Premier League Transfer News

အာဆင်နယ်ရဲ့ ရုပ်အဖြောင့်ဆုံးနှစ်ယောက် ဘာစီလိုနာနဲ့ လာပေါ်တာဆီ ပြန်တော့မှာလား

အာဆင်နယ်အသင်းရဲ့ ညာနောက်ခံလူနေရာမှာ တစ်ရှိန်ထိုး ထွန်းတောက်လာခဲ့တဲ့ လာမာစီယာနဲ့ ဟေးလ်အန့်ဒ်အကယ်ဒမီထွက် ဟက်တာ ဘယ်လာရင်အနေနဲ့ နွေရာသီမှာ ချိတ်ဆက်မှုတွေ ရှိနေပြီး သူ့အတွက် ဂျူဗင်တပ်စ်၊ ပီအက်စ်ဂျီတို့က စောင့်ကြည့်နေကြချိန်မှာ နောက်ဆုံးအနေနဲ့ အသင်းဟောင်း ဘာစီလိုနာက ကြားဝင်လာခဲ့တာဖြစ်ပါတယ်။

မတ်လ ၇ ရက်နေ့မှာ အဖြေပေါ်ဖွယ်ရှိနေတဲ့ ဘာစီလိုနာဥက္ကဌ ရွေးကောက်ပွဲမှာ တစ်ကျော့ပြန် ရာထူးရယူဖို့ ရေပန်းစားနေသူဖြစ်တဲ့ ဂျိုအန် လာပေါ်တာကတော့ သူသာ ဥက္ကဌဖြစ်ရင် ဆုံးရှုံးထားခဲ့ရတဲ့ လာမာစီယာလူငယ်တွေကို ပြန်လည်သိမ်းဆည်းသွားဖို့ ဆန္ဒကို ချပြထားပြီး ဒီထဲမှာ အာဆင်နယ်ရဲ့ ဟက်တာ ဘယ်လာရင်လည်း ပါဝင်နေတာဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်ကနေ စတင်ပွဲထွက်ခဲ့အပြီး ပြိုင်ပွဲစုံမှာ ၂၃၂ ပွဲ ယှဉ်ပြိုင်ကစားပြီးတဲ့ အသက် ၂၅ နှစ်အရွယ် စပိန်နောက်ခံလူဟာ အသင်းနဲ့အတူ အက်ဖ်အေဖလား ၃ လုံးကို ပိုင်ဆိုင်နိုင်ခဲ့ပေမယ့် ခြေမှန်မရမှုနဲ့ ခံစစ်ပိုင်းပေါ့လျော့မှုတွေကြောင့် ရောင်းချပြီး လူသစ်ရှာဖို့ တာဝန်ရှိသူတွေက အလိုရှိနေချိန်မှာ ရောင်းသူဝယ်သူနဲ့ ကစားသမား၊ သုံးဦးသုံးဖလှယ် အပြေလည်နိုင်ဆုံး သဘောတူညီမှုကတော့ ဘာစီလိုနာနဲ့ ဖြစ်နိုင်ခြေရှိလာတာပါ။

အာဆင်နယ်ဘက်ကတော့ ဘရိုက်တန်ရဲ့ တာရစ်ခ် လမ့်ပ်တေနဲ့ နော့ဝစ်ချ်ရဲ့ မက်စ် အာရွန်စ်တို့ကို မျက်စပစ်ထားခဲ့ပြီး လက်ရှိမှာလည်း ဝါရင့်နောက်ခံလူ ဆီးဒရစ်ကို တစ်စတစ်စနဲ့ ပိုမိုသုံးစွဲလာချိန်မှာ စပိန်သားအနေနဲ့ သူ့ရဲ့ အိမ်ရှိရာ ဘာစီလိုနာနဲ့ နူးကမ့်ကို နောက်တစ်ကြိမ် ခြေချဖို့က အခြေအနေပေးနေခဲ့တာလည်းဖြစ်ပါတယ်။

လာပေါ်တာအနေနဲ့ ဂွါဒီယိုလာကိုပါ ခေါ်ယူပေးမယ်လို့ မဲဆွယ်ခဲ့ဖူးပြီး ၂၀၀၃ ခုနှစ်ကတော့ ဒေဗစ် ဘက်ခမ်းနဲ့ သီယာရီ အွန်နရီကို ခေါ်ဖို့ ကတိပေးတာမှာ မရခဲ့လို့ ရော်နယ်လ်ဒင်ညိုကို ပြောင်းလဲခေါ်ယူခဲ့သလိုမျိုး သူ့ရဲ့ ကတိအတွက် တစ်ခုခုတော့ တတ်နိုင်သမျှ လုပ်ပေးတတ်တဲ့ စပိန်ရှေ့နေကြီးအနေနဲ့ ဒီတစ်ခါမှာလည်း မန်စီးတီးကနေ ဆွဲထုတ်ဖို့ မလွယ်တဲ့ နည်းပြနေရာမှာ အာတီတာကို ခေါ်ဖို့ အသံထွက်လာခဲ့ပါတယ်။

