Premier League

လီဗာပူးလ္ရဲ႕ ခ်န္ပီယံေမွ်ာ္လင့္ခ်က္ မပ်က္ျပယ္ေသးေၾကာင္းနဲ႔ ေမးခြန္းေတြကို ေဒးလီးေမးလ္သုံးသပ္ေျဖၾကား

UNICODE: အင်္ဂလိပ်ဘောလုံးဇာတ်ခုံကို ပြည်ဖုံးကားချစေခဲ့တဲ့ ဆုံးဖြတ်ချက်ကို ပြီးခဲ့တဲ့ သောကြာနေ့ညနေက ချမှတ်ခဲ့တဲ့နောက် ပရိသတ်တွေရဲ့ သို့လောသို့လော အမေးစကားတွေက အင်တာနက်ပေါ်မှာ များပြားလာခဲ့ပြီး ဒါကို ဒေးလီးမေးလ်က သူတို့ဆီကို မေးမြန်းလာမှုတွေကို ကိုင်တွယ်ဖြေကြားပေးခဲ့ပါတယ်။

ဘာဖြစ်လို့ ဒီလိုမျိုး ပရီးမီးယားလိဂ်အနေနဲ့ ဥရောပနိုင်ငံတွေထဲမှာ နောက်အကျဆုံးအချိန်မှာမှ ရပ်နားဖို့ ဆုံးဖြတ်ချက်ချခဲ့တာလဲဆိုတဲ့ မေးခွန်းကိုတော့ ဒေးလီးမေးလ်က ဒီကိစ္စနောက်ကွယ်မှာ အစိုးရရဲ့ ပါဝင်ပတ်သက်မှုတွေ များနိုင်တယ်လို့ ဖြေကြားသွားခဲ့ပြီး နာမည်ကြီး အစီအစဉ် တင်ဆက်သူ ပီးယား မော်ဂန်ကတော့ ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်ကို သူဟာ လူ့အသက်တွေနဲ့ ကစားနေတယ်လို့ ရှုတ်ချသွားခဲ့ပါတယ်။

လီဗာပူးလ်အနေနဲ့ ပရီးမီးယားလိဂ်ကို ချန်ပီယံဆုရရှိနိုင်မှာလားဆိုတဲ့ မေးခွန်းကိုတော့ ဒေးလီးမေးလ်က ရနိုင်တယ်လို့ ဖြေခဲ့ပါတယ်။ ပရီးမီးယားလိဂ်အနေနဲ့ အခြေအနေတွေ တည်ငြိမ်သွားချိန်မှာ လက်ကျန်ပွဲစဉ်တွေကို အဖြစ်နိုင်ဆုံး မြန်မြန်ဆန်ဆန် ပြန်စဖို့ ရှိနေပြီး လိုအပ်တဲ့ ရမှတ်တွေကို ရယူနိုင်ရင် ဖြစ်နိုင်ခြေရှိတာကြောင့် လာမယ့်လထဲမှာ ဘယ်လိုအခြေအနေရှိမယ်ဆိုတာကို စောင့်ကြည့်ရမယ်လို့ ဆိုပါတယ်။

ပရီးမီးယားလိဂ်ရဲ့ ရလဒ်တွေကို ပယ်ဖျက်နိုင်ခြေရှိလားဆိုတဲ့ မေးခွန်းကိုတော့ ပယ်ဖျက်ဖို့ မရှိလောက်ဘူးလို့ ဒေးလီးမေးလ်က ဖြေခဲ့ပြီး နွေရာသီမှာ ဒီဘောလုံးရာသီကို အဆုံးသတ်နိုင်အောင် ကြိုးစားလုပ်ဆောင်နေကြကြောင်းနဲ့ လက်ရှိအနေအထားအရတော့ တချို့အသင်းအနည်းစုက ဒီဘောလုံးရာသီကို ရပ်တန့်စေချင်နေပေမယ့် အများဆန္ဒအရ ဆုံးဖြတ်ရင် ဆက်ကစားဖို့ပဲ ရှိနေနိုင်တယ်လို့လည်း ဖြေပါတယ်။

ဇွန်လကုန်မှာ စာချုပ်ကုန်ဆုံးမယ့် ကစားသမားတွေအနေနဲ့ ဘယ်လိုဖြစ်လာမလဲဆိုတဲ့ မေးခွန်းကို ဖြေကြားရမှာတော့ ဖြစ်နိုင်ခြေ သုံးခုရှိပြီး တစ်ခုက နားနေရတဲ့ ကာလကို ပြန်အစားထိုးကစားပေးရမှာ၊ တစ်ခုက ဘောလုံးပွဲတွေ မပြီးဆုံးခင် အသင်းက ထွက်ခွာခွင့်ပေးရမှာနဲ့ နောက်တစ်ခုကတော့ ပွဲတွေ ကျန်ရှိနေချိန်အထိ ကာလတိုစာချုပ်ကို ထပ်မံညှိနှိုင်းသွားတာမျိုးတွေက ကစားသမားတွေရဲ့ အသင်းအပေါ် အရေးပါမှုအရ ဖြစ်လာနိုင်တယ်လို့ ဖြေကြားသွားခဲ့ကြောင်း စုစည်းဖော်ပြလိုက်ပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYIl အဂၤလိပ္ေဘာလုံးဇာတ္ခုံကို ျပည္ဖုံးကားခ်ေစခဲ့တဲ့ ဆုံးျဖတ္ခ်က္ကို ၿပီးခဲ့တဲ့ ေသာၾကာေန႔ညေနက ခ်မွတ္ခဲ့တဲ့ေနာက္ ပရိသတ္ေတြရဲ႕ သို႔ေလာသို႔ေလာ အေမးစကားေတြက အင္တာနက္ေပၚမွာ မ်ားျပားလာခဲ့ၿပီး ဒါကို ေဒးလီးေမးလ္က သူတုိ႔ဆီကို ေမးျမန္းလာမွဳေတြကို ကိုင္တြယ္ေျဖၾကားေပးခဲ့ပါတယ္။

