Premier League Transfer News

7 Mar နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

– မန်ချက်စတာယူနိုက်တက်နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားအနေနဲ့ အသင်းက ခြေစွမ်းမပြနိုင်တဲ့ ကစားသမားတချို့နေရာမှာ လူငယ် တောင်ပံတိုက်စစ်မှူး အာမက် ဂျယ်လို ထရာအိုရေးကို အစားထိုးဖို့ ဆန္ဒရှိနေပြီး မန်ချက်စတာဒါဘီမှာ အသုံးပြုနိုင်ဖို့ ရည်ရွယ်နေ။

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ အသင်းက ထွက်ခွာဖို့ နီးစပ်နေတဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဘာနေရာမှာ သူ့ရဲ့လက်သစ်လို့ ချီးကျူးနေကြတဲ့ ဘာစီလိုနာBအသင်းရဲ့ လူငယ်ကွင်းလယ်လူ အီလက်ရှ် မိုရီဘာကို ခေါ်ယူလိုနေပြီး ကာတာလန်ကလပ်နဲ့တော့ ယူရို သန်း ၁၀၀ တန် လျော်ကြေးစာချုပ်ရှိနေ။

– အဲဗာတန်အသင်းရဲ့ နောက်ခံလူ ဘန် ဂေါ့ဖရီက သူရင်ဆိုင်ဖူးသမျှ တိုက်စစ်ကစားသမားတွေထဲမှာ ခန့်မှန်းရ အခက်ခဲဆုံးဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ မေဆန် ဂရင်းဝုဒ်ဖြစ်ကြောင်းဆိုလိုက်ပြီး သူ့ရဲ့ ခြေနှစ်ချောင်းစလုံး သန်တဲ့အချက်က ထိန်းချုပ်ဖို့ ခက်ခဲသလို ပိုကောင်းလာဦးမယ်လို့ ချီးကျူးသွား။

– ပီအက်စ်ဂျီအသင်းအနေနဲ့ မန်ချက်စတာယူနိုက်တက်အသင်းကနေ လာမယ့်နွေရာသီမှာ လူငယ်ဂိုးသမား ဟန်ဒါဆန်ကို နေရာပေးဖို့အတွက် ရောင်းချသွားဖွယ်ရှိနေတဲ့ ဂိုးသမား ဒေးဗစ် ဒဟေးယားကို ခေါ်ယူလိုနေပြီး အသက်အရွယ်ရလာတဲ့ ကီလော် နာဗက်စ်ကို အစားထိုးဖို့ စဉ်းစားနေ။

– မန်ချက်စတာယူနိုက်တက်နဲ့ ယှဉ်ပြိုင်ကစားတဲ့အခါ မန်စီးတီးနည်းပြ ပက်ပ် ဂွါဒီယိုလာရဲ့ နည်းစနစ်တွေဟာ အလုပ်ဖြစ်မယ်လို့ မထင်ဖို့ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက သတိပေးလိုက်ပြီး ဆာမတ် ဘပ်စ်ဘီနဲ့ ဆာအဲလက်စ်တို့ ချမှတ်ခဲ့တဲ့ လျင်မြန်တဲ့ တိုက်စစ်တွေနဲ့ အလဲထိုးသွားမယ်လို့ ကြုံးဝါး။

– မန်စီးတီးနဲ့ ကစားမယ့် ဒါဘီပွဲစဉ်အတွက် ပြီးခဲ့တဲ့ ခရစ္စတယ်လ်ပဲလေ့စ်အသင်းနဲ့ပွဲမှာ ဒဏ်ရာကနေ ပြန်လာခဲ့တဲ့ အက်ဒင်ဆန် ကာဗာနီအနေနဲ့ ပွဲအတွက် တင်သွင်းတဲ့ လူစာရင်းမှာ မပါဝင်ဘဲ ဆဲလ်ဟာ့စ်ပါ့ခ်ကို မသွားရောက်နိုင်ခဲ့တဲ့ တိုက်စစ်မှူး အန်တိုနီ မာစီယယ်လ်ကတော့ ပြန်လည်ပါဝင်လာခဲ့။

