Premier League Transfer News

4 Mar နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းအနေနဲ့ နွေရာသီမှာ နံပါတ် ၉ အထောင်တိုက်စစ်မှူးတစ်ဦးကို ခေါ်ယူသွားမှာဖြစ်ပြီး ဖရန့်ဖတ်မှာ ခြေစွမ်းပြနေတဲ့ ပေါ်တူဂီတိုက်စစ်မှူး အန်ဒရီ ဆေးလ်ဗားဟာ သူတို့ရဲ့ နံပါတ်တစ် ပစ်မှတ်ဖြစ်နေသလို ဆဲလ်တစ်ရဲ့ အော့ဒ်ဆွန်း အေဒူယာကိုလည်း စောင့်ကြည့်နေချိန်မှာ အလက်ဇန်းဒါး လာကာဇက်ရဲ့ အနာဂတ်ကတော့ မသေချာကြောင်းသိရ။

– စတုဂတ်အသင်းမှာ အငှားနဲ့ သွားရောက်ကစားပြီး ခြေစွမ်းပြနေခဲ့တဲ့ နောက်ခံလူ ဒီနို့စ် မာဗရိုပါနို့စ်ဟာ ဒေးဗစ် လူးဝစ်ဇ်ကို အစားထိုးဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပရိသတ်တွေက သုံးသပ်ခဲ့ကြပြီး အာဆင်နယ်အသင်းမှာ လက်ရှိကစားနေတဲ့ ရော့ဘ် ဟိုးလ်ဒင်းထက်လည်း ပိုကောင်းတယ်လို့ ဆိုနေကြ။

– နွေရာသီမှာ စာချုပ်ကုန်ဆုံးမယ့် လူငယ်တိုက်စစ်မှူး ဖိုလာရင် ဘာလိုဂွန်အတွက် စီးရီးအေ၊ ဘွန်ဒက်စ်လီဂါတို့က အသင်းတွေနဲ့ ကောလဟာလတွေ ထွက်ပေါ်နေပေမယ့် နည်းပြ မီခယ်လ် အာတီတာကတော့ သူနဲ့ စကားပြောတိုင်းမှာ ကျောနံပါတ် ၃၈ ပိုင်ရှင်ဆီက စာချုပ်သစ်အတွက် အပြုသဘောဆောင်တဲ့ စကားတွေပဲ ကြားရတယ်လို့ ထုတ်ဖော်သွား။

– အာဆင်နယ်အသင်းအနေနဲ့ နွေရာသီမှာ ချဲလ်ဆီးအသင်းက ရောင်းချမယ့် တမ်မီ အေဘရာဟမ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ အသံတွေ ထွက်လာခဲ့ပြီး နည်းစနစ်ဒါရိုက်တာ အီဒူး ဂက်စ်ပါအနေနဲ့ အင်္ဂလန်တိုက်စစ်မှူးကို သဘောကျနေပြီး ဒေးဗစ် လူးဝစ်ဇ်နဲ့ ဝီလီယန်တို့နောက် လိုက်လာမလား စောင့်ကြည့်ရဖွယ်ရှိနေ။

– အာဆင်နယ်အသင်းကို အငှားနဲ့ လာရောက်ကစားပြီး တစ်လအတွင်းမှာ အချိန်တိုတိုနဲ့ အထိုင်ကျလာခဲ့တဲ့ ကွင်းလယ်လူ မာတင် အော်ဒီဂွါဒ်အနေနဲ့ မြောက်လန်ဒန်မှာ ကစားရတာကို သဘောကျနေပြီး သူ့ရဲ့ အနာဂတ်ကို ရှင်းရှင်းလင်းလင်း သိရပြီး နည်းပြ ဇီနီဒန်း ဇီဒန်းနဲ့ တစ်ဦးချင်း စကားပြောသွားမယ်လို့ သိရ။

– ဥရောပရဲ့ အခွင့်အရေးတွေ ဖန်တီးနိုင်သူစာရင်းမှာ ထိပ်ဆုံးနားက ရှိနေတဲ့ အေစီမီလန်ကွင်းလယ်လူ ဟာကန် ချယ်လ်ဟာနိုးလူးကို ခေါ်ယူဖို့ အာဆင်နယ်အသင်းအနေနဲ့ စိတ်ဝင်စားနေပြီး နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရရှိနိုင်မယ့် တူရကီလက်ရွေးစင်အတွက် မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ပြိုင်ဆိုင်သွားဖွယ်ရှိနေ။

