Premier League

ချယ်လ်ဆီး 2:0 အဲဗာတန် ပွဲအပြီး မှတ်မှတ်ရရ ထူးခြားစွာ ထုတ်နုတ်ပြောစရာ အချက် ၇ ချက်

စာရင်းအလှည့်အပြောင်းကြမ်းတဲ့ တူဟယ်လ်ရဲ့ မူဝါဒ
ချယ်လ်ဆီးနည်းပြဘဝအချိန်တိုအတွင်းမှာ တူဟယ်လ်အဓိကလုပ်ခဲ့တာက လူစာရင်းအလှည့်အပြောင်းကို ခပ်ကြိမ်းကြမ်းလုပ်ခဲ့တာဖြစ်သလို သူကိုယ်တိုင်ကြိုက်နှစ်သက်တဲ့မူဝါဒလို့ ဆိုပါတယ်။ သူ့လုပ်ငန်းစဥ်အတိုင်း ဒါကအလုပ်ဖြစ်တယ်။ ချယ်လ်ဆီးကစားသမားတွေကို ပွဲဆက်မောပန်းမှုနဲ့ လုပ်အား ဝန်မပိစေသလို ဘယ်ကစားသမားကို ဘယ်လိုသုံးမယ်၊ ဘယ်လောက်ထိသုံးလို့ရတယ်ဆိုတာကို တဖက်ကချဥ်းကပ်နေတဲ့သဘောဖြစ်တယ်။ ဒီနေ့အဲဗာတန်နဲ့ပွဲမှာ လီဗာပူးလ်နဲ့နိုင်ပွဲက လူစာရင်းကို ၅ နေရာအထိ အပြောင်းအလဲလုပ်ပြီး ချယ်လ်ဆီးကပွဲထွက်လာတယ်။ လူစာရင်းနှစ်နေရာလောက်သာ အပြောင်းအလဲရှိခဲ့တဲ့ အန်ဆလော့တီကို အဲဗာတန်ကို သက်သောင့်သက်သာ အနိုင်ကစားပြီး ပြိုင်ဘက်ထက် ပိုအလုပ်ကြိုးစားတဲ့ ကစားပုံကို တွေ့ခဲ့ရတယ်။ သူ့ရဲ့မူဝါဒက အလုပ်ဖြစ်နေတယ်လို့ မှတ်ချက်ချရမှာပါ။

စတမ်းဖို့ဒ်ဘရစ်ချ်အိပ်မက်ဆိုးမှာ ၂၅ နှစ်ကြာ ပိတ်မိနေဆဲ အဲဗာတန်
ပရီးမီးယားလိဂ်မှာ စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းက အဲဗာတန်ရဲ့ အိပ်မက်ဆိုးဖြစ်လာခဲ့တာဟာ နှစ်တွေကြာညောင်းလာခဲ့ပါပြီ။ ချယ်လ်ဆီးကို ဒီကွင်းမှာ နောက်ဆုံးအနိုင်ရခဲ့တာက လွန်ခဲ့တဲ့ ၂၅ နှစ်ကဖြစ်ပြီး ဒါကအံ့အားသင့်စရာကောင်းလှတဲ့အချက်ပါ။ ပထမအကျော့အိမ်ကွင်းမှာ အနိုင်ရခဲ့တဲ့ အဲဗာတန်က အကြောင်းမလှစွာနဲ့ပဲ လက်ဗလာနဲ့ ခေါင်းငိုက်စိုက်ချ အိမ်ပြန်ခဲ့ရတဲ့ စတမ်းဖို့ဒ်ဘရစ်ချ်နောက်တပွဲဖြစ်ခဲ့ပြီး ပိုကောင်းတဲ့အသင်းက ချယ်လ်ဆီးဖြစ်ခဲ့တာကိုလည်း အန်ဆလော့တီ စိတ်ပျက်လက်ပျက်နဲ့ လက်ခံရမယ့် အမှန်တရားပါပဲ။