အာဆင်နယ်အသင်းမှာ ပရိသတ်တွေကြား အမြင်တွေ ကွဲလွဲနေပြီး အသင်းကို ပြန်လည်ဆောက်ရာမှာ အရည်အသွေးကောင်းတွေ ပြသနေပေမယ့် ခေါင်းမာပြီး တစ်ယူသန်မှုတွေနဲ့ အတွေ့အကြုံ နုနယ်မှုတွေက သူ့ကို အမှတ်လျော့စေချိန်မှာ စီးပွားတွက်တွက်တတ်တဲ့ အမေရိကန် ပိုင်ရှင်တွေအနေနဲ့ စပိန်သားနည်းပြကို လျော်ကြေးသာ ရမယ်ဆိုရင် အပြောင်းအလဲလုပ်နိုင်ခြေ ရှိနေတာလည်းဖြစ်ပါတယ်။

ဒါကြောင့် ဘာမဆိုဖြစ်လာနိုင်တဲ့ ဘောလုံးလောကမှာ နေမာကိုတောင် ပေါင်သန်း ၂၀၀ ဆိုတာ ဖြစ်ခဲ့ဖူးတာမို့ တရားသေ ပြောလို့ မရနိုင်ဘဲ လာပေါ်တာနဲ့အတူ အာဆင်နယ်မှာရော အပြောင်းလဲဖြစ်နိုင်မလား၊ အသင်းရဲ့ ရုပ်အဖြောင့်ဆုံး ကစားသမားနဲ့ နည်းပြတို့ ဇာတိမြေကို ရောက်သွားမလား စောင့်ကြည့်ရဦးမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းရဲ႕ ညာေနာက္ခံလူေနရာမွာ တစ္ရွိန္ထိုး ထြန္းေတာက္လာခဲ့တဲ့ လာမာစီယာနဲ႔ ေဟးလ္အန႔္ဒ္အကယ္ဒမီထြက္ ဟက္တာ ဘယ္လာရင္အေနနဲ႔ ေႏြရာသီမွာ ခ်ိတ္ဆက္မႈေတြ ရွိေနၿပီး သူ႔အတြက္ ဂ်ဴဗင္တပ္စ္၊ ပီအက္စ္ဂ်ီတို႔က ေစာင့္ၾကည့္ေနၾကခ်ိန္မွာ ေနာက္ဆုံးအေနနဲ႔ အသင္းေဟာင္း ဘာစီလိုနာက ၾကားဝင္လာခဲ့တာျဖစ္ပါတယ္။

မတ္လ ၇ ရက္ေန႔မွာ အေျဖေပၚဖြယ္ရွိေနတဲ့ ဘာစီလိုနာဥကၠဌ ေ႐ြးေကာက္ပြဲမွာ တစ္ေက်ာ့ျပန္ ရာထူးရယူဖို႔ ေရပန္းစားေနသူျဖစ္တဲ့ ဂ်ိဳအန္ လာေပၚတာကေတာ့ သူသာ ဥကၠဌျဖစ္ရင္ ဆုံးရႈံးထားခဲ့ရတဲ့ လာမာစီယာလူငယ္ေတြကို ျပန္လည္သိမ္းဆည္းသြားဖို႔ ဆႏၵကို ခ်ျပထားၿပီး ဒီထဲမွာ အာဆင္နယ္ရဲ႕ ဟက္တာ ဘယ္လာရင္လည္း ပါဝင္ေနတာျဖစ္ပါတယ္။

