Premier League Transfer News

9 Mar နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု


– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ အရေးကြီးတဲ့ ဒါဘီနိုင်ပွဲမှာ စောစောစီးစီး ပင်နယ်တီယူပေးနိုင်ခဲ့ပေမယ့် အခွင့်အရေးတွေကို ဖြုန်းတီးခဲ့တဲ့ အန်တိုနီ မာစီယယ်လ်ကို နွေရာသီလမ်းခွဲလုပ်ဖို့ ဆုံးဖြတ်ထားပြီး အထောင်မှာလည်း မကစားနိုင်တဲ့အတူတူ တိုက်စစ်မှူးအဖြစ် ထည့်မထွက်တော့ဘဲ လေဗာကူဆင်တောင်ပံကစားသမား လီယွန် ဘိုင်လီနဲ့ အစားထိုးသွားဖို့ စီစဉ်နေ။


– မန်ချက်စတာဒါဘီမှာ ခြေကျင်းဝတ်ကို ထိခိုက်ဒဏ်ရာရရှိသွားခဲ့တဲ့ တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်ရဲ့ ဆေးစစ်မှုရလဒ်က ထင်သလို ဆိုးရွားခြင်း မရှိဘဲ ကာလကြာရှည် အနားယူရတာမျိုး မရှိနိုင်သလို လောလောဆယ်မှာတော့ ရောင်ရမ်းနေတဲ့ ခြေထောက်ကို ရေခဲကပ်ပြီး နှစ်ရက်ကုသသွားမယ်လို့ သိရ။


– ခြေစွမ်းကောင်းတွေ ပြထားနိုင်ပေမယ့် ပွဲထွက်ခွင့်အတွက် အသင်းခေါင်းဆောင် မက်ဂွိုင်းယားနဲ့ သူ့ရဲ့တွဲဖက် လင်ဒီလော့ဖ်တို့ရဲ့ နောက်မှာ တတိယဦးစားပေးအဖြစ်သာ ရှိနေခဲ့တဲ့ နောက်ခံလူ အဲရစ် ဘိုင်လီက နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားဆီက သူ့ရဲ့ အနာဂတ် အတွက် အာမခံချက်ကို အလိုရှိနေ။


– မန်စီးတီးနဲ့ပွဲမှာ ကွင်းလယ်မှာ ဘောလုံးအပျက်များနေခဲ့သလို ခြေစွမ်းမပြနိုင်တဲ့ အသက် ၂၈ နှစ်အရွယ် ကွင်းလယ်လူ ဖရက်ဒ်ကို ယူနိုက်တက်ပရိသတ်တွေက စိတ်ကုန်နေကြပြီဖြစ်ပြီး “နိုင်ပွဲအတွက် အောင်ပွဲခံမနေနဲ့၊ မင်းလုပ်ခဲ့တာ ဘာမှ မရှိဘူး”လို့ပါ တွစ်တာပေါ်မှာ ဝိုင်းဝန်း ရှုတ်ချခဲ့ကြ။


– မန်ချက်စတာယူနိုက်တက်အနေနဲ့ နွေရာသီမှာ ခေါ်ယူဖို့ နောက်ထပ်လေဗာကူဆင်ကစားသမားတစ်ယောက်ကို စောင့်ကြည့်နေပြီး အသက် ၂၂ နှစ်အရွယ် ဗဟိုနောက်ခံလူ အက်ဒ်မွန် တက်ပ်ဆိုဘာကို စိတ်ဝင်စားနေသလို ဂျရုမ်း ဘိုတန်းလက်သစ်လို့ ချီးကျူးခံနေရတဲ့ ဘာကီနာဖာဆိုနောက်ခံလူအတွက် ယူရိုသန်း ၄၀ အထက် ပေးချေပြီး ခေါ်ယူနိုင်ဖွယ်ရှိနေ။