အလုပ်အရမ်းကြိုးစားတဲ့ မဆုတ်မနစ် ချယ်လ်ဆီးခံစစ်
ချယ်လ်ဆီးဟာ တူဟယ်လ်ရဲ့လက်အောက်မှာ ၁၀ ပွဲကစား၊ ရှုံးပွဲမရှိတဲ့အပြင် ၈ ပွဲက Clean Sheet ရတဲ့အထိ ခံစစ်ကြောင်းက ပြောင်မြောက်ခဲ့တယ်။ ဒီလိုအသင်းက အဲဗာတန်ကိုလက်ခံကစားခဲ့တာဖြစ်ပြီး Clean Sheet နောက်တပွဲကို ထပ်ယူခဲ့တယ်။ အလုပ်အရမ်းကြိုးစားပြီး မဆုတ်မနစ်တဲ့ ချယ်လ်ဆီးရဲ့ ခံစစ်မာကျောမှုက တူဟယ်လ်ရဲ့ အသီးအပွင့်တွေဖြစ်လာတယ်။ သူ့အတွက်လက်သီးလက်မောင်းတန်းချင်စရာပါ။ ခံစစ်မှာ နောက်ခံအထိုင် ၃ ဦး ကစားကွက်နဲ့ တောင်ပံအစွန်လူတွေရဲ့လုပ်အားကို အားပြုကစားတဲ့ သူ့ရဲ့ကစားကွက်ဖွဲ့စည်းပုံက ချယ်လ်ဆီးခံစစ်ကို အခုလိုအဆင့်အတန်းရောက်လာစေခဲ့တယ်။ သူ့ရဲ့သင်ပြမှုအောက်မှာ ချယ်လ်ဆီးအသင်း​က စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းမှာ ပေးဂိုး သုညပါ။ အသိအမှတ်ပြုရမယ့် မှတ်တမ်းဖြစ်ပါတယ်။ ဒီပွဲမှာ အဲဗာတန်တိုက်စစ် ဦးကျိုးခဲ့သလို ချယ်ဆီးက တိုက်စစ်ကိုပါ ဒေါင်းတင်မောင်းတင်ကစားနိုင်ခဲ့တာ တွေ့ခဲ့ရတယ်။ သာလွန်တဲ့စွမ်းဆောင်ရည်ဖြစ်ပါတယ်။

ဂိုးမိုးခေါင်လာတဲ့ အဲဗာတန်
ရာသီတာထွက်မှာ ကဲလ်ဗတ် လူဝင်ရဲ့သွင်းဂိုးတွေနဲ့ တိုက်စစ်ပိုင်းစိုပြည်ပြီး အန္တရာယ်ပေးနိုင်ခဲ့တဲ့ အဲဗာတန်ဟာ ဂိုးတွေမြူးခဲ့တယ်။ သူဒဏ်ရာရပြီးနောက်ပိုင်း လက်ရှိအနေအထားနဲ့တော့ မိုးနဲ့မြေကွာသွားခဲ့ဖြစ်တယ်။ အားကိုးစရာ တိုက်စစ်မှုးပျောက်ဆုံးနေတာကို တွေ့ရတယ်။ ဖေဖော်ဝါရီနောက်ပိုင်းမှာ ဂိုးသွင်းဖို့ ရစ်ချာလီဆန် တဦးတည်းကို မှီခိုလာရလို့ တဖြည်းဖြည်း ဇယားအောက်ကိုဆင်းလာရတယ်။ ဒဏ်ရာခဏခဏရတဲ့ ဟာမီးစ် ရိုဒရီဂွက်ဇ်ရဲ့ မပါဝင်နိုင်မှုကလည်း အဲဗာတန်တိုက်စစ်ကို အကျအဆုံးများစေပါတယ်။

