Premier League Transfer News

8 Mar နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းရဲ့ ဘန်လေကို သရေကျတဲ့ ပွဲအပြီးမှာ ဒေါသထွက်နေတဲ့ ပရိသတ်တွေအနေနဲ့ အပြစ်တင်စရာ သားကောင် ရှာဖွေနေကြချိန်မှာ လူငယ်တောင်ပံကစားသမား ဘူကာယို ဆာကာကိုတောင် ချန်မထားခဲ့ကြဘဲ ဂိုးဝင်အောင် မကန်နိုင်ခဲ့သလို ဘောလုံး ၁၂ ကြိမ်အထိ ဆုံးရှုံးခဲ့တာအတွက် ဝေဖန်နေကြ။

– အာဆင်နယ်အသင်းပရိသတ်ဝက်ဘ်ဆိုက်တစ်ခုကတော့ ညာနောက်ခံလူ ဟက်တာ ဘယ်လာရင်နဲ့ တိုက်စစ်မှူး ပျယ်-အမ်မရိခ် အူဘာမီယန်းတို့ဟာ ဒီထက် ပိုကောင်းလာဖို့ မရှိတော့ဘဲ အသင်းအနေနဲ့ သူတို့ကို ဝန်းရံပြီး တည်ဆောက်ဖို့ထက် တခြားကစားသမားတွေကိုပဲ အားကိုးသင့်ပြီလို့ ရေးသားသွားခဲ့။

– ပြီးခဲ့တဲ့ရာသီက အဆင့် ၈ မှာ ရပ်တည်ခဲ့ပြီး အက်ဖ်အေဖလားကို ဗိုလ်စွဲခဲ့လို့သာ ယူရိုပါလိဂ်ကို ကစားခွင့်ရခဲ့တဲ့ အာဆင်နယ်အသင်းအနေနဲ့ ဒီရာသီမှာလည်း အမှတ်ပေးဇယား ရပ်တည်မှုက ဆိုးရွားနေတဲ့အတွက် အာတီတာကို ဆက်လက်ထောက်ခံပေးမယ်ဆိုရင် သူ့ရဲ့ နည်းစနစ်နဲ့ ကိုက်ညီတဲ့ ကစားသမား ၅ ဦးလောက်ကို ရှာဖွေပေးဖို့ မာတင် ကီးယွန်းတိုက်တွန်း။

– အာဆင်နယ်အသင်းကနေ ဘွန်ဒက်စ်လီဂါကလပ် ရှော်လ်ကာအသင်းကို အငှားချထားခဲ့ပြီး အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူနေရတဲ့ နောက်ခံလူ ဆိဒ် ကိုလာစီနက်ချ်အနေနဲ့ လက်ကျန်ပွဲတွေမှာ အသင်းရလဒ်မကောင်းခဲ့ဘဲ တန်းဆင်းသွားခဲ့ရင်လည်း အပြီးသတ်ပြောင်းရွှေ့သွားဖို့ စဉ်းစားနေတယ်လို့ဆို။

– အာဆင်နယ်နဲ့ အေစီမီလန်အသင်းတွေရဲ့ စိတ်ဝင်စားမှုကို ရရှိထားခဲ့တဲ့ နောက်ခံလူ ဂျော်ဒန် အာမာဗီအနေနဲ့ သူရရှိထားတဲ့ ကမ်းလှမ်းမှုတွေကို ပယ်ချခဲ့ပြီး လက်ရှိကလပ် မာဆေးလ်အသင်းနဲ့ပဲ စာချုပ်သစ်ချုပ်ဆိုသွားဖို့ ဆန္ဒရှိတယ်လို့ Le 10 Sport ဖော်ပြ။

