Match Report Premier League

၆ ပွဲဆက်တိုက် အိမ်ကွင်းအရှုံးနဲ့ မျှော်လင့်ချက်တွေ ဝေဝါးလာခဲ့တဲ့ လီဗာပူးလ်

လီဗာပူးလ်အသင်းအနေနဲ့ ဒီနေ့မှာ ဒဏ်ရာရထားတယ်လို့ သတင်းထွက်ခဲ့တဲ့ နာသန် ဖိလစ်ကို ပြန်လည်ထည့်သွင်းလာခဲ့ပြီး ရီးစ် ဝီလီယမ်စ်နဲ့ တွဲပေးခဲ့သလို အလက်ဇန်းဒါး-အာနိုးလ်ဒ်ကိုလည်း ချန်လှပ်ထားပြီး နီကို ဝီလီယမ်စ်ကို အသုံးပြုလာချိန်မှာ ကစားသမားတော်တော်များများကိုလည်း အနားပေးခဲ့ပြီး ဆာလားနဲ့ ဂျိုတာကို ရှာကျီရီနဲ့ တွဲပေးခဲ့ပါတယ်။

ဖာဘင်ညို၊ မာနေး၊ ဖာမီနို၊ သီယာဂိုနဲ့ ကားတစ် ဂျုံးစ်တို့ မပါဝင်နိုင်ချိန်မှာ ကွင်းလယ်မှာတော့ ခရစ္စတယ်လ်ပဲလေ့စ်ကို ခုနစ်ဂိုးပြတ်သွင်းတဲ့ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ ကီတာကို ပြန်လည်ထည့်သွင်းလာချိန်မှာ ပုံမှန်အတိုင်း ဖိကစားခဲ့ပေမယ့် အတွဲအဖက်တွေကတော့ လွဲချော်မှုတွေ များခဲ့ပါတယ်။

ဖူလ်ဟမ်ဘက်က အဝေးဘောတွေ ပေးပြီး လွတ်ခ်မန်းနဲ့ ထိုးဖောက်ဖို့ ကြိုးစားခဲ့တဲ့ ဒဏ်ကို နီကို ဝီလီယမ်စ် တော်တော်လေး ရုန်းကန်ခဲ့ရပြီး ပွဲချိန် ၁၅ မိနစ်မှာတော့ ဆာလားအနေနဲ့ ရတဲ့ အခွင့်အရေးကို အသုံးမချနိုင်ခဲ့လို့ လီဗာပူးလ်တို့ အနိုင်ဂိုးနဲ့ ဝေးခဲ့ရသလို မကြာခင်မှာ နောက်တစ်ကြိမ် ကန်ခွင့်ကိုလည်း လွဲချော်ခဲ့ပါတယ်။

လီဗာပူးလ်ရဲ့ ညာခြမ်းမှာတော့ ဖူလ်ဟမ်ရဲ့ လွတ်ခ်မန်းက မကြာခဏဆိုသလို ပေါက်ထွက်နေခဲ့ပြီး ဂိုးပေါက်ခြိမ်းခြောက်မှုတွေ လုပ်ခဲ့သလို ဒီကော်ဒိုဗာ-ရိဒ်နဲ့ ကာဗာလေရိုတို့လို့ လျင်မြန်တဲ့ ကစားသမားတွေကလည်း ဒုက္ခပေးခဲ့တာကြောင့် အိမ်ရှင်တွေအနေနဲ့ ဘောလုံးဆုံးရှုံးတိုင်းမှာ စိုးရိမ်နေခဲ့ရပါတယ်။

ပွဲချိန် ၃၂ မိနစ်မှာတော့ ငိုအားထက် ရယ်အားသန်ခဲ့ရပြီး လီဗာပူးလ်အသင်းရဲ့ ခံစစ်ကြောင်းရှေ့မှာ နေရာလွတ်တွေ ရှာဖွေပေးနေခဲ့တဲ့ နိုင်ဂျီးရီးယားတိုက်စစ်မှူး ေဂ်ာ့ရွ္ မာဂျာ ဘောင်းဘီပြဲသွားခဲ့လို့ ကွင်းဘေးစည်းမှာ အသစ်လဲခဲ့ရပြီး ပရိသတ်တွေသာ ရှိနေရင် စနောက်ကြမှာ သေချာတဲ့ ဖြစ်ရပ်မျိုးလည်း ကြုံခဲ့ရတာပါ။