ပြင်းထန်တဲ့ ​နေရာလုတိုက်ပွဲမှာ ချန်ပီယံလိဂ်ဝင်ခွင့်တနေရာနဲ့ထိုက်တန်ကြောင်းပြသတဲ့ ချယ်လ်ဆီး
အဆင့် ၄ နေရာနဲ့ အဆင့် ၅ နေရာကအသင်းတို့ ထိပ်တိုက်တွေ့ဆုံတဲ့ ဒီပွဲမှာ နိုင်သူစားစတမ်းဆိုတဲ့ အခြေအနေပါ။ ချယ်လ်ဆီးကဒါကိုသက်သေပြခဲ့တယ်။ အဲဗာတန်ကိုအနိုင်ယူပြီး ချန်ပီယံလိဂ်ဝင်ခွင့်တနေရာနဲ့ ထိုက်တန်ကြောင်း လက်ခမောင်းခတ်ပြလိုက်တယ်။ ချယ်လ်ဆီးက အဆင့် ၄ နေရာကို တက်လာပြီ။ ချန်ပီယံလိဂ်ဝင်ခွင့် တိုက်ပွဲက အခုထက်ပိုပြင်းထန်လာပါဦးမယ်။ လီဗာပူးလ်က ဆက်တိုက်ရှုံးနေတယ်။ ဝက်စ်ဟမ်းက ပွဲကျန်ကစားဖို့ ရှိနေသေးတယ်။ ချယ်လ်ဆီးအတွက် အ​ခြေအနေအားသာနေတယ်။ အဲဗာတန်ရဲ့လက်ကျန်ပွဲက ချယ်လ်ဆီးကို ပြန်ကျော်ဖြတ်လို့ရတဲ့ အနေအထားရှိပေမယ့် ခြေစွမ်းထိုးတက်နေတဲ့ ချယ်လ်ဆီးက လာမယ့် ဝက်စ်ဟမ်းနဲ့ လိဒ်စ်တို့ကို အနိုင်ကစားပြီးတဲ့အခါ အဆင့် ၄ နေရာနဲ့ ပိုထိုက်တန်တဲ့ အသင်းအဖြစ် ရပ်တည်လာဖို့သာ ရှိပါတယ်။

အသိအမှတ်ပြုခံလာရတဲ့ ခိုင်ဟာဗတ်ဇ်ရဲ့ခြေစွမ်း
ဒီပွဲမှာ သူကအလုပ်ကောင်းကောင်းမွန်မွန်လုပ်ခဲ့ပြီး သေသေသပ်သပ်လေး ကစားပြခဲ့တယ်။ မေဆန်မောင့်နဲ့နေရာမှာ ကစားခွင့်ရလာတယ်။ ရတဲ့ ပွဲထွက်အခွင့်အရေးကို ပိုင်ပိုင်နိုင်နိုင် ဆုပ်ကိုင်ပြီး အဲဗာတန်ဧရိယာထိပ်မှာ ကောင်းကောင်းဒုက္ခပေးနိုင်ခဲ့တယ်။ ပွဲထွက်ခွင့်နဲ့ ထိုက်တန်ကြောင်း သက်သေပြခဲ့တဲ့ ခိုင်ဟာဗတ်ဇ်က ကိုယ်တိုင် တဂိုးသွင်းယူခဲ့ပေမယ့် ဒိုင် ဒေးဗစ်ကူတီရဲ့ ပယ်ဖျက်ခြင်းကိုခံခဲ့ရလို့ နစ်နာခဲ့ရတယ်။

