Match Report Premier League

မေဆန်မောင့်ရဲ့ ဂိုးနဲ့ အဆင့် ၄ ကို ရောက်တဲ့ ချဲလ်ဆီးနဲ့ အဆင့် ၇ ကို ဆင်းခဲ့ရတဲ့ လီဗာပူးလ်

မန်ချက်စတာစီးတီးကလွဲလို့ တခြားအသင်းတွေကြား အမှတ်ကွာဟမှု နည်းပါးချိန်မှာ နိုင်ပွဲ၊ ရှုံးပွဲတစ်ပွဲတည်းနဲ့ ဘာမဆိုဖြစ်သွားနိုင်တဲ့ ပရီးမီးယားလိဂ်မှာ လီဗာပူးလ်အသင်းအနေနဲ့ နာမည်သာရှိတော့တဲ့ အန်းဖီးလ်ခံတပ်မှာ ရှုံးပွဲဆက်ခဲ့ပြန်ပြီး ချဲလ်ဆီးတို့ကတော့ အဝေးကွင်းမှာ အဖိုးတန် သုံးမှတ်ကို ရယူနိုင်ခဲ့ပါတယ်။

ကာဘက်ခ်ကို ဖာဘင်ညိုနဲ့ တွဲပေးတဲ့ အသစ်စက်စက် ခံစစ်အတွဲကို ထုတ်သုံးခဲ့တဲ့ လီဗာပူးလ်အသင်းအနေနဲ့ ခြေစွမ်းပြနေတဲ့ ကားတစ်ဂျုံးစ်ကို ဆက်သုံးချိန်မှာ ချဲလ်ဆီးတို့ကတော့ တီမို ဗာနာကို အထောင်ထားပြီး ကွင်းလယ်အားနဲ့ ကစားဖို့ လုပ်ခဲ့ပြီး ဒါက အိမ်ရှင်တွေရဲ့ ကစားဟန်ကို ကောင်းကောင်းယှဉ်ပြိုင်နိုင်ခဲ့တာပါ။

ပွဲအစပိုင်းမှာ ရောဘတ်ဆန်နဲ့ ဗာနာတို့ တစ်ကြိမ်စီ အခွင့်အရေးတွေကို ဖြုန်းတီးခဲ့ပြီး ၁၅ မိနစ်မှာ သီယာဂို ခေါင်းတိုက်ပြီး လူပေးမှားတဲ့ ဘောလုံးကို ဗာနာ ဖြတ်ယူပြီး ကန်သွင်းဖို့ ကြိုးစားခဲ့ပေမယ့် အချိန်ကောင်းကောင်းမရတာကြောင့် ဂိုးသမား အယ်လစ်ဆန်ရဲ့ လက်ထဲကိုပဲ ရောက်သွားခဲ့ပါတယ်။

လီဗာပူးလ်နောက်တန်းရဲ့ တွေဝေမှုတွေမှာ ချဲလ်ဆီးတို့ ဂိုးဧရိယာနား မကြာခဏဆိုသလို ဘောလုံးတွေ ရနေခဲ့ပေမယ့် Final Pass တွေမှာ မသေသပ်ခဲ့လို့ အလုပ်မဖြစ်ခဲ့ဘဲ ပွဲချိန် ၂၃ မိနစ်မှာတော့ တီမို ဗာနာ ဖောက်ထွက်ပြီး သွင်းယူတဲ့ ဂိုးကို ပွဲကြိုမှာကတည်းက ရှုတ်ချနေကြတဲ့ VAR ဒိုင် တီယာနီက လက်ကျွံနေတယ်ဆိုပြီး ပြည်သူ့မေတ္တာရှာဖွေရင်း ပယ်ဖျက်ခဲ့ပါတယ်။

ပွဲချိန် ၂၇ မိနစ်မှာ ဆာဒီယို မာနေးက အပိုင်အခွင့်အရေးမှာ ဘောလုံးကို ချော်ကန်ခဲ့လို့ လီဗာပူးလ်တို့ရဲ့ ရှားရှားပါးပါး ဂိုးရနိုင်ခွင့်က လွဲချော်ခဲ့ပြီး အားကျမခံဘဲ သိပ်မကြာခင်မှာ မေဆန်မောင့်က ဂိုးဧရိယာထဲမှာ Volley ကန်ချက်ကို ပွဲကြည့်စင်ဆီ ပို့ပစ်ခဲ့ပါတယ်။

