Premier League

ကို႐ိုနာဗုိင္းရပ္စ္ရဲ႕ ၿခိမ္းေျခာက္မွဳ ခံေနရတဲ့ ပရီးမီးယားလိဂ္က ကစားသမားေတြနဲ႔ နည္းျပမ်ားရဲ႕ ေနာက္ဆုံးသတင္းမ်ား

အာဆင္နယ္နည္းျပ အာတီတာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရျပီးေနာက္ ေနာက္ထပ္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈေတြ သံသယျဖစ္မႈေတြ ပရီးမီးယားလိဂ္ ကလပ္အသင္းေတြမွ ကစားသမားေတြ ၀န္ထမ္းေတြ နည္းျပေတြၾကား ဆက္လက္ျဖစ္ေပၚေနခဲ့တဲ့ သတင္းဆိုးေတြ ရိွေနပါတယ္။

ခ်ယ္လ္ဆီးအသင္း ေတာင္ပံကစားသမား ဟတ္ဒ္ဆန္ အိုဒိြဳင္းဟာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရေၾကာင္း အသင္းအေနနဲ႔ တရား၀င္ ေၾကျငာခဲ့ပါတယ္။
ခ်ယ္လ္ဆီးအသင္းဟာ ၾကာသပေတးေန႔မွာ ျပဳလုပ္မယ့္ ေလ့က်င့္ေရး အစီအစဥ္ေတြကို ဖ်က္သိမ္းလိုက္ပါတယ္။ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ျခင္းမွ ကာကြယ္ဖို႔ ေလ့က်င့္ေရးကြင္းျဖစ္တဲ့ Cobham ေလ့က်င့္ေရးကြင္းကုိ ပိုးသတ္သန္႔ရွင္းမႈေတြ ေသခ်ာစြာ ျပဳလုပ္ရန္အတြက္ျဖစ္ပါတယ္။

လက္စတာ အသင္း စီနီယာ ကစားသမား တစ္ဦးဟာ ဖ်ားနာခဲ့ျပီး ကိုရိုနာဗိုင္းရပ္စ္ ျဖစ္ပြားတဲ့ လကၡဏာမ်ား ျပခဲ့တဲ့အတြက္ စစ္ေဆးမႈ ခံယူခဲ့ပါတယ္။ ဒီကစားသမားနဲ႔အတူ ရိွေနတတ္တဲ့ တျခားစီနီယာကစားသမားႏွစ္ဦးကိုလည္း ဗိုင္းရပ္ကူးစက္ခံရတဲ့ လကၡဏာေတြ ျပလာတဲ့အတြက္ တစ္သင္းလံုးကို စစ္ေဆးျခင္း ျပဳလုပ္ထားတယ္လုိ႔ သိရပါတယ္။

စစ္ေဆးျပီးေနာက္ ကိုရိုနာဗိုင္းရပ္စ္ရိွမရိွ Confirm Case အျဖစ္ေတာ့ မထုတ္ျပန္ မေၾကျငာေသးလို႔ ဘယ္သူေတြမွာ ရိွတယ္။ ဘယ္သူေတြမွာ မရိွဘူးဆိုတဲ့ အေျဖကိုေတာ့ မသိရေသးတာလည္းျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီး ေနာက္တန္းကစားသမား ဘင္ဂ်မင္ မန္ဒီ၏ မိသားစု၀င္တစ္ဦးဟာ အဖ်ားေရာဂါ ခံစားရသည့္အတြက္ ဒီကစားသမားကိုလည္း ကို႐ိုနာဗိုင္းရပ္စ္ စစ္ေဆးျခင္း ခံယူထားရပါတယ္။

REF: VARIOUS SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အာဆင်နယ်နည်းပြ အာတီတာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီးနောက် နောက်ထပ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုတွေ သံသယဖြစ်မှုတွေ ပရီးမီးယားလိဂ် ကလပ်အသင်းတွေမှ ကစားသမားတွေ ဝန်ထမ်းတွေ နည်းပြတွေကြား ဆက်လက်ဖြစ်ပေါ်နေခဲ့တဲ့ သတင်းဆိုးတွေ ရှိနေပါတယ်။

ချယ်လ်ဆီးအသင်း တောင်ပံကစားသမား ဟတ်ဒ်ဆန် အိုဒွိုင်းဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း အသင်းအနေနဲ့ တရားဝင် ကြေငြာခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းဟာ ကြာသပတေးနေ့မှာ ပြုလုပ်မယ့် လေ့ကျင့်ရေး အစီအစဉ်တွေကို ဖျက်သိမ်းလိုက်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခြင်းမှ ကာကွယ်ဖို့ လေ့ကျင့်ရေးကွင်းဖြစ်တဲ့ Cobham လေ့ကျင့်ရေးကွင်းကို ပိုးသတ်သန့်ရှင်းမှုတွေ သေချာစွာ ပြုလုပ်ရန်အတွက်ဖြစ်ပါတယ်။

လက်စတာ အသင်း စီနီယာ ကစားသမား တစ်ဦးဟာ ဖျားနာခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားတဲ့ လက္ခဏာများ ပြခဲ့တဲ့အတွက် စစ်ဆေးမှု ခံယူခဲ့ပါတယ်။ ဒီကစားသမားနဲ့အတူ ရှိနေတတ်တဲ့ တခြားစီနီယာကစားသမားနှစ်ဦးကိုလည်း ဗိုင်းရပ်ကူးစက်ခံရတဲ့ လက္ခဏာတွေ ပြလာတဲ့အတွက် တစ်သင်းလုံးကို စစ်ဆေးခြင်း ပြုလုပ်ထားတယ်လို့ သိရပါတယ်။

စစ်ဆေးပြီးနောက် ကိုရိုနာဗိုင်းရပ်စ်ရှိမရှိ Confirm Case အဖြစ်တော့ မထုတ်ပြန် မကြေငြာသေးလို့ ဘယ်သူတွေမှာ ရှိတယ်။ ဘယ်သူတွေမှာ မရှိဘူးဆိုတဲ့ အဖြေကိုတော့ မသိရသေးတာလည်းဖြစ်ပါတယ်။

မန်ချက်စတာစီးတီး နောက်တန်းကစားသမား ဘင်ဂျမင် မန်ဒီ၏ မိသားစုဝင်တစ်ဦးဟာ အဖျားရောဂါ ခံစားရသည့်အတွက် ဒီကစားသမားကိုလည်း ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးခြင်း ခံယူထားရပါတယ်။

REF: VARIOUS SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.