Premier League Transfer News

7 Mar နေ့လယ်ခင်း နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

– လီဗာပူးလ်အသင်းအနေနဲ့ လာမယ့် ဖူလ်ဟမ်အသင်းနဲ့ အိမ်ကွင်းပွဲစဉ်မှာ ဇန်နဝါရီတုန်းက ခေါ်ယူထားပြီး ပြိုင်ပွဲတွေမှာ လုံးဝ အရိပ်အယောင်တောင် မမြင်ရသေးတဲ့ နောက်ခံလူ ဘန်ဒေးဗီးစ်ကို ပွဲထုတ်လာနိုင်ကြောင်း နည်းပြ ယာဂန် ကလော့ပ်က ပြောကြား လိုက်ပြီး နာသန် ဖိလစ် ဒဏ်ရာရသွားမှုကို အစားထိုးနိုင်ခြေရှိလာ။

– အသင်းရဲ့ နောက်ဆုံး စိတ်ကျေနပ်ဖွယ်ရာနိုင်ပွဲဖြစ်ခဲ့တဲ့ ခရစ္စတယ်လ်ပဲလေ့စ်နဲ့ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ ကွင်းလယ်လူ နာဘီ ကီးတားကို လာမယ့် ဖူလ်ဟမ်နဲ့ပွဲမှာ အန်းဖီးလ်ရလဒ်ဆိုးတွေကို ပြောင်းပြန်လှန်နိုင်ဖို့ သီယာဂို အယ်လ်ကန်တာရာနဲ့အတူ တိုက်စစ်ပုံစံကောင်းကို ဖော်ဆောင်နိုင်ဖို့ ပွဲထုတ်လာဖွယ်ရှိနေ။

– ဘယ်လ်ဂျီယမ်ကနေ ပြင်သစ်ကလပ် လိုင်လီကို ပြောင်းရွှေ့လာပြီး ရာသီအစပိုင်းမှာ ရုန်းကန်နေခဲ့ရပေမယ့် ဒုတိယဝက်ကစလို့ ခြေစွမ်း ပြလာခဲ့တဲ့ လူငယ်တိုက်စစ်မှူး ဂျိုနသန် ဒေးဗစ်ကို နွေရာသီမှာ ခေါ်ယူဖို့ လီဗာပူးလ်တို့ စောင့်ကြည့်နေပြီး နွေရာသီက ပြောင်းရွှေ့ကြေး ပေါင် ၂၇ သန်းထက် အနည်းဆုံး တစ်ဆခွဲကနေ နှစ်ဆအထိ ပေးချရနိုင်။

– ဖူလ်ဟမ်နဲ့ ပွဲထွက်လူစာရင်းမှာ ရောဘတ်တို ဖာမီနိုနဲ့ ဆာဒီယို မာနေးတို့ နှစ်ဦးထဲက တစ်ဦးကို အနားပေးလာနိုင်ပြီး မိုဟာမက် ဆာလားနဲ့ အတွဲအဖက်အဖြစ် အသင်းအတွက် ဘာမဆို လုပ်ပေးဖို့ အဆင်သင့်ပဲဆိုတဲ့ ဒီယိုဂို ဂျိုတာနဲ့အတူ တိုက်စစ်ပိုင်းကို ဖွဲ့စည်းဖွယ်ရှိနေ။

– မန်ချက်စတာစီးတီးအသင်းမှာ ချန်ပီယံဆုတွေကို ရယူဖို့အတွက် နည်းပြ၊ ကစားသမားနဲ့ ငွေသုံးစွဲမှုတွေအားလုံးကို ပံ့ပိုးပေးနိုင်တဲ့လို့ လက်ရှိရပ်တည်မှုက မဆန်းကြောင်း ပြောကြားခဲ့တဲ့ ယာဂန် ကလော့ပ်ကို အစ်တီဟတ်ပရိသတ်တွေက တွစ်တာပေါ်မှာ ဝိုင်းဝန်း လှောင်ပြောင်ခဲ့ကြပြီး ငိုလို့ မပြီးမသေးဘူးလား၊ အရှုံးသမားတစ်ယောက်ရဲ့ စိတ်ဓာတ်ပဲလို့ ရေးသားနေကြ။