မီလ်နာနဲ့ ဗိုင်နယ်လ်ဒွမ်တို့ရဲ့ ကွင်းလယ်က အလုပ်မဖြစ်ဘဲ ခါးပြတ်နေခဲ့သလို Transition တွေမှာ အားနည်းခဲ့တဲ့ လီဗာပူးလ်အသင်းအတွက် ခံစစ်နဲ့ ဂိုးသမားက ကာကွယ်နေလို့ သက်သာခဲ့ရပြီး တိုက်စစ်ပိုင်းကတော့ ဘောလုံးဆုံးရှုံးတာနဲ့ ဂိုးဧရိယာထဲ စုပြုံဝင်ပြီး ထိုင်ကစားခဲ့တဲ့ ဧည့်သည် ဖူလ်ဟမ်ခံစစ်ကို မကျော်နိုင်ဘဲဖြစ်နေခဲ့ပါတယ်။

ပွဲချိန် ၄၅ မိနစ်မှာတော့ ညာခြမ်းက ဖြတ်တင်လိုက်တဲ့ ဖရီးကစ်ကို ဖျက်ထုတ်လို့ ပြန်ထွက်လာခဲ့တာကို ဘောလုံးထိန်းပုံ ပေါ့လျော့တဲ့ ဆာလားဆီကနေ လုယူပြီး ဖူလ်ဟမ်ရဲ့ လီမီနာက ကန်သွင်းရာမှာ ဒီကော်ဒိုဗာ-ရိဒ်နဲ့ ကွယ်နေခဲ့လို့ ဂိုးသမား အယ်လစ်ဆန်အနေနဲ့ ဒီတစ်ခါမှာတော့ မကာကွယ်နိုင်ခဲ့ဘဲ ဂိုးပေးခဲ့ရပြီး ပထမပိုင်းမှာ အိမ်ရှင်တို့ တစ်ဂိုး-ဂိုးမရှိနဲ့ ရှုံးနိမ့်နေခဲ့တာပါ။

ဒုတိယပိုင်း ပြန်အစမှာတော့ ဂျိုတာကို ဘောလုံးမထိဘဲ ဖျက်ခဲ့သလို အင်္ကျီပါ ဆွဲထားခဲ့တာကြောင့် ဂိုးသွင်းရှင် လီမီနာ အဝါကတ်ထိခဲ့ပြီး ပွဲချိန် ၄၈ မိနစ်မှာ နီကို ဝီလီယမ်စ်ရဲ့ ဖြတ်တင်ဘောကနေ ပြန်ကျလာတဲ့ ဘောလုံးကို ဂျိုတာရဲ့ ကန်သွင်းချက်က ကောင်းခဲ့ပေမယ့် ဂိုးသမား အာရီယိုလာ သတိမလွတ်ဘဲ ပုတ်ထုတ်သွားနိုင်ခဲ့လို့ ချေပဂိုးနဲ့ လွဲခဲ့ရပါတယ်။

ဒီနောက်ပိုင်းမှာ လီဗာပူးလ်တို့ ပိုမိုဖိကစားလာခဲ့ပြီး မာနေးကို လူစားသွင်းခဲ့သလို ဘောလုံးက တစ်ချိန်လုံး ဖူလ်ဟမ်ဂိုးဘက်မှာပဲ ရောက်နေပြီး ၆၆ မိနစ်မှာတော့ ထောင့်ကန်ဘောက ကျလာတဲ့ ဘောလုံးကို မာနေးက ထိန်းသိမ်းရယူနိုင်ခဲ့ပေမယ့် ကန်ရာမှာတော့ ချော်သွားခဲ့တာကြောင့် အပိုင်အခွင့်အရေး ဆုံးရှုံးခဲ့ရပြန်ပါတယ်။

မိနစ် ၇၀ မှာ ကီတာ မ,ပေးလိုက်တာကို မာနေးရဲ့ ခေါင်းတိုက်ချက်က တိုင်ထိခဲ့ပြန်ပြီး ဒီကနေ ပြန်ကျလာတာကို ဆာလားက ဖြတ်ပို့တာကိုတော့ တစ်ချိန်လုံး ခြေစွမ်းပြနေတဲ့ နောက်ခံလူ အာဒါရာဘိုင်ယိုရိုက အန္တရာယ်က ရှင်းထုတ်သွားနိုင်ခဲ့သလို ၇၆ မိနစ်မှာတော့ မီလ်နာနဲ့ နီကို ဝီလီယမ်စ်အစား ဖာဘင်ညိုနဲ့ အလက်ဇန်းဒါး-အာနိုးလ်ဒ်တို့ ဝင်ကစားခဲ့ကြပါတယ်။

