Match Report Premier League

ကွင်းထဲက ခြေထက် စာရွက်ပေါ်က လူကို ပိုယုံမိလို့ ယူနိုက်တက်ရဲ့ အလဲထိုးခံလိုက်ရတဲ့ ဂွါဒီယိုလာနဲ့ စီးတီး

မန်ချက်စတာဒါဘီမှာတော့ ခြေတက်နေတဲ့ မန်ချက်စတာစီးတီးအသင်းအနေနဲ့ ရလဒ်တွေ ဆက်တိုက်ဆိုးရွားနေတဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အလဲထိုးမှုကို ခံခဲ့ရပြီး အားလုံးရဲ့ ထင်ကြေးတွေကို လွဲချော်စေခဲ့သလို ကွင်းထဲက ကစားသမားတွေရဲ့ ခြေစွမ်းထက် စာရွက် ပေါ်က လူစာရင်းကို ပိုယုံခဲ့တဲ့ ဂွါဒီယိုလာတစ်ယောက် ပွဲကြိုကြုံးဝါးထားတဲ့အတိုင်း ဆိုးလ်ရှားရဲ့ အလဲထိုးတာကို ခံခဲ့ရပါတယ်။

ဒီဘရိုင်းနား ပြန်လည်ပါဝင်လာချိန်ကစပြီး ရလဒ်တွေ ကျဉ်းမြောင်းလာခဲ့တဲ့ မန်စီးတီးတို့အနေနဲ့ သူတို့ရဲ့ အားနည်းချက်ကို သတိမူမိပုံ မရဘဲ စိတ်ဓာတ်ကောင်းကောင်းနဲ့ ရင်ဆိုင်လာတဲ့ ယူနိုက်တက်ကို ရင်ဆိုင်ခဲ့ရာမှာ ပွဲချိန် ၃၅ စက္ကန့်မှာကတည်းက ကိုယ့်အလုပ် ကိုယ်မလုပ်ဘဲ ဂိုးဧရိယာထဲ ဆင်းပြီး မာစီယယ်လ်ကို ဝင်ဖျက်တဲ့ ဂျေဆူးစ်ကြောင့် ပင်နယ်တီ ပေးခဲ့ရတာပါ။

ဒီအခွင့်အရေးကိုတော့ ဘရူနို ဖာနန်ဒက်စ်က သူ့ရဲ့ အသင်းကြီးတွေနဲ့တွေ့တိုင်း ရလဒ်မကောင်းဘူးလို့ အပြောခံနေရတာကို ချေဖျက်တဲ့အနေနဲ့ အမှားအယွင်းမရှိ သွင်းယူနိုင်ခဲ့ပြီး ဒီဂိုးမှာ စီးတီးဂိုးသမား အီဒါဆန် ကြိုးစားပုတ်ထုတ်ခဲ့ပေမယ့် အနည်းငယ်နောက်ကျခဲ့လို့ လက်နဲ့ထိပြီး ဝင်သွားခဲ့တာဖြစ်သလို ပွဲချိန် ၂ မိနစ်မှာ ယူနိုက်တက်တို့ စတင်ဦးဆောင်ခဲ့ပါတယ်။

စောစောစီးစီး ဂိုးပေးလိုက်ရအပြီးမှာ စီးတီးတို့ ပေါက်ကွဲဖို့ ကြိုးစားတာတွေက မျောက်ပွဲကြည့်ရသလိုမျိုးပဲဖြစ်နေပြီး ယူနိုက်တက်တို့ရဲ့ တစ်ချက်တစ်ချက် ထိုးဖောက်မှုတွေကတောင် ပိုပြီး အသည်းယားစရာဖြစ်ခဲ့သလို ဂွန်ဒိုးဝမ်နဲ့ ရက်ရှ်ဖို့ဒ်တို့ကတော့ ဂိုးသမားတွေကို တစ်ကြိမ်စီ ပညာစမ်းခဲ့ကြပါတယ်။