– မြောက်လန်ဒန်ဒါဘီကို ယူရိုပါလိဂ် ၃၂ သင်းအဆင့် အဝေးကွင်းမှာ သွားကစားပြီးမှ ပြန်ကစားရမယ့် အာဆင်နယ်အသင်းအတွက် စပါးစ် အသင်းရဲ့ အိမ်ကွင်း ပြောင်းလဲကစားရမှုက ဦးစားပေးအဆင့်သတ်မှတ်ချက်အရ ခါးသီးတဲ့ ပြိုင်ဘက်အပေါ် ဂုဏ်ယူနိုင်ခဲ့ပေမယ့် ဒါဘီပွဲမတိုင်ခင် ပွဲပန်းမယ့် ကိစ္စအတွက်တော့ နစ်နာခဲ့ရ။

– အာဆင်နယ်အသင်းရဲ့ Invincible ကွင်းလယ်လူဟောင်းကြီး ရေးပါလာက သူ့အနေနဲ့ နောက်ခံလူ ကီရန် တီယာနီရဲ့ ပွဲတိုင်းနိုင်ချင်တဲ့ တိုက်ပွဲစိတ်ဓာတ်ကို သဘောကျမိပြီး အနာဂတ်မှာ အသင်းခေါင်းဆောင်နေရာကို ပေးအပ်သင့်တဲ့သူလို့ Talk Sport မှာ ပြောကြားသွား။

– အာဆင်နယ်အသင်းက အလိုရှိနေခဲ့ပြီး ပြီးခဲ့တဲ့ နွေရာသီက ပေါင်သန်း ၄၀ လို့ဆိုခဲ့တဲ့ တိုက်စစ်မှူး အော့ဒ်ဆွန်း အေဒူယာအတွက် စကော့တလန်ကလပ် ဆဲလ်တစ်အသင်းက ပေါင် ၂၁.၆ သန်း(ယူရို ၂၅ သန်း)လို့ ဈေးနှုန်းလျှော့ချ သတ်မှတ်သွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းအေနနဲ႔ ေႏြရာသီမွာ နံပါတ္ ၉ အေထာင္တိုက္စစ္မႉးတစ္ဦးကို ေခၚယူသြားမွာျဖစ္ၿပီး ဖရန႔္ဖတ္မွာ ေျခစြမ္းျပေနတဲ့ ေပၚတူဂီတိုက္စစ္မႉး အန္ဒရီ ေဆးလ္ဗားဟာ သူတို႔ရဲ႕ နံပါတ္တစ္ ပစ္မွတ္ျဖစ္ေနသလို ဆဲလ္တစ္ရဲ႕ ေအာ့ဒ္ဆြန္း ေအဒူယာကိုလည္း ေစာင့္ၾကည့္ေနခ်ိန္မွာ အလက္ဇန္းဒါး လာကာဇက္ရဲ႕ အနာဂတ္ကေတာ့ မေသခ်ာေၾကာင္းသိရ။

– စတုဂတ္အသင္းမွာ အငွားနဲ႔ သြားေရာက္ကစားၿပီး ေျခစြမ္းျပေနခဲ့တဲ့ ေနာက္ခံလူ ဒီႏို႔စ္ မာဗ႐ိုပါႏို႔စ္ဟာ ေဒးဗစ္ လူးဝစ္ဇ္ကို အစားထိုးဖို႔ အဆင္သင့္ျဖစ္ေနၿပီလို႔ ပရိသတ္ေတြက သုံးသပ္ခဲ့ၾကၿပီး အာဆင္နယ္အသင္းမွာ လက္ရွိကစားေနတဲ့ ေရာ့ဘ္ ဟိုးလ္ဒင္းထက္လည္း ပိုေကာင္းတယ္လို႔ ဆိုေနၾက။

– ေႏြရာသီမွာ စာခ်ဳပ္ကုန္ဆုံးမယ့္ လူငယ္တိုက္စစ္မႉး ဖိုလာရင္ ဘာလိုဂြန္အတြက္ စီးရီးေအ၊ ဘြန္ဒက္စ္လီဂါတို႔က အသင္းေတြနဲ႔ ေကာလဟာလေတြ ထြက္ေပၚေနေပမယ့္ နည္းျပ မီခယ္လ္ အာတီတာကေတာ့ သူနဲ႔ စကားေျပာတိုင္းမွာ ေက်ာနံပါတ္ ၃၈ ပိုင္ရွင္ဆီက စာခ်ဳပ္သစ္အတြက္ အျပဳသေဘာေဆာင္တဲ့ စကားေတြပဲ ၾကားရတယ္လို႔ ထုတ္ေဖာ္သြား။

