Premier League Transfer News

6 Mar နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာစီးတီးသတင်းများ စုစည်းမှု

– မန်ချက်စတာစီးတီးအသင်းဟာ သူတို့ရဲ့ နွေရာသီပစ်မှတ် တိုက်စစ်မှူး အာလင်း ဟားလန်းကို ဒေါ့မွန်ကနေ ခေါ်ဆောင်ရာမှာ အင်္ဂလန် ဘက်က အကြီးမားဆုံး အတားအဆီးဖြစ်လိမ့်မယ်လို့ ရီးရဲလ်မက်ဒရစ်အသင်းဘက်က ယုံကြည်နေသလို နည်းပြ ဂွါဒီယိုလာ အနေနဲ့လည်း ဒီရာသီ ရည်မှန်းချက်တွေအတွက် စိတ်ချရတာနဲ့ နော်ဝေသားဘက်ကို လှည့်ဖွယ်ရှိနေ။

– မန်ချက်စတာစီးတီးအသင်းအနေနဲ့ လာမယ့်နွေရာသီမှာ အေစီမီလန်အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာတော့မယ့် ဂိုးသမား ဂျန်လွီဂီ ဒွန်နာရမ်မာကို အီဒါဆန်အတွက် ပြိုင်ဆိုင်မှုပေးဖို့ ခေါ်ယူလိုနေတယ်လို့ အီတလီဘက်က သတင်းတွေ ထွက်လာခဲ့ပြီး ချဲလ်ဆီးအသင်းနဲ့အပြိုင်လုရနိုင်သလို သူ့ရဲ့အေးဂျင့် မီနို ရိုင်ယိုလာကတော့ အတားအဆီးဖြစ်ဖွယ်ရှိနေ။

– Squawka Football ရဲ့ ဖော်ပြမှုမှာ လီဗာပူးလ်အသင်းအနေနဲ့ အရှက်ရစရာဖြစ်ခဲ့ပြီး ၂၀၂၁ ခုနှစ်အတွင်း သူတို့ရဲ့ ကစားသမားတွေ အားလုံး အိမ်ကွင်း အန်းဖီးလ်မှာ ဖန်တီးနိုင်ခဲ့တဲ့ အရေအတွက်ထက် မန်ချက်စတာစီးတီးဂိုးသမား အီဒါဆန်က ပိုမိုဖန်တီးနိုင်ခဲ့သလို တစ်ကြိမ်သာ စပါးစ်နဲ့ပွဲမှာ ဂွန်ဒိုးဝမ်အတွက် ပေးပို့နိုင်ခဲ့ပေမယ့် လက်ရှိချန်ပီယံထက်တော့ များပြားနေဆဲဖြစ်ကြောင်းသိရ။

– မန်ချက်စတာစီးတီးအသင်းရဲ့နည်းပြ ပက်ပ် ဂွါဒီယိုလာအနေနဲ့ အသင်းရဲ့ ချန်ပီယံဆုရယူမယ့် လမ်းကြောင်းကို အနှောင့်ယှက်ခံမှာ မဟုတ်ဘဲ ကစားသမားတွေအနေနဲ့ မိခင်နိုင်ငံကို ကိုယ်စားပြုဖို့ ပြန်သွားပြီး အင်္ဂလန်ကို ပြန်ရောက်ရင် ကွာရန်တင်းဝင်ရမယ့် နိုင်ငံက ဖြစ်နေရင် မသွားဖို့ ပိတ်ပင်တားမြစ်ခဲ့။

– လာမယ့်တနင်္ဂနွေနေ့ မန်ချက်စတာဒါဘီမှာ ဘီဘီစီရဲ့ လော်ရိုအပါအဝင် ကျွမ်းကျင်သူတွေအားလုံးက မန်စီးတီးတို့ အနိုင်ရရှိမယ်လို့ ခန့်မှန်းခဲ့ပေမယ့် မန်ချက်စတာ ယူနိုက်တက်ကစားသမားဟောင်း ဒီမီတာ ဘာဘာတော့ဗ်ကတော့ သူ့ရဲ့အသင်းဟောင်းအနေနဲ့ သုံးဂိုး-နှစ်ဂိုးနဲ့ အနိုင်ရရှိမယ်လို့ ခန့်မှန်းသွားခဲ့။

– မန်ချက်စတာစီးတီးအသင်းအနေနဲ့ ပရီးမီးယားလိဂ်ကို နှစ်တိုင်းခြိမ်းခြောက်စိန်ခေါ်ပြီး ဖလားရယူနိုင်စွမ်းရှိနေတာဟာ သူတို့တွေရဲ့ ငွေသုံးနိုင်မှုကြောင့်သာဖြစ်တယ်လို့ ဒီရာသီ ချန်ပီယံဆုကို မကာကွယ်နိုင်တော့သလို ဦးဆောင်သူ စီးတီးတို့နဲ့ ၂၂ မှတ် ကွာဟသွားခဲ့တဲ့ လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်က စကားနာထိုးသွားခဲ့။

