Premier League Transfer News

9 Mar နေ့လယ်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းအနေနဲ့ လာမယ့်ရာသီမှာ ခံစစ်ပိုင်းအတွက် အသင်းက ပိုင်ဆိုင်ထားတဲ့ ကစားသမားတွေနဲ့ အဆင်ပြေအောင် စီမံခန့်ခွဲနိုင်ဖို့ရှိနေပြီး ဆာလီဘာနဲ့ မာဗရိုပါနို့စ်တို့ကို အသုံးပြုနိုင်သလို ပါဘလို မာရီဟာလည်း သူတို့အားလုံးကို ကွပ်ကဲနိုင်မယ့် ခံစစ် ခေါင်းဆောင်ဖြစ်လာဖွယ်ရှိနေ။

– အာဆင်နယ်အသင်းရဲ့ ကွင်းလယ်လူ ဂရာနစ် ချာကာဟာ ခံစစ်မှာ အမှားကျူးလွန်လို့ ဝေဖန်ခံနေခဲ့ရပေမယ့် တိုက်စစ်ပိုင်းမှာတော့ ဥရောပထိပ်တန်းပေးပို့သူ ၁၀ ဦး စာရင်းမှာ ပါဝင်နေပြီး Key Pass ၁၇၂ ကြိမ်နဲ့ လီယွန်နယ် မက်ဆီထက်တောင် ပိုမိုကောင်းမွန်နေ။

– ဘွန်ဒက်စ်လီဂါရဲ့ တစ်လတာအကောင်းဆုံး လူငယ်ကစားသမားဆုကို ရရှိခဲ့တဲ့ စတုဂတ်နောက်ခံလူ ဒီနို့စ် မာဗရိုပါနို့စ်ကို အသင်းဆီ ပြန်လည်ခေါ်ယူဖို့ အာဆင်နယ်ပရိသတ်တွေက အလိုရှိနေပြီး ဂရိသားအနေနဲ့ ဘောလုံးပေးပို့မှုနဲ့ အမြင့်ဘောတွေမှာလည်း တိုးတက်လာခဲ့။

– အမ်းမရိတ်မှာ တစ်ပတ်လုပ်ခ ပေါင် ၁၁၉၅၀၀ ရရှိနေခဲ့တဲ့ ဘော့စနီးယားနောက်ခံလူ ဆိဒ် ကိုလာစီနက်ချ်အနေနဲ့ လာမယ့်ရာသီကုန်မှာ အသင်းနေ ထွက်ခွာပြီး တစ်ပတ်ကို ပေါင် ၃၀၀၀၀ ခန့်သာ ရနိုင်တဲ့ ရှော်လ်ကာအသင်းဆီကို အငှားနဲ့ကနေ အပြီးသတ်ပြောင်းရွှေ့ဖို့ လစာငွေကို အလျော့ကျခံသွားမှာဖြစ်ကြောင်းသိရ။

– အာဆင်နယ်အသင်းက နွေရာသီမှာ ဟက်တာ ဘယ်လာရင်ရဲ့ နေရာကို အစားထိုးဖို့ ရည်ရွယ်ထားတဲ့ ဘရိုက်တန်နောက်ခံလူ တာရစ်ခ် လမ့်ပ်တေကို သူ့ရဲ့ ခွဲစိတ်ကုသမှုကြောင့် မခေါ်ယူတော့ဖို့ ဆုံးဖြတ်လိုက်ပြီး ရာသီကုန်အထိ နားရမယ့် အင်္ဂလန်လူငယ်ဟာ ပင်လယ်စင်ရော်တွေနဲ့ ဒီရာသီမှာ ၁၁ ပွဲသာ ကစားနိုင်သေးပြီး ဒီဇင်ဘာလကတည်းက ဒဏ်ရာကြောင့် အသင်းက ပျောက်ကွယ်နေခဲ့။

– အိန်းစလီ မိတ်လန်းနိုင်းလ်စ်နဲ့ ဂျိုးဝီလော့ခ်တို့နှစ်ဦး ပြိုင်ဘက်တွေအဖြစ် တွေ့ဆုံခဲ့ကြတဲ့ ဝက်စ်ဘရွန်းနဲ့ နယူးကာဆယ်လ်တို့ရဲ့ ပွဲစဉ်ကို မြင်တွေ့ခဲ့ကြရတဲ့ အာဆင်နယ်ပရိသတ်တွေကတော့ သူတို့ရဲ့ ငယ်မွေးခြံပေါက်ကွင်းလယ်လူနှစ်ဦး ပွဲကစားခွင့်တွေကို ပိုင်ဆိုင်နေတာအတွက် ကျေနပ်နေကြ။

