Premier League Transfer News

2 Mar ညပိုင်း နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

– လီဗာပူးလ်အသင်းရဲ့ ရှက်ဖီးလ်ဒ်ဘက်ကို သွင်းယူခဲ့တဲ့ ပထမဂိုးမှာ စည်းကျော်သွားပြီး ဂိုးမဖြစ်ခဲ့ဘူးလို့ သူ့ကို အိမ်ရှင်အသင်းရဲ့ ခုံတန်းဘက်က လှမ်းပြောလို့ စိတ်ညစ်ခဲ့ရသေးကြောင်း ယာဂန် ကလော့ပ်က ထုတ်ဖော်ပြောကြားလိုက်ပြီး VAR ပြန်ကြည့်အပြီးမှာတော့ ပျော်ရွှင်ခဲ့ရကြောင်းဆို။

– ရှက်ဖီးလ်ဒ်ယူနိုက်တက်ကို ရောင်းချလိုက်တဲ့ ရိုင်ယန် ဘရူးစတားဟာ အားကစားဒါရိုက်တာ မိုက်ကယ် အက်ဒ်ဝပ် ဘယ်လောက် ဖျံကျသလဲဆိုတာရဲ့ ပြယုဂ်ဖြစ်ပြီး ရုန်းကန်နေခဲ့ရတဲ့ အင်္ဂလန်လူငယ်တိုက်စစ်မှူးကို ပေါင် ၂၃.၅ သန်း ရရှိခဲ့သလို သူ့အနေနဲ့ ဆွမ်းဆီးမှာ သွားကစားတဲ့ ခြေစွမ်းကို မြင်ကတည်းက ရောင်းချဖို့ ကြိုတင်စဉ်းစားထားတာဖြစ်နိုင်ကြောင်း ကျွမ်းကျင်သူတွေ သုံးသပ်။

– အာလင်း ဟားလန်းကို ခေါ်ယူဖို့ တခြားပြိုင်ဘက်အသင်းတွေကို နောက်ကောက်ချပြီး လီဗာပူးလ်တို့အနေနဲ့ ငွေသုံးကြမ်းဖို့ ဖြစ်နိုင်သလို နည်းပြ ယာဂန် ကလော့ပ်အနေနဲ့လည်း သူ့ရဲ့ အသင်းဟောင်း ဒေါ့မွန်နဲ့ ဆက်ဆံရေးကို အသုံးချပြီး ညှိနှိုင်းနိုင်ဖို့ ပရိသတ်တွေ မျှော်လင့်နေကြ။

– ညာနောက်ခံနဲ့ ဗဟိုခံစစ်နေရာတွေမှာ ကစားနိုင်တဲ့ အယ်လ်ဂျီးရီးယားလက်ရွေးစင်ခံစစ်မှူး အိုက်ဆာ မွန်ဒီကို ရီးရဲလ်ဘက်တစ်အသင်း ကနေ ခေါ်ယူဖို့ လီဗာပူးလ်အသင်းအနေနဲ့ အေစီမီလန်အသင်းနဲ့အပြိုင် ကြိုးစားနေပြီး နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရရှိနိုင်။

– လိဒ်စ်ယူနိုက်တက်အသင်းကို ပြီးခဲ့တဲ့ နွေရာသီကမှ ရင်းနေးအသင်းကနေ ပြောင်းရွှေ့လာပြီး ခြေစွမ်းပြနေခဲ့တဲ့ တောင်ပံကစားသမား ရာဖင်ညာအနေနဲ့ အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ထက် ပြန်လည်ထွက်ခွာဖို့ စိတ်အားထက်သန်နေတယ်လို့ သတင်းတွေက ဆိုခဲ့ကြပြီး လီဗာပူးလ်နဲ့ ဘာစီလိုနာတို့ အလိုရှိနေ။

– လီဗာပူးလ်အသင်းက အလိုရှိနေတယ်လို့ သတင်းထွက်နေခဲ့တဲ့ အက်စတန်ဗီလာနောက်ခံလူ အက်ဇ်ရီ ကွန်ဆာရဲ့ လိဒ်စ်နဲ့ပွဲက ပြသခဲ့တဲ့ ခံစစ်စွမ်းဆောင်ရည်ကို ဂျေမီ ကာရေဂါ ချီးကျူးလိုက်ပြီး ဘရန့်ဖို့ဒ်နောက်ခံလူဟောင်းအနေနဲ့ ဘာမင်ဂမ်အခြေစိုက်အသင်း အတွက် ခေါ်ယူစဉ်က ပေးခဲ့ရတဲ့ ပေါင် ၁၂ သန်းထက် အနည်းဆုံး နှစ်ဆရှာဖွေနိုင်လိမ့်မယ်လို့ ခန့်မှန်းနေကြ။