– နွေရာသီမှာ အာဆင်နယ်အသင်းက အလက်ဇန်းဒါး လာကာဇက်ရဲ့နေရာကို တိုက်ရိုက်အစားထိုးဖို့အတွက် စောင့်ကြည့်နေတဲ့သူတွေထဲက တစ်ဦးဖြစ်တဲ့ ဘရန့်ဖို့ဒ်တိုက်စစ်မှူး အိုင်ဗန် တုန်နီကို ခေါ်ယူဖို့ လက်စတာစီးတီးအသင်းနဲ့ ဝုလ်ဗာဟမ့်ပ်တန်အသင်းတွေက ယှဉ်ပြိုင်လာဖို့ ရှိနေ။

– အာဆင်နယ်အသင်းရဲ့ ကွင်းလယ်ကနေ တိုက်စစ်ကို ပုံဖော်ရာမှာ အီမီးလ် စမစ်ရိုးက အငှားနဲ့ ခေါ်ယူထားတဲ့ မာတင် အော်ဒီဂွါဒ်ထက် ပိုကောင်းတယ်လို့ ပရိသတ်တွေထဲမှာ ငြင်းခုံနေကြပြီး အင်္ဂလန်သားဟာ တိုက်စစ်မှာ နေရာပိုချောင်အောင်လုပ်ပေးနိုင်သလို အူဘာမီယန်းအတွက်လည်း နေရာတွေကို ဖြည့်ဆည်းပေးနိုင်တယ်လို့ ဆိုနေကြ။

– အာဆင်နယ်အသင်းကို အငှားနဲ့ လာရောက်ကစားနေခဲ့ရတဲ့ အော်ဒီဂွါဒ်အနေနဲ့ အသက် ၁၆ နှစ်အရွယ်က တစ်ကမ္ဘာလုံးလိုချင်တဲ့ ကြယ်ပွင့်လေးအဆင့်ကနေ ရီးရဲလ်မက်ဒရစ်မှာ နေရာရမလာတာဟာ မထူးဆန်းကြောင်းနဲ့ သူ့မှာ နည်းစနစ်ပိုင်းကျွမ်းကျင်မှု မြင့်မားပေမယ့် နိုင်လိုစိတ်နည်းပါးနေတာကြောင့်ပဲဖြစ်တယ်လို့ Stadium Astro ရဲ့ ဂယ်ရီ စတီဗင်စ် ဝေဖန်သွား။

– ဘန်လေနဲ့ပွဲမှာ အာဆင်နယ်အသင်းရဲ့ ပင်နယ်တီကို ငြင်းပယ်ခံခဲ့ရတာအတွက် ပရိသတ်တွေရဲ့ ဒေါသက VAR ဒိုင် ကီဗင် ဖရန့်ဆီ မရောက်ဘဲ သာမန်ပြိုင်ဘက်တစ်ဦးသာဖြစ်တဲ့ အဲရစ် ပီတာစ်ဆီကို ရောက်နေခဲ့ပြီး တွစ်တာပေါ်မှာ ဝိုင်းဝန်းဆဲဆိုနေကြသလို မိသားစုကိုပါ ထိခိုက်လာတာကြောင့် တာဝန်ရှိသူတွေအနေနဲ့ အရေးယူဖို့ စီစဉ်နေကြ။

– အာဆင်နယ်နည်းပြ မီခယ်လ် အာတီတာက ပရီးမီးယားလိဂ်ကနေ ဥရောပပြိုင်ပွဲတွေ ကစားခွင့်ရဖို့ အသင်းရဲ့ အခွင့်အလမ်းက တော်တော်လေး ရှုပ်ထွေးနေသလို ခက်ခဲနေခဲ့ပြီလို့ ဝန်ခံလိုက်ပြီး အသင်းကိုတော့ လာမယ့်ပွဲတိုင်းမှာ အနိုင်ရအောင် ကစားဖို့ တိုက်တွန်း။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းရဲ႕ ဘန္ေလကို သေရက်တဲ့ ပြဲအၿပီးမွာ ေဒါသထြက္ေနတဲ့ ပရိသတ္ေတြအေနနဲ႔ အျပစ္တင္စရာ သားေကာင္ ရွာေဖြေနၾကခ်ိန္မွာ လူငယ္ေတာင္ပံကစားသမား ဘူကာယို ဆာကာကိုေတာင္ ခ်န္မထားခဲ့ၾကဘဲ ဂိုးဝင္ေအာင္ မကန္ႏိုင္ခဲ့သလို ေဘာလုံး ၁၂ ႀကိမ္အထိ ဆုံးရႈံးခဲ့တာအတြက္ ေဝဖန္ေနၾက။

