Premier League Transfer News

4 Mar နေ့လယ်ခင်း နောက်ဆုံးရ မန်ချက်စတာစီးတီးသတင်းများ စုစည်းမှု

– မန်ချက်စတာစီးတီးအသင်းရဲ့ အနာဂတ်အစီအစဉ်တွေမှာ တိုက်စစ်မှူး အာလင်း ဟားလန်းက အဓိကကျနေပြီး နွေရာသီမှာ ငွေသုံးဖွယ်ရှိနေတဲ့ အစ်တီဟတ်သားတွေအနေနဲ့ လာမယ့်ရာသီကို ချန်ပီယံလိဂ်ကစားခွင့် မသေချာတဲ့ ဒေါ့မွန်ဆီက ယူရိုသန်း ၁၂၀ အထိ ပေးချေ ခေါ်ယူသွားဖို့ အသင့်ရှိနေ။

– ပီအက်စ်ဂျီအသင်းအနေနဲ့ မန်ချက်စတာစီးတီးအသင်းမှာ ဦးစားပေး မဟုတ်တော့ဘဲ ဇင်ချန်ကိုနဲ့ ကန်ဆယ်လိုတို့ရဲ့နောက်ကို ရောက်နေတဲ့ ပြင်သစ်နောက်ခံလူ ဘင်ဂျမင် မန်ဒီကို နွေရာသီမှာ ခေါ်ယူသွားနိုင်ဖို့ စောင့်ကြည့်နေပြီး ၂၆ နှစ်သားကို ဝယ်ယူစဉ်က ပြောင်းရွှေ့ကြေး ပေါင်သန်း ၅၀ ရဲ့ ထက်ဝက်နှုန်းထားနဲ့ ရောင်းချသွားဖွယ်ရှိနေ။

– မြို့ခံပြိုင်ဘက် မန်ချက်စတာယူနိုက်တက်ရဲ့ သရေပွဲကြောင့် လက်ရှိမှာ ၁၄ မှတ် ဖြတ်နိုင်ခဲ့တဲ့ မန်ချက်စတာစီးတီးတို့ရဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် အောင်ပွဲခံနိုင်ခွင့်က တစ်ပွဲပိုပြီး နီးစပ်လာခဲ့ပြီး ဒီကွာခြားချက်ကို ဆက်လက်ထိန်းသိမ်းနိုင်ရင် ပွဲစဉ် ၃၄ အပြီးမှာ ဆုဖလားကို သိမ်းပိုက်နိုင်ဖို့ ရှိလာ။

– ပြိုင်ပွဲစုံ ၂၁ ပွဲအထိ နိုင်ပွဲဆက်နေခဲ့တဲ့ မန်ချက်စတာစီးတီးအသင်းအနေနဲ့ လာမယ့်မန်ချက်စတာဒါဘီကို အိမ်ကွင်းမှာ အောင်ပွဲခံနိုင်ခဲ့ရင် ရီးရဲလ်မက်ဒရစ်ရဲ့ စံချိန်ကို လိုက်မီနိုင်မှာဖြစ်ပြီး စိန့်နဲ့ပွဲကို အနိုင်ရရင်တော့ ဘိုင်ယန်မြူးနစ်ရဲ့ စံချိန်ကို လိုက်မီနိုင်မှာဖြစ်သလို ဂွါဒီယိုလာရဲ့ စံပြသူရဲကောင်းတစ်ဦးဖြစ်တဲ့ ဂျိုဟန် ခရိုက်ဖ်ရဲ့ အိုင်းယက်စ်နဲ့ ကိုင်တွယ်မှု ၂၆ ပွဲစံချိန်ကိုတော့ လိုက်မီမလား စောင့်ကြည့်ရဖွယ်ရှိနေ။