– အသင်းကြီး ခြောက်သင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်တွေမှာ ဂိုးမသွင်းနိုင်ဘူးလို့ ဝေဖန်နေတဲ့သူတွေကို စိတ်ပျက်မိပြီး တစ်ရာသီလုံး ယှဉ်ပြိုင်ရတဲ့ မာရသွန်လို အမှတ်ပေးပြိုင်ပွဲမှာ တာတိုလို တစ်ပွဲချင်းတွေကို ဘာကြောင့် ဂရုစိုက်နေသလဲဆိုတာ မသိကြောင်းနဲ့ ဘရူနို ဖာနန်ဒက်စ်ဆိုတာ ပွဲတိုင်း ဂိုးနဲ့ ဖန်တီးမှုတွေ ရရှိရမယ်လို့ ဘယ်သူတွေက တွေးနေတာလဲ နားမလည်ကြောင်း ပေါ်တူဂီသားက ဝေဖန်မှုတွေကို တုံ့ပြန်သွား။

– ကွင်းလယ်လူ ပေါ့ဘာနဲ့ မန်ချက်စတာယူနိုက်တက်တို့ရဲ့ အနာဂတ်ကတော့ အမှောင်ထဲမှာ ကျရောက်နေပြီး အေးဂျင့် မီနို ရိုင်ယိုလာရဲ့ အေးတိအေးစက်လုပ်နေပြီး အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ မရှိတဲ့ အခြေအနေမှာ ရီးရဲလ်မက်ဒရစ်နဲ့ ဂျူဗင်တပ်စ်တို့က အခွင့်ကောင်းယူဖို့ နီးစပ်လာ။

– ၂၀၁၈ ခုနှစ်အတွင်းက ဦးနှောက်သွေးကြောပေါက်ပြီး ဆေးရုံတက်ခဲ့ရစဉ်က သူ့အနေနဲ့ မှတ်ဉာဏ်တွေ ပျောက်ဆုံးမှာနဲ့ တစ်သက်လုံး စကားပြန်မပြောနိုင်တော့မှာကို စိုးရိမ်ခဲ့ရပြီး ပြန်ကောင်းဖို့ ၂၀ ရာခိုင်နှုန်းလို့ သုံးသပ်ခံရအပြီး ဆယ်ရက်အကြာမှာ ပုံမှန်အနေအထားအတိုင်း အသံပြန်ထွက်လာခဲ့လို့ စိတ်သက်သာခဲ့ရတယ်လို့ ဂန္ထဝင်နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်က ဝန်ခံပြောကြားသွား။

– လာမယ့်နွေရာသီမှာ လျှော့ဈေးနဲ့ ရရှိနိုင်မယ့် နာပိုလီနောက်ခံလူ ခါလီဒူး ကူလီဘေလီအတွက် မန်ချက်စတာယူနိုက်တက်အသင်းကို လီဗာပူးလ်အသင်းက ယှဉ်ပြိုင်လာဖို့ ရှိနေပြီး ခေါ်ဈေး ယူရို ၄၅ သန်း သတ်မှတ်ချက်ကတော့ အနည်းငယ် ပြန်လည်မြင့်တက်လာဖွယ်ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– မန္ခ်က္စတာယူႏိုက္တက္နည္းျပ အိုလီဂန္နာ ဆိုးလ္ရွားအေနနဲ႔ အသင္းက ေျခစြမ္းမျပႏိုင္တဲ့ ကစားသမားတခ်ိဳ႕ေနရာမွာ လူငယ္ ေတာင္ပံတိုက္စစ္မႉး အာမက္ ဂ်ယ္လို ထရာအိုေရးကို အစားထိုးဖို႔ ဆႏၵရွိေနၿပီး မန္ခ်က္စတာဒါဘီမွာ အသုံးျပဳႏိုင္ဖို႔ ရည္႐ြယ္ေန။

– မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ အသင္းက ထြက္ခြာဖို႔ နီးစပ္ေနတဲ့ ကြင္းလယ္လူ ေပါလ္ ေပါ့ဘာေနရာမွာ သူ႔ရဲ႕လက္သစ္လို႔ ခ်ီးက်ဴးေနၾကတဲ့ ဘာစီလိုနာBအသင္းရဲ႕ လူငယ္ကြင္းလယ္လူ အီလက္ရွ္ မိုရီဘာကို ေခၚယူလိုေနၿပီး ကာတာလန္ကလပ္နဲ႔ေတာ့ ယူ႐ို သန္း ၁၀၀ တန္ ေလ်ာ္ေၾကးစာခ်ဳပ္ရွိေန။

– အဲဗာတန္အသင္းရဲ႕ ေနာက္ခံလူ ဘန္ ေဂါ့ဖရီက သူရင္ဆိုင္ဖူးသမွ် တိုက္စစ္ကစားသမားေတြထဲမွာ ခန႔္မွန္းရ အခက္ခဲဆုံးဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ေမဆန္ ဂရင္းဝုဒ္ျဖစ္ေၾကာင္းဆိုလိုက္ၿပီး သူ႔ရဲ႕ ေျခႏွစ္ေခ်ာင္းစလုံး သန္တဲ့အခ်က္က ထိန္းခ်ဳပ္ဖို႔ ခက္ခဲသလို ပိုေကာင္းလာဦးမယ္လို႔ ခ်ီးက်ဴးသြား။

– ပီအက္စ္ဂ်ီအသင္းအေနနဲ႔ မန္ခ်က္စတာယူႏိုက္တက္အသင္းကေန လာမယ့္ေႏြရာသီမွာ လူငယ္ဂိုးသမား ဟန္ဒါဆန္ကို ေနရာေပးဖို႔အတြက္ ေရာင္းခ်သြားဖြယ္ရွိေနတဲ့ ဂိုးသမား ေဒးဗစ္ ဒေဟးယားကို ေခၚယူလိုေနၿပီး အသက္အ႐ြယ္ရလာတဲ့ ကီေလာ္ နာဗက္စ္ကို အစားထိုးဖို႔ စဥ္းစားေန။

– မန္ခ်က္စတာယူႏိုက္တက္နဲ႔ ယွဥ္ၿပိဳင္ကစားတဲ့အခါ မန္စီးတီးနည္းျပ ပက္ပ္ ဂြါဒီယိုလာရဲ႕ နည္းစနစ္ေတြဟာ အလုပ္ျဖစ္မယ္လို႔ မထင္ဖို႔ ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားက သတိေပးလိုက္ၿပီး ဆာမတ္ ဘပ္စ္ဘီနဲ႔ ဆာအဲလက္စ္တို႔ ခ်မွတ္ခဲ့တဲ့ လ်င္ျမန္တဲ့ တိုက္စစ္ေတြနဲ႔ အလဲထိုးသြားမယ္လို႔ ႀကဳံးဝါး။

– မန္စီးတီးနဲ႔ ကစားမယ့္ ဒါဘီပြဲစဥ္အတြက္ ၿပီးခဲ့တဲ့ ခရစၥတယ္လ္ပဲေလ့စ္အသင္းနဲ႔ပြဲမွာ ဒဏ္ရာကေန ျပန္လာခဲ့တဲ့ အက္ဒင္ဆန္ ကာဗာနီအေနနဲ႔ ပြဲအတြက္ တင္သြင္းတဲ့ လူစာရင္းမွာ မပါဝင္ဘဲ ဆဲလ္ဟာ့စ္ပါ့ခ္ကို မသြားေရာက္ႏိုင္ခဲ့တဲ့ တိုက္စစ္မႉး အန္တိုနီ မာစီယယ္လ္ကေတာ့ ျပန္လည္ပါဝင္လာခဲ့။