ဒီဘရိုင်းနား ပါလာကတည်းက စီးတီးတို့ ကွင်းလယ်လုပ်အားနှုန်း ကျသွားတာ၊ သူနဲ့ မာရက်ဇ်ကို တစ်ပြိုင်တည်းထည့်ပြီး ကွင်းလယ်နဲ့ ညာခြမ်းမှာ ကစားကွက်ကျဲနေတာ၊ ကန်ဆယ်လိုကို ဘယ်၊ ဝေါ်လ်ကာကို ညာမှာ သုံးသင့်တဲ့အစား ခံစစ်ကို အားမကိုးရတဲ့ ဇင်ချန်ကို,ကို ထည့်တာ၊ ကာရာဘောင်းမှာ နိုင်တုန်းက ကွင်းလယ်က အဖျက်ကစားတဲ့သူက ဝါရင့်အဖြစ် ရိုဒရီထက် ပိုအကွက်မြင်တဲ့ ဖာနန်ဒင်ညိုဖြစ်နေတာတွေက ဂွါဒီယိုလာရဲ့ အားနည်းချက်တွေဖြစ်ပြီး ဒါကို နောက်ဆုံးအချိန်အထိ မပြုပြင်နိုင်ခဲ့တာကိုလည်း တွေ့ရပါတယ်။

ဘာနာဒို ဆေးလ်ဗားရဲ့ အဓိကကျမှုကို မျက်ကွယ်ပြုခဲ့ပြီး ၄-၆-၀ ကစားကွက်ကို စွန့်ပယ်ခဲ့တဲ့ စီးတီးတို့အနေနဲ့ ဂိုးကန်သွင်းခွင့်တွေ အမြောက်အမြား ရခဲ့ပေမယ့် အပိုင်အခွင့်အရေးဖန်တီးမှုနဲ့ တစ်ဖက်အသင်းကို ဖရိုဖရဲဖြစ်အောင်လုပ်နိုင်မှုမှာတော့ အားနည်းခဲ့လို့ ဂိုးကန်သွင်းခွင့်က နှစ်ဆကျော် ကွာဟခဲ့ပေမယ့် ဂိုးပေါက်တည့်မှုကတော့ ၆ ကြိမ်စီ တူညီသွားခဲ့တာပါ။

ဒီလိုနဲ့ ပထမပိုင်းမှာ ယူနိုက်တက်ဘက်က နှစ်ပွဲဆက်တိုက် ဂိုးဖမ်းခွင့်ရတဲ့ ဟန်ဒါဆန်ကို သွေးတိုးစမ်းရုံသာ တတ်နိုင်ခဲ့တဲ့ စီးတီးတို့အနေနဲ့ ဇင်ချန်ကိုရဲ့ ဧရိယာထိပ်ကန်ချက်တစ်ခုသာ ရင်ခုန်စရာရှိခဲ့ပြီး အခွင့်အရေးတွေ ဖန်တီးမှန်း ဖြုန်းတီးမှန်း မကွဲတဲ့ မာရက်ဇ်ကတော့ Final Third မှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို မဖန်တီးနိုင်ဘဲ ပရိသတ်တွေအတွက် ဒါဘီဆိုတာ ဘာလဲသိပါတယ်ဆိုတာ အလကားပဲဖြစ်ခဲ့ရပါတယ်။

ပထမပိုင်းပြီးခါနီးမှာ ဒီဘရိုင်းနားရဲ့ ဖရီးကစ်ကို ဟန်ဒါဆန် ဘားပေါ်ကို ကျော်ပုတ်ခဲ့ရပြီး မာရက်ဇ်ရဲ့ကန်ချက် တိုင်ဘေးထွက်လာတာကို ပိတ်သွင်းဖို့ ကြိုးစားတဲ့ ဂျေဆူးစ်ကလည်း လူကျွံနေခဲ့တာကြောင့် စီးတီးတို့ရဲ့ ချေပဂိုးရှာဖွေမှုကတော့ သဲထဲရေသွန်ဖြစ်နေခဲ့ပြီး ပွဲတစ်ဝက်မှာတော့ ယူနိုက်တက်တို့က ဦးဆောင်နေခဲ့ပါတယ်။