ဒါပေမယ့် ပွဲချိန် ၄၂ မိနစ်မှာတော့ ချဲလ်ဆီးတို့ အဖွင့်ဂိုးသွင်းယူနိုင်ခဲ့ပြီး တန်ပြန်တိုက်စစ်ကနေ ရသွားခဲ့တဲ့ မေဆန်မောင့်က ဘယ်တောင်ပံကနေ အတွင်းကို ဖာဘင်ညိုနဲ့ အလက်ဇန်းဒါး-အာနိုးလ်ဒ်တို့ရှေ့ကနေ ဆွဲဝင်ပြီးမှ ခံစစ်ကွက်လပ်ရှေ့ကနေ အနိမ့်ဘောကန်သွင်းခဲ့ရာမှာ ဂိုးသမား အယ်လစ်ဆန်ရဲ့ အဝေးတိုင်ခြေကို ဝင်သွားခဲ့လို့ တစ်ဂိုး-ဂိုးမရှိနဲ့ ဧည့်သည်တွေ စတင်ဦးဆောင်နိုင်ခဲ့တာပါ။

ဒီဂိုးမှာ လီဗာပူးလ်ညာခြမ်းရဲ့ အားနည်းမှုနဲ့ Defensive Midfielder တာဝန်ကို ယူထားရတဲ့ သီယာဂိုတို့ရဲ့ မပါးနပ်မှုကို တွေ့ခဲ့ရပြီး သူတို့တွေအနေနဲ့ ရာသီအစ လိဒ်စ်နဲ့ ပွဲမှာလည်း ဒီပုံစံအတိုင်း ဟာရီဆန်ရဲ့ဂိုးကို ခွင့်ပြုခဲ့ရဖူးသလို မပြင်ဆင်နိုင်သေးတဲ့ ကစားကွက်ချို့ယွင်းမှုကြောင့် ပထမပိုင်း ၄၅ မိနစ်က ချဲလ်ဆီးတို့အတွက်ပဲ ဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်းအစ ပင်နယ်တီဧရိယာထဲ ဖာမီနို ဖြတ်တင်ဖို့ ကြိုးစားရာမှာ ကွန်တေရဲ့ လက်နဲ့ ထိခဲ့ပေမယ့် ဒိုင်လူကြီးတွေ သဘောကောင်းခဲ့ပြီး ဒါကလွဲရင် ဖိကစားလာတဲ့ လီဗာပူးလ်တို့ အခွင့်အရေးတွေ ကောင်းကောင်း မဖန်တီးနိုင်ခဲ့ဘဲဖြစ်ခဲ့ပြီး ပွဲချိန် ၅၃ မိနစ်မှာ ချေးလ်ဝဲလ်ရဲ့ အနီးကပ် ကန်ချက်ကို အယ်လစ်ဆန် ကာကွယ်ခဲ့ရသလို ထွက်လာတဲ့ ဘောလုံးကို ဇီးယက်ရှ် ထပ်ပိတ်တာကိုတော့ ရောဘတ်ဆန်က ဂိုးစည်းပေါ်က ရှင်းထုတ်ခဲ့ရပြန်ပါတယ်။

ဒီနောက်ပိုင်းမှာ ဆာလားနဲ့ ဂျုံးအစား ချိမ်ဘာလိန်နဲ့ ဂျိုတာတို့ကို လဲကစားခဲ့ပေမယ့် အခွင့်အရေးဖန်တီးမှုပိုင်းက အဆင့်အတန်းတစ်ခုမှာ ရှိမနေခဲ့သလို ကန်ချက် ၇ ကြိမ်မှာ ၁ ကြိမ်သာ ဂိုးပေါက်တည့်ခဲ့ပြီး ချဲလ်ဆီးရဲ့ ကွင်းလယ်အားကလည်း လီဗာပူးလ်တို့ကို လုပ်ချင်သလိုလုပ်နိုင်ခွင့် မပေးတာကြောင့် မောင်နဲ့ ဗာနာတို့ရဲ့ ကောင်တာတွေကိုတောင် အိမ်ရှင်တို့ အသည်းအသန်ဖြစ်နေခဲ့ပါတယ်။