– အာဆင္နယ္အသင္းအေနနဲ႔ ေႏြရာသီမွာ ခ်ဲလ္ဆီးအသင္းက ေရာင္းခ်မယ့္ တမ္မီ ေအဘရာဟမ္ကို ေခၚယူဖို႔ စိတ္ဝင္စားေနတယ္လို႔ အသံေတြ ထြက္လာခဲ့ၿပီး နည္းစနစ္ဒါ႐ိုက္တာ အီဒူး ဂက္စ္ပါအေနနဲ႔ အဂၤလန္တိုက္စစ္မႉးကို သေဘာက်ေနၿပီး ေဒးဗစ္ လူးဝစ္ဇ္နဲ႔ ဝီလီယန္တို႔ေနာက္ လိုက္လာမလား ေစာင့္ၾကည့္ရဖြယ္ရွိေန။

– အာဆင္နယ္အသင္းကို အငွားနဲ႔ လာေရာက္ကစားၿပီး တစ္လအတြင္းမွာ အခ်ိန္တိုတိုနဲ႔ အထိုင္က်လာခဲ့တဲ့ ကြင္းလယ္လူ မာတင္ ေအာ္ဒီဂြါဒ္အေနနဲ႔ ေျမာက္လန္ဒန္မွာ ကစားရတာကို သေဘာက်ေနၿပီး သူ႔ရဲ႕ အနာဂတ္ကို ရွင္းရွင္းလင္းလင္း သိရၿပီး နည္းျပ ဇီနီဒန္း ဇီဒန္းနဲ႔ တစ္ဦးခ်င္း စကားေျပာသြားမယ္လို႔ သိရ။

– ဥေရာပရဲ႕ အခြင့္အေရးေတြ ဖန္တီးႏိုင္သူစာရင္းမွာ ထိပ္ဆုံးနားက ရွိေနတဲ့ ေအစီမီလန္ကြင္းလယ္လူ ဟာကန္ ခ်ယ္လ္ဟာႏိုးလူးကို ေခၚယူဖို႔ အာဆင္နယ္အသင္းအေနနဲ႔ စိတ္ဝင္စားေနၿပီး ေႏြရာသီမွာ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ရရွိႏိုင္မယ့္ တူရကီလက္ေ႐ြးစင္အတြက္ မန္ခ်က္စတာယူႏိုက္တက္အသင္းနဲ႔ ၿပိဳင္ဆိုင္သြားဖြယ္ရွိေန။

– ေျမာက္လန္ဒန္ဒါဘီကို ယူ႐ိုပါလိဂ္ ၃၂ သင္းအဆင့္ အေဝးကြင္းမွာ သြားကစားၿပီးမွ ျပန္ကစားရမယ့္ အာဆင္နယ္အသင္းအတြက္ စပါးစ္ အသင္းရဲ႕ အိမ္ကြင္း ေျပာင္းလဲကစားရမႈက ဦးစားေပးအဆင့္သတ္မွတ္ခ်က္အရ ခါးသီးတဲ့ ၿပိဳင္ဘက္အေပၚ ဂုဏ္ယူႏိုင္ခဲ့ေပမယ့္ ဒါဘီပြဲမတိုင္ခင္ ပြဲပန္းမယ့္ ကိစၥအတြက္ေတာ့ နစ္နာခဲ့ရ။

– အာဆင္နယ္အသင္းရဲ႕ Invincible ကြင္းလယ္လူေဟာင္းႀကီး ေရးပါလာက သူ႔အေနနဲ႔ ေနာက္ခံလူ ကီရန္ တီယာနီရဲ႕ ပြဲတိုင္းႏိုင္ခ်င္တဲ့ တိုက္ပြဲစိတ္ဓာတ္ကို သေဘာက်မိၿပီး အနာဂတ္မွာ အသင္းေခါင္းေဆာင္ေနရာကို ေပးအပ္သင့္တဲ့သူလို႔ Talk Sport မွာ ေျပာၾကားသြား။

– အာဆင္နယ္အသင္းက အလိုရွိေနခဲ့ၿပီး ၿပီးခဲ့တဲ့ ေႏြရာသီက ေပါင္သန္း ၄၀ လို႔ဆိုခဲ့တဲ့ တိုက္စစ္မႉး ေအာ့ဒ္ဆြန္း ေအဒူယာအတြက္ စေကာ့တလန္ကလပ္ ဆဲလ္တစ္အသင္းက ေပါင္ ၂၁.၆ သန္း(ယူ႐ို ၂၅ သန္း)လို႔ ေဈးႏႈန္းေလွ်ာ့ခ် သတ္မွတ္သြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.