Premier League Transfer News

4 Mar နေ့လယ်ခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာ အမှတ်တွေ လွတ်ကျခဲ့ပေမယ့် အသင်းရဲ့ အဝေးကွင်း ရှုံးပွဲမရှိဘဲ ၁၄ ပွဲ ဆက်တိုက်ကစားနိုင်ခဲ့တဲ့ မှတ်တမ်းကောင်းကိုတော့ ရယူနိုင်ခဲ့ပြီး နောက်ခံလူ လုခ်ရှောကတော့ သူ့ရဲ့ ဖြတ်တင်ဘောတွေကို ချီးကျူးခံခဲ့ရ။

– ဂိုးရှေ့မှာ အဆုံးသတ်ကောင်းတဲ့ တိုက်စစ်မှူးတစ်ဦး လိုအပ်နေပြီဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အတွက် သတိပေးသံအဖြစ် သူတို့ရဲ့ ပစ်မှတ်တိုက်စစ်မှူး အာလင်း ဟားလန်းအနေနဲ့ ဒေါ့မွန်ရဲ့ လာမယ့်ရာသီမှာ ချန်ပီယံလိဂ်မဝင်နိုင်ဖို့ များနေတဲ့ အခြေအနေအတွက် အသင်းသစ်ရှာဖွေနေပြီဖြစ်လို့ လက်ဦးမှု ရယူနိုင်ဖို့ လိုအပ်နေ။

– ယူနိုက်တက်ရဲ့ မှတ်တမ်းတွေထဲမှာ မလိုချင်တဲ့ မှတ်တမ်းတစ်ခုကိုလည်း တိုးမြှင့်နိုင်ခဲ့ပြီး ဒါကတော့ တခြားဘယ်အသင်းထက်မဆို ပိုများတဲ့ ဒီရာသီမှာ ဂိုးမရှိသရေပွဲ ၆ ပွဲ ရရှိခဲ့တဲ့အထိ အသင်းရဲ့ တိုက်စစ်က ဆိုးရွားခဲ့တာဖြစ်ပြီး ပဲလေ့စ်နဲ့ပွဲက ကန်ချက် ၁၁ ကြိမ်မှာ ကွင်းလယ်လူ နီမန်ဂျာ မာတစ်ချ်ရဲ့ ကန်ချက်တစ်ခုတည်းသာ ဂိုးပေါက်တည့်ခဲ့။

– အင်တာမီလန်အသင်းကို ရောင်းချလိုက်တဲ့ ရိုမီလူ လူကာကူးအတွက် ကြွေးကျန်ကို စီးရီးအေမှာ ထိပ်ဆုံးက ဦးဆောင်နေတဲ့ အသင်း ဘက်က ပေးချေဖို့ နှောင့်နှေးနေတဲ့အတွက် ယူနိုက်တက်ဘက်က ရာဇသံပေးလိုက်ပြီး ကြွေးမပေးရင် နောက်ခံလူ မီလန် ရှကရီညာနဲ့ တိုက်စစ်မှူး လော်တာရို မာတီနက်ဇ်တို့ထဲက တစ်ဦးကို ပေးအပ်ဖို့ တောင်းဆိုထား။

– ပဲလေ့စ်နဲ့ပွဲက တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်ရဲ့ အမူအရာ စိတ်ပျက်နေတဲ့ ပုံစံကို ပြသနေပြီး နည်းပြ အိုလီ ဂန်နာ ဆိုးလ်ရှားအတွက် ဖြေရှင်းရမယ့် ပြဿနာတစ်ရပ်ဖြစ်နေသလို အင်္ဂလန်သားအနေနဲ့ တောင်ပံထက် ဂိုးရှေ့မှာ မကစားရတာကို ကျေနပ်ပုံ မပေါ်ဘူးလို့ သုံးသပ်နေကြ။

– မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ အိုလီ ဂန်နာ ဆိုးလ်ရှားအနေနဲ့ ဘရူနို ဖာနန်ဒက်စ်ကို ပေါ်တူဂီလက်ရွေးစင်အသင်းနဲ့ ပူးပေါင်းခွင့်ပြုဖို့ ပြဿနာရှိပြီဖြစ်ပြီး ဗြိတိန်ရဲ့ တင်းကျပ်တဲ့ စည်းမျဉ်းတွေကို ဂွါဒီယိုလာက ဘာနာဒို ဆေးလ်ဗား၊ ကန်ဆယ်လိုတို့ရဲ့ ပြဿနာနဲ့ ယာဂန် ကလော့ပ်ကလည်း ဂျိုတာအတွက် ပြဿနာရှိနေကြောင်း ပြောကြားသွားခဲ့ကြ။

– ယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်း ဂယ်ရီ နဗီးလ်က ဆဲလ်ဟာ့စ်ပါ့ခ်မှာ သူ့ရဲ့အသင်းဟောင်းအနေနဲ့ ခရစ္စတယ်လ်ပဲလေ့စ်ကို ရင်ဆိုင်ရာမှာ အိပ်မက်ထဲ ယောင်ပြီး လမ်းလျှောက်နေတဲ့ ပုံစံနဲ့ ကစားနေကြပြီး ဒီပုံစံမျိုးက ဖာဂူဆန် မပြောနဲ့ ဗန်ဟားလ်နဲ့ မော်ရင်ညိုတို့နဲ့ ဆိုရင်တောင် အဆဲခံရမယ့်ပုံစံလို့ ဝေဖန်သွားခဲ့။

– အက်စတန်ဗီလာအသင်းခေါင်းဆောင် ဂျက်ခ် ဂရီးလစ်ရှ်အနေနဲ့ အသင်းမှာ တစ်နေ့ရွှေ တစ်နေ့ငွေဖြစ်နေတာကို ကျေနပ်မနေဘဲ ထိပ်တန်းအသင်းကြီးတွေဆီကို ပြောင်းရွှေ့ဖို့ မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူဟောင်း ပေါလ် စခိုးလ်က ပြောလိုက်ပြီး သူ့ရဲ့ အသင်းဟောင်းအတွက် မဲဆွယ်ခဲ့။

– ပဲလေ့စ်နဲ့ပွဲကို လွဲချော်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး အန်တိုနီ မာစီယယ်လ်အနေနဲ့ မန်ချက်စတာဒါဘီကိုလည်း ပါဝင်နိုင်ဖို့ ကြိုးစားရဦးမှာဖြစ်ပြီး ဒူးဒဏ်ရာရဲ့ ကြံ့ခိုင်မှုအခြေအနေအရ အစ်တီဟတ်ကွင်းကို ခရီးနှင်နိုင်ဖို့ စနေနေ့အထိ စောင့်ကြည့်ရဖွယ်ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:



– ယူနိုက်တက်ရဲ့ မှတ်တမ်းတွေထဲမှာ မလိုချင်တဲ့ မှတ်တမ်းတစ်ခုကိုလည်း တိုးမြှင့်နိုင်ခဲ့ပြီး ဒါကတော့ တခြားဘယ်အသင်းထက်မဆို ပိုများတဲ့ ဒီရာသီမှာ ဂိုးမရှိသရေပွဲ ၆ ပွဲ ရရှိခဲ့တဲ့အထိ အသင်းရဲ့ တိုက်စစ်က ဆိုးရွားခဲ့တာဖြစ်ပြီး ပဲလေ့စ်နဲ့ပွဲက ကန်ချက် ၁၁ ကြိမ်မှာ ကွင်းလယ်လူ နီမန်ဂျာ မာတစ်ခ်ျရဲ့ ကန်ချက်တစ်ခုတည်းသာ ဂိုးပေါက်တည့်ခဲ့။







REF: INTERNET SOURCES
SPORTS A2Z.