ဒီနေ့မှာ ပွဲထွက်ခဲ့တဲ့ ကာဘက်ခ်နဲ့ ဖာဘင်ညိုတို့အတွဲကတော့ လျင်မြန်တဲ့ ချဲလ်ဆီးတိုက်စစ်ကို မထိန်းနိုင်ခဲ့ဘဲ ဗာနာတစ်ယောက် ညာခြေနဲ့ အပိုင်ကန်ခွင့် မရချိန်မှာ ဘယ်ခြေကန်ချက်တွေက သာမန်အဆင့်သာ ရှိခဲ့လို့ သက်သာခဲ့တာဖြစ်ပြီး ပွဲပြီးခါနီးမှာ ချဲလ်ဆီးခံစစ်က ရှင်းထုတ်ရင်း ပြန်ကျခဲ့တဲ့ ပင်နယ်တီဧရိယာထဲက အခွင့်အရေးကိုလည်း ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့လို့ ဒီရလဒ်အတိုင်း ကျေနပ်ခဲ့ရတာပါ။

ဒီပွဲကို အနိုင်ရရှိခဲ့တဲ့ ချဲလ်ဆီးနဲ့ တူဟယ်လ်တို့ကတော့ အမှတ်ပေးဇယားမှာ အဆင့် ၄ ကို ဝက်စ်ဟမ်းထက် တစ်ပွဲပိုကစားပြီး သိမ်းပိုက်လိုက်သလို လီဗာပူးလ်တို့ကတော့ မြို့ခံပြိုင်ဘက် အဲဗာတန်ကိုပါ နေရာဖယ်ပေးပြီး အဆင့် ၇ ကို ရောက်ရှိသွားခဲ့ရပြီး အန်းဖီးလ် ငါးပွဲဆက်အရှုံးနဲ့အတူ နည်းပြ ယာဂန် ကလော့ပ်အတွက်ပါ ဖိအားတွေနဲ့ ရင်ဆိုင်ခဲ့ရပြီဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာစီးတီးကလြဲလို႔ တျခားအသင္းေတြၾကား အမွတ္ကြာဟမႈ နည္းပါးခ်ိန္မွာ ႏိုင္ပြဲ၊ ရႈံးပြဲတစ္ပြဲတည္းနဲ႔ ဘာမဆိုျဖစ္သြားႏိုင္တဲ့ ပရီးမီးယားလိဂ္မွာ လီဗာပူးလ္အသင္းအေနနဲ႔ နာမည္သာရွိေတာ့တဲ့ အန္းဖီးလ္ခံတပ္မွာ ရႈံးပြဲဆက္ခဲ့ျပန္ၿပီး ခ်ဲလ္ဆီးတို႔ကေတာ့ အေဝးကြင္းမွာ အဖိုးတန္ သုံးမွတ္ကို ရယူႏိုင္ခဲ့ပါတယ္။

ကာဘက္ခ္ကို ဖာဘင္ညိဳနဲ႔ တြဲေပးတဲ့ အသစ္စက္စက္ ခံစစ္အတြဲကို ထုတ္သုံးခဲ့တဲ့ လီဗာပူးလ္အသင္းအေနနဲ႔ ေျခစြမ္းျပေနတဲ့ ကားတစ္ဂ်ဳံးစ္ကို ဆက္သုံးခ်ိန္မွာ ခ်ဲလ္ဆီးတို႔ကေတာ့ တီမို ဗာနာကို အေထာင္ထားၿပီး ကြင္းလယ္အားနဲ႔ ကစားဖို႔ လုပ္ခဲ့ၿပီး ဒါက အိမ္ရွင္ေတြရဲ႕ ကစားဟန္ကို ေကာင္းေကာင္းယွဥ္ၿပိဳင္ႏိုင္ခဲ့တာပါ။

ပြဲအစပိုင္းမွာ ေရာဘတ္ဆန္နဲ႔ ဗာနာတို႔ တစ္ႀကိမ္စီ အခြင့္အေရးေတြကို ျဖဳန္းတီးခဲ့ၿပီး ၁၅ မိနစ္မွာ သီယာဂို ေခါင္းတိုက္ၿပီး လူေပးမွားတဲ့ ေဘာလုံးကို ဗာနာ ျဖတ္ယူၿပီး ကန္သြင္းဖို႔ ႀကိဳးစားခဲ့ေပမယ့္ အခ်ိန္ေကာင္းေကာင္းမရတာေၾကာင့္ ဂိုးသမား အယ္လစ္ဆန္ရဲ႕ လက္ထဲကိုပဲ ေရာက္သြားခဲ့ပါတယ္။

