Premier League Transfer News

5 Mar နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းက စိတ်ဝင်စားနေခဲ့ပြီး ဆဲလ်တစ်က ပေါင် ၂၁.၆ သန်း ရရှိရင် ရောင်းချသွားမယ်လို့ ထုတ်ပြန်ထားခဲ့တဲ့ တိုက်စစ်မှူး အော့ဒ်ဆွန်း အေဒူယာကို ခေါ်ယူဖို့ လက်စတာစီးတီးအသင်းနည်းပြ ဘရန်ဒန် ရော့ဂျားစ်က စိတ်ဝင်စားနေပြီး နွေရာသီမှာ ပြိုင်ဆိုင်ဖို့ ရှိနေ။

– ရာသီအစ ဖူလ်ဟမ်ပွဲမှာ ခြေစွမ်းပြနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ ခြေစွမ်းပုံမှန် မရှိတော့ဘဲ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေခဲ့ရတဲ့ ကွင်းလယ်လူ ဝီလီယန်အနေနဲ့ အာဆင်နယ်အသင်းကို ကူညီနိုင်ဖို့ ခြေစွမ်းကောင်းကို ပိုင်ဆိုင်ထားပြီး အဆင်သင့်ဖြစ်နေပြီလို့ ကစားသမားဟောင်း ဂီလ်ဘာတို ဆေးလ်ဗား ထောက်ခံသွားခဲ့။

– အာဆင်နယ်အသင်းအနေနဲ့ လာမယ့်နွေရာသီမှာ ပြင်သစ်ကွင်းလယ်လူ မက်တီယို ဂန်ဒူဇီကို ရောင်းချဖို့ ပြင်ဆင်ထားပြီး သူ့အနေနဲ့ အသင်းအတွက် နောက်ဆုံးပွဲကို ကစားခဲ့ပြီးပြီလို့ ယူဆထားသလို ဟာသာဘာလင်က ပြန်လာတာနဲ့ အသင်းသစ်ရှာဖွေဖို့ လုပ်ဆောင်ရဖွယ်ရှိနေ။

– ဆာလီဘာရဲ့ အနာဂတ် မသေချာဘဲ ချိမ်းဘားစ်နဲ့ မာဗရိုပါနို့စ်တို့ကို ရောင်းချပြီး ဒေးဗစ် လူးဝစ်ဇ်ရဲ့ နေရာမှာ အစားဝင်မယ့်သူ ရှာဖွေနေတဲ့ အာဆင်နယ်နည်းပြ မီခယ်လ် အာတီတာအနေနဲ့ အသင်းရဲ့ နွေရာသီအားဖြည့်မှုအဖြစ် RB လိုက်ပ်ဇစ်ရဲ့ ပေါင်သန်း ၃၀ ကျော်တန် နောက်ခံလူ အီဘရာဟီမာ ကိုနာတေကို သတ်မှတ်ထား။

– အာဆင်နယ်အသင်းရဲ့ပစ်မှတ်တစ်ခုဖြစ်တဲ့ ဘရိုက်တန်နောက်ခံလူ တာရစ်ခ် လမ့်ပ်တေကို ပရိသတ်တွေအနေနဲ့ ခြေစွမ်းအတွက် သဘောကျပေမယ့် ဒီအသက်အရွယ်မှာပဲ ဒဏ်ရာခဏခဏရနေတဲ့ မှတ်တမ်းအတွက်တော့ သဘောမကျဘဲ စိုးရိမ်နေကြကြောင်းသိရ။

– အာဆင်နယ်အသင်းက ဝက်စ်ဘရွန်းအသင်းမှာ အငှားချထားခဲ့တဲ့ ကွင်းလယ်လူ အိန်းစလီ မိတ်လန်းနိုင်းလ်အနေနဲ့ နေရာစုံမှာ ကစားနိုင်တာဟာ သူ့ကိုယ်သူ ဒုက္ခပေးသလိုဖြစ်နေခဲ့ပြီး အသင်းအတွက် ပြဿနာတစ်ခုဖြစ်နေသလို ဆမ်အလာဒိုက်စ်နဲ့တော့ အဆင်ပြေနိုင်လိမ့်မယ်လို့ ထင်ကြောင်း နောက်ခံလူဟောင်း အက်ရှ်လီကိုးလ်ပြော။

