Article Premier League

ခံစစ်သန်တယ်လို့ အပြောခံရတာကို အချက်အလက်တွေအပြင် အလုပ်နဲ့တုံ့ပြန်ပြခဲ့တဲ့ တူဟယ်လ်

ဇန်နဝါရီလကုန်မှာ ချဲလ်ဆီးနည်းပြသစ်ဖြစ်လာခဲ့ပြီး စစချင်း ဝုလ်ဗ်စ်နဲ့ပွဲမှာ သရေကျခဲ့ပေမယ့် နိုင်သင့်နိုင်ထိုက်တဲ့ ပွဲတွေကို သုံးမှတ်စီ ရယူနိုင်ခဲ့ပြီး ပရိသတ်တွေရဲ့ လက်ခံမှုနဲ့ သဘောကျမှုကို အချိန်တိုအတွင်း ရယူနိုင်ခဲ့တဲ့ သောမတ်စ် တူဟယ်လ်အနေနဲ့ လူ့အလိုကို နတ်မလိုက်နိုင်တဲ့ သဘောသဘာဝအတိုင်း ခံစစ်ကို အားပြုတယ်လို့ ဝေဖန်ခံခဲ့ရပါတယ်။

ခံစစ်သုံးယောက်တန်းကို အထိုင်ချပြီး Wing Back နှစ်ယောက်နဲ့ ကစားတဲ့ ၃-၄-၃ ကစားကွက်မှာ ရှေ့တန်းသုံးယောက်ကို အလျဉ်းသင့်သလို အထောင်နဲ့ တောင်ပံ တာဝန်ခွဲဝေလေ့ရှိပေမယ့် ခံစစ်နဲ့ ကွင်းလယ်ကိုတော့ လုံးဝအထိုင်မဖျက်ဘဲ တစ်ဦးတစ်လေ အပြောင်းအလဲလုပ်တာကလွဲလို့ တည်ငြိမ်ခဲ့တဲ့ အသင်းအနေနဲ့ သူ့ရဲ့ ပရီးမီးယားလိဂ် ၈ ပွဲမှာ ၅ ပွဲနိုင် ၃ ပွဲသရေရလဒ်ကို ရယူနိုင်ခဲ့တာပါ။

ခရစ္စတင်ဆန်ဟာ နည်းပြဟောင်း ဖရန့် လမ်းပတ်လက်ထက်က သုံးစားမရတဲ့ ပုံကနေ အဓိကနေရာအထိ တိုးတက်လာသလို ဖုန်တက်နေတဲ့ ရူဒီဂါဟာလည်း ကမ္ဘာ့အဆင့်တစ်ဦးဖြစ်လာပြီး တူဟယ်လ် မှားခေါ်မိတဲ့ အက်ဇ်ပီကတော့ ကွန်တီလက်ထက်ကလို ခေါင်းဆောင်မှု အပြည့်အဝ ပေးခဲ့ချိန်မှာ အလွန်ဆိုတို့တောင် ပြန်အလုပ်ဖြစ်လာတဲ့အထိ ခံစစ်ပိုင်းက တိုးတက်လာခဲ့ပါတယ်။

ဒီ ၈ ပွဲမှာ ရမှတ် ၁၈ မှတ်နဲ့ အဆင့် ၄ အတွင်းကို ဝင်ရောက်နေရာယူနေပြီဖြစ်တဲ့ တူဟယ်လ်ဟာ ဆောက်သမ်တန်နဲ့ပွဲကလွဲလို့ ကျန်တဲ့ ပွဲတွေမှာ လက်ခံနိုင်စရာခြေစွမ်းတွေကို လမ်းညွှန်နိုင်ခဲ့ပြီး မျှော်လင့်ချက်တွေကို ယူဆောင်လာခဲ့ပေမယ့် တချို့ပရိသတ်တွေအတွက်တော့ တစ်ပွဲကို အများဆုံး နှစ်ဂိုးထက် ပိုမသွင်းနိုင်ခဲ့တာကို သဘောမကျဘဲ ဖြစ်နေကြပါတယ်။

ပြိုင်ပွဲစုံ ၁၀ ပွဲမှာ ၁၁ ဂိုးသာ ရရှိထားခဲ့တဲ့ တိုက်စစ်ကို တူဟယ်လ်အနေနဲ့ ပြင်ဆင်ရမှာဖြစ်ပေမယ့် ပွဲတွင်းအချက်အလက်တွေကို ကြည့်ရင်တော့ တိုးတက်မှုတွေကို မြင်ရမှာဖြစ်ပြီး လမ်းပတ်လက်ထက်နဲ့ ယှဉ်လိုက်ရင် တိုးတက်မှုတွေကို အများကြီး ရရှိထားတာကို တွေ့ရမှာပါ။