– အာဆင္နယ္အသင္းပရိသတ္ဝက္ဘ္ဆိုက္တစ္ခုကေတာ့ ညာေနာက္ခံလူ ဟက္တာ ဘယ္လာရင္နဲ႔ တိုက္စစ္မႉး ပ်ယ္-အမ္မရိခ္ အူဘာမီယန္းတို႔ဟာ ဒီထက္ ပိုေကာင္းလာဖို႔ မရွိေတာ့ဘဲ အသင္းအေနနဲ႔ သူတို႔ကို ဝန္းရံၿပီး တည္ေဆာက္ဖို႔ထက္ တျခားကစားသမားေတြကိုပဲ အားကိုးသင့္ၿပီလို႔ ေရးသားသြားခဲ့။

– ၿပီးခဲ့တဲ့ရာသီက အဆင့္ ၈ မွာ ရပ္တည္ခဲ့ၿပီး အက္ဖ္ေအဖလားကို ဗိုလ္စြဲခဲ့လို႔သာ ယူ႐ိုပါလိဂ္ကို ကစားခြင့္ရခဲ့တဲ့ အာဆင္နယ္အသင္းအေနနဲ႔ ဒီရာသီမွာလည္း အမွတ္ေပးဇယား ရပ္တည္မႈက ဆိုး႐ြားေနတဲ့အတြက္ အာတီတာကို ဆက္လက္ေထာက္ခံေပးမယ္ဆိုရင္ သူ႔ရဲ႕ နည္းစနစ္နဲ႔ ကိုက္ညီတဲ့ ကစားသမား ၅ ဦးေလာက္ကို ရွာေဖြေပးဖို႔ မာတင္ ကီးယြန္းတိုက္တြန္း။

– အာဆင္နယ္အသင္းကေန ဘြန္ဒက္စ္လီဂါကလပ္ ေရွာ္လ္ကာအသင္းကို အငွားခ်ထားခဲ့ၿပီး အသင္းေခါင္းေဆာင္အျဖစ္ တာဝန္ယူေနရတဲ့ ေနာက္ခံလူ ဆိဒ္ ကိုလာစီနက္ခ်္အေနနဲ႔ လက္က်န္ပြဲေတြမွာ အသင္းရလဒ္မေကာင္းခဲ့ဘဲ တန္းဆင္းသြားခဲ့ရင္လည္း အၿပီးသတ္ေျပာင္းေ႐ႊ႕သြားဖို႔ စဥ္းစားေနတယ္လို႔ဆို။

– အာဆင္နယ္နဲ႔ ေအစီမီလန္အသင္းေတြရဲ႕ စိတ္ဝင္စားမႈကို ရရွိထားခဲ့တဲ့ ေနာက္ခံလူ ေဂ်ာ္ဒန္ အာမာဗီအေနနဲ႔ သူရရွိထားတဲ့ ကမ္းလွမ္းမႈေတြကို ပယ္ခ်ခဲ့ၿပီး လက္ရွိကလပ္ မာေဆးလ္အသင္းနဲ႔ပဲ စာခ်ဳပ္သစ္ခ်ဳပ္ဆိုသြားဖို႔ ဆႏၵရွိတယ္လို႔ Le 10 Sport ေဖာ္ျပ။

