသန်း ၂၀ နဲ့ ရရှိရင် ဈေးချောင်ချောင်နဲ့ ရတာပဲလို့ မှတ်ချက်ပေးခဲ့။

– အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ အနားပေးလို့မရအောင်ဖြစ်နေတဲ့ ကီရန် တီယာနီရဲ့ ဘယ်နောက်ခံလူနေရာမှာ အင်အားဖြည့်တင်း နိုင်ဖို့ မာဆေးလ်နောက်ခံလူ ဂျော်ဒန် အာမာဗီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ကြိုးစားနေဆဲဖြစ်ပြီး ပြင်သစ်သားအနေနဲ့ လက်ရှိ အချိန်အထိ လက်ရှိအသင်းနဲ့ တစ်စုံတစ်ရာ ဆုံးဖြတ်ချက် မချရသေးဘူးလို့ သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းအေနနဲ႔ လာမယ့္ရာသီမွာ ရီးရဲလ္မက္ဒရစ္ကစားသမားႏွစ္ဦးကို အငွားေခၚယူထားရာကေန ျပန္ပို႔ဖို႔ရွိေနၿပီး ရီးရဲလ္ ဆိုစီဒက္အသင္းက ကြင္းလယ္လူ မီခယ္လ္ မယ္ရီႏိုနဲ႔ တိုက္စစ္မႉး မီခယ္လ္ အိုယာဇာဘယ္လ္တို႔ကို ေခၚယူဖို႔ စိတ္ဝင္စား ေနတာေၾကာင့္ နည္းျပ မီခယ္ အာတီတာနဲ႔ဆို မီခယ္လ္ သုံးဦးျဖစ္လာမလား ေစာင့္ၾကည့္ရဖြယ္ရွိေန။

– အသင္းနည္းျပေဟာင္း အူႏိုင္း အမ္မရီ ကိုင္တြယ္ေနတဲ့ ဗီလာရီးရဲလ္အသင္းအေနနဲ႔ သူတို႔ရဲ႕ ေႏြရာသီမွာ လက္လႊတ္ဆုံးရႈံးရဖြယ္ ရွိေနတဲ့ ေနာက္ခံလူ ေပၚေတာရက္စ္ကို အစားထိုးႏိုင္ဖို႔ အာဆင္နယ္ေနာက္ခံလူ ပါဘလို မာရီကို ေခၚယူဖို႔ စိတ္ဝင္စားေန။

– အာဆင္နယ္အသင္းအေနနဲ႔ ခ်ဲလ္ဆီးအသင္းနဲ႔အၿပိဳင္ အင္တာမီလန္ေနာက္ခံလူ အက္ရွ္ရက္ဖ္ ဟာကီမီကို ေခၚယူဖို႔ ႀကိဳးစားသြားမွာျဖစ္ၿပီး ေတာင္ပံတိုက္စစ္ေရာ ခံစစ္မွာပါ ကစားႏိုင္တဲ့ ေမာ္႐ိုကိုသားအေနနဲ႔ မွတ္တမ္းေတြအရ အူဘာမီယန္းထက္ေတာင္ ျမန္ႏႈန္းျမင့္ေၾကာင္းသိရ။

– အသင္းတာဝန္ရွိသူေတြအေနနဲ႔ ရာသီကုန္မွာ ေနာက္ခံလူ ေဒးဗစ္ လူးဝစ္ဇ္ကို စာခ်ဳပ္သစ္ကမ္းလွမ္းေတာ့မွာ မဟုတ္ဘူးလို႔ သတင္းေတြ ထြက္ေပၚလာခဲ့ၿပီး ကစားသမားနည္းျပအျဖစ္ အာဆင္နယ္မွာ ဆက္ရွိေနမယ္ဆိုတဲ့ မူလသတင္းေတြၾကားမွာ အံ့အားသင့္စရာျဖစ္လာ။