လီဗာပူးလ္ေနာက္တန္းရဲ႕ ေတြေဝမႈေတြမွာ ခ်ဲလ္ဆီးတို႔ ဂိုးဧရိယာနား မၾကာခဏဆိုသလို ေဘာလုံးေတြ ရေနခဲ့ေပမယ့္ Final Pass ေတြမွာ မေသသပ္ခဲ့လို႔ အလုပ္မျဖစ္ခဲ့ဘဲ ပြဲခ်ိန္ ၂၃ မိနစ္မွာေတာ့ တီမို ဗာနာ ေဖာက္ထြက္ၿပီး သြင္းယူတဲ့ ဂိုးကို ပြဲႀကိဳမွာကတည္းက ရႈတ္ခ်ေနၾကတဲ့ VAR ဒိုင္ တီယာနီက လက္ကြၽံေနတယ္ဆိုၿပီး ျပည္သူ႔ေမတၱာရွာေဖြရင္း ပယ္ဖ်က္ခဲ့ပါတယ္။

ပြဲခ်ိန္ ၂၇ မိနစ္မွာ ဆာဒီယို မာေနးက အပိုင္အခြင့္အေရးမွာ ေဘာလုံးကို ေခ်ာ္ကန္ခဲ့လို႔ လီဗာပူးလ္တို႔ရဲ႕ ရွားရွားပါးပါး ဂိုးရႏိုင္ခြင့္က လြဲေခ်ာ္ခဲ့ၿပီး အားက်မခံဘဲ သိပ္မၾကာခင္မွာ ေမဆန္ေမာင့္က ဂိုးဧရိယာထဲမွာ Volley ကန္ခ်က္ကို ပြဲၾကည့္စင္ဆီ ပို႔ပစ္ခဲ့ပါတယ္။

ဒါေပမယ့္ ပြဲခ်ိန္ ၄၂ မိနစ္မွာေတာ့ ခ်ဲလ္ဆီးတို႔ အဖြင့္ဂိုးသြင္းယူႏိုင္ခဲ့ၿပီး တန္ျပန္တိုက္စစ္ကေန ရသြားခဲ့တဲ့ ေမဆန္ေမာင့္က ဘယ္ေတာင္ပံကေန အတြင္းကို ဖာဘင္ညိဳနဲ႔ အလက္ဇန္းဒါး-အာႏိုးလ္ဒ္တို႔ေရွ႕ကေန ဆြဲဝင္ၿပီးမွ ခံစစ္ကြက္လပ္ေရွ႕ကေန အနိမ့္ေဘာကန္သြင္းခဲ့ရာမွာ ဂိုးသမား အယ္လစ္ဆန္ရဲ႕ အေဝးတိုင္ေျခကို ဝင္သြားခဲ့လို႔ တစ္ဂိုး-ဂိုးမရွိနဲ႔ ဧည့္သည္ေတြ စတင္ဦးေဆာင္ႏိုင္ခဲ့တာပါ။

ဒီဂိုးမွာ လီဗာပူးလ္ညာျခမ္းရဲ႕ အားနည္းမႈနဲ႔ Defensive Midfielder တာဝန္ကို ယူထားရတဲ့ သီယာဂိုတို႔ရဲ႕ မပါးနပ္မႈကို ေတြ႕ခဲ့ရၿပီး သူတို႔ေတြအေနနဲ႔ ရာသီအစ လိဒ္စ္နဲ႔ ပြဲမွာလည္း ဒီပုံစံအတိုင္း ဟာရီဆန္ရဲ႕ဂိုးကို ခြင့္ျပဳခဲ့ရဖူးသလို မျပင္ဆင္ႏိုင္ေသးတဲ့ ကစားကြက္ခ်ိဳ႕ယြင္းမႈေၾကာင့္ ပထမပိုင္း ၄၅ မိနစ္က ခ်ဲလ္ဆီးတို႔အတြက္ပဲ ျဖစ္ေနခဲ့ပါတယ္။