– အသင်းရဲ့ အရေးမပါတဲ့ ကစားသမားတစ်ယောက်အဆင့်ကို ကျဆင်းသွားရာကနေ ပြန်လည်တိုက်ပွဲဝင်ပြီး ဦးစားပေးအဖြစ် ပြန်လည် ရပ်တည်နိုင်ခဲ့တဲ့ ဘယ်နောက်ခံလူ လုခ်ရှောရဲ့ စိတ်ဓာတ်ပိုင်းနဲ့ ခြေစွမ်းကို ယူနိုက်တက်နောက်ခံလူဟောင်း ရီယို ဖာဒီနန်က အလေးပြု ချီးကျူးသွား။


– မန်ချက်စတာစီးတီးနဲ့ လီဗာပူးလ်ကစားသမားဟောင်း ဒီတ်မာ ဟာမန်းက ဒေါ့မွန်တိုက်စစ်မှူး အာလင်း ဟားလန်းဟာ သူ့ရဲ့ အသင်းဟောင်းက နည်းပြ ဂွါဒီယိုလာရဲ့ ကစားဟန်နဲ့ ကိုက်ညီမှုနည်းမယ်လို့ သုံးသပ်လိုက်ပြီး မန်ချက်စတာယူနိုက်တက်အသင်းကသာ သင့်တော်လို့ ပြောင်းရွှေ့သင့်ကြောင်း တိုက်တွန်းသွား။


– မန်ချက်စတာစီးတီးအသင်းနဲ့ ဒါဘီပွဲစဉ်မှာ ဂိုးပေါက်ကာကွယ်မှု ၆ ကြိမ်ရှိခဲ့ပြီး လက်စွမ်းကောင်းကို ပြသနိုင်ခဲ့တဲ့ ဒင်းန် ဟန်ဒါဆန်ကို အင်္ဂလန်နံပါတ် ၁ ဂိုးသမားနေရာအတွက် မရွေးဖို့ ခက်တော့မယ်လို့ ဂျေမီ ကာရေဂါက သုံးသပ်လိုက်ပြီး ဒဟေးယားထက် သာလွန်တဲ့ တည်ငြိမ်မှုကို ပိုင်ဆိုင်ထားတဲ့ အကယ်ဒမီထွက်ကစားသမားကို လက်ရွေးစင်ဂိုးသမားဟောင်း ရောဘတ် ဂရင်းကလည်း ချီးကျူးခဲ့။


– မန်ချက်စတာယူနိုက်တက်အသင်းကနေ ဝက်စ်ဟမ်းအသင်းမှာ အငှားချထားခဲ့တဲ့ ကွင်းလယ်လူ ဂျက်ဆီ လင်ဂတ်အနေနဲ့ ပြီးခဲ့တဲ့ လိဒ်စ်နဲ့ပွဲမှာ ပင်နယ်တီကို ထပ်ဆင့်ပိတ်သွင်းပြီး ဂိုးထပ်ရခဲ့သလို ခြေစွမ်းပြခဲ့ပေမယ့် လာမယ့် ၁၄ ရက်နေ့မှာ ရင်ဆိုင်ရမယ့် အိုးလ်ထရက်ဖို့ဒ်ပွဲစဉ်ကိုတော့ ပြန်လည်ပါဝင်ခွင့်မရှိတာကြောင့် လွဲချော်ဖို့ရှိနေ။


– ဝါရင့်တိုက်စစ်မှူး အက်ဒင်ဆန် ကာဗာနီအနေနဲ့ မန်ချက်စတာယူနိုက်တက်အသင်းမှာ တစ်ရာသီကစားပြီးရင် နွေရာသီမှာ အသင်းက ထွက်ခွာဖို့ စဉ်းစားနေပြီး ဥရုဂွေးသားအနေနဲ့ အာဂျင်တီးနားထိပ်တန်းကလပ် ဘိုကာဂျူနီယာအသင်းနဲ့ တောင်အမေရိကမြေမှာ ခြေချဖို့ စိတ်စောနေတယ်လို့ဆို။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
– မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ အေရးႀကီးတဲ့ ဒါဘီႏိုင္ပြဲမွာ ေစာေစာစီးစီး ပင္နယ္တီယူေပးႏိုင္ခဲ့ေပမယ့္ အခြင့္အေရးေတြကို ျဖဳန္းတီးခဲ့တဲ့ အန္တိုနီ မာစီယယ္လ္ကို ေႏြရာသီလမ္းခြဲလုပ္ဖို႔ ဆုံးျဖတ္ထားၿပီး အေထာင္မွာလည္း မကစားႏိုင္တဲ့အတူတူ တိုက္စစ္မႉးအျဖစ္ ထည့္မထြက္ေတာ့ဘဲ ေလဗာကူဆင္ေတာင္ပံကစားသမား လီယြန္ ဘိုင္လီနဲ႔ အစားထိုးသြားဖို႔ စီစဥ္ေန။