– ပြီးခဲ့တဲ့ နွေရာသီက ဘုန်းမောက်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ နောက်ခံလူ နာသန် အာကေအနေနဲ့ ကြံ့ခိုင်မှု ပြည့်ဝနေပြီဖြစ်ပြီး ဝုလ်ဗ်စ်နဲ့ပွဲကို လွဲချော်ခဲ့ပေမယ့် မန်ချက်စတာယူနိုက်တက်နဲ့ ကစားရမယ့် တနင်္ဂနွေနေ့ ပွဲစဉ်မှာတော့ ပြန်လည်ပါဝင်နိုင်မှာဖြစ်သလို တစ်သင်းလုံးရဲ့ ကြံ့ခိုင်မှု ပြည့်ဝနေတယ်လို့ နည်းပြ ဂွါဒီယိုလာက အတည်ပြုသွား။

– ဒီအသင်းကို ရောက်မလာခင်က သူ့ရဲ့ ကစားသမားဘဝမှာ မက်ဒရစ်ဒါဘီကို ယှဉ်ပြိုင်ကစားခဲ့ဖူးတဲ့ ကွင်းလယ်လူ ရိုဒရီက မန်ချက်စတာဒါဘီဟာ ဘောလုံးသမားတစ်ယောက်ရဲ့ဘဝမှာ အမြင့်ဆုံးကစားခွင့်ရနိုင်တဲ့ ပွဲစဉ်တွေထဲက တစ်ခုဖြစ်ပြီး စီးတီးရဲ့ ပရိသတ်တွေကို ပျော်ရွှင်နိုင်အောင် ကစားပေးသွားမယ်လို့ဆို။

– နည်းပြ ပက်ပ် ဂွါဒီယိုလာက အသင်းရဲ့ လက်ရှိနိုင်ပွဲဆက်မှတ်တမ်းတွေအတွက် အားလုံးကို အာရုံစူးစိုက်မှု မလျှော့ချဖို့ သတိပေးလိုက်ပြီး လောလောဆယ်မှာ အကောင်းဆုံးပုံစံတစ်ခုကို ရရှိကောင်း ရရှိထားနိုင်ပေမယ့် ပရီးမီးယားလိဂ်ဆိုတာဟာ မတ်လမှာ သိမ်းပိုက်နိုင်တဲ့ ဆုဖလားအမျိုးအစား မဟုတ်ဘူးလို့ သတိပေးသွား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– မန္ခ်က္စတာစီးတီးအသင္းဟာ သူတို႔ရဲ႕ ေႏြရာသီပစ္မွတ္ တိုက္စစ္မႉး အာလင္း ဟားလန္းကို ေဒါ့မြန္ကေန ေခၚေဆာင္ရာမွာ အဂၤလန္ ဘက္က အႀကီးမားဆုံး အတားအဆီးျဖစ္လိမ့္မယ္လို႔ ရီးရဲလ္မက္ဒရစ္အသင္းဘက္က ယုံၾကည္ေနသလို နည္းျပ ဂြါဒီယိုလာ အေနနဲ႔လည္း ဒီရာသီ ရည္မွန္းခ်က္ေတြအတြက္ စိတ္ခ်ရတာနဲ႔ ေနာ္ေဝသားဘက္ကို လွည့္ဖြယ္ရွိေန။

– မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ လာမယ့္ေႏြရာသီမွာ ေအစီမီလန္အသင္းကေန အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ထြက္ခြာေတာ့မယ့္ ဂိုးသမား ဂ်န္လြီဂီ ဒြန္နာရမ္မာကို အီဒါဆန္အတြက္ ၿပိဳင္ဆိုင္မႈေပးဖို႔ ေခၚယူလိုေနတယ္လို႔ အီတလီဘက္က သတင္းေတြ ထြက္လာခဲ့ၿပီး ခ်ဲလ္ဆီးအသင္းနဲ႔အၿပိဳင္လုရႏိုင္သလို သူ႔ရဲ႕ေအးဂ်င့္ မီႏို ႐ိုင္ယိုလာကေတာ့ အတားအဆီးျဖစ္ဖြယ္ရွိေန။

– Squawka Football ရဲ႕ ေဖာ္ျပမႈမွာ လီဗာပူးလ္အသင္းအေနနဲ႔ အရွက္ရစရာျဖစ္ခဲ့ၿပီး ၂၀၂၁ ခုႏွစ္အတြင္း သူတို႔ရဲ႕ ကစားသမားေတြ အားလုံး အိမ္ကြင္း အန္းဖီးလ္မွာ ဖန္တီးႏိုင္ခဲ့တဲ့ အေရအတြက္ထက္ မန္ခ်က္စတာစီးတီးဂိုးသမား အီဒါဆန္က ပိုမိုဖန္တီးႏိုင္ခဲ့သလို တစ္ႀကိမ္သာ စပါးစ္နဲ႔ပြဲမွာ ဂြန္ဒိုးဝမ္အတြက္ ေပးပို႔ႏိုင္ခဲ့ေပမယ့္ လက္ရွိခ်န္ပီယံထက္ေတာ့ မ်ားျပားေနဆဲျဖစ္ေၾကာင္းသိရ။