– ဘာစီလိုနာအသင်းရဲ့ ဥက္ကဌရွေးကောက်ပွဲမှာ ရာထူးကို တစ်ကျော့ပြန်ရယူဖို့ ရေပန်းစားနေခဲ့တဲ့ ဂျိုအန် လာပေါ်တာက သူ့အနေနဲ့ အသင်းဥက္ကဌဖြစ်လာရင် လီယွန်နယ် မက်ဆီကို ဆက်လက်ထိန်းသိမ်းပြီး သူ့ရဲ့ သူငယ်ချင်း ဆာဂျီယို အဂွေရိုကိုပါ မန်စီးတီးကနေ ခေါ်ယူပေးသွားမယ်လို့ ကတိပေး။

– မန်ချက်စတာစီးတီးအသင်းအနေနဲ့ တော့တင်ဟမ်ဟော့စပါးစ်အသင်းရဲ့ တိုက်စစ်မှူး ဟာရီကိန်းကို မခေါ်ယူသင့်ဘူးလို့ ဂါဘရီယယ်လ် အဘွန်လဟော်က ဆိုလိုက်ပြီး အင်္ဂလန်ကပ္ပတိန်ရဲ့ ဘောလုံးကို အခွင့်အရေးရတာနဲ့ ကြုံသလို ကန်သွင်းတတ်တဲ့ ပုံစံဟာ ဂွါဒီယိုလာရဲ့ ကစားဟန်နဲ့ မကိုက်ညီကြောင်း Talk Sport က တစ်ဆင့် သုံးသပ်။

– ကွင်းလယ်လူ အစ်လ်ကေ ဂွန်ဒိုးဝမ်က တူရကီက ဆွေမျိုးတွေကို လွမ်းနေပြီဖြစ်ပြီး ကိုဗစ်ပြန့်ပွားမှုကြောင့် လေကြောင်းလိုင်းတွေ ပိတ်ပင်ခံထားရချိန်မှာ မတွေ့ရတာ တော်တော်ကြာနေပြီဖြစ်သလို မိသားစုဝင်တွေကို တန်ဖိုးထားတတ်တဲ့ သူ့အနေနဲ့ ဒါဟာ ခက်ခဲတဲ့ အခြေအနေတစ်ခုလို့ ဝန်ခံသွား။

– ဝုလ်ဗ်စ်နဲ့ပွဲမှာ အနိုင်ဂိုးနှစ်ဂိုးကို သွင်းယူပေးခဲ့တဲ့ မန်ချက်စတာစီးတီးတိုက်စစ်မှူး ဂါဘရီယယ်လ် ဂျေဆူးစ်ရဲ့ အသင်းကို အကျိုးပြုမှုကို နည်းပြ ဂွါဒီယိုလာက ချီးကျူးလိုက်ပြီး ဘရာဇီးလ်သားအနေနဲ့ မှတ်တမ်းတွေမှာ ချို့ယွင်းကောင်း ချို့ယွင်းနိုင်ပေမယ့် တစ်ဖက်အသင်းကို ဖိအားပေးပြီး စိုးမိုးနိုင်တဲ့ သူ့ရဲ့ ကစားပုံက အဖိုးတန်ကြောင်း ရှင်းလင်းသွား။

– လာမယ့် တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်ကစားရမယ့် မန်ချက်စတာဒါဘီဟာ အသင်းပရိသတ်တွေအတွက် ဘယ်လိုအဓိပ္ပါယ်ဆောင်တယ် ဆိုတာကို မိမိတို့အနေနဲ့ ကောင်းကောင်းသိထားပြီး နိုင်ပွဲရရှိဖို့ ကြိုးစားသွားမှာဖြစ်တယ်လို့ အယ်လ်ဂျီးရီးယားတောင်ပံကစားသမား ရီယက် မာရက်ဇ်က ပြောကြားသွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– မန္ခ်က္စတာစီးတီးအသင္းရဲ႕ အနာဂတ္အစီအစဥ္ေတြမွာ တိုက္စစ္မႉး အာလင္း ဟားလန္းက အဓိကက်ေနၿပီး ေႏြရာသီမွာ ေငြသုံးဖြယ္ရွိေနတဲ့ အစ္တီဟတ္သားေတြအေနနဲ႔ လာမယ့္ရာသီကို ခ်န္ပီယံလိဂ္ကစားခြင့္ မေသခ်ာတဲ့ ေဒါ့မြန္ဆီက ယူ႐ိုသန္း ၁၂၀ အထိ ေပးေခ် ေခၚယူသြားဖို႔ အသင့္ရွိေန။