လက်ကျန်ပွဲချိန်တွေမှာတော့ လီဗာပူးလ်တို့ အမြင့်ဘောတွေနဲ့ ထိုးဖောက်ခဲ့ပေမယ့် အရပ်အမောင်းမြင့်မားပြီး ပါးနပ်တဲ့ အာဒါရာဘိုင်ယိုရိုနဲ့ ဖူလ်ဟမ်အသင်းခေါင်းဆောင် အန်ဒါဆန်တို့က ရှင်းထုတ်နိုင်ခဲ့သလို တန်ပြန်တိုက်စစ်ကနေ လီမီနာရဲ့ ထိုးဖောက်မှုကို ကီတာက မျက်နှာကို လက်နဲ့ ရိုက်ပြီး ရည်ရွယ်ချက်ရှိရှိ တားခဲ့ပေမယ့် အဝါကတ်နဲ့ ကွင်းထဲမှာ ဆက်နေခွင့်ရတာကတော့ ကံကောင်းလွန်းခဲ့ပါတယ်။

၆ မိနစ်အထိ ပေးခဲ့တဲ့ နာကျင်အချိန်ပိုအပြီး ပွဲချိန်အပြည့်မှာ လီဗာပူးလ်တို့ အိမ်ကွင်းမှာ ရှုံးပွဲထပ်ကြုံခဲ့ရပြီး ၆ ပွဲဆက်တိုက်အရှုံးနဲအတူ ၁၉၅၃-၅၄ ရာသီမှာ နောက်ဆုံးအကြိမ် တန်းဆင်းခဲ့ရစဉ်က မှတ်တမ်းနဲ့ တူညီသွားခဲ့ပြီး အသင်းရဲ့ စိတ်ဓာတ်ပိုင်းနဲ့ စည်းလုံးမှုကိုတော့ ကောင်းကင်မှာ လေယာဉ်ပျံဝဲပြီး အားပေးခဲ့သလိုမျိုးပဲ အမြန်ဆုံး အပြောင်းအလဲလုပ်ရတာတော့မှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္အသင္းအေနနဲ႔ ဒီေန႔မွာ ဒဏ္ရာရထားတယ္လို႔ သတင္းထြက္ခဲ့တဲ့ နာသန္ ဖိလစ္ကို ျပန္လည္ထည့္သြင္းလာခဲ့ၿပီး ရီးစ္ ဝီလီယမ္စ္နဲ႔ တြဲေပးခဲ့သလို အလက္ဇန္းဒါး-အာႏိုးလ္ဒ္ကိုလည္း ခ်န္လွပ္ထားၿပီး နီကို ဝီလီယမ္စ္ကို အသုံးျပဳလာခ်ိန္မွာ ကစားသမားေတာ္ေတာ္မ်ားမ်ားကိုလည္း အနားေပးခဲ့ၿပီး ဆာလားနဲ႔ ဂ်ိဳတာကို ရွာက်ီရီနဲ႔ တြဲေပးခဲ့ပါတယ္။

ဖာဘင္ညိဳ၊ မာေနး၊ ဖာမီႏို၊ သီယာဂိုနဲ႔ ကားတစ္ ဂ်ဳံးစ္တို႔ မပါဝင္ႏိုင္ခ်ိန္မွာ ကြင္းလယ္မွာေတာ့ ခရစၥတယ္လ္ပဲေလ့စ္ကို ခုနစ္ဂိုးျပတ္သြင္းတဲ့ပြဲမွာ ေျခစြမ္းျပခဲ့တဲ့ ကီတာကို ျပန္လည္ထည့္သြင္းလာခ်ိန္မွာ ပုံမွန္အတိုင္း ဖိကစားခဲ့ေပမယ့္ အတြဲအဖက္ေတြကေတာ့ လြဲေခ်ာ္မႈေတြ မ်ားခဲ့ပါတယ္။

ဖူလ္ဟမ္ဘက္က အေဝးေဘာေတြ ေပးၿပီး လြတ္ခ္မန္းနဲ႔ ထိုးေဖာက္ဖို႔ ႀကိဳးစားခဲ့တဲ့ ဒဏ္ကို နီကို ဝီလီယမ္စ္ ေတာ္ေတာ္ေလး ႐ုန္းကန္ခဲ့ရၿပီး ပြဲခ်ိန္ ၁၅ မိနစ္မွာေတာ့ ဆာလားအေနနဲ႔ ရတဲ့ အခြင့္အေရးကို အသုံးမခ်ႏိုင္ခဲ့လို႔ လီဗာပူးလ္တို႔ အႏိုင္ဂိုးနဲ႔ ေဝးခဲ့ရသလို မၾကာခင္မွာ ေနာက္တစ္ႀကိမ္ ကန္ခြင့္ကိုလည္း လြဲေခ်ာ္ခဲ့ပါတယ္။