ဘာျဖစ္လို႔ ဒီလိုမ်ဳိး ပရီးမီးယားလိဂ္အေနနဲ႔ ဥေရာပႏုိင္ငံေတြထဲမွာ ေနာက္အက်ဆုံးအခ်ိန္မွာမွ ရပ္နားဖို႔ ဆုံးျဖတ္ခ်က္ခ်ခဲ့တာလဲဆုိတဲ့ ေမးခြန္းကိုေတာ့ ေဒးလီးေမးလ္က ဒီကိစၥေနာက္ကြယ္မွာ အစိုးရရဲ႕ ပါဝင္ပတ္သက္မွဳေတြ မ်ားႏုိင္တယ္လို႔ ေျဖၾကားသြားခဲ့ၿပီး နာမည္ႀကီး အစီအစဥ္ တင္ဆက္သူ ပီးယား ေမာ္ဂန္ကေတာ့ ဝန္ႀကီးခ်ဳပ္ ေဘာရစ္ ဂၽြန္ဆင္ကို သူဟာ လူ႕အသက္ေတြနဲ႔ ကစားေနတယ္လို႔ ရွဳတ္ခ်သြားခဲ့ပါတယ္။

လီဗာပူးလ္အေနနဲ႔ ပရီးမီးယားလိဂ္ကို ခ်န္ပီယံဆုရရွိႏုိင္မွာလားဆုိတဲ့ ေမးခြန္းကိုေတာ့ ေဒးလီးေမးလ္က ရႏုိင္တယ္လုိ႔ ေျဖခဲ့ပါတယ္။ ပရီးမီးယားလိဂ္အေနနဲ႔ အေျခအေနေတြ တည္ၿငိမ္သြားခ်ိန္မွာ လက္က်န္ပြဲစဥ္ေတြကို အျဖစ္ႏုိင္ဆုံး ျမန္ျမန္ဆန္ဆန္ ျပန္စဖုိ႔ ရွိေနၿပီး လိုအပ္တဲ့ ရမွတ္ေတြကို ရယူႏုိင္ရင္ ျဖစ္ႏုိင္ေျခရွိတာေၾကာင့္ လာမယ့္လထဲမွာ ဘယ္လိုအေျခအေနရွိမယ္ဆုိတာကို ေစာင့္ၾကည့္ရမယ္လို႔ ဆုိပါတယ္။

ပရီးမီးယားလိဂ္ရဲ႕ ရလဒ္ေတြကို ပယ္ဖ်က္ႏုိင္ေျခရွိလားဆုိတဲ့ ေမးခြန္းကိုေတာ့ ပယ္ဖ်က္ဖို႔ မရွိေလာက္ဘူးလုိ႔ ေဒးလီးေမးလ္က ေျဖခဲ့ၿပီး ေႏြရာသီမွာ ဒီေဘာလုံးရာသီကို အဆုံးသတ္ႏုိင္ေအာင္ ႀကဳိးစားလုပ္ေဆာင္ေနၾကေၾကာင္းနဲ႔ လက္ရွိအေနအထားအရေတာ့ တခ်ဳိ႕အသင္းအနည္းစုက ဒီေဘာလုံးရာသီကို ရပ္တန္႔ေစခ်င္ေနေပမယ့္ အမ်ားဆႏၵအရ ဆုံးျဖတ္ရင္ ဆက္ကစားဖို႔ပဲ ရွိေနႏုိင္တယ္လို႔လည္း ေျဖပါတယ္။

ဇြန္လကုန္မွာ စာခ်ဳပ္ကုန္ဆုံးမယ့္ ကစားသမားေတြအေနနဲ႔ ဘယ္လိုျဖစ္လာမလဲဆုိတဲ့ ေမးခြန္းကို ေျဖၾကားရမွာေတာ့ ျဖစ္ႏုိင္ေျခ သုံးခုရွိၿပီး တစ္ခုက နားေနရတဲ့ ကာလကို ျပန္အစားထိုးကစားေပးရမွာ၊ တစ္ခုက ေဘာလုံးပြဲေတြ မၿပီးဆုံးခင္ အသင္းက ထြက္ခြာခြင့္ေပးရမွာနဲ႔ ေနာက္တစ္ခုကေတာ့ ပြဲေတြ က်န္ရွိေနခ်ိန္အထိ ကာလတုိစာခ်ဳပ္ကို ထပ္မံညႇိႏွဳိင္းသြားတာမ်ဳိးေတြက ကစားသမားေတြရဲ႕ အသင္းအေပၚ အေရးပါမွဳအရ ျဖစ္လာႏုိင္တယ္လို႔ ေျဖၾကားသြားခဲ့ေၾကာင္း စုစည္းေဖာ္ျပလုိက္ပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.