– မန္ခ်က္စတာဒါဘီမွာ ေျခက်င္းဝတ္ကို ထိခိုက္ဒဏ္ရာရရွိသြားခဲ့တဲ့ တိုက္စစ္မႉး မားကပ္စ္ ရက္ရွ္ဖို႔ဒ္ရဲ႕ ေဆးစစ္မႈရလဒ္က ထင္သလို ဆိုး႐ြားျခင္း မရွိဘဲ ကာလၾကာရွည္ အနားယူရတာမ်ိဳး မရွိႏိုင္သလို ေလာေလာဆယ္မွာေတာ့ ေရာင္ရမ္းေနတဲ့ ေျခေထာက္ကို ေရခဲကပ္ၿပီး ႏွစ္ရက္ကုသသြားမယ္လို႔ သိရ။


– ေျခစြမ္းေကာင္းေတြ ျပထားႏိုင္ေပမယ့္ ပြဲထြက္ခြင့္အတြက္ အသင္းေခါင္းေဆာင္ မက္ဂြိဳင္းယားနဲ႔ သူ႔ရဲ႕တြဲဖက္ လင္ဒီေလာ့ဖ္တို႔ရဲ႕ ေနာက္မွာ တတိယဦးစားေပးအျဖစ္သာ ရွိေနခဲ့တဲ့ ေနာက္ခံလူ အဲရစ္ ဘိုင္လီက နည္းျပ အိုလီဂန္နာ ဆိုးလ္ရွားဆီက သူ႔ရဲ႕ အနာဂတ္ အတြက္ အာမခံခ်က္ကို အလိုရွိေန။


– မန္စီးတီးနဲ႔ပြဲမွာ ကြင္းလယ္မွာ ေဘာလုံးအပ်က္မ်ားေနခဲ့သလို ေျခစြမ္းမျပႏိုင္တဲ့ အသက္ ၂၈ ႏွစ္အ႐ြယ္ ကြင္းလယ္လူ ဖရက္ဒ္ကို ယူႏိုက္တက္ပရိသတ္ေတြက စိတ္ကုန္ေနၾကၿပီျဖစ္ၿပီး “ႏိုင္ပြဲအတြက္ ေအာင္ပြဲခံမေနနဲ႔၊ မင္းလုပ္ခဲ့တာ ဘာမွ မရွိဘူး”လို႔ပါ တြစ္တာေပၚမွာ ဝိုင္းဝန္း ရႈတ္ခ်ခဲ့ၾက။


– မန္ခ်က္စတာယူႏိုက္တက္အေနနဲ႔ ေႏြရာသီမွာ ေခၚယူဖို႔ ေနာက္ထပ္ေလဗာကူဆင္ကစားသမားတစ္ေယာက္ကို ေစာင့္ၾကည့္ေနၿပီး အသက္ ၂၂ ႏွစ္အ႐ြယ္ ဗဟိုေနာက္ခံလူ အက္ဒ္မြန္ တက္ပ္ဆိုဘာကို စိတ္ဝင္စားေနသလို ဂ်႐ုမ္း ဘိုတန္းလက္သစ္လို႔ ခ်ီးက်ဴးခံေနရတဲ့ ဘာကီနာဖာဆိုေနာက္ခံလူအတြက္ ယူ႐ိုသန္း ၄၀ အထက္ ေပးေခ်ၿပီး ေခၚယူႏိုင္ဖြယ္ရွိေန။