၂၀၁၄ ခုႏွစ္ကေန စတင္ပြဲထြက္ခဲ့အၿပီး ၿပိဳင္ပြဲစုံမွာ ၂၃၂ ပြဲ ယွဥ္ၿပိဳင္ကစားၿပီးတဲ့ အသက္ ၂၅ ႏွစ္အ႐ြယ္ စပိန္ေနာက္ခံလူဟာ အသင္းနဲ႔အတူ အက္ဖ္ေအဖလား ၃ လုံးကို ပိုင္ဆိုင္ႏိုင္ခဲ့ေပမယ့္ ေျခမွန္မရမႈနဲ႔ ခံစစ္ပိုင္းေပါ့ေလ်ာ့မႈေတြေၾကာင့္ ေရာင္းခ်ၿပီး လူသစ္ရွာဖို႔ တာဝန္ရွိသူေတြက အလိုရွိေနခ်ိန္မွာ ေရာင္းသူဝယ္သူနဲ႔ ကစားသမား၊ သုံးဦးသုံးဖလွယ္ အေျပလည္ႏိုင္ဆုံး သေဘာတူညီမႈကေတာ့ ဘာစီလိုနာနဲ႔ ျဖစ္ႏိုင္ေျခရွိလာတာပါ။

အာဆင္နယ္ဘက္ကေတာ့ ဘ႐ိုက္တန္ရဲ႕ တာရစ္ခ္ လမ့္ပ္ေတနဲ႔ ေနာ့ဝစ္ခ်္ရဲ႕ မက္စ္ အာ႐ြန္စ္တို႔ကို မ်က္စပစ္ထားခဲ့ၿပီး လက္ရွိမွာလည္း ဝါရင့္ေနာက္ခံလူ ဆီးဒရစ္ကို တစ္စတစ္စနဲ႔ ပိုမိုသုံးစြဲလာခ်ိန္မွာ စပိန္သားအေနနဲ႔ သူ႔ရဲ႕ အိမ္ရွိရာ ဘာစီလိုနာနဲ႔ ႏူးကမ့္ကို ေနာက္တစ္ႀကိမ္ ေျခခ်ဖို႔က အေျခအေနေပးေနခဲ့တာလည္းျဖစ္ပါတယ္။

လာေပၚတာအေနနဲ႔ ဂြါဒီယိုလာကိုပါ ေခၚယူေပးမယ္လို႔ မဲဆြယ္ခဲ့ဖူးၿပီး ၂၀၀၃ ခုႏွစ္ကေတာ့ ေဒဗစ္ ဘက္ခမ္းနဲ႔ သီယာရီ အြန္နရီကို ေခၚဖို႔ ကတိေပးတာမွာ မရခဲ့လို႔ ေရာ္နယ္လ္ဒင္ညိဳကို ေျပာင္းလဲေခၚယူခဲ့သလိုမ်ိဳး သူ႔ရဲ႕ ကတိအတြက္ တစ္ခုခုေတာ့ တတ္ႏိုင္သမွ် လုပ္ေပးတတ္တဲ့ စပိန္ေရွ႕ေနႀကီးအေနနဲ႔ ဒီတစ္ခါမွာလည္း မန္စီးတီးကေန ဆြဲထုတ္ဖို႔ မလြယ္တဲ့ နည္းျပေနရာမွာ အာတီတာကို ေခၚဖို႔ အသံထြက္လာခဲ့ပါတယ္။

အာဆင္နယ္အသင္းမွာ ပရိသတ္ေတြၾကား အျမင္ေတြ ကြဲလြဲေနၿပီး အသင္းကို ျပန္လည္ေဆာက္ရာမွာ အရည္အေသြးေကာင္းေတြ ျပသေနေပမယ့္ ေခါင္းမာၿပီး တစ္ယူသန္မႈေတြနဲ႔ အေတြ႕အႀကဳံ ႏုနယ္မႈေတြက သူ႔ကို အမွတ္ေလ်ာ့ေစခ်ိန္မွာ စီးပြားတြက္တြက္တတ္တဲ့ အေမရိကန္ ပိုင္ရွင္ေတြအေနနဲ႔ စပိန္သားနည္းျပကို ေလ်ာ္ေၾကးသာ ရမယ္ဆိုရင္ အေျပာင္းအလဲလုပ္ႏိုင္ေျခ ရွိေနတာလည္းျဖစ္ပါတယ္။

ဒါေၾကာင့္ ဘာမဆိုျဖစ္လာႏိုင္တဲ့ ေဘာလုံးေလာကမွာ ေနမာကိုေတာင္ ေပါင္သန္း ၂၀၀ ဆိုတာ ျဖစ္ခဲ့ဖူးတာမို႔ တရားေသ ေျပာလို႔ မရႏိုင္ဘဲ လာေပၚတာနဲ႔အတူ အာဆင္နယ္မွာေရာ အေျပာင္းလဲျဖစ္ႏိုင္မလား၊ အသင္းရဲ႕ ႐ုပ္အေျဖာင့္ဆုံး ကစားသမားနဲ႔ နည္းျပတို႔ ဇာတိေျမကို ေရာက္သြားမလား ေစာင့္ၾကည့္ရဦးမွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.