– ပီအက္စ္ဂ်ီအသင္းအေနနဲ႔ မန္ခ်က္စတာစီးတီးအသင္းမွာ ဦးစားေပး မဟုတ္ေတာ့ဘဲ ဇင္ခ်န္ကိုနဲ႔ ကန္ဆယ္လိုတို႔ရဲ႕ေနာက္ကို ေရာက္ေနတဲ့ ျပင္သစ္ေနာက္ခံလူ ဘင္ဂ်မင္ မန္ဒီကို ေႏြရာသီမွာ ေခၚယူသြားႏိုင္ဖို႔ ေစာင့္ၾကည့္ေနၿပီး ၂၆ ႏွစ္သားကို ဝယ္ယူစဥ္က ေျပာင္းေ႐ႊ႕ေၾကး ေပါင္သန္း ၅၀ ရဲ႕ ထက္ဝက္ႏႈန္းထားနဲ႔ ေရာင္းခ်သြားဖြယ္ရွိေန။

– ၿမိဳ႕ခံၿပိဳင္ဘက္ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ သေရပြဲေၾကာင့္ လက္ရွိမွာ ၁၄ မွတ္ ျဖတ္ႏိုင္ခဲ့တဲ့ မန္ခ်က္စတာစီးတီးတို႔ရဲ႕ ပရီးမီးယားလိဂ္ ခ်န္ပီယံဆုအတြက္ ေအာင္ပြဲခံႏိုင္ခြင့္က တစ္ပြဲပိုၿပီး နီးစပ္လာခဲ့ၿပီး ဒီကြာျခားခ်က္ကို ဆက္လက္ထိန္းသိမ္းႏိုင္ရင္ ပြဲစဥ္ ၃၄ အၿပီးမွာ ဆုဖလားကို သိမ္းပိုက္ႏိုင္ဖို႔ ရွိလာ။

– ၿပိဳင္ပြဲစုံ ၂၁ ပြဲအထိ ႏိုင္ပြဲဆက္ေနခဲ့တဲ့ မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ လာမယ့္မန္ခ်က္စတာဒါဘီကို အိမ္ကြင္းမွာ ေအာင္ပြဲခံႏိုင္ခဲ့ရင္ ရီးရဲလ္မက္ဒရစ္ရဲ႕ စံခ်ိန္ကို လိုက္မီႏိုင္မွာျဖစ္ၿပီး စိန႔္နဲ႔ပြဲကို အႏိုင္ရရင္ေတာ့ ဘိုင္ယန္ျမဴးနစ္ရဲ႕ စံခ်ိန္ကို လိုက္မီႏိုင္မွာျဖစ္သလို ဂြါဒီယိုလာရဲ႕ စံျပသူရဲေကာင္းတစ္ဦးျဖစ္တဲ့ ဂ်ိဳဟန္ ခ႐ိုက္ဖ္ရဲ႕ အိုင္းယက္စ္နဲ႔ ကိုင္တြယ္မႈ ၂၆ ပြဲစံခ်ိန္ကိုေတာ့ လိုက္မီမလား ေစာင့္ၾကည့္ရဖြယ္ရွိေန။