ဒုတိယပိုင်းပြန်စပြီး မကြာခင်မှာပဲ မာရက်ဇ်ဆီက လာတဲ့ ဘောလုံးကို ဂျေဆူးစ် ပြန်ချပေးတာကို ကန်တဲ့ ရိုဒရီရဲ့ အလစ်အငိုက်ကန်ချက်က ဘားစွန်းနဲ့ထိပြီး ထွက်သွားခဲ့တာက စီးတီးတို့အတွက် သူတို့ရဲ့နေ့ မဟုတ်ဘူးလို့ ကံနတ်သမီးက ပေးခဲ့တဲ့ Message ဖြစ်ခဲ့သလို ဂွါဒီယိုလာလည်း တော်တော်လေး စိတ်ပျက်သွားခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

ပွဲချိန် မိနစ် ၅၀မှာတော့ ဒီဘရိုင်းနားနဲ့ ကန်ဆယ်လိုတို့ရဲ့ မပီပြင်တဲ့ Pressing ကို လုခ်ရှောက ဖြတ်ကျော်ဆွဲပြေးသွားခဲ့ပြီး Technical Foul လိုက်လုပ်ဖို့ စီးတီးကစားသမားတွေ မေ့နေကြချိန်မှာ ရက်ရှ်ဖို့ဒ်နဲ့ ဝမ်းတူးရိုက်ခဲ့ပြီး ဧရိယာထဲမှာ ဘောလုံးပြန်ရခဲ့တဲ့ အင်္ဂလန်ဘယ်နောက်ခံလူက ဝင်ဖျက်ဖို့ တိုင်မင်အောက်နေတဲ့ နောက်တန်းသုံးယောက်ကြားက အနိမ့်ဘောကန်သွင်းခဲ့ရာမှာ အဝေးတိုင်ခြေကို ဝင်သွားခဲ့ပြီး အီဒါဆန်ကို ငုတ်တုတ် မေ့စေခဲ့သလို ယူနိုက်တက်တို့ကို နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်စေခဲ့ပါတယ်။

ဂွါဒီယိုလာကတော့ ဒီလောက်ဖြစ်နေတာတောင်မှ သူ့ရဲ့ ကစားကွက်ကို ပြင်ဆင်ဖို့ သတိမရဘဲ နည်းဗျူဟာကို မပြောင်းဘဲ လူတွေကိုသာ တိုက်ရိုက်လဲလှယ်ခဲ့သလို ဝေါ်လ်ကာနဲ့ ဖိုဒန်ကို ကန်ဆယ်လိုနဲ့ ဂျေဆူးစ်တို့ နေရာမှာ ထည့်သွင်းခဲ့ပြီး ဘာနာဒို ဆေးလ်ဗားနဲ့ ဖာနန်ဒင်ညိုလို ကစားသမားတွေကို သတိတောင် မရခဲ့တာကိုလည်း တွေ့ရသလို သူ့ကို အကြံပေးနိုင်တဲ့ အာတီတာလိုလူမျိုးကို လက်လွှတ်လိုက်ရချိန်မှာ In Match Decision တွေ အလုပ်မဖြစ်တော့တာကိုလည်း မြင်ခဲ့ရပါတယ်။


ပွဲချိန် ၆၈ မိနစ်မှာ မက်တော်မီနေး အဖျက်ခံရတာကို ဖရီးကစ်လို့ ထင်နေတုန်းမှာ Advantage အဖြစ် လွတ်လွတ်ကျွတ်ကျွတ် ဘောလုံး ရသွားခဲ့တဲ့ မာစီယယ်လ် ကန်သွင်းဖို့ အဆင်သင့်မဖြစ်ခဲ့ဘဲ အမြန်ကန်သွင်းခဲ့ရတာကို အီဒါဆန် ကာကွယ်နိုင်ခဲ့လို့ ရလဒ်က ဒီထက် မကြီးမားခဲ့တာ ဖြစ်ပြီး ဒီနေ့ပွဲမှာ ဂိုးဧရိယာနား ရောက်လာတိုင်း ရင်တမမဖြစ်ရတာဟာ ဖိကစားနေတဲ့ အိမ်ရှင်တွေအတွက် မဟုတ်ခဲ့တာတော့ အသေချာပါပဲ။