တစ်ပွဲပျမ်းမှ ဂိုးပေးမှုမှာ တစ်ဂိုးကနေ ဝ.၂ ကို လျော့ကျသွားသလို ပင်နယ်တီဧရိယာထဲမှာ ကန်သွင်းခံရမှုက ၁၀.၀၈ ကနေ ၆.၄၄ အထိ လျှော့ချနိုင်ခဲ့ပြီး ဧရိယာအပြင်ကနေ ပိုကန်သွင်းခံခဲ့ရတာကို တွေ့ရတာကလည်း ဒါဟာ ခံစစ်ဇုန်ထဲကို အဝင်မခံဘဲ ပိတ်ဆို့နိုင်ခဲ့တဲ့ တိုးတက်မှုအဖြစ် တွေ့ရနိုင်ပါတယ်။

တိုက်စစ်ပိုင်းမှာတော့ ဘောလုံးပိုင်ဆိုင်မှုက ၆၀.၀၃ ကနေ ၆၃.၈၉ ကို တက်လာသလို Key Pass က ၁၀.၁ ကနေ ၁၁.၈၉၊ တစ်ဖက် ခံစစ်ဇုန်ထဲကို ဝင်ရောက်မှုက မိနစ် ၉၀ မှာ ၅၂.၈၄ ကနေ ၆၁.၃၃၊ ပင်နယ်ဧရိယာထဲ ရောက်ရှိမှုက မိနစ် ၉၀ မှာ ၁၄.၄၈ ကနေ ၁၉.၆၇၊ ဂိုးကန်သွင်းချက် မိနစ် ၉၀ မှာ ၁၃ ကြိမ်ကနေ ၁၄ ကြိမ်အထိ တိုးတက်လာခဲ့ပေမယ့် တိုက်စစ်မှူးတွေရဲ့ အဆုံးသတ်ကြောင့်သာ လမ်းပတ်လက်ထက်က ၇.၁၄ ကြိမ်ကန်ရင် တစ်ဂိုးရရာကနေ ၁၂.၅ ကြိမ် ကန်မှ တစ်ဂိုးရခဲ့တာတစ်ခုပဲ လျော့ကျခဲ့ရတာပါ။

ဒီအတွက်ကတော့ ရေရှည်မှာ ပြင်ဆင်ရဦးမယ့် တိုက်စစ်မှူးတွေရဲ့ အဆုံးသတ်ပိုင်း ပြဿနာဖြစ်ပြီး တူဟယ်လ်ရဲ့ ခံစစ်နဲ့ ကွင်းလယ်တို့ရဲ့ တည်ဆောက်မှုနဲ့ ဖန်တီးမှုပြဿနာ မဟုတ်လို့ လာမယ့်ရာသီမှာ အသင်းက လိုက်နေတဲ့ အာလင်း ဟားလန်းလို အထောင်တိုက်စစ်မှူးကောင်းတစ်ဦး ရရှိလိုက်ရင် ပြေလည်သွားနိုင်တဲ့ ပြဿနာလည်းဖြစ်နေပါတယ်။

ဒါကြောင့် တူဟယ်လ်ကို ခံစစ်ဦးစားပေးတယ်လို့ ဝေဖန်လာတယ်ဆိုရင် ချဲလ်ဆီးပရိသတ်တွေအနေနဲ့ မဟုတ်တဲ့အကြောင်းကို ရဲရဲဝံ့ဝံ့နဲ့ ခိုင်ခိုင်မာမာ တုံ့ပြန်နိုင်ပြီး လက်ရှိရာသီမှာ တီမို ဗာနာ၊ ဂျီရူး၊ အေဘရာဟမ်တို့နဲ့ တောင်ပံသမားတွေဆီက ဂိုးတွေ ပိုရဖို့ မျှော်လင့်ရမှာဖြစ်သလို လာမယ့် ရာသီမှာတော့ တိုက်စစ်ပိုင်း အားဖြည့်မှုတွေနဲ့ လက်ရှိပုံစံကို လျော့ကျမသွားစေဘဲ တိုးတက်အောင်လုပ်ဆောင်နိုင်ခဲ့ရင် ပိုမိုကောင်းမွန်တဲ့ စတမ်းဖို့ဒ်ဘရစ်ချ်ရဲ့ ခေတ်သစ်တစ်ခေတ်အစကို မြင်တွေ့ရမှာဖြစ်ကြောင်း သုံးသပ်လိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဇန္နဝါရီလကုန္မွာ ခ်ဲလ္ဆီးနည္းျပသစ္ျဖစ္လာခဲ့ၿပီး စစခ်င္း ဝုလ္ဗ္စ္နဲ႔ပြဲမွာ သေရက်ခဲ့ေပမယ့္ ႏိုင္သင့္ႏိုင္ထိုက္တဲ့ ပြဲေတြကို သုံးမွတ္စီ ရယူႏိုင္ခဲ့ၿပီး ပရိသတ္ေတြရဲ႕ လက္ခံမႈနဲ႔ သေဘာက်မႈကို အခ်ိန္တိုအတြင္း ရယူႏိုင္ခဲ့တဲ့ ေသာမတ္စ္ တူဟယ္လ္အေနနဲ႔ လူ႔အလိုကို နတ္မလိုက္ႏိုင္တဲ့ သေဘာသဘာဝအတိုင္း ခံစစ္ကို အားျပဳတယ္လို႔ ေဝဖန္ခံခဲ့ရပါတယ္။