– ေႏြရာသီမွာ အာဆင္နယ္အသင္းက အလက္ဇန္းဒါး လာကာဇက္ရဲ႕ေနရာကို တိုက္႐ိုက္အစားထိုးဖို႔အတြက္ ေစာင့္ၾကည့္ေနတဲ့သူေတြထဲက တစ္ဦးျဖစ္တဲ့ ဘရန႔္ဖို႔ဒ္တိုက္စစ္မႉး အိုင္ဗန္ တုန္နီကို ေခၚယူဖို႔ လက္စတာစီးတီးအသင္းနဲ႔ ဝုလ္ဗာဟမ့္ပ္တန္အသင္းေတြက ယွဥ္ၿပိဳင္လာဖို႔ ရွိေန။

– အာဆင္နယ္အသင္းရဲ႕ ကြင္းလယ္ကေန တိုက္စစ္ကို ပုံေဖာ္ရာမွာ အီမီးလ္ စမစ္႐ိုးက အငွားနဲ႔ ေခၚယူထားတဲ့ မာတင္ ေအာ္ဒီဂြါဒ္ထက္ ပိုေကာင္းတယ္လို႔ ပရိသတ္ေတြထဲမွာ ျငင္းခုံေနၾကၿပီး အဂၤလန္သားဟာ တိုက္စစ္မွာ ေနရာပိုေခ်ာင္ေအာင္လုပ္ေပးႏိုင္သလို အူဘာမီယန္းအတြက္လည္း ေနရာေတြကို ျဖည့္ဆည္းေပးႏိုင္တယ္လို႔ ဆိုေနၾက။

– အာဆင္နယ္အသင္းကို အငွားနဲ႔ လာေရာက္ကစားေနခဲ့ရတဲ့ ေအာ္ဒီဂြါဒ္အေနနဲ႔ အသက္ ၁၆ ႏွစ္အ႐ြယ္က တစ္ကမာၻလုံးလိုခ်င္တဲ့ ၾကယ္ပြင့္ေလးအဆင့္ကေန ရီးရဲလ္မက္ဒရစ္မွာ ေနရာရမလာတာဟာ မထူးဆန္းေၾကာင္းနဲ႔ သူ႔မွာ နည္းစနစ္ပိုင္းကြၽမ္းက်င္မႈ ျမင့္မားေပမယ့္ ႏိုင္လိုစိတ္နည္းပါးေနတာေၾကာင့္ပဲျဖစ္တယ္လို႔ Stadium Astro ရဲ႕ ဂယ္ရီ စတီဗင္စ္ ေဝဖန္သြား။

– ဘန္ေလနဲ႔ပြဲမွာ အာဆင္နယ္အသင္းရဲ႕ ပင္နယ္တီကို ျငင္းပယ္ခံခဲ့ရတာအတြက္ ပရိသတ္ေတြရဲ႕ ေဒါသက VAR ဒိုင္ ကီဗင္ ဖရန႔္ဆီ မေရာက္ဘဲ သာမန္ၿပိဳင္ဘက္တစ္ဦးသာျဖစ္တဲ့ အဲရစ္ ပီတာစ္ဆီကို ေရာက္ေနခဲ့ၿပီး တြစ္တာေပၚမွာ ဝိုင္းဝန္းဆဲဆိုေနၾကသလို မိသားစုကိုပါ ထိခိုက္လာတာေၾကာင့္ တာဝန္ရွိသူေတြအေနနဲ႔ အေရးယူဖို႔ စီစဥ္ေနၾက။

– အာဆင္နယ္နည္းျပ မီခယ္လ္ အာတီတာက ပရီးမီးယားလိဂ္ကေန ဥေရာပၿပိဳင္ပြဲေတြ ကစားခြင့္ရဖို႔ အသင္းရဲ႕ အခြင့္အလမ္းက ေတာ္ေတာ္ေလး ရႈပ္ေထြးေနသလို ခက္ခဲေနခဲ့ၿပီလို႔ ဝန္ခံလိုက္ၿပီး အသင္းကိုေတာ့ လာမယ့္ပြဲတိုင္းမွာ အႏိုင္ရေအာင္ ကစားဖို႔ တိုက္တြန္း။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.