Bundesliga La Liga Ligue1 Premier League Serie A UCL&UEL

ပရီးမီးယားလိဂ္နဲ႔ ဥေရာပလိဂ္ေတြရဲ႕ ကို႐ိုနာဗုိင္းရပ္စ္အတြက္ ေဆာင္ရြက္ေရႊ႕ဆုိင္းမွဳအေျခအေနမ်ား

– ပရီးမီးယားလိ္ဂ္ကေတာ့ သူတုိ႔ရဲ႕ ပြဲစဥ္ေတြနဲ႔ အဂၤလန္ႏုိင္ငံအတြင္း က်င္းပေနသမွ် အမွတ္ေပးၿပဳိင္ပြဲျဖစ္တဲ့ EFL(English Football League)အားလုံးကို လာမယ့္ ဧၿပီလ ၃ ရက္ေန႔အထိ ေရႊ႕ဆုိင္းလုိက္ၿပီး ျပန္လည္ကစားဖို႔အတြက္ေတာ့ ဒီေနာက္ပုိင္းမွာမွ စီစဥ္ေဆာင္ရြက္သြားဖို႔ ရွိေနပါတယ္။

– UEFA ကေတာ့ ခ်န္ပီယံလိဂ္နဲ႔ ယူ႐ိုပါလိဂ္ပြဲစဥ္ေတြကို လာမယ့္အပတ္ထဲမွာ ထပ္မံကစားရမယ့္ အသင္းေတြကို ေရႊ႕ဆုိင္းထားၿပီး ဒီမတုိင္ခင္ကလည္း ကြင္းပိတ္ၿပီး ကစားခဲ့ရေသးရာမွာ လက္ရွိအခ်ိန္မွာေတာ့ ဥေရာပ ေဘာလုံးအဖြဲ႕ခ်ဳပ္ေတြနဲ႔အတူ ညႇိႏွဳိင္းေဆာင္ရြက္သြားဖို႔ ရွိေနပါတယ္။

– ျပင္သစ္ လီဂူးဝမ္းနဲ႔ လီဂူးတူးပြဲစဥ္ေတြကိုေတာ့ ရက္အကန္႔အသတ္မရွိ ေရႊ႕ဆုိင္းလုိက္ၿပီး ဗိုင္းရပ္စ္ကူးစက္မွဳအေျခအေနေတြကို ထိန္းခ်ဳပ္ႏုိင္ၿပီလို႔ တစ္ႏုိင္ငံလုံးအတုိင္းအတာနဲ႔ မေၾကျငာႏုိင္မခ်င္း ေဘာလုံးပြဲေတြကို ထပ္မံကစားဦးမွာ မဟုတ္ဘူးလို႔ ဆုိပါတယ္။

– ဘြန္ဒက္စ္လီဂါကေတာ့ ဒီတစ္ပတ္ကစားမယ့္ ပြဲေတြၿပီးရင္ လက္က်န္ပြဲစဥ္ေတြကို ဧၿပီလ ၂ ရက္ေန႔အထိ ေရႊ႕ဆုိင္းသြားဖို႔ ရွိေနပါတယ္။ ဒီတစ္ပတ္မွာ ကစားမယ့္ ပြဲစဥ္ေတြကိုလည္း ပရိသတ္မပါဘဲ ကြင္းပိတ္ကစားသြားမွာျဖစ္ေၾကာင္း သိရပါတယ္။

– အီတလီနဲ႔ ေပၚတူဂီႏုိင္ငံအတြင္းက အမွတ္ေပးၿပဳိင္ပြဲေတြကိုလည္း ရပ္ဆုိင္းခဲ့ၿပီျဖစ္သလို စပိန္လာလီဂါကေတာ့ လာမယ့္ ပြဲစဥ္ႏွစ္ပတ္ကို ေရႊ႕ဆုိင္းဖို႔ အတည္ျပဳထားခဲ့ပါတယ္။ ရီးရဲလ္မက္ဒရစ္အသင္းကိုလည္း ကုိ႐ိုနာသံသယေၾကာင့္ ခြဲျခားေစာင့္ၾကည့္ထားတယ္လုိ႔လည္း ဆုိပါတယ္။

REF: VARIOUS SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: – ပရီးမီးယားလိဂ်ကတော့ သူတို့ရဲ့ ပွဲစဉ်တွေနဲ့ အင်္ဂလန်နိုင်ငံအတွင်း ကျင်းပနေသမျှ အမှတ်ပေးပြိုင်ပွဲဖြစ်တဲ့ EFL(English Football League)အားလုံးကို လာမယ့် ဧပြီလ ၃ ရက်နေ့အထိ ရွှေ့ဆိုင်းလိုက်ပြီး ပြန်လည်ကစားဖို့အတွက်တော့ ဒီနောက်ပိုင်းမှာမှ စီစဉ်ဆောင်ရွက်သွားဖို့ ရှိနေပါတယ်။

– UEFA ကတော့ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ပွဲစဉ်တွေကို လာမယ့်အပတ်ထဲမှာ ထပ်မံကစားရမယ့် အသင်းတွေကို ရွှေ့ဆိုင်းထားပြီး ဒီမတိုင်ခင်ကလည်း ကွင်းပိတ်ပြီး ကစားခဲ့ရသေးရာမှာ လက်ရှိအချိန်မှာတော့ ဥရောပ ဘောလုံးအဖွဲ့ချုပ်တွေနဲ့အတူ ညှိနှိုင်းဆောင်ရွက်သွားဖို့ ရှိနေပါတယ်။

– ပြင်သစ် လီဂူးဝမ်းနဲ့ လီဂူးတူးပွဲစဉ်တွေကိုတော့ ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ပြီး ဗိုင်းရပ်စ်ကူးစက်မှုအခြေအနေတွေကို ထိန်းချုပ်နိုင်ပြီလို့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မကြေငြာနိုင်မချင်း ဘောလုံးပွဲတွေကို ထပ်မံကစားဦးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

– ဘွန်ဒက်စ်လီဂါကတော့ ဒီတစ်ပတ်ကစားမယ့် ပွဲတွေပြီးရင် လက်ကျန်ပွဲစဉ်တွေကို ဧပြီလ ၂ ရက်နေ့အထိ ရွှေ့ဆိုင်းသွားဖို့ ရှိနေပါတယ်။ ဒီတစ်ပတ်မှာ ကစားမယ့် ပွဲစဉ်တွေကိုလည်း ပရိသတ်မပါဘဲ ကွင်းပိတ်ကစားသွားမှာဖြစ်ကြောင်း သိရပါတယ်။

– အီတလီနဲ့ ပေါ်တူဂီနိုင်ငံအတွင်းက အမှတ်ပေးပြိုင်ပွဲတွေကိုလည်း ရပ်ဆိုင်းခဲ့ပြီဖြစ်သလို စပိန်လာလီဂါကတော့ လာမယ့် ပွဲစဉ်နှစ်ပတ်ကို ရွှေ့ဆိုင်းဖို့ အတည်ပြုထားခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းကိုလည်း ကိုရိုနာသံသယကြောင့် ခွဲခြားစောင့်ကြည့်ထားတယ်လို့လည်း ဆိုပါတယ်။

REF: VARIOUS SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.