– အာဆင်နယ်အသင်းကနေ နွေရာသီမှာ ရောင်းချဖို့ စီစဉ်နေတဲ့ တိုက်စစ်မှူး အလက်ဇန်းဒါး လာကာဇက်ကို သူ့ရဲ့ အေးဂျင့်ဖြစ်သူ အနေနဲ့ စိတ်ဝင်စားနေတဲ့ ကလပ်အသင်းသုံးသင်းဆီ ဆွေးနွေးမှုတွေ စတင်ထားခဲ့ပြီး စပိန်လာလီဂါက ရီးရဲလ်နဲ့ အက်သလက်တီကို မက်ဒရစ်၊ ဘာစီလိုနာအသင်းတွေဖြစ်ကြောင်း သိရ။

– အသင်းကို နွေရာသီက စာချုပ်ဖျက်သိမ်းကြေးနဲ့ ရောက်ရှိလာခဲ့တဲ့ ကွင်းလယ်လူ သောမတ်စ် ပါတေးအနေနဲ့ ချဲလ်ဆီးနဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းတွေကို ငြင်းပယ်ပြီး အာဆင်နယ်ကို ရွေးချယ်ဖို့အတွက် တိုက်စစ်မှူးဟောင်း အီမန်ညူယယ် အဒီဘာယောရဲ့ အကြံပေးမှုကလည်း အကြောင်းတစ်ချက်ဖြစ်ခဲ့တယ်လို့ဆို။

– အာဆင်နယ်ပရိသတ်တွေအနေနဲ့ ချန်ပီယံရှစ်ကလပ် ဘရန့်ဖို့ဒ်မှာ ခြေစွမ်းပြနေခဲ့တဲ့ တိုက်စစ်မှူး အိုင်ဗန် တုန်နီကို ခေါ်ယူပေးဖို့ တိုက်တွန်းနေကြပြီး အင်္ဂလန်သားအနေနဲ့ ပရီးမီးယားလိဂ်အသင်းတော်တော်များများရဲ့ ပစ်မှတ်ဖြစ်နေသလို ဒီရာသီမှာ ၂၅ ဂိုး သွင်းယူထားနိုင်ခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းအေနနဲ႔ လာမယ့္ရာသီမွာ ခံစစ္ပိုင္းအတြက္ အသင္းက ပိုင္ဆိုင္ထားတဲ့ ကစားသမားေတြနဲ႔ အဆင္ေျပေအာင္ စီမံခန႔္ခြဲႏိုင္ဖို႔ရွိေနၿပီး ဆာလီဘာနဲ႔ မာဗ႐ိုပါႏို႔စ္တို႔ကို အသုံးျပဳႏိုင္သလို ပါဘလို မာရီဟာလည္း သူတို႔အားလုံးကို ကြပ္ကဲႏိုင္မယ့္ ခံစစ္ ေခါင္းေဆာင္ျဖစ္လာဖြယ္ရွိေန။

– အာဆင္နယ္အသင္းရဲ႕ ကြင္းလယ္လူ ဂရာနစ္ ခ်ာကာဟာ ခံစစ္မွာ အမွားက်ဴးလြန္လို႔ ေဝဖန္ခံေနခဲ့ရေပမယ့္ တိုက္စစ္ပိုင္းမွာေတာ့ ဥေရာပထိပ္တန္းေပးပို႔သူ ၁၀ ဦး စာရင္းမွာ ပါဝင္ေနၿပီး Key Pass ၁၇၂ ႀကိမ္နဲ႔ လီယြန္နယ္ မက္ဆီထက္ေတာင္ ပိုမိုေကာင္းမြန္ေန။

– ဘြန္ဒက္စ္လီဂါရဲ႕ တစ္လတာအေကာင္းဆုံး လူငယ္ကစားသမားဆုကို ရရွိခဲ့တဲ့ စတုဂတ္ေနာက္ခံလူ ဒီႏို႔စ္ မာဗ႐ိုပါႏို႔စ္ကို အသင္းဆီ ျပန္လည္ေခၚယူဖို႔ အာဆင္နယ္ပရိသတ္ေတြက အလိုရွိေနၿပီး ဂရိသားအေနနဲ႔ ေဘာလုံးေပးပို႔မႈနဲ႔ အျမင့္ေဘာေတြမွာလည္း တိုးတက္လာခဲ့။

– အမ္းမရိတ္မွာ တစ္ပတ္လုပ္ခ ေပါင္ ၁၁၉၅၀၀ ရရွိေနခဲ့တဲ့ ေဘာ့စနီးယားေနာက္ခံလူ ဆိဒ္ ကိုလာစီနက္ခ်္အေနနဲ႔ လာမယ့္ရာသီကုန္မွာ အသင္းေန ထြက္ခြာၿပီး တစ္ပတ္ကို ေပါင္ ၃၀၀၀၀ ခန႔္သာ ရႏိုင္တဲ့ ေရွာ္လ္ကာအသင္းဆီကို အငွားနဲ႔ကေန အၿပီးသတ္ေျပာင္းေ႐ႊ႕ဖို႔ လစာေငြကို အေလ်ာ့က်ခံသြားမွာျဖစ္ေၾကာင္းသိရ။