အဆင့် ၂ နေရာကို တူဟယ်လ် ချိန်နေပြီလား?
ချယ်လ်ဆီးရဲ့အထက်က အသင်းတွေကို ကြည့်လိုက်ရင် မန်စီးတီးကိုဖယ်လိုက်တဲ့အခါ အဆင့်၂ နေရာအထိ လှမ်းခုန်တက်လို့ရတဲ့ ခရီးလမ်းကြောင်းက ဖြောင့်ဖြူးနေတာတွေ့ရတယ်။ သာမန် အဆင့်၄ အတွင်းဝင်ရုံနဲ့ ကျေနပ်မလား၊ ပရီးမီးယားလိဂ် အဆင့် ၂ နေရာအထိ သိမ်းပိုက်မလားဆိုတာကို တူဟယ်လ် ဆုံးဖြတ်ပါလိမ့်မယ်။ လက်ရှိခြေစွမ်းအတိုင်း ထိန်းသိမ်းထားပြီး လက်ကျန် ၁၀ ပွဲမှာ ရမှတ်အများဆုံးစုဆောင်းသွားနိုင်ရင်တော့ အသင်းရဲ့ရာသီသိမ်းက အခုထက်ပိုလှပဖို့ ရှိနေပါတယ်။ အခြားအသင်းတွေထက် လူစာရင်း ပိုတောင့်တင်းနေတယ်။ တူဟယ်လ်ရည်မှန်းချက်ကြီးကြီးထားနေပြီဆိုရင်တော့ အဆင့် ၂ နေရာအထိ ချယ်လ်ဆီးကိုပို့ဆောင်နိုင်ခဲ့ရင် သူ့ရဲ့ ချယ်လ်ဆီးနည်းပြဘဝအစက မျက်နှာပန်းလှပြီး ပြောစမှတ်ဖြစ်လာပါစေလိမ့်မယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

စာရင္းအလွည့္အေျပာင္းၾကမ္းတဲ့ တူဟယ္လ္ရဲ႕ မူဝါဒ
ခ်ယ္လ္ဆီးနည္းျပဘဝအခ်ိန္တိုအတြင္းမွာ တူဟယ္လ္အဓိကလုပ္ခဲ့တာက လူစာရင္းအလွည့္အေျပာင္းကို ခပ္ႀကိမ္းၾကမ္းလုပ္ခဲ့တာျဖစ္သလို သူကိုယ္တိုင္ႀကိဳက္ႏွစ္သက္တဲ့မူဝါဒလို႔ ဆိုပါတယ္။ သူ႔လုပ္ငန္းစဥ္အတိုင္း ဒါကအလုပ္ျဖစ္တယ္။ ခ်ယ္လ္ဆီးကစားသမားေတြကို ပြဲဆက္ေမာပန္းမႈနဲ႔ လုပ္အား ဝန္မပိေစသလို ဘယ္ကစားသမားကို ဘယ္လိုသုံးမယ္၊ ဘယ္ေလာက္ထိသုံးလို႔ရတယ္ဆိုတာကို တဖက္ကခ်ဥ္းကပ္ေနတဲ့သေဘာျဖစ္တယ္။ ဒီေန႔အဲဗာတန္နဲ႔ပြဲမွာ လီဗာပူးလ္နဲ႔ႏိုင္ပြဲက လူစာရင္းကို ၅ ေနရာအထိ အေျပာင္းအလဲလုပ္ၿပီး ခ်ယ္လ္ဆီးကပြဲထြက္လာတယ္။ လူစာရင္းႏွစ္ေနရာေလာက္သာ အေျပာင္းအလဲရွိခဲ့တဲ့ အန္ဆေလာ့တီကို အဲဗာတန္ကို သက္ေသာင့္သက္သာ အႏိုင္ကစားၿပီး ၿပိဳင္ဘက္ထက္ ပိုအလုပ္ႀကိဳးစားတဲ့ ကစားပုံကို ေတြ႕ခဲ့ရတယ္။ သူ႔ရဲ႕မူဝါဒက အလုပ္ျဖစ္ေနတယ္လို႔ မွတ္ခ်က္ခ်ရမွာပါ။