ခံစစ္သုံးေယာက္တန္းကို အထိုင္ခ်ၿပီး Wing Back ႏွစ္ေယာက္နဲ႔ ကစားတဲ့ ၃-၄-၃ ကစားကြက္မွာ ေရွ႕တန္းသုံးေယာက္ကို အလ်ဥ္းသင့္သလို အေထာင္နဲ႔ ေတာင္ပံ တာဝန္ခြဲေဝေလ့ရွိေပမယ့္ ခံစစ္နဲ႔ ကြင္းလယ္ကိုေတာ့ လုံးဝအထိုင္မဖ်က္ဘဲ တစ္ဦးတစ္ေလ အေျပာင္းအလဲလုပ္တာကလြဲလို႔ တည္ၿငိမ္ခဲ့တဲ့ အသင္းအေနနဲ႔ သူ႔ရဲ႕ ပရီးမီးယားလိဂ္ ၈ ပြဲမွာ ၅ ပြဲႏိုင္ ၃ ပြဲသေရရလဒ္ကို ရယူႏိုင္ခဲ့တာပါ။

ခရစၥတင္ဆန္ဟာ နည္းျပေဟာင္း ဖရန႔္ လမ္းပတ္လက္ထက္က သုံးစားမရတဲ့ ပုံကေန အဓိကေနရာအထိ တိုးတက္လာသလို ဖုန္တက္ေနတဲ့ ႐ူဒီဂါဟာလည္း ကမာၻ႔အဆင့္တစ္ဦးျဖစ္လာၿပီး တူဟယ္လ္ မွားေခၚမိတဲ့ အက္ဇ္ပီကေတာ့ ကြန္တီလက္ထက္ကလို ေခါင္းေဆာင္မႈ အျပည့္အဝ ေပးခဲ့ခ်ိန္မွာ အလြန္ဆိုတို႔ေတာင္ ျပန္အလုပ္ျဖစ္လာတဲ့အထိ ခံစစ္ပိုင္းက တိုးတက္လာခဲ့ပါတယ္။

ဒီ ၈ ပြဲမွာ ရမွတ္ ၁၈ မွတ္နဲ႔ အဆင့္ ၄ အတြင္းကို ဝင္ေရာက္ေနရာယူေနၿပီျဖစ္တဲ့ တူဟယ္လ္ဟာ ေဆာက္သမ္တန္နဲ႔ပြဲကလြဲလို႔ က်န္တဲ့ ပြဲေတြမွာ လက္ခံႏိုင္စရာေျခစြမ္းေတြကို လမ္းၫႊန္ႏိုင္ခဲ့ၿပီး ေမွ်ာ္လင့္ခ်က္ေတြကို ယူေဆာင္လာခဲ့ေပမယ့္ တခ်ိဳ႕ပရိသတ္ေတြအတြက္ေတာ့ တစ္ပြဲကို အမ်ားဆုံး ႏွစ္ဂိုးထက္ ပိုမသြင္းႏိုင္ခဲ့တာကို သေဘာမက်ဘဲ ျဖစ္ေနၾကပါတယ္။

ၿပိဳင္ပြဲစုံ ၁၀ ပြဲမွာ ၁၁ ဂိုးသာ ရရွိထားခဲ့တဲ့ တိုက္စစ္ကို တူဟယ္လ္အေနနဲ႔ ျပင္ဆင္ရမွာျဖစ္ေပမယ့္ ပြဲတြင္းအခ်က္အလက္ေတြကို ၾကည့္ရင္ေတာ့ တိုးတက္မႈေတြကို ျမင္ရမွာျဖစ္ၿပီး လမ္းပတ္လက္ထက္နဲ႔ ယွဥ္လိုက္ရင္ တိုးတက္မႈေတြကို အမ်ားႀကီး ရရွိထားတာကို ေတြ႕ရမွာပါ။