– ေပါင္ ၁၅ သန္းနဲ႔ ေဈးေပါေပါရမယ့္ အသက္ ၂၃ ႏွစ္အ႐ြယ္ ဆဲလ္တစ္တိုက္စစ္မႉး ေအာ့ဒ္ဆြန္း ေအဒူယာကို ေခၚယူမယ့္အစား ေႏြရာသီမွာ အသက္ ၂၅ ႏွစ္ျပည့္မယ့္ ေပါင္သန္း ၃၀ တန္ ဘရန႔္ဖို႔ဒ္တိုက္စစ္မႉး အိုင္ဗန္ တုန္နီကို ေခၚယူလိုေနတဲ့ အာဆင္နယ္ရဲ႕ တာဝန္ရွိသူေတြကို ပရိသတ္ေတြ နားမလည္ႏိုင္ေအာင္ျဖစ္ေနၾက။

– လာမယ့္ၾကာသပေတးေန႔ညမွာ ေတြ႕ဆုံမယ့္ စပို႔တင္းလစၥဘြန္းအသင္းေဖာ္ေဟာင္း ဆီးဒရစ္ဟာ မိမိကို ဘယ္လိုကစားရမယ္ဆိုတဲ့ အယူအဆအတြက္ အမ်ားႀကီး သင္ၾကားေပးခဲ့သူျဖစ္ၿပီး ျပန္ရင္ဆိုင္ရမွာကို စိတ္လႈပ္ရွားေနေၾကာင္း အိုလံပီယာေကာ့စ္ေတာင္ပံသမား ဘ႐ူးမားက ေျပာၾကားသြား။

– အာဆင္နယ္အသင္းအေနနဲ႔ လာမယ့္ေႏြရာသီမွာ ဘရာဇီးကလပ္ ဆန္တို႔စ္နဲ႔ စာခ်ဳပ္သက္တမ္း ၆ လသာ က်န္ရွိေတာ့မွာျဖစ္တဲ့ တိုက္စစ္မႉး ကိုင္ယို ေဂ်ာ္ဂ်ီကို ေခၚယူဖို႔ စိတ္ဝင္စားေနၿပီး အီတလီ စီးရီးေအကလပ္ေတြနဲ႔အၿပိဳင္ ေခၚယူရဖြယ္ရွိေန။

– အီတလီကင္းေထာက္တစ္ဦးျဖစ္တဲ့ လူကာ ေဘာ္ရီယယ္လိုအေနနဲ႔ နာပိုလီအသင္းဆီ လူးကပ္စ္ ေတာ္ရဲရားကို ေခၚယူသင့္တယ္လို႔ ေထာက္ခံခ်က္ေပးခဲ့ၿပီး အသက္ ၂၅ ႏွစ္အ႐ြယ္ ကြင္းလယ္လူဟာ ၿပီးျပည့္စုံတဲ့ ကစားသမားတစ္ဦးျဖစ္လို႔ ေႏြရာသီမွာ ယူ႐ိုသန္း ၂၀ နဲ႔ ရရွိရင္ ေဈးေခ်ာင္ေခ်ာင္နဲ႔ ရတာပဲလို႔ မွတ္ခ်က္ေပးခဲ့။

– အာဆင္နယ္အသင္းအေနနဲ႔ သူတို႔ရဲ႕ အနားေပးလို႔မရေအာင္ျဖစ္ေနတဲ့ ကီရန္ တီယာနီရဲ႕ ဘယ္ေနာက္ခံလူေနရာမွာ အင္အားျဖည့္တင္း ႏိုင္ဖို႔ မာေဆးလ္ေနာက္ခံလူ ေဂ်ာ္ဒန္ အာမာဗီကို အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေခၚယူဖို႔ ႀကိဳးစားေနဆဲျဖစ္ၿပီး ျပင္သစ္သားအေနနဲ႔ လက္ရွိ အခ်ိန္အထိ လက္ရွိအသင္းနဲ႔ တစ္စုံတစ္ရာ ဆုံးျဖတ္ခ်က္ မခ်ရေသးဘူးလို႔ သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.