စတမ္းဖို႔ဒ္ဘရစ္ခ်္အိပ္မက္ဆိုးမွာ ၂၅ ႏွစ္ၾကာ ပိတ္မိေနဆဲ အဲဗာတန္
ပရီးမီးယားလိဂ္မွာ စတမ္းဖို႔ဒ္ဘရစ္ခ်္ကြင္းက အဲဗာတန္ရဲ႕ အိပ္မက္ဆိုးျဖစ္လာခဲ့တာဟာ ႏွစ္ေတြၾကာေညာင္းလာခဲ့ပါၿပီ။ ခ်ယ္လ္ဆီးကို ဒီကြင္းမွာ ေနာက္ဆုံးအႏိုင္ရခဲ့တာက လြန္ခဲ့တဲ့ ၂၅ ႏွစ္ကျဖစ္ၿပီး ဒါကအံ့အားသင့္စရာေကာင္းလွတဲ့အခ်က္ပါ။ ပထမအေက်ာ့အိမ္ကြင္းမွာ အႏိုင္ရခဲ့တဲ့ အဲဗာတန္က အေၾကာင္းမလွစြာနဲ႔ပဲ လက္ဗလာနဲ႔ ေခါင္းငိုက္စိုက္ခ် အိမ္ျပန္ခဲ့ရတဲ့ စတမ္းဖို႔ဒ္ဘရစ္ခ်္ေနာက္တပြဲျဖစ္ခဲ့ၿပီး ပိုေကာင္းတဲ့အသင္းက ခ်ယ္လ္ဆီးျဖစ္ခဲ့တာကိုလည္း အန္ဆေလာ့တီ စိတ္ပ်က္လက္ပ်က္နဲ႔ လက္ခံရမယ့္ အမွန္တရားပါပဲ။

အလုပ္အရမ္းႀကိဳးစားတဲ့ မဆုတ္မနစ္ ခ်ယ္လ္ဆီးခံစစ္
ခ်ယ္လ္ဆီးဟာ တူဟယ္လ္ရဲ႕လက္ေအာက္မွာ ၁၀ ပြဲကစား၊ ရႈံးပြဲမရွိတဲ့အျပင္ ၈ ပြဲက Clean Sheet ရတဲ့အထိ ခံစစ္ေၾကာင္းက ေျပာင္ေျမာက္ခဲ့တယ္။ ဒီလိုအသင္းက အဲဗာတန္ကိုလက္ခံကစားခဲ့တာျဖစ္ၿပီး Clean Sheet ေနာက္တပြဲကို ထပ္ယူခဲ့တယ္။ အလုပ္အရမ္းႀကိဳးစားၿပီး မဆုတ္မနစ္တဲ့ ခ်ယ္လ္ဆီးရဲ႕ ခံစစ္မာေက်ာမႈက တူဟယ္လ္ရဲ႕ အသီးအပြင့္ေတြျဖစ္လာတယ္။ သူ႔အတြက္လက္သီးလက္ေမာင္းတန္းခ်င္စရာပါ။ ခံစစ္မွာ ေနာက္ခံအထိုင္ ၃ ဦး ကစားကြက္နဲ႔ ေတာင္ပံအစြန္လူေတြရဲ႕လုပ္အားကို အားျပဳကစားတဲ့ သူ႔ရဲ႕ကစားကြက္ဖြဲ႕စည္းပုံက ခ်ယ္လ္ဆီးခံစစ္ကို အခုလိုအဆင့္အတန္းေရာက္လာေစခဲ့တယ္။ သူ႔ရဲ႕သင္ျပမႈေအာက္မွာ ခ်ယ္လ္ဆီးအသင္း​က စတမ္းဖို႔ဒ္ဘရစ္ခ်္ကြင္းမွာ ေပးဂိုး သုညပါ။ အသိအမွတ္ျပဳရမယ့္ မွတ္တမ္းျဖစ္ပါတယ္။ ဒီပြဲမွာ အဲဗာတန္တိုက္စစ္ ဦးက်ိဳးခဲ့သလို ခ်ယ္ဆီးက တိုက္စစ္ကိုပါ ေဒါင္းတင္ေမာင္းတင္ကစားႏိုင္ခဲ့တာ ေတြ႕ခဲ့ရတယ္။ သာလြန္တဲ့စြမ္းေဆာင္ရည္ျဖစ္ပါတယ္။