လီဗာပူးလ္ရဲ႕ ညာျခမ္းမွာေတာ့ ဖူလ္ဟမ္ရဲ႕ လြတ္ခ္မန္းက မၾကာခဏဆိုသလို ေပါက္ထြက္ေနခဲ့ၿပီး ဂိုးေပါက္ၿခိမ္းေျခာက္မႈေတြ လုပ္ခဲ့သလို ဒီေကာ္ဒိုဗာ-ရိဒ္နဲ႔ ကာဗာေလ႐ိုတို႔လို႔ လ်င္ျမန္တဲ့ ကစားသမားေတြကလည္း ဒုကၡေပးခဲ့တာေၾကာင့္ အိမ္ရွင္ေတြအေနနဲ႔ ေဘာလုံးဆုံးရႈံးတိုင္းမွာ စိုးရိမ္ေနခဲ့ရပါတယ္။

ပြဲခ်ိန္ ၃၂ မိနစ္မွာေတာ့ ငိုအားထက္ ရယ္အားသန္ခဲ့ရၿပီး လီဗာပူးလ္အသင္းရဲ႕ ခံစစ္ေၾကာင္းေရွ႕မွာ ေနရာလြတ္ေတြ ရွာေဖြေပးေနခဲ့တဲ့ ႏိုင္ဂ်ီးရီးယားတိုက္စစ္မႉး ေဂ္ာ့႐ြ္ မာဂ်ာ ေဘာင္းဘီၿပဲသြားခဲ့လို႔ ကြင္းေဘးစည္းမွာ အသစ္လဲခဲ့ရၿပီး ပရိသတ္ေတြသာ ရွိေနရင္ စေနာက္ၾကမွာ ေသခ်ာတဲ့ ျဖစ္ရပ္မ်ိဳးလည္း ႀကဳံခဲ့ရတာပါ။

မီလ္နာနဲ႔ ဗိုင္နယ္လ္ဒြမ္တို႔ရဲ႕ ကြင္းလယ္က အလုပ္မျဖစ္ဘဲ ခါးျပတ္ေနခဲ့သလို Transition ေတြမွာ အားနည္းခဲ့တဲ့ လီဗာပူးလ္အသင္းအတြက္ ခံစစ္နဲ႔ ဂိုးသမားက ကာကြယ္ေနလို႔ သက္သာခဲ့ရၿပီး တိုက္စစ္ပိုင္းကေတာ့ ေဘာလုံးဆုံးရႈံးတာနဲ႔ ဂိုးဧရိယာထဲ စုၿပဳံဝင္ၿပီး ထိုင္ကစားခဲ့တဲ့ ဧည့္သည္ ဖူလ္ဟမ္ခံစစ္ကို မေက်ာ္ႏိုင္ဘဲျဖစ္ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၄၅ မိနစ္မွာေတာ့ ညာျခမ္းက ျဖတ္တင္လိုက္တဲ့ ဖရီးကစ္ကို ဖ်က္ထုတ္လို႔ ျပန္ထြက္လာခဲ့တာကို ေဘာလုံးထိန္းပုံ ေပါ့ေလ်ာ့တဲ့ ဆာလားဆီကေန လုယူၿပီး ဖူလ္ဟမ္ရဲ႕ လီမီနာက ကန္သြင္းရာမွာ ဒီေကာ္ဒိုဗာ-ရိဒ္နဲ႔ ကြယ္ေနခဲ့လို႔ ဂိုးသမား အယ္လစ္ဆန္အေနနဲ႔ ဒီတစ္ခါမွာေတာ့ မကာကြယ္ႏိုင္ခဲ့ဘဲ ဂိုးေပးခဲ့ရၿပီး ပထမပိုင္းမွာ အိမ္ရွင္တို႔ တစ္ဂိုး-ဂိုးမရွိနဲ႔ ရႈံးနိမ့္ေနခဲ့တာပါ။