– လာမယ့် အန်းဖီးလ်ပွဲစဉ်မှာ တီမို ဗာနာနဲ့ ရင်ဆိုင်တွေ့ရနိုင်တဲ့ အသင်းရဲ့ ညာအတွင်းလူ နာသန် ဖိလစ်အတွက် လီဗာပူးလ်ပရိသတ်တွေ စိုးရိမ်နေကြပြီး အသက် ၂၃ နှစ်အရွယ် အင်္ဂလန်သားအနေနဲ့ လုံလောက်တဲ့ အရည်အသွေး မရှိတာကြောင့် ကျားရှေ့ မှောက်ရက်လဲသလို ဖြစ်သွားနိုင်တယ်လို့ ဆိုနေကြ။

– လီဗာပူးလ်အသင်းရဲ့ ဂန္ထဝင်ကစားသမားတစ်ဦးဖြစ်တဲ့ ဂရေမီ ဆောင်းနက်စ်ကတော့ ချဲလ်ဆီးနဲ့ပွဲမှာ အိုဇန် ကာဘက်ခ်နဲ့ နာသန် ဖိလစ်တို့အတွဲနဲ့ လွှတ်မထားဘဲ ကွင်းလယ်ခံစစ်မှူး ဖာဘင်ညိုကို ခံစစ်မှာ ပြန်လည်ထည့်သွင်းသင့်ပြီဖြစ်ကြောင်း နည်းပြ ကလော့ပ်ကို တိုက်တွန်းသွား။


– ရှက်ဖီးလ်ဒ်ယူနိုက်တက်နဲ့ ပွဲမှာလည်း အမှားအချို့ ကျူးလွန်မိခဲ့တဲ့ လူငယ်နောက်ခံလူ အိုဇန် ကာဘက်ခ်အနေနဲ့ လီဗာပူးလ်အသင်းမှာ ခက်ခဲတဲ့ အနေအထားကို ရင်ဆိုင်နေရပြီး သူ့အနေနဲ့ မတူညီတဲ့ ခံစစ်အတွဲအဖက်၊ ဂိုးသမားတွေနဲ့ ကစားရတာဟာ အသားကျဖို့ကို အနှောင့်အယှက်ဖြစ်စေတယ်လို့ ကစားသမားဟောင်း ဂျွန် အယ်လ်ဒရစ်ချ်က ဝေဖန်သွား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z

ZAWGYI:

– လီဗာပူးလ္အသင္းရဲ႕ ရွက္ဖီးလ္ဒ္ဘက္ကို သြင္းယူခဲ့တဲ့ ပထမဂိုးမွာ စည္းေက်ာ္သြားၿပီး ဂိုးမျဖစ္ခဲ့ဘူးလို႔ သူ႔ကို အိမ္ရွင္အသင္းရဲ႕ ခုံတန္းဘက္က လွမ္းေျပာလို႔ စိတ္ညစ္ခဲ့ရေသးေၾကာင္း ယာဂန္ ကေလာ့ပ္က ထုတ္ေဖာ္ေျပာၾကားလိုက္ၿပီး VAR ျပန္ၾကည့္အၿပီးမွာေတာ့ ေပ်ာ္႐ႊင္ခဲ့ရေၾကာင္းဆို။

– ရွက္ဖီးလ္ဒ္ယူႏိုက္တက္ကို ေရာင္းခ်လိုက္တဲ့ ႐ိုင္ယန္ ဘ႐ူးစတားဟာ အားကစားဒါ႐ိုက္တာ မိုက္ကယ္ အက္ဒ္ဝပ္ ဘယ္ေလာက္ ဖ်ံက်သလဲဆိုတာရဲ႕ ျပယုဂ္ျဖစ္ၿပီး ႐ုန္းကန္ေနခဲ့ရတဲ့ အဂၤလန္လူငယ္တိုက္စစ္မႉးကို ေပါင္ ၂၃.၅ သန္း ရရွိခဲ့သလို သူ႔အေနနဲ႔ ဆြမ္းဆီးမွာ သြားကစားတဲ့ ေျခစြမ္းကို ျမင္ကတည္းက ေရာင္းခ်ဖို႔ ႀကိဳတင္စဥ္းစားထားတာျဖစ္ႏိုင္ေၾကာင္း ကြၽမ္းက်င္သူေတြ သုံးသပ္။

– အာလင္း ဟားလန္းကို ေခၚယူဖို႔ တျခားၿပိဳင္ဘက္အသင္းေတြကို ေနာက္ေကာက္ခ်ၿပီး လီဗာပူးလ္တို႔အေနနဲ႔ ေငြသုံးၾကမ္းဖို႔ ျဖစ္ႏိုင္သလို နည္းျပ ယာဂန္ ကေလာ့ပ္အေနနဲ႔လည္း သူ႔ရဲ႕ အသင္းေဟာင္း ေဒါ့မြန္နဲ႔ ဆက္ဆံေရးကို အသုံးခ်ၿပီး ညႇိႏႈိင္းႏိုင္ဖို႔ ပရိသတ္ေတြ ေမွ်ာ္လင့္ေနၾက။