– အသင္းႀကီး ေျခာက္သင္းနဲ႔ ယွဥ္ၿပိဳင္ခဲ့တဲ့ ပြဲစဥ္ေတြမွာ ဂိုးမသြင္းႏိုင္ဘူးလို႔ ေဝဖန္ေနတဲ့သူေတြကို စိတ္ပ်က္မိၿပီး တစ္ရာသီလုံး ယွဥ္ၿပိဳင္ရတဲ့ မာရသြန္လို အမွတ္ေပးၿပိဳင္ပြဲမွာ တာတိုလို တစ္ပြဲခ်င္းေတြကို ဘာေၾကာင့္ ဂ႐ုစိုက္ေနသလဲဆိုတာ မသိေၾကာင္းနဲ႔ ဘ႐ူႏို ဖာနန္ဒက္စ္ဆိုတာ ပြဲတိုင္း ဂိုးနဲ႔ ဖန္တီးမႈေတြ ရရွိရမယ္လို႔ ဘယ္သူေတြက ေတြးေနတာလဲ နားမလည္ေၾကာင္း ေပၚတူဂီသားက ေဝဖန္မႈေတြကို တုံ႔ျပန္သြား။

– ကြင္းလယ္လူ ေပါ့ဘာနဲ႔ မန္ခ်က္စတာယူႏိုက္တက္တို႔ရဲ႕ အနာဂတ္ကေတာ့ အေမွာင္ထဲမွာ က်ေရာက္ေနၿပီး ေအးဂ်င့္ မီႏို ႐ိုင္ယိုလာရဲ႕ ေအးတိေအးစက္လုပ္ေနၿပီး အျပဳသေဘာေဆာင္တဲ့ ေဆြးေႏြးမႈေတြ မရွိတဲ့ အေျခအေနမွာ ရီးရဲလ္မက္ဒရစ္နဲ႔ ဂ်ဴဗင္တပ္စ္တို႔က အခြင့္ေကာင္းယူဖို႔ နီးစပ္လာ။

– ၂၀၁၈ ခုႏွစ္အတြင္းက ဦးေႏွာက္ေသြးေၾကာေပါက္ၿပီး ေဆး႐ုံတက္ခဲ့ရစဥ္က သူ႔အေနနဲ႔ မွတ္ဉာဏ္ေတြ ေပ်ာက္ဆုံးမွာနဲ႔ တစ္သက္လုံး စကားျပန္မေျပာႏိုင္ေတာ့မွာကို စိုးရိမ္ခဲ့ရၿပီး ျပန္ေကာင္းဖို႔ ၂၀ ရာခိုင္ႏႈန္းလို႔ သုံးသပ္ခံရအၿပီး ဆယ္ရက္အၾကာမွာ ပုံမွန္အေနအထားအတိုင္း အသံျပန္ထြက္လာခဲ့လို႔ စိတ္သက္သာခဲ့ရတယ္လို႔ ဂႏၴဝင္နည္းျပႀကီး ဆာအဲလက္စ္ ဖာဂူဆန္က ဝန္ခံေျပာၾကားသြား။

– လာမယ့္ေႏြရာသီမွာ ေလွ်ာ့ေဈးနဲ႔ ရရွိႏိုင္မယ့္ နာပိုလီေနာက္ခံလူ ခါလီဒူး ကူလီေဘလီအတြက္ မန္ခ်က္စတာယူႏိုက္တက္အသင္းကို လီဗာပူးလ္အသင္းက ယွဥ္ၿပိဳင္လာဖို႔ ရွိေနၿပီး ေခၚေဈး ယူ႐ို ၄၅ သန္း သတ္မွတ္ခ်က္ကေတာ့ အနည္းငယ္ ျပန္လည္ျမင့္တက္လာဖြယ္ရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.