– မန္ခ်က္စတာစီးတီးအသင္းရဲ႕နည္းျပ ပက္ပ္ ဂြါဒီယိုလာအေနနဲ႔ အသင္းရဲ႕ ခ်န္ပီယံဆုရယူမယ့္ လမ္းေၾကာင္းကို အေႏွာင့္ယွက္ခံမွာ မဟုတ္ဘဲ ကစားသမားေတြအေနနဲ႔ မိခင္ႏိုင္ငံကို ကိုယ္စားျပဳဖို႔ ျပန္သြားၿပီး အဂၤလန္ကို ျပန္ေရာက္ရင္ ကြာရန္တင္းဝင္ရမယ့္ ႏိုင္ငံက ျဖစ္ေနရင္ မသြားဖို႔ ပိတ္ပင္တားျမစ္ခဲ့။

– လာမယ့္တနဂၤေႏြေန႔ မန္ခ်က္စတာဒါဘီမွာ ဘီဘီစီရဲ႕ ေလာ္႐ိုအပါအဝင္ ကြၽမ္းက်င္သူေတြအားလုံးက မန္စီးတီးတို႔ အႏိုင္ရရွိမယ္လို႔ ခန႔္မွန္းခဲ့ေပမယ့္ မန္ခ်က္စတာ ယူႏိုက္တက္ကစားသမားေဟာင္း ဒီမီတာ ဘာဘာေတာ့ဗ္ကေတာ့ သူ႔ရဲ႕အသင္းေဟာင္းအေနနဲ႔ သုံးဂိုး-ႏွစ္ဂိုးနဲ႔ အႏိုင္ရရွိမယ္လို႔ ခန႔္မွန္းသြားခဲ့။

– မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ပရီးမီးယားလိဂ္ကို ႏွစ္တိုင္းၿခိမ္းေျခာက္စိန္ေခၚၿပီး ဖလားရယူႏိုင္စြမ္းရွိေနတာဟာ သူတို႔ေတြရဲ႕ ေငြသုံးႏိုင္မႈေၾကာင့္သာျဖစ္တယ္လို႔ ဒီရာသီ ခ်န္ပီယံဆုကို မကာကြယ္ႏိုင္ေတာ့သလို ဦးေဆာင္သူ စီးတီးတို႔နဲ႔ ၂၂ မွတ္ ကြာဟသြားခဲ့တဲ့ လီဗာပူးလ္နည္းျပ ယာဂန္ ကေလာ့ပ္က စကားနာထိုးသြားခဲ့။

– ၿပီးခဲ့တဲ့ ေႏြရာသီက ဘုန္းေမာက္အသင္းကေန ေရာက္ရွိလာခဲ့တဲ့ ေနာက္ခံလူ နာသန္ အာေကအေနနဲ႔ ႀကံ့ခိုင္မႈ ျပည့္ဝေနၿပီျဖစ္ၿပီး ဝုလ္ဗ္စ္နဲ႔ပြဲကို လြဲေခ်ာ္ခဲ့ေပမယ့္ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ကစားရမယ့္ တနဂၤေႏြေန႔ ပြဲစဥ္မွာေတာ့ ျပန္လည္ပါဝင္ႏိုင္မွာျဖစ္သလို တစ္သင္းလုံးရဲ႕ ႀကံ့ခိုင္မႈ ျပည့္ဝေနတယ္လို႔ နည္းျပ ဂြါဒီယိုလာက အတည္ျပဳသြား။

– ဒီအသင္းကို ေရာက္မလာခင္က သူ႔ရဲ႕ ကစားသမားဘဝမွာ မက္ဒရစ္ဒါဘီကို ယွဥ္ၿပိဳင္ကစားခဲ့ဖူးတဲ့ ကြင္းလယ္လူ ႐ိုဒရီက မန္ခ်က္စတာဒါဘီဟာ ေဘာလုံးသမားတစ္ေယာက္ရဲ႕ဘဝမွာ အျမင့္ဆုံးကစားခြင့္ရႏိုင္တဲ့ ပြဲစဥ္ေတြထဲက တစ္ခုျဖစ္ၿပီး စီးတီးရဲ႕ ပရိသတ္ေတြကို ေပ်ာ္႐ႊင္ႏိုင္ေအာင္ ကစားေပးသြားမယ္လို႔ဆို။

– နည္းျပ ပက္ပ္ ဂြါဒီယိုလာက အသင္းရဲ႕ လက္ရွိႏိုင္ပြဲဆက္မွတ္တမ္းေတြအတြက္ အားလုံးကို အာ႐ုံစူးစိုက္မႈ မေလွ်ာ့ခ်ဖို႔ သတိေပးလိုက္ၿပီး ေလာေလာဆယ္မွာ အေကာင္းဆုံးပုံစံတစ္ခုကို ရရွိေကာင္း ရရွိထားႏိုင္ေပမယ့္ ပရီးမီးယားလိဂ္ဆိုတာဟာ မတ္လမွာ သိမ္းပိုက္ႏိုင္တဲ့ ဆုဖလားအမ်ိဳးအစား မဟုတ္ဘူးလို႔ သတိေပးသြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.