ဒီနောက်ပိုင်းမှာတော့ စီးတီးတို့ ဖြတ်တင်ဘောတွေနဲ့ ထိုးဖောက်ခဲ့ပေမယ့် Final Touch တွေ မကောင်းတာ၊ ကစားသမားတွေ တဖြည်းဖြည်း ကစားအားကျလာနေတာကြောင့် အဆုံးသတ်မှုတွေက မထိရောက်တော့ဘဲ ထိုးဖောက်မှုနဲ့ ကန်သွင်းမှုတွေကိုသာ အချက်အလက်တစ်ခုအနေနဲ့ မြင်ခဲ့ရပြီး အစ်တီဟတ်မှာ ယူနိုက်တက်တို့ ဆိုးလ်ရှားပြောထားတဲ့အတိုင်း ဆာမတ်၊ ဆာအဲလက်စ်တို့ရဲ့ နည်းစနစ်တွေအတိုင်း အောင်ပွဲခံနိုင်ခဲ့ပါတယ်။


ဒီပွဲရလဒ်ကြောင့် မန်စီးတီးတို့ရဲ့ ၂၁ပွဲဆက် နိုင်ပွဲစံချိန် ရပ်တန့်သွားခဲ့သလို ယူနိုက်တက်တို့ကတော့ ၂၁ပွဲဆက် အဝေးကွင်းရှုံးပွဲမရှိတဲ့ စံချိန်ကို ၂၂ပွဲဆီ တိုးမြှင့်နိုင်ခဲ့ပြီး အမှတ်ပေးဇယားမှာလည်း ကွာဟချက်ကို ၁၁မှတ်အထိ လျှော့ချပြီး လက်စတာကို ပြန်ကျော်နိုင်ခဲ့သလို မန်ချက်စတာဒါဘီမှာ အဝေးကွင်းပရိသတ်တွေကို ပျော်ရွှင်စေနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာဒါဘီမွာေတာ့ ေျခတက္ေနတဲ့ မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ရလဒ္ေတြ ဆက္တိုက္ဆိုး႐ြားေနတဲ့ မန္ခ်က္စတာ ယူႏိုက္တက္အသင္းရဲ႕ အလဲထိုးမႈကို ခံခဲ့ရၿပီး အားလုံးရဲ႕ ထင္ေၾကးေတြကို လြဲေခ်ာ္ေစခဲ့သလို ကြင္းထဲက ကစားသမားေတြရဲ႕ ေျခစြမ္းထက္ စာ႐ြက္ ေပၚက လူစာရင္းကို ပိုယုံခဲ့တဲ့ ဂြါဒီယိုလာတစ္ေယာက္ ပြဲႀကိဳႀကဳံးဝါးထားတဲ့အတိုင္း ဆိုးလ္ရွားရဲ႕ အလဲထိုးတာကို ခံခဲ့ရပါတယ္။

ဒီဘ႐ိုင္းနား ျပန္လည္ပါဝင္လာခ်ိန္ကစၿပီး ရလဒ္ေတြ က်ဥ္းေျမာင္းလာခဲ့တဲ့ မန္စီးတီးတို႔အေနနဲ႔ သူတို႔ရဲ႕ အားနည္းခ်က္ကို သတိမူမိပုံ မရဘဲ စိတ္ဓာတ္ေကာင္းေကာင္းနဲ႔ ရင္ဆိုင္လာတဲ့ ယူႏိုက္တက္ကို ရင္ဆိုင္ခဲ့ရာမွာ ပြဲခ်ိန္ ၃၅ စကၠန႔္မွာကတည္းက ကိုယ့္အလုပ္ ကိုယ္မလုပ္ဘဲ ဂိုးဧရိယာထဲ ဆင္းၿပီး မာစီယယ္လ္ကို ဝင္ဖ်က္တဲ့ ေဂ်ဆူးစ္ေၾကာင့္ ပင္နယ္တီ ေပးခဲ့ရတာပါ။

ဒီအခြင့္အေရးကိုေတာ့ ဘ႐ူႏို ဖာနန္ဒက္စ္က သူ႔ရဲ႕ အသင္းႀကီးေတြနဲ႔ေတြ႕တိုင္း ရလဒ္မေကာင္းဘူးလို႔ အေျပာခံေနရတာကို ေခ်ဖ်က္တဲ့အေနနဲ႔ အမွားအယြင္းမရွိ သြင္းယူႏိုင္ခဲ့ၿပီး ဒီဂိုးမွာ စီးတီးဂိုးသမား အီဒါဆန္ ႀကိဳးစားပုတ္ထုတ္ခဲ့ေပမယ့္ အနည္းငယ္ေနာက္က်ခဲ့လို႔ လက္နဲ႔ထိၿပီး ဝင္သြားခဲ့တာျဖစ္သလို ပြဲခ်ိန္ ၂ မိနစ္မွာ ယူႏိုက္တက္တို႔ စတင္ဦးေဆာင္ခဲ့ပါတယ္။