ဂိုးမိုးေခါင္လာတဲ့ အဲဗာတန္
ရာသီတာထြက္မွာ ကဲလ္ဗတ္ လူဝင္ရဲ႕သြင္းဂိုးေတြနဲ႔ တိုက္စစ္ပိုင္းစိုျပည္ၿပီး အႏၲရာယ္ေပးႏိုင္ခဲ့တဲ့ အဲဗာတန္ဟာ ဂိုးေတြျမဴးခဲ့တယ္။ သူဒဏ္ရာရၿပီးေနာက္ပိုင္း လက္ရွိအေနအထားနဲ႔ေတာ့ မိုးနဲ႔ေျမကြာသြားခဲ့ျဖစ္တယ္။ အားကိုးစရာ တိုက္စစ္မႈးေပ်ာက္ဆုံးေနတာကို ေတြ႕ရတယ္။ ေဖေဖာ္ဝါရီေနာက္ပိုင္းမွာ ဂိုးသြင္းဖို႔ ရစ္ခ်ာလီဆန္ တဦးတည္းကို မွီခိုလာရလို႔ တျဖည္းျဖည္း ဇယားေအာက္ကိုဆင္းလာရတယ္။ ဒဏ္ရာခဏခဏရတဲ့ ဟာမီးစ္ ႐ိုဒရီဂြက္ဇ္ရဲ႕ မပါဝင္ႏိုင္မႈကလည္း အဲဗာတန္တိုက္စစ္ကို အက်အဆုံးမ်ားေစပါတယ္။


ျပင္းထန္တဲ့ ​ေနရာလုတိုက္ပြဲမွာ ခ်န္ပီယံလိဂ္ဝင္ခြင့္တေနရာနဲ႔ထိုက္တန္ေၾကာင္းျပသတဲ့ ခ်ယ္လ္ဆီး
အဆင့္ ၄ ေနရာနဲ႔ အဆင့္ ၅ ေနရာကအသင္းတို႔ ထိပ္တိုက္ေတြ႕ဆုံတဲ့ ဒီပြဲမွာ ႏိုင္သူစားစတမ္းဆိုတဲ့ အေျခအေနပါ။ ခ်ယ္လ္ဆီးကဒါကိုသက္ေသျပခဲ့တယ္။ အဲဗာတန္ကိုအႏိုင္ယူၿပီး ခ်န္ပီယံလိဂ္ဝင္ခြင့္တေနရာနဲ႔ ထိုက္တန္ေၾကာင္း လက္ခေမာင္းခတ္ျပလိုက္တယ္။ ခ်ယ္လ္ဆီးက အဆင့္ ၄ ေနရာကို တက္လာၿပီ။ ခ်န္ပီယံလိဂ္ဝင္ခြင့္ တိုက္ပြဲက အခုထက္ပိုျပင္းထန္လာပါဦးမယ္။ လီဗာပူးလ္က ဆက္တိုက္ရႈံးေနတယ္။ ဝက္စ္ဟမ္းက ပြဲက်န္ကစားဖို႔ ရွိေနေသးတယ္။ ခ်ယ္လ္ဆီးအတြက္ အ​ေျခအေနအားသာေနတယ္။ အဲဗာတန္ရဲ႕လက္က်န္ပြဲက ခ်ယ္လ္ဆီးကို ျပန္ေက်ာ္ျဖတ္လို႔ရတဲ့ အေနအထားရွိေပမယ့္ ေျခစြမ္းထိုးတက္ေနတဲ့ ခ်ယ္လ္ဆီးက လာမယ့္ ဝက္စ္ဟမ္းနဲ႔ လိဒ္စ္တို႔ကို အႏိုင္ကစားၿပီးတဲ့အခါ အဆင့္ ၄ ေနရာနဲ႔ ပိုထိုက္တန္တဲ့ အသင္းအျဖစ္ ရပ္တည္လာဖို႔သာ ရွိပါတယ္။