– ဘာစီလိုနာအသင္းရဲ႕ ဥကၠဌေ႐ြးေကာက္ပြဲမွာ ရာထူးကို တစ္ေက်ာ့ျပန္ရယူဖို႔ ေရပန္းစားေနခဲ့တဲ့ ဂ်ိဳအန္ လာေပၚတာက သူ႔အေနနဲ႔ အသင္းဥကၠဌျဖစ္လာရင္ လီယြန္နယ္ မက္ဆီကို ဆက္လက္ထိန္းသိမ္းၿပီး သူ႔ရဲ႕ သူငယ္ခ်င္း ဆာဂ်ီယို အေဂြ႐ိုကိုပါ မန္စီးတီးကေန ေခၚယူေပးသြားမယ္လို႔ ကတိေပး။

– မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းရဲ႕ တိုက္စစ္မႉး ဟာရီကိန္းကို မေခၚယူသင့္ဘူးလို႔ ဂါဘရီယယ္လ္ အဘြန္လေဟာ္က ဆိုလိုက္ၿပီး အဂၤလန္ကပၸတိန္ရဲ႕ ေဘာလုံးကို အခြင့္အေရးရတာနဲ႔ ႀကဳံသလို ကန္သြင္းတတ္တဲ့ ပုံစံဟာ ဂြါဒီယိုလာရဲ႕ ကစားဟန္နဲ႔ မကိုက္ညီေၾကာင္း Talk Sport က တစ္ဆင့္ သုံးသပ္။

– ကြင္းလယ္လူ အစ္လ္ေက ဂြန္ဒိုးဝမ္က တူရကီက ေဆြမ်ိဳးေတြကို လြမ္းေနၿပီျဖစ္ၿပီး ကိုဗစ္ျပန႔္ပြားမႈေၾကာင့္ ေလေၾကာင္းလိုင္းေတြ ပိတ္ပင္ခံထားရခ်ိန္မွာ မေတြ႕ရတာ ေတာ္ေတာ္ၾကာေနၿပီျဖစ္သလို မိသားစုဝင္ေတြကို တန္ဖိုးထားတတ္တဲ့ သူ႔အေနနဲ႔ ဒါဟာ ခက္ခဲတဲ့ အေျခအေနတစ္ခုလို႔ ဝန္ခံသြား။

– ဝုလ္ဗ္စ္နဲ႔ပြဲမွာ အႏိုင္ဂိုးႏွစ္ဂိုးကို သြင္းယူေပးခဲ့တဲ့ မန္ခ်က္စတာစီးတီးတိုက္စစ္မႉး ဂါဘရီယယ္လ္ ေဂ်ဆူးစ္ရဲ႕ အသင္းကို အက်ိဳးျပဳမႈကို နည္းျပ ဂြါဒီယိုလာက ခ်ီးက်ဴးလိုက္ၿပီး ဘရာဇီးလ္သားအေနနဲ႔ မွတ္တမ္းေတြမွာ ခ်ိဳ႕ယြင္းေကာင္း ခ်ိဳ႕ယြင္းႏိုင္ေပမယ့္ တစ္ဖက္အသင္းကို ဖိအားေပးၿပီး စိုးမိုးႏိုင္တဲ့ သူ႔ရဲ႕ ကစားပုံက အဖိုးတန္ေၾကာင္း ရွင္းလင္းသြား။

– လာမယ့္ တနဂၤေႏြေန႔မွာ ယွဥ္ၿပိဳင္ကစားရမယ့္ မန္ခ်က္စတာဒါဘီဟာ အသင္းပရိသတ္ေတြအတြက္ ဘယ္လိုအဓိပၸါယ္ေဆာင္တယ္ ဆိုတာကို မိမိတို႔အေနနဲ႔ ေကာင္းေကာင္းသိထားၿပီး ႏိုင္ပြဲရရွိဖို႔ ႀကိဳးစားသြားမွာျဖစ္တယ္လို႔ အယ္လ္ဂ်ီးရီးယားေတာင္ပံကစားသမား ရီယက္ မာရက္ဇ္က ေျပာၾကားသြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.