ေစာေစာစီးစီး ဂိုးေပးလိုက္ရအၿပီးမွာ စီးတီးတို႔ ေပါက္ကြဲဖို႔ ႀကိဳးစားတာေတြက ေမ်ာက္ပြဲၾကည့္ရသလိုမ်ိဳးပဲျဖစ္ေနၿပီး ယူႏိုက္တက္တို႔ရဲ႕ တစ္ခ်က္တစ္ခ်က္ ထိုးေဖာက္မႈေတြကေတာင္ ပိုၿပီး အသည္းယားစရာျဖစ္ခဲ့သလို ဂြန္ဒိုးဝမ္နဲ႔ ရက္ရွ္ဖို႔ဒ္တို႔ကေတာ့ ဂိုးသမားေတြကို တစ္ႀကိမ္စီ ပညာစမ္းခဲ့ၾကပါတယ္။

ဒီဘ႐ိုင္းနား ပါလာကတည္းက စီးတီးတို႔ ကြင္းလယ္လုပ္အားႏႈန္း က်သြားတာ၊ သူနဲ႔ မာရက္ဇ္ကို တစ္ၿပိဳင္တည္းထည့္ၿပီး ကြင္းလယ္နဲ႔ ညာျခမ္းမွာ ကစားကြက္က်ဲေနတာ၊ ကန္ဆယ္လိုကို ဘယ္၊ ေဝၚလ္ကာကို ညာမွာ သုံးသင့္တဲ့အစား ခံစစ္ကို အားမကိုးရတဲ့ ဇင္ခ်န္ကို,ကို ထည့္တာ၊ ကာရာေဘာင္းမွာ ႏိုင္တုန္းက ကြင္းလယ္က အဖ်က္ကစားတဲ့သူက ဝါရင့္အျဖစ္ ႐ိုဒရီထက္ ပိုအကြက္ျမင္တဲ့ ဖာနန္ဒင္ညိဳျဖစ္ေနတာေတြက ဂြါဒီယိုလာရဲ႕ အားနည္းခ်က္ေတြျဖစ္ၿပီး ဒါကို ေနာက္ဆုံးအခ်ိန္အထိ မျပဳျပင္ႏိုင္ခဲ့တာကိုလည္း ေတြ႕ရပါတယ္။

ဘာနာဒို ေဆးလ္ဗားရဲ႕ အဓိကက်မႈကို မ်က္ကြယ္ျပဳခဲ့ၿပီး ၄-၆-၀ ကစားကြက္ကို စြန႔္ပယ္ခဲ့တဲ့ စီးတီးတို႔အေနနဲ႔ ဂိုးကန္သြင္းခြင့္ေတြ အေျမာက္အျမား ရခဲ့ေပမယ့္ အပိုင္အခြင့္အေရးဖန္တီးမႈနဲ႔ တစ္ဖက္အသင္းကို ဖ႐ိုဖရဲျဖစ္ေအာင္လုပ္ႏိုင္မႈမွာေတာ့ အားနည္းခဲ့လို႔ ဂိုးကန္သြင္းခြင့္က ႏွစ္ဆေက်ာ္ ကြာဟခဲ့ေပမယ့္ ဂိုးေပါက္တည့္မႈကေတာ့ ၆ ႀကိမ္စီ တူညီသြားခဲ့တာပါ။