ဒုတိယပိုင္း ျပန္အစမွာေတာ့ ဂ်ိဳတာကို ေဘာလုံးမထိဘဲ ဖ်က္ခဲ့သလို အက်ႌပါ ဆြဲထားခဲ့တာေၾကာင့္ ဂိုးသြင္းရွင္ လီမီနာ အဝါကတ္ထိခဲ့ၿပီး ပြဲခ်ိန္ ၄၈ မိနစ္မွာ နီကို ဝီလီယမ္စ္ရဲ႕ ျဖတ္တင္ေဘာကေန ျပန္က်လာတဲ့ ေဘာလုံးကို ဂ်ိဳတာရဲ႕ ကန္သြင္းခ်က္က ေကာင္းခဲ့ေပမယ့္ ဂိုးသမား အာရီယိုလာ သတိမလြတ္ဘဲ ပုတ္ထုတ္သြားႏိုင္ခဲ့လို႔ ေခ်ပဂိုးနဲ႔ လြဲခဲ့ရပါတယ္။

ဒီေနာက္ပိုင္းမွာ လီဗာပူးလ္တို႔ ပိုမိုဖိကစားလာခဲ့ၿပီး မာေနးကို လူစားသြင္းခဲ့သလို ေဘာလုံးက တစ္ခ်ိန္လုံး ဖူလ္ဟမ္ဂိုးဘက္မွာပဲ ေရာက္ေနၿပီး ၆၆ မိနစ္မွာေတာ့ ေထာင့္ကန္ေဘာက က်လာတဲ့ ေဘာလုံးကို မာေနးက ထိန္းသိမ္းရယူႏိုင္ခဲ့ေပမယ့္ ကန္ရာမွာေတာ့ ေခ်ာ္သြားခဲ့တာေၾကာင့္ အပိုင္အခြင့္အေရး ဆုံးရႈံးခဲ့ရျပန္ပါတယ္။

မိနစ္ ၇၀ မွာ ကီတာ မ,ေပးလိုက္တာကို မာေနးရဲ႕ ေခါင္းတိုက္ခ်က္က တိုင္ထိခဲ့ျပန္ၿပီး ဒီကေန ျပန္က်လာတာကို ဆာလားက ျဖတ္ပို႔တာကိုေတာ့ တစ္ခ်ိန္လုံး ေျခစြမ္းျပေနတဲ့ ေနာက္ခံလူ အာဒါရာဘိုင္ယို႐ိုက အႏၲရာယ္က ရွင္းထုတ္သြားႏိုင္ခဲ့သလို ၇၆ မိနစ္မွာေတာ့ မီလ္နာနဲ႔ နီကို ဝီလီယမ္စ္အစား ဖာဘင္ညိဳနဲ႔ အလက္ဇန္းဒါး-အာႏိုးလ္ဒ္တို႔ ဝင္ကစားခဲ့ၾကပါတယ္။

လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ လီဗာပူးလ္တို႔ အျမင့္ေဘာေတြနဲ႔ ထိုးေဖာက္ခဲ့ေပမယ့္ အရပ္အေမာင္းျမင့္မားၿပီး ပါးနပ္တဲ့ အာဒါရာဘိုင္ယို႐ိုနဲ႔ ဖူလ္ဟမ္အသင္းေခါင္းေဆာင္ အန္ဒါဆန္တို႔က ရွင္းထုတ္ႏိုင္ခဲ့သလို တန္ျပန္တိုက္စစ္ကေန လီမီနာရဲ႕ ထိုးေဖာက္မႈကို ကီတာက မ်က္ႏွာကို လက္နဲ႔ ႐ိုက္ၿပီး ရည္႐ြယ္ခ်က္ရွိရွိ တားခဲ့ေပမယ့္ အဝါကတ္နဲ႔ ကြင္းထဲမွာ ဆက္ေနခြင့္ရတာကေတာ့ ကံေကာင္းလြန္းခဲ့ပါတယ္။

၆ မိနစ္အထိ ေပးခဲ့တဲ့ နာက်င္အခ်ိန္ပိုအၿပီး ပြဲခ်ိန္အျပည့္မွာ လီဗာပူးလ္တို႔ အိမ္ကြင္းမွာ ရႈံးပြဲထပ္ႀကဳံခဲ့ရၿပီး ၆ ပြဲဆက္တိုက္အရႈံးနဲအတူ ၁၉၅၃-၅၄ ရာသီမွာ ေနာက္ဆုံးအႀကိမ္ တန္းဆင္းခဲ့ရစဥ္က မွတ္တမ္းနဲ႔ တူညီသြားခဲ့ၿပီး အသင္းရဲ႕ စိတ္ဓာတ္ပိုင္းနဲ႔ စည္းလုံးမႈကိုေတာ့ ေကာင္းကင္မွာ ေလယာဥ္ပ်ံဝဲၿပီး အားေပးခဲ့သလိုမ်ိဳးပဲ အျမန္ဆုံး အေျပာင္းအလဲလုပ္ရတာေတာ့မွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.