– ရိုးမားအသင်းကနေ ရောက်ရှိလာကတည်းက ပြိုင်ပွဲစုံမှာ ၁၁၈ ဂိုးအထိ သွင်းယူပေးထားခဲ့တဲ့ တိုက်စစ်မှူး မိုဟာမက် ဆာလားအနေနဲ့ သူ့ရဲ့ မပြီးဆုံးသေးတဲ့ အိပ်မက်တွေအတွက် လီဗာပူးလ်အသင်းကို လမ်းခွဲမယ့် အချိန်ရောက်လာပြီလို့ သုံးသပ်နေကြပြီး ကော်တင်ညိုတုန်းကလိုပဲ မြင့်မားတဲ့ ပြောင်းရွှေ့ကြေး ရရှိရင် ရောင်းချဖို့ အကြံပေးနေကြ။

– ဝုလ်ဗာဟမ့်ပတန် ဝမ်းဒါးရားစ်အသင်းက နွေရာသီမှာ ရောင်းချတော့မှာဖြစ်ပြီး မန်စီးတီးတို့က အာလင်း ဟားလန်းကို ဦးစားပေးအဖြစ် လိုက်နေလို့ မခေါ်ယူနိုင်သေးတဲ့ တောင်ပံကစားသမား အဒါမာ ထရာအိုရေးကို ဆာလားရဲ့ အစားထိုးမှုအဖြစ် လီဗာပူးလ်တို့ ခေါ်ယူသွားနိုင်။

– အန်းဖီးလ်မှာ ချန်ပီယံလိဂ်ကစားခဲ့ရတာကို အမှတ်ရနေတယ်လို့ ပြောကြားခဲ့တဲ့ ဒန်နီ အင်းစ်အနေနဲ့ ဆောက်သမ်တန်အသင်းနဲ့ ၂၀၂၂ နွေရာသီမှာ ကုန်ဆုံးမယ့် စာချုပ်ကို သက်တမ်းမတိုးရသေးချိန်မှာ လီဗာပူးလ်ကို ပြန်ဖို့ တချို့သတင်းဌာနတွေက ခန့်မှန်းနေကြ။

– လာမယ့်ရာသီမှာ ဆုဖလားတွေကို ပြန်လည်ရယူဖို့အတွက် ဗာဂျီးလ် ဗန်ဒိုက်နဲ့ ရေတိုအတွဲအဖက်အဖြစ် ရာသီအနည်းငယ် သုံးစွဲနိုင်ပြီး ခြေစွမ်းအမြင့်မားဆုံးကို ရောက်နေတဲ့ နာပိုလီနောက်ခံလူ ခါလီဒူး ကူလီဘေလီကို မန်ချက်စတာယူနိုက်တက်နဲ့ အပြိုင်လုဖို့ အသင်းအားကစားဒါရိုက်တာ မိုက်ကယ် အက်ဒ်ဝပ်က စိတ်ဝင်စားနေပြီး ပရိသတ်တွေ ရင်ခုန်နေကြ။

– အက်စ်တန်ဗီလာအသင်းမှာ ခြေစွမ်းပြနေခဲ့တဲ့ နောက်ခံလူ အက်ဇ်ရီ ကွန်ဆာကို ခေါ်ယူဖို့ တော့တင်ဟမ်ဟော့စပါးစ်အသင်းနဲ့အပြိုင် လီဗာပူးလ်တို့ စိတ်ဝင်စားနေပြီး အသက် ၂၃ နှစ်အရွယ် အင်္ဂလန်သားအတွက် ပေါင်သန်း ၄၀ ခန့် အနည်းဆုံး အသုံးပြုရဖွယ်ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– လီဗာပူးလ္အသင္းအေနနဲ႔ လာမယ့္ ဖူလ္ဟမ္အသင္းနဲ႔ အိမ္ကြင္းပြဲစဥ္မွာ ဇန္နဝါရီတုန္းက ေခၚယူထားၿပီး ၿပိဳင္ပြဲေတြမွာ လုံးဝ အရိပ္အေယာင္ေတာင္ မျမင္ရေသးတဲ့ ေနာက္ခံလူ ဘန္ေဒးဗီးစ္ကို ပြဲထုတ္လာႏိုင္ေၾကာင္း နည္းျပ ယာဂန္ ကေလာ့ပ္က ေျပာၾကား လိုက္ၿပီး နာသန္ ဖိလစ္ ဒဏ္ရာရသြားမႈကို အစားထိုးႏိုင္ေျခရွိလာ။