ဒီလိုနဲ႔ ပထမပိုင္းမွာ ယူႏိုက္တက္ဘက္က ႏွစ္ပြဲဆက္တိုက္ ဂိုးဖမ္းခြင့္ရတဲ့ ဟန္ဒါဆန္ကို ေသြးတိုးစမ္း႐ုံသာ တတ္ႏိုင္ခဲ့တဲ့ စီးတီးတို႔အေနနဲ႔ ဇင္ခ်န္ကိုရဲ႕ ဧရိယာထိပ္ကန္ခ်က္တစ္ခုသာ ရင္ခုန္စရာရွိခဲ့ၿပီး အခြင့္အေရးေတြ ဖန္တီးမွန္း ျဖဳန္းတီးမွန္း မကြဲတဲ့ မာရက္ဇ္ကေတာ့ Final Third မွာ မွန္ကန္တဲ့ ဆုံးျဖတ္ခ်က္ေတြကို မဖန္တီးႏိုင္ဘဲ ပရိသတ္ေတြအတြက္ ဒါဘီဆိုတာ ဘာလဲသိပါတယ္ဆိုတာ အလကားပဲျဖစ္ခဲ့ရပါတယ္။

ပထမပိုင္းၿပီးခါနီးမွာ ဒီဘ႐ိုင္းနားရဲ႕ ဖရီးကစ္ကို ဟန္ဒါဆန္ ဘားေပၚကို ေက်ာ္ပုတ္ခဲ့ရၿပီး မာရက္ဇ္ရဲ႕ကန္ခ်က္ တိုင္ေဘးထြက္လာတာကို ပိတ္သြင္းဖို႔ ႀကိဳးစားတဲ့ ေဂ်ဆူးစ္ကလည္း လူကြၽံေနခဲ့တာေၾကာင့္ စီးတီးတို႔ရဲ႕ ေခ်ပဂိုးရွာေဖြမႈကေတာ့ သဲထဲေရသြန္ျဖစ္ေနခဲ့ၿပီး ပြဲတစ္ဝက္မွာေတာ့ ယူႏိုက္တက္တို႔က ဦးေဆာင္ေနခဲ့ပါတယ္။

ဒုတိယပိုင္းျပန္စၿပီး မၾကာခင္မွာပဲ မာရက္ဇ္ဆီက လာတဲ့ ေဘာလုံးကို ေဂ်ဆူးစ္ ျပန္ခ်ေပးတာကို ကန္တဲ့ ႐ိုဒရီရဲ႕ အလစ္အငိုက္ကန္ခ်က္က ဘားစြန္းနဲ႔ထိၿပီး ထြက္သြားခဲ့တာက စီးတီးတို႔အတြက္ သူတို႔ရဲ႕ေန႔ မဟုတ္ဘူးလို႔ ကံနတ္သမီးက ေပးခဲ့တဲ့ Message ျဖစ္ခဲ့သလို ဂြါဒီယိုလာလည္း ေတာ္ေတာ္ေလး စိတ္ပ်က္သြားခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။

ပြဲခ်ိန္ မိနစ္ ၅၀ မွာေတာ့ ဒီဘ႐ိုင္းနားနဲ႔ ကန္ဆယ္လိုတို႔ရဲ႕ မပီျပင္တဲ့ Pressing ကို လုခ္ေရွာက ျဖတ္ေက်ာ္ဆြဲေျပးသြားခဲ့ၿပီး Technical Foul လိုက္လုပ္ဖို႔ စီးတီးကစားသမားေတြ ေမ့ေနၾကခ်ိန္မွာ ရက္ရွ္ဖို႔ဒ္နဲ႔ ဝမ္းတူး႐ိုက္ခဲ့ၿပီး ဧရိယာထဲမွာ ေဘာလုံးျပန္ရခဲ့တဲ့ အဂၤလန္ဘယ္ေနာက္ခံလူက ဝင္ဖ်က္ဖို႔ တိုင္မင္ေအာက္ေနတဲ့ ေနာက္တန္းသုံးေယာက္ၾကားက အနိမ့္ေဘာကန္သြင္းခဲ့ရာမွာ အေဝးတိုင္ေျခကို ဝင္သြားခဲ့ၿပီး အီဒါဆန္ကို ငုတ္တုတ္ ေမ့ေစခဲ့သလို ယူႏိုက္တက္တို႔ကို ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေစခဲ့ပါတယ္။