တစ္ပြဲပ်မ္းမွ ဂိုးေပးမႈမွာ တစ္ဂိုးကေန ဝ.၂ ကို ေလ်ာ့က်သြားသလို ပင္နယ္တီဧရိယာထဲမွာ ကန္သြင္းခံရမႈက ၁၀.၀၈ ကေန ၆.၄၄ အထိ ေလွ်ာ့ခ်ႏိုင္ခဲ့ၿပီး ဧရိယာအျပင္ကေန ပိုကန္သြင္းခံခဲ့ရတာကို ေတြ႕ရတာကလည္း ဒါဟာ ခံစစ္ဇုန္ထဲကို အဝင္မခံဘဲ ပိတ္ဆို႔ႏိုင္ခဲ့တဲ့ တိုးတက္မႈအျဖစ္ ေတြ႕ရႏိုင္ပါတယ္။

တိုက္စစ္ပိုင္းမွာေတာ့ ေဘာလုံးပိုင္ဆိုင္မႈက ၆၀.၀၃ ကေန ၆၃.၈၉ ကို တက္လာသလို Key Pass က ၁၀.၁ ကေန ၁၁.၈၉၊ တစ္ဖက္ ခံစစ္ဇုန္ထဲကို ဝင္ေရာက္မႈက မိနစ္ ၉၀ မွာ ၅၂.၈၄ ကေန ၆၁.၃၃၊ ပင္နယ္ဧရိယာထဲ ေရာက္ရွိမႈက မိနစ္ ၉၀ မွာ ၁၄.၄၈ ကေန ၁၉.၆၇၊ ဂိုးကန္သြင္းခ်က္ မိနစ္ ၉၀ မွာ ၁၃ ႀကိမ္ကေန ၁၄ ႀကိမ္အထိ တိုးတက္လာခဲ့ေပမယ့္ တိုက္စစ္မႉးေတြရဲ႕ အဆုံးသတ္ေၾကာင့္သာ လမ္းပတ္လက္ထက္က ၇.၁၄ ႀကိမ္ကန္ရင္ တစ္ဂိုးရရာကေန ၁၂.၅ ႀကိမ္ ကန္မွ တစ္ဂိုးရခဲ့တာတစ္ခုပဲ ေလ်ာ့က်ခဲ့ရတာပါ။

ဒီအတြက္ကေတာ့ ေရရွည္မွာ ျပင္ဆင္ရဦးမယ့္ တိုက္စစ္မႉးေတြရဲ႕ အဆုံးသတ္ပိုင္း ျပႆနာျဖစ္ၿပီး တူဟယ္လ္ရဲ႕ ခံစစ္နဲ႔ ကြင္းလယ္တို႔ရဲ႕ တည္ေဆာက္မႈနဲ႔ ဖန္တီးမႈျပႆနာ မဟုတ္လို႔ လာမယ့္ရာသီမွာ အသင္းက လိုက္ေနတဲ့ အာလင္း ဟားလန္းလို အေထာင္တိုက္စစ္မႉးေကာင္းတစ္ဦး ရရွိလိုက္ရင္ ေျပလည္သြားႏိုင္တဲ့ ျပႆနာလည္းျဖစ္ေနပါတယ္။

ဒါေၾကာင့္ တူဟယ္လ္ကို ခံစစ္ဦးစားေပးတယ္လို႔ ေဝဖန္လာတယ္ဆိုရင္ ခ်ဲလ္ဆီးပရိသတ္ေတြအေနနဲ႔ မဟုတ္တဲ့အေၾကာင္းကို ရဲရဲဝံ့ဝံ့နဲ႔ ခိုင္ခိုင္မာမာ တုံ႔ျပန္ႏိုင္ၿပီး လက္ရွိရာသီမွာ တီမို ဗာနာ၊ ဂ်ီ႐ူး၊ ေအဘရာဟမ္တို႔နဲ႔ ေတာင္ပံသမားေတြဆီက ဂိုးေတြ ပိုရဖို႔ ေမွ်ာ္လင့္ရမွာျဖစ္သလို လာမယ့္ ရာသီမွာေတာ့ တိုက္စစ္ပိုင္း အားျဖည့္မႈေတြနဲ႔ လက္ရွိပုံစံကို ေလ်ာ့က်မသြားေစဘဲ တိုးတက္ေအာင္လုပ္ေဆာင္ႏိုင္ခဲ့ရင္ ပိုမိုေကာင္းမြန္တဲ့ စတမ္းဖို႔ဒ္ဘရစ္ခ်္ရဲ႕ ေခတ္သစ္တစ္ေခတ္အစကို ျမင္ေတြ႕ရမွာျဖစ္ေၾကာင္း သုံးသပ္လိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.