– ပြီးခဲ့တဲ့ နွေရာသီက ခေါ်ယူဖို့ မအောင်မြင်ခဲ့တဲ့ ကွင်းလယ်လူ ဟူဆင်းမ် အောဝါကို လာမယ့်နွေရာသီမှာ လီယွန်အသင်းကနေ ခေါ်ယူဖို့ အာဆင်နယ်နည်းစနစ်ဒါရိုက်တာ အီဒူးအနေနဲ့ ထပ်မံကြိုးစားသွားမယ်လို့ သိရပြီး မနှစ်က ဆိုဈေး ယူရို ၅၅ သန်းထက် ပိုမိုနည်းပါးတဲ့ နှုန်းထားမှာ ရရှိနိုင်ဖို့ မျှော်လင့်နေ။

– အာဆင်နယ်အသင်းအနေနဲ့ ဘရိုက်တန်ရဲ့ လမ့်ပ်တေကို ခေါ်ယူခဲ့မယ်ဆိုရင် သူ့ကို ရောင်းချပေးခဲ့တဲ့ ချဲလ်ဆီးအသင်းကို ငွေကြေး အင်အားဖြည့်တင်းပေးရဦးမှာဖြစ်ပြီး ဂါနာနွယ်ဖွား ညာနောက်ခံလူအတွက် မဖော်ပြတဲ့ ပြောင်းရွှေ့ကြေးခံစားခွင့်ကို စတမ်းဖို့ဒ်ဘရစ်ချ် ဘက်က ထည့်သွင်းထား။

– အာဆင်နယ်နည်းစနစ်ဒါရိုက်တာ အီဒူးအနေနဲ့ လာမယ့်ရာသီမှာ အလက်ဇန်းဒါး လာကာဇက်၊ လူးကပ်စ် တော်ရဲရား၊ ရီးစ် နယ်လ်ဆန်၊ အက်ဒီ နကီးတီးယား၊ ဟက်တာ ဘယ်လာရင်၊ မက်တီယို ဂန်ဒူဇီနဲ့ အဲလက်စ် ရူနာဆန်တို့ကို ရောင်းထုတ်ပြီး ပေါင် ၁၂၆ သန်းနဲ့အထက် အပြောင်းအရွှေ့အသုံးစရိတ် ရှာဖွေသွားမယ်လို့ ခန့်မှန်းနေကြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းက စိတ္ဝင္စားေနခဲ့ၿပီး ဆဲလ္တစ္က ေပါင္ ၂၁.၆ သန္း ရရွိရင္ ေရာင္းခ်သြားမယ္လို႔ ထုတ္ျပန္ထားခဲ့တဲ့ တိုက္စစ္မႉး ေအာ့ဒ္ဆြန္း ေအဒူယာကို ေခၚယူဖို႔ လက္စတာစီးတီးအသင္းနည္းျပ ဘရန္ဒန္ ေရာ့ဂ်ားစ္က စိတ္ဝင္စားေနၿပီး ေႏြရာသီမွာ ၿပိဳင္ဆိုင္ဖို႔ ရွိေန။

– ရာသီအစ ဖူလ္ဟမ္ပြဲမွာ ေျခစြမ္းျပႏိုင္ခဲ့ေပမယ့္ ေနာက္ပိုင္းမွာ ေျခစြမ္းပုံမွန္ မရွိေတာ့ဘဲ ေဝဖန္မႈေတြနဲ႔ ရင္ဆိုင္ေနခဲ့ရတဲ့ ကြင္းလယ္လူ ဝီလီယန္အေနနဲ႔ အာဆင္နယ္အသင္းကို ကူညီႏိုင္ဖို႔ ေျခစြမ္းေကာင္းကို ပိုင္ဆိုင္ထားၿပီး အဆင္သင့္ျဖစ္ေနၿပီလို႔ ကစားသမားေဟာင္း ဂီလ္ဘာတို ေဆးလ္ဗား ေထာက္ခံသြားခဲ့။

– အာဆင္နယ္အသင္းအေနနဲ႔ လာမယ့္ေႏြရာသီမွာ ျပင္သစ္ကြင္းလယ္လူ မက္တီယို ဂန္ဒူဇီကို ေရာင္းခ်ဖို႔ ျပင္ဆင္ထားၿပီး သူ႔အေနနဲ႔ အသင္းအတြက္ ေနာက္ဆုံးပြဲကို ကစားခဲ့ၿပီးၿပီလို႔ ယူဆထားသလို ဟာသာဘာလင္က ျပန္လာတာနဲ႔ အသင္းသစ္ရွာေဖြဖို႔ လုပ္ေဆာင္ရဖြယ္ရွိေန။