– အသင္းရဲ႕ ေနာက္ဆုံး စိတ္ေက်နပ္ဖြယ္ရာႏိုင္ပြဲျဖစ္ခဲ့တဲ့ ခရစၥတယ္လ္ပဲေလ့စ္နဲ႔ပြဲမွာ ေျခစြမ္းျပခဲ့တဲ့ ကြင္းလယ္လူ နာဘီ ကီးတားကို လာမယ့္ ဖူလ္ဟမ္နဲ႔ပြဲမွာ အန္းဖီးလ္ရလဒ္ဆိုးေတြကို ေျပာင္းျပန္လွန္ႏိုင္ဖို႔ သီယာဂို အယ္လ္ကန္တာရာနဲ႔အတူ တိုက္စစ္ပုံစံေကာင္းကို ေဖာ္ေဆာင္ႏိုင္ဖို႔ ပြဲထုတ္လာဖြယ္ရွိေန။

– ဘယ္လ္ဂ်ီယမ္ကေန ျပင္သစ္ကလပ္ လိုင္လီကို ေျပာင္းေ႐ႊ႕လာၿပီး ရာသီအစပိုင္းမွာ ႐ုန္းကန္ေနခဲ့ရေပမယ့္ ဒုတိယဝက္ကစလို႔ ေျခစြမ္း ျပလာခဲ့တဲ့ လူငယ္တိုက္စစ္မႉး ဂ်ိဳနသန္ ေဒးဗစ္ကို ေႏြရာသီမွာ ေခၚယူဖို႔ လီဗာပူးလ္တို႔ ေစာင့္ၾကည့္ေနၿပီး ေႏြရာသီက ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၂၇ သန္းထက္ အနည္းဆုံး တစ္ဆခြဲကေန ႏွစ္ဆအထိ ေပးခ်ရႏိုင္။

– ဖူလ္ဟမ္နဲ႔ ပြဲထြက္လူစာရင္းမွာ ေရာဘတ္တို ဖာမီႏိုနဲ႔ ဆာဒီယို မာေနးတို႔ ႏွစ္ဦးထဲက တစ္ဦးကို အနားေပးလာႏိုင္ၿပီး မိုဟာမက္ ဆာလားနဲ႔ အတြဲအဖက္အျဖစ္ အသင္းအတြက္ ဘာမဆို လုပ္ေပးဖို႔ အဆင္သင့္ပဲဆိုတဲ့ ဒီယိုဂို ဂ်ိဳတာနဲ႔အတူ တိုက္စစ္ပိုင္းကို ဖြဲ႕စည္းဖြယ္ရွိေန။

– မန္ခ်က္စတာစီးတီးအသင္းမွာ ခ်န္ပီယံဆုေတြကို ရယူဖို႔အတြက္ နည္းျပ၊ ကစားသမားနဲ႔ ေငြသုံးစြဲမႈေတြအားလုံးကို ပံ့ပိုးေပးႏိုင္တဲ့လို႔ လက္ရွိရပ္တည္မႈက မဆန္းေၾကာင္း ေျပာၾကားခဲ့တဲ့ ယာဂန္ ကေလာ့ပ္ကို အစ္တီဟတ္ပရိသတ္ေတြက တြစ္တာေပၚမွာ ဝိုင္းဝန္း ေလွာင္ေျပာင္ခဲ့ၾကၿပီး ငိုလို႔ မၿပီးမေသးဘူးလား၊ အရႈံးသမားတစ္ေယာက္ရဲ႕ စိတ္ဓာတ္ပဲလို႔ ေရးသားေနၾက။