– အသင္းရဲ႕ အေရးမပါတဲ့ ကစားသမားတစ္ေယာက္အဆင့္ကို က်ဆင္းသြားရာကေန ျပန္လည္တိုက္ပြဲဝင္ၿပီး ဦးစားေပးအျဖစ္ ျပန္လည္ ရပ္တည္ႏိုင္ခဲ့တဲ့ ဘယ္ေနာက္ခံလူ လုခ္ေရွာရဲ႕ စိတ္ဓာတ္ပိုင္းနဲ႔ ေျခစြမ္းကို ယူႏိုက္တက္ေနာက္ခံလူေဟာင္း ရီယို ဖာဒီနန္က အေလးျပဳ ခ်ီးက်ဴးသြား။


– မန္ခ်က္စတာစီးတီးနဲ႔ လီဗာပူးလ္ကစားသမားေဟာင္း ဒီတ္မာ ဟာမန္းက ေဒါ့မြန္တိုက္စစ္မႉး အာလင္း ဟားလန္းဟာ သူ႔ရဲ႕ အသင္းေဟာင္းက နည္းျပ ဂြါဒီယိုလာရဲ႕ ကစားဟန္နဲ႔ ကိုက္ညီမႈနည္းမယ္လို႔ သုံးသပ္လိုက္ၿပီး မန္ခ်က္စတာယူႏိုက္တက္အသင္းကသာ သင့္ေတာ္လို႔ ေျပာင္းေ႐ႊ႕သင့္ေၾကာင္း တိုက္တြန္းသြား။


– မန္ခ်က္စတာစီးတီးအသင္းနဲ႔ ဒါဘီပြဲစဥ္မွာ ဂိုးေပါက္ကာကြယ္မႈ ၆ ႀကိမ္ရွိခဲ့ၿပီး လက္စြမ္းေကာင္းကို ျပသႏိုင္ခဲ့တဲ့ ဒင္းန္ ဟန္ဒါဆန္ကို အဂၤလန္နံပါတ္ ၁ ဂိုးသမားေနရာအတြက္ မေ႐ြးဖို႔ ခက္ေတာ့မယ္လို႔ ေဂ်မီ ကာေရဂါက သုံးသပ္လိုက္ၿပီး ဒေဟးယားထက္ သာလြန္တဲ့ တည္ၿငိမ္မႈကို ပိုင္ဆိုင္ထားတဲ့ အကယ္ဒမီထြက္ကစားသမားကို လက္ေ႐ြးစင္ဂိုးသမားေဟာင္း ေရာဘတ္ ဂရင္းကလည္း ခ်ီးက်ဴးခဲ့။


– မန္ခ်က္စတာယူႏိုက္တက္အသင္းကေန ဝက္စ္ဟမ္းအသင္းမွာ အငွားခ်ထားခဲ့တဲ့ ကြင္းလယ္လူ ဂ်က္ဆီ လင္ဂတ္အေနနဲ႔ ၿပီးခဲ့တဲ့ လိဒ္စ္နဲ႔ပြဲမွာ ပင္နယ္တီကို ထပ္ဆင့္ပိတ္သြင္းၿပီး ဂိုးထပ္ရခဲ့သလို ေျခစြမ္းျပခဲ့ေပမယ့္ လာမယ့္ ၁၄ ရက္ေန႔မွာ ရင္ဆိုင္ရမယ့္ အိုးလ္ထရက္ဖို႔ဒ္ပြဲစဥ္ကိုေတာ့ ျပန္လည္ပါဝင္ခြင့္မရွိတာေၾကာင့္ လြဲေခ်ာ္ဖို႔ရွိေန။


– ဝါရင့္တိုက္စစ္မႉး အက္ဒင္ဆန္ ကာဗာနီအေနနဲ႔ မန္ခ်က္စတာယူႏိုက္တက္အသင္းမွာ တစ္ရာသီကစားၿပီးရင္ ေႏြရာသီမွာ အသင္းက ထြက္ခြာဖို႔ စဥ္းစားေနၿပီး ဥ႐ုေဂြးသားအေနနဲ႔ အာဂ်င္တီးနားထိပ္တန္းကလပ္ ဘိုကာဂ်ဴနီယာအသင္းနဲ႔ ေတာင္အေမရိကေျမမွာ ေျခခ်ဖို႔ စိတ္ေစာေနတယ္လို႔ဆို။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.