– ဆာလီဘာရဲ႕ အနာဂတ္ မေသခ်ာဘဲ ခ်ိမ္းဘားစ္နဲ႔ မာဗ႐ိုပါႏို႔စ္တို႔ကို ေရာင္းခ်ၿပီး ေဒးဗစ္ လူးဝစ္ဇ္ရဲ႕ ေနရာမွာ အစားဝင္မယ့္သူ ရွာေဖြေနတဲ့ အာဆင္နယ္နည္းျပ မီခယ္လ္ အာတီတာအေနနဲ႔ အသင္းရဲ႕ ေႏြရာသီအားျဖည့္မႈအျဖစ္ RB လိုက္ပ္ဇစ္ရဲ႕ ေပါင္သန္း ၃၀ ေက်ာ္တန္ ေနာက္ခံလူ အီဘရာဟီမာ ကိုနာေတကို သတ္မွတ္ထား။

– အာဆင္နယ္အသင္းရဲ႕ပစ္မွတ္တစ္ခုျဖစ္တဲ့ ဘ႐ိုက္တန္ေနာက္ခံလူ တာရစ္ခ္ လမ့္ပ္ေတကို ပရိသတ္ေတြအေနနဲ႔ ေျခစြမ္းအတြက္ သေဘာက်ေပမယ့္ ဒီအသက္အ႐ြယ္မွာပဲ ဒဏ္ရာခဏခဏရေနတဲ့ မွတ္တမ္းအတြက္ေတာ့ သေဘာမက်ဘဲ စိုးရိမ္ေနၾကေၾကာင္းသိရ။

– အာဆင္နယ္အသင္းက ဝက္စ္ဘ႐ြန္းအသင္းမွာ အငွားခ်ထားခဲ့တဲ့ ကြင္းလယ္လူ အိန္းစလီ မိတ္လန္းႏိုင္းလ္အေနနဲ႔ ေနရာစုံမွာ ကစားႏိုင္တာဟာ သူ႔ကိုယ္သူ ဒုကၡေပးသလိုျဖစ္ေနခဲ့ၿပီး အသင္းအတြက္ ျပႆနာတစ္ခုျဖစ္ေနသလို ဆမ္အလာဒိုက္စ္နဲ႔ေတာ့ အဆင္ေျပႏိုင္လိမ့္မယ္လို႔ ထင္ေၾကာင္း ေနာက္ခံလူေဟာင္း အက္ရွ္လီကိုးလ္ေျပာ။

– ၿပီးခဲ့တဲ့ ေႏြရာသီက ေခၚယူဖို႔ မေအာင္ျမင္ခဲ့တဲ့ ကြင္းလယ္လူ ဟူဆင္းမ္ ေအာဝါကို လာမယ့္ေႏြရာသီမွာ လီယြန္အသင္းကေန ေခၚယူဖို႔ အာဆင္နယ္နည္းစနစ္ဒါ႐ိုက္တာ အီဒူးအေနနဲ႔ ထပ္မံႀကိဳးစားသြားမယ္လို႔ သိရၿပီး မႏွစ္က ဆိုေဈး ယူ႐ို ၅၅ သန္းထက္ ပိုမိုနည္းပါးတဲ့ ႏႈန္းထားမွာ ရရွိႏိုင္ဖို႔ ေမွ်ာ္လင့္ေန။

– အာဆင္နယ္အသင္းအေနနဲ႔ ဘ႐ိုက္တန္ရဲ႕ လမ့္ပ္ေတကို ေခၚယူခဲ့မယ္ဆိုရင္ သူ႔ကို ေရာင္းခ်ေပးခဲ့တဲ့ ခ်ဲလ္ဆီးအသင္းကို ေငြေၾကး အင္အားျဖည့္တင္းေပးရဦးမွာျဖစ္ၿပီး ဂါနာႏြယ္ဖြား ညာေနာက္ခံလူအတြက္ မေဖာ္ျပတဲ့ ေျပာင္းေ႐ႊ႕ေၾကးခံစားခြင့္ကို စတမ္းဖို႔ဒ္ဘရစ္ခ်္ ဘက္က ထည့္သြင္းထား။

– အာဆင္နယ္နည္းစနစ္ဒါ႐ိုက္တာ အီဒူးအေနနဲ႔ လာမယ့္ရာသီမွာ အလက္ဇန္းဒါး လာကာဇက္၊ လူးကပ္စ္ ေတာ္ရဲရား၊ ရီးစ္ နယ္လ္ဆန္၊ အက္ဒီ နကီးတီးယား၊ ဟက္တာ ဘယ္လာရင္၊ မက္တီယို ဂန္ဒူဇီနဲ႔ အဲလက္စ္ ႐ူနာဆန္တို႔ကို ေရာင္းထုတ္ၿပီး ေပါင္ ၁၂၆ သန္းနဲ႔အထက္ အေျပာင္းအေ႐ႊ႕အသုံးစရိတ္ ရွာေဖြသြားမယ္လို႔ ခန႔္မွန္းေနၾက။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.