– အာဆင္နယ္အသင္းက ေႏြရာသီမွာ ဟက္တာ ဘယ္လာရင္ရဲ႕ ေနရာကို အစားထိုးဖို႔ ရည္႐ြယ္ထားတဲ့ ဘ႐ိုက္တန္ေနာက္ခံလူ တာရစ္ခ္ လမ့္ပ္ေတကို သူ႔ရဲ႕ ခြဲစိတ္ကုသမႈေၾကာင့္ မေခၚယူေတာ့ဖို႔ ဆုံးျဖတ္လိုက္ၿပီး ရာသီကုန္အထိ နားရမယ့္ အဂၤလန္လူငယ္ဟာ ပင္လယ္စင္ေရာ္ေတြနဲ႔ ဒီရာသီမွာ ၁၁ ပြဲသာ ကစားႏိုင္ေသးၿပီး ဒီဇင္ဘာလကတည္းက ဒဏ္ရာေၾကာင့္ အသင္းက ေပ်ာက္ကြယ္ေနခဲ့။

– အိန္းစလီ မိတ္လန္းႏိုင္းလ္စ္နဲ႔ ဂ်ိဳးဝီေလာ့ခ္တို႔ႏွစ္ဦး ၿပိဳင္ဘက္ေတြအျဖစ္ ေတြ႕ဆုံခဲ့ၾကတဲ့ ဝက္စ္ဘ႐ြန္းနဲ႔ နယူးကာဆယ္လ္တို႔ရဲ႕ ပြဲစဥ္ကို ျမင္ေတြ႕ခဲ့ၾကရတဲ့ အာဆင္နယ္ပရိသတ္ေတြကေတာ့ သူတို႔ရဲ႕ ငယ္ေမြးၿခံေပါက္ကြင္းလယ္လူႏွစ္ဦး ပြဲကစားခြင့္ေတြကို ပိုင္ဆိုင္ေနတာအတြက္ ေက်နပ္ေနၾက။

– အာဆင္နယ္အသင္းကေန ေႏြရာသီမွာ ေရာင္းခ်ဖို႔ စီစဥ္ေနတဲ့ တိုက္စစ္မႉး အလက္ဇန္းဒါး လာကာဇက္ကို သူ႔ရဲ႕ ေအးဂ်င့္ျဖစ္သူ အေနနဲ႔ စိတ္ဝင္စားေနတဲ့ ကလပ္အသင္းသုံးသင္းဆီ ေဆြးေႏြးမႈေတြ စတင္ထားခဲ့ၿပီး စပိန္လာလီဂါက ရီးရဲလ္နဲ႔ အက္သလက္တီကို မက္ဒရစ္၊ ဘာစီလိုနာအသင္းေတြျဖစ္ေၾကာင္း သိရ။

– အသင္းကို ေႏြရာသီက စာခ်ဳပ္ဖ်က္သိမ္းေၾကးနဲ႔ ေရာက္ရွိလာခဲ့တဲ့ ကြင္းလယ္လူ ေသာမတ္စ္ ပါေတးအေနနဲ႔ ခ်ဲလ္ဆီးနဲ႔ မန္ခ်က္စတာ ယူႏိုက္တက္အသင္းေတြကို ျငင္းပယ္ၿပီး အာဆင္နယ္ကို ေ႐ြးခ်ယ္ဖို႔အတြက္ တိုက္စစ္မႉးေဟာင္း အီမန္ညဴယယ္ အဒီဘာေယာရဲ႕ အႀကံေပးမႈကလည္း အေၾကာင္းတစ္ခ်က္ျဖစ္ခဲ့တယ္လို႔ဆို။

– အာဆင္နယ္ပရိသတ္ေတြအေနနဲ႔ ခ်န္ပီယံရွစ္ကလပ္ ဘရန႔္ဖို႔ဒ္မွာ ေျခစြမ္းျပေနခဲ့တဲ့ တိုက္စစ္မႉး အိုင္ဗန္ တုန္နီကို ေခၚယူေပးဖို႔ တိုက္တြန္းေနၾကၿပီး အဂၤလန္သားအေနနဲ႔ ပရီးမီးယားလိဂ္အသင္းေတာ္ေတာ္မ်ားမ်ားရဲ႕ ပစ္မွတ္ျဖစ္ေနသလို ဒီရာသီမွာ ၂၅ ဂိုး သြင္းယူထားႏိုင္ခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.