– ညာေနာက္ခံနဲ႔ ဗဟိုခံစစ္ေနရာေတြမွာ ကစားႏိုင္တဲ့ အယ္လ္ဂ်ီးရီးယားလက္ေ႐ြးစင္ခံစစ္မႉး အိုက္ဆာ မြန္ဒီကို ရီးရဲလ္ဘက္တစ္အသင္း ကေန ေခၚယူဖို႔ လီဗာပူးလ္အသင္းအေနနဲ႔ ေအစီမီလန္အသင္းနဲ႔အၿပိဳင္ ႀကိဳးစားေနၿပီး ေႏြရာသီမွာ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ရရွိႏိုင္။

– လိဒ္စ္ယူႏိုက္တက္အသင္းကို ၿပီးခဲ့တဲ့ ေႏြရာသီကမွ ရင္းေနးအသင္းကေန ေျပာင္းေ႐ႊ႕လာၿပီး ေျခစြမ္းျပေနခဲ့တဲ့ ေတာင္ပံကစားသမား ရာဖင္ညာအေနနဲ႔ အသင္းနဲ႔ စာခ်ဳပ္သက္တမ္းတိုးဖို႔ထက္ ျပန္လည္ထြက္ခြာဖို႔ စိတ္အားထက္သန္ေနတယ္လို႔ သတင္းေတြက ဆိုခဲ့ၾကၿပီး လီဗာပူးလ္နဲ႔ ဘာစီလိုနာတို႔ အလိုရွိေန။

– လီဗာပူးလ္အသင္းက အလိုရွိေနတယ္လို႔ သတင္းထြက္ေနခဲ့တဲ့ အက္စတန္ဗီလာေနာက္ခံလူ အက္ဇ္ရီ ကြန္ဆာရဲ႕ လိဒ္စ္နဲ႔ပြဲက ျပသခဲ့တဲ့ ခံစစ္စြမ္းေဆာင္ရည္ကို ေဂ်မီ ကာေရဂါ ခ်ီးက်ဴးလိုက္ၿပီး ဘရန႔္ဖို႔ဒ္ေနာက္ခံလူေဟာင္းအေနနဲ႔ ဘာမင္ဂမ္အေျခစိုက္အသင္း အတြက္ ေခၚယူစဥ္က ေပးခဲ့ရတဲ့ ေပါင္ ၁၂ သန္းထက္ အနည္းဆုံး ႏွစ္ဆရွာေဖြႏိုင္လိမ့္မယ္လို႔ ခန႔္မွန္းေနၾက။

– လာမယ့္ အန္းဖီးလ္ပြဲစဥ္မွာ တီမို ဗာနာနဲ႔ ရင္ဆိုင္ေတြ႕ရႏိုင္တဲ့ အသင္းရဲ႕ ညာအတြင္းလူ နာသန္ ဖိလစ္အတြက္ လီဗာပူးလ္ပရိသတ္ေတြ စိုးရိမ္ေနၾကၿပီး အသက္ ၂၃ ႏွစ္အ႐ြယ္ အဂၤလန္သားအေနနဲ႔ လုံေလာက္တဲ့ အရည္အေသြး မရွိတာေၾကာင့္ က်ားေရွ႕ ေမွာက္ရက္လဲသလို ျဖစ္သြားႏိုင္တယ္လို႔ ဆိုေနၾက။

– လီဗာပူးလ္အသင္းရဲ႕ ဂႏၴဝင္ကစားသမားတစ္ဦးျဖစ္တဲ့ ဂေရမီ ေဆာင္းနက္စ္ကေတာ့ ခ်ဲလ္ဆီးနဲ႔ပြဲမွာ အိုဇန္ ကာဘက္ခ္နဲ႔ နာသန္ ဖိလစ္တို႔အတြဲနဲ႔ လႊတ္မထားဘဲ ကြင္းလယ္ခံစစ္မႉး ဖာဘင္ညိဳကို ခံစစ္မွာ ျပန္လည္ထည့္သြင္းသင့္ၿပီျဖစ္ေၾကာင္း နည္းျပ ကေလာ့ပ္ကို တိုက္တြန္းသြား။


– ရွက္ဖီးလ္ဒ္ယူႏိုက္တက္နဲ႔ ပြဲမွာလည္း အမွားအခ်ိဳ႕ က်ဴးလြန္မိခဲ့တဲ့ လူငယ္ေနာက္ခံလူ အိုဇန္ ကာဘက္ခ္အေနနဲ႔ လီဗာပူးလ္အသင္းမွာ ခက္ခဲတဲ့ အေနအထားကို ရင္ဆိုင္ေနရၿပီး သူ႔အေနနဲ႔ မတူညီတဲ့ ခံစစ္အတြဲအဖက္၊ ဂိုးသမားေတြနဲ႔ ကစားရတာဟာ အသားက်ဖို႔ကို အေႏွာင့္အယွက္ျဖစ္ေစတယ္လို႔ ကစားသမားေဟာင္း ဂြၽန္ အယ္လ္ဒရစ္ခ်္က ေဝဖန္သြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z