ဂြါဒီယိုလာကေတာ့ ဒီေလာက္ျဖစ္ေနတာေတာင္မွ သူ႔ရဲ႕ ကစားကြက္ကို ျပင္ဆင္ဖို႔ သတိမရဘဲ နည္းဗ်ဴဟာကို မေျပာင္းဘဲ လူေတြကိုသာ တိုက္႐ိုက္လဲလွယ္ခဲ့သလို ေဝၚလ္ကာနဲ႔ ဖိုဒန္ကို ကန္ဆယ္လိုနဲ႔ ေဂ်ဆူးစ္တို႔ ေနရာမွာ ထည့္သြင္းခဲ့ၿပီး ဘာနာဒို ေဆးလ္ဗားနဲ႔ ဖာနန္ဒင္ညိဳလို ကစားသမားေတြကို သတိေတာင္ မရခဲ့တာကိုလည္း ေတြ႕ရသလို သူ႔ကို အႀကံေပးႏိုင္တဲ့ အာတီတာလိုလူမ်ိဳးကို လက္လႊတ္လိုက္ရခ်ိန္မွာ In Match Decision ေတြ အလုပ္မျဖစ္ေတာ့တာကိုလည္း ျမင္ခဲ့ရပါတယ္။

ပြဲခ်ိန္ ၆၈ မိနစ္မွာ မက္ေတာ္မီေနး အဖ်က္ခံရတာကို ဖရီးကစ္လို႔ ထင္ေနတုန္းမွာ Advantage အျဖစ္ လြတ္လြတ္ကြၽတ္ကြၽတ္ ေဘာလုံး ရသြားခဲ့တဲ့ မာစီယယ္လ္ ကန္သြင္းဖို႔ အဆင္သင့္မျဖစ္ခဲ့ဘဲ အျမန္ကန္သြင္းခဲ့ရတာကို အီဒါဆန္ ကာကြယ္ႏိုင္ခဲ့လို႔ ရလဒ္က ဒီထက္ မႀကီးမားခဲ့တာ ျဖစ္ၿပီး ဒီေန႔ပြဲမွာ ဂိုးဧရိယာနား ေရာက္လာတိုင္း ရင္တမမျဖစ္ရတာဟာ ဖိကစားေနတဲ့ အိမ္ရွင္ေတြအတြက္ မဟုတ္ခဲ့တာေတာ့ အေသခ်ာပါပဲ။

ဒီေနာက္ပိုင္းမွာေတာ့ စီးတီးတို႔ ျဖတ္တင္ေဘာေတြနဲ႔ ထိုးေဖာက္ခဲ့ေပမယ့္ Final Touch ေတြ မေကာင္းတာ၊ ကစားသမားေတြ တျဖည္းျဖည္း ကစားအားက်လာေနတာေၾကာင့္ အဆုံးသတ္မႈေတြက မထိေရာက္ေတာ့ဘဲ ထိုးေဖာက္မႈနဲ႔ ကန္သြင္းမႈေတြကိုသာ အခ်က္အလက္တစ္ခုအေနနဲ႔ ျမင္ခဲ့ရၿပီး အစ္တီဟတ္မွာ ယူႏိုက္တက္တို႔ ဆိုးလ္ရွားေျပာထားတဲ့အတိုင္း ဆာမတ္၊ ဆာအဲလက္စ္တို႔ရဲ႕ နည္းစနစ္ေတြအတိုင္း ေအာင္ပြဲခံႏိုင္ခဲ့ပါတယ္။

ဒီပြဲရလဒ္ေၾကာင့္ မန္စီးတီးတို႔ရဲ႕ ၂၁ ပြဲဆက္ ႏိုင္ပြဲစံခ်ိန္ ရပ္တန႔္သြားခဲ့သလို ယူႏိုက္တက္တို႔ကေတာ့ ၂၁ ပြဲဆက္ အေဝးကြင္းရႈံးပြဲမရွိတဲ့ စံခ်ိန္ကို ၂၂ ပြဲဆီ တိုးျမႇင့္ႏိုင္ခဲ့ၿပီး အမွတ္ေပးဇယားမွာလည္း ကြာဟခ်က္ကို ၁၁ မွတ္အထိ ေလွ်ာ့ခ်ၿပီး လက္စတာကို ျပန္ေက်ာ္ႏိုင္ခဲ့သလို မန္ခ်က္စတာဒါဘီမွာ အေဝးကြင္းပရိသတ္ေတြကို ေပ်ာ္႐ႊင္ေစႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.