အသိအမွတ္ျပဳခံလာရတဲ့ ခိုင္ဟာဗတ္ဇ္ရဲ႕ေျခစြမ္း
ဒီပြဲမွာ သူကအလုပ္ေကာင္းေကာင္းမြန္မြန္လုပ္ခဲ့ၿပီး ေသေသသပ္သပ္ေလး ကစားျပခဲ့တယ္။ ေမဆန္ေမာင့္နဲ႔ေနရာမွာ ကစားခြင့္ရလာတယ္။ ရတဲ့ ပြဲထြက္အခြင့္အေရးကို ပိုင္ပိုင္ႏိုင္ႏိုင္ ဆုပ္ကိုင္ၿပီး အဲဗာတန္ဧရိယာထိပ္မွာ ေကာင္းေကာင္းဒုကၡေပးႏိုင္ခဲ့တယ္။ ပြဲထြက္ခြင့္နဲ႔ ထိုက္တန္ေၾကာင္း သက္ေသျပခဲ့တဲ့ ခိုင္ဟာဗတ္ဇ္က ကိုယ္တိုင္ တဂိုးသြင္းယူခဲ့ေပမယ့္ ဒိုင္ ေဒးဗစ္ကူတီရဲ႕ ပယ္ဖ်က္ျခင္းကိုခံခဲ့ရလို႔ နစ္နာခဲ့ရတယ္။


အဆင့္ ၂ ေနရာကို တူဟယ္လ္ ခ်ိန္ေနၿပီလား?
ခ်ယ္လ္ဆီးရဲ႕အထက္က အသင္းေတြကို ၾကည့္လိုက္ရင္ မန္စီးတီးကိုဖယ္လိုက္တဲ့အခါ အဆင့္၂ ေနရာအထိ လွမ္းခုန္တက္လို႔ရတဲ့ ခရီးလမ္းေၾကာင္းက ေျဖာင့္ျဖဴးေနတာေတြ႕ရတယ္။ သာမန္ အဆင့္၄ အတြင္းဝင္႐ုံနဲ႔ ေက်နပ္မလား၊ ပရီးမီးယားလိဂ္ အဆင့္ ၂ ေနရာအထိ သိမ္းပိုက္မလားဆိုတာကို တူဟယ္လ္ ဆုံးျဖတ္ပါလိမ့္မယ္။ လက္ရွိေျခစြမ္းအတိုင္း ထိန္းသိမ္းထားၿပီး လက္က်န္ ၁၀ ပြဲမွာ ရမွတ္အမ်ားဆုံးစုေဆာင္းသြားႏိုင္ရင္ေတာ့ အသင္းရဲ႕ရာသီသိမ္းက အခုထက္ပိုလွပဖို႔ ရွိေနပါတယ္။ အျခားအသင္းေတြထက္ လူစာရင္း ပိုေတာင့္တင္းေနတယ္။ တူဟယ္လ္ရည္မွန္းခ်က္ႀကီးႀကီးထားေနၿပီဆိုရင္ေတာ့ အဆင့္ ၂ ေနရာအထိ ခ်ယ္လ္ဆီးကိုပို႔ေဆာင္ႏိုင္ခဲ့ရင္ သူ႔ရဲ႕ ခ်ယ္လ္ဆီးနည္းျပဘဝအစက မ်က္ႏွာပန္းလွၿပီး ေျပာစမွတ္ျဖစ္လာပါေစလိမ့္မယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.