ဒုတိယပိုင္းအစ ပင္နယ္တီဧရိယာထဲ ဖာမီႏို ျဖတ္တင္ဖို႔ ႀကိဳးစားရာမွာ ကြန္ေတရဲ႕ လက္နဲ႔ ထိခဲ့ေပမယ့္ ဒိုင္လူႀကီးေတြ သေဘာေကာင္းခဲ့ၿပီး ဒါကလြဲရင္ ဖိကစားလာတဲ့ လီဗာပူးလ္တို႔ အခြင့္အေရးေတြ ေကာင္းေကာင္း မဖန္တီးႏိုင္ခဲ့ဘဲျဖစ္ခဲ့ၿပီး ပြဲခ်ိန္ ၅၃ မိနစ္မွာ ေခ်းလ္ဝဲလ္ရဲ႕ အနီးကပ္ ကန္ခ်က္ကို အယ္လစ္ဆန္ ကာကြယ္ခဲ့ရသလို ထြက္လာတဲ့ ေဘာလုံးကို ဇီးယက္ရွ္ ထပ္ပိတ္တာကိုေတာ့ ေရာဘတ္ဆန္က ဂိုးစည္းေပၚက ရွင္းထုတ္ခဲ့ရျပန္ပါတယ္။

ဒီေနာက္ပိုင္းမွာ ဆာလားနဲ႔ ဂ်ဳံးအစား ခ်ိမ္ဘာလိန္နဲ႔ ဂ်ိဳတာတို႔ကို လဲကစားခဲ့ေပမယ့္ အခြင့္အေရးဖန္တီးမႈပိုင္းက အဆင့္အတန္းတစ္ခုမွာ ရွိမေနခဲ့သလို ကန္ခ်က္ ၇ ႀကိမ္မွာ ၁ ႀကိမ္သာ ဂိုးေပါက္တည့္ခဲ့ၿပီး ခ်ဲလ္ဆီးရဲ႕ ကြင္းလယ္အားကလည္း လီဗာပူးလ္တို႔ကို လုပ္ခ်င္သလိုလုပ္ႏိုင္ခြင့္ မေပးတာေၾကာင့္ ေမာင္နဲ႔ ဗာနာတို႔ရဲ႕ ေကာင္တာေတြကိုေတာင္ အိမ္ရွင္တို႔ အသည္းအသန္ျဖစ္ေနခဲ့ပါတယ္။

ဒီေန႔မွာ ပြဲထြက္ခဲ့တဲ့ ကာဘက္ခ္နဲ႔ ဖာဘင္ညိဳတို႔အတြဲကေတာ့ လ်င္ျမန္တဲ့ ခ်ဲလ္ဆီးတိုက္စစ္ကို မထိန္းႏိုင္ခဲ့ဘဲ ဗာနာတစ္ေယာက္ ညာေျခနဲ႔ အပိုင္ကန္ခြင့္ မရခ်ိန္မွာ ဘယ္ေျခကန္ခ်က္ေတြက သာမန္အဆင့္သာ ရွိခဲ့လို႔ သက္သာခဲ့တာျဖစ္ၿပီး ပြဲၿပီးခါနီးမွာ ခ်ဲလ္ဆီးခံစစ္က ရွင္းထုတ္ရင္း ျပန္က်ခဲ့တဲ့ ပင္နယ္တီဧရိယာထဲက အခြင့္အေရးကိုလည္း ဂိုးအျဖစ္ မေျပာင္းလဲႏိုင္ခဲ့လို႔ ဒီရလဒ္အတိုင္း ေက်နပ္ခဲ့ရတာပါ။

ဒီပြဲကို အႏိုင္ရရွိခဲ့တဲ့ ခ်ဲလ္ဆီးနဲ႔ တူဟယ္လ္တို႔ကေတာ့ အမွတ္ေပးဇယားမွာ အဆင့္ ၄ ကို ဝက္စ္ဟမ္းထက္ တစ္ပြဲပိုကစားၿပီး သိမ္းပိုက္လိုက္သလို လီဗာပူးလ္တို႔ကေတာ့ ၿမိဳ႕ခံၿပိဳင္ဘက္ အဲဗာတန္ကိုပါ ေနရာဖယ္ေပးၿပီး အဆင့္ ၇ ကို ေရာက္ရွိသြားခဲ့ရၿပီး အန္းဖီးလ္ ငါးပြဲဆက္အရႈံးနဲ႔အတူ နည္းျပ ယာဂန္ ကေလာ့ပ္အတြက္ပါ ဖိအားေတြနဲ႔ ရင္ဆိုင္ခဲ့ရၿပီျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.