– ႐ိုးမားအသင္းကေန ေရာက္ရွိလာကတည္းက ၿပိဳင္ပြဲစုံမွာ ၁၁၈ ဂိုးအထိ သြင္းယူေပးထားခဲ့တဲ့ တိုက္စစ္မႉး မိုဟာမက္ ဆာလားအေနနဲ႔ သူ႔ရဲ႕ မၿပီးဆုံးေသးတဲ့ အိပ္မက္ေတြအတြက္ လီဗာပူးလ္အသင္းကို လမ္းခြဲမယ့္ အခ်ိန္ေရာက္လာၿပီလို႔ သုံးသပ္ေနၾကၿပီး ေကာ္တင္ညိဳတုန္းကလိုပဲ ျမင့္မားတဲ့ ေျပာင္းေ႐ႊ႕ေၾကး ရရွိရင္ ေရာင္းခ်ဖို႔ အႀကံေပးေနၾက။

– ဝုလ္ဗာဟမ့္ပတန္ ဝမ္းဒါးရားစ္အသင္းက ေႏြရာသီမွာ ေရာင္းခ်ေတာ့မွာျဖစ္ၿပီး မန္စီးတီးတို႔က အာလင္း ဟားလန္းကို ဦးစားေပးအျဖစ္ လိုက္ေနလို႔ မေခၚယူႏိုင္ေသးတဲ့ ေတာင္ပံကစားသမား အဒါမာ ထရာအိုေရးကို ဆာလားရဲ႕ အစားထိုးမႈအျဖစ္ လီဗာပူးလ္တို႔ ေခၚယူသြားႏိုင္။

– အန္းဖီးလ္မွာ ခ်န္ပီယံလိဂ္ကစားခဲ့ရတာကို အမွတ္ရေနတယ္လို႔ ေျပာၾကားခဲ့တဲ့ ဒန္နီ အင္းစ္အေနနဲ႔ ေဆာက္သမ္တန္အသင္းနဲ႔ ၂၀၂၂ ေႏြရာသီမွာ ကုန္ဆုံးမယ့္ စာခ်ဳပ္ကို သက္တမ္းမတိုးရေသးခ်ိန္မွာ လီဗာပူးလ္ကို ျပန္ဖို႔ တခ်ိဳ႕သတင္းဌာနေတြက ခန႔္မွန္းေနၾက။

– လာမယ့္ရာသီမွာ ဆုဖလားေတြကို ျပန္လည္ရယူဖို႔အတြက္ ဗာဂ်ီးလ္ ဗန္ဒိုက္နဲ႔ ေရတိုအတြဲအဖက္အျဖစ္ ရာသီအနည္းငယ္ သုံးစြဲႏိုင္ၿပီး ေျခစြမ္းအျမင့္မားဆုံးကို ေရာက္ေနတဲ့ နာပိုလီေနာက္ခံလူ ခါလီဒူး ကူလီေဘလီကို မန္ခ်က္စတာယူႏိုက္တက္နဲ႔ အၿပိဳင္လုဖို႔ အသင္းအားကစားဒါ႐ိုက္တာ မိုက္ကယ္ အက္ဒ္ဝပ္က စိတ္ဝင္စားေနၿပီး ပရိသတ္ေတြ ရင္ခုန္ေနၾက။

– အက္စ္တန္ဗီလာအသင္းမွာ ေျခစြမ္းျပေနခဲ့တဲ့ ေနာက္ခံလူ အက္ဇ္ရီ ကြန္ဆာကို ေခၚယူဖို႔ ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းနဲ႔အၿပိဳင္ လီဗာပူးလ္တို႔ စိတ္ဝင္စားေနၿပီး အသက္ ၂၃ ႏွစ္အ႐ြယ္ အဂၤလန္သားအတြက္ ေပါင္သန္း ၄၀ ခန႔္ အနည္းဆုံး အသုံးျပဳရဖြယ္ရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.