Article Match Report Premier League

မန်စီးတီးတို့ ပန်းပန်ဆဲ ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲတွေရဲ့ အနိမ့်အမြင့် အတက်အကျများ စုစည်းမှု

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီတစ်ပတ်မှာ ဝက်စ်ဟမ်းကို ခက်ခဲခဲခဲ အနိုင်ယူခဲ့ရတဲ့ ပွဲက သူတို့ကို ဦးဆောင်မှုမှာ ၁၂ မှတ်အထိ မြင့်တက်သွားစေခဲ့ချိန်မှာ နောက်က လိုက်နေတဲ့ အသင်းတွေကတော့ အခြေအနေ မကောင်းခဲ့ဘဲ တိုက်တိုက်ဆိုင်ဆိုင် အဆင့် ၂ ကနေ အဆင့် ၅ အထိ နိုင်ပွဲပျောက်ခဲ့တဲ့ ရက်သတ္တပတ်လည်းဖြစ်ခဲ့ပါတယ်။

ပွဲစဉ် ၂၆ မှာ အဓိက ကစားသမားတွေကို အနားပေးလာခဲ့ပြီး ဒဏ်ရာက သက်လာသာတဲ့ အဂွေရိုကို သုံးခဲ့တဲ့ တိုက်စစ်က ဂိုးပေါက်ပျောက်တဲ့ အချိန်မှာ နောက်ခံလူနှစ်ဦးရဲ့ သွင်းဂိုးနဲ့ ကြိုးစားအနိုင်ယူခဲ့ရတဲ့ ဂွါဒီယိုလာအတွက် ၃ မှတ်က အဖိုးတန်လွန်းပေမယ့် နောက်ပွဲတွေမှာ ဒီလိုမျိုး အလှည့်ကျသုံးစွဲမယ်ဆိုရင် ကန်ဆယ်လို၊ စတာလင်၊ ဖိုဒန်၊ ဘာနာဒိုနဲ့ ဂျေဆူးစ်တို့ကိုတော့ နှစ်ယောက်ထက်ပိုပြီး အနားမပေးမိဖို့ လိုမှာပါ။

အဆင့် ၂ က မန်ချက်စတာယူနိုက်တက်ကို အိမ်ကွင်းမှာ နိုင်ပွဲယူပြီး ထိပ်ဆုံးလေးသင်းထဲ ဝင်ရောက်ဖို့နဲ့ အဆင့် ၂/၃ နဲ့ သုံးမှတ်အကွာကို ရောက်လာနိုင်ဖို့ သောမတ်စ် တူဟယ်လ်နဲ့ ချဲလ်ဆီးတို့ရဲ့ အကြံက စတမ်းဖို့ဒ်ဘရစ်ချ်မှာ ဂိုးမသွင်းတတ်တဲ့ အထောင်တိုက်စစ်မှူးတွေကြောင့် ပျက်ပြယ် ခဲ့ရပြီး နှစ်သင်းစလုံးအတွက် သရေတစ်မှတ်ကတော့ ချန်ပီယံဆုကို လက်လျှော့ပြီး မတွေးဘူးဆိုရင် နစ်နာလွန်းခဲ့တာလည်းဖြစ်ပါတယ်။

အာဆင်နယ်နဲ့ မန်စီးတီးတို့ကို ရှုံးပွဲတွေ့ခဲ့တဲ့ အဆင့် ၃ က ခြေမှန်ပေါ်တဲ့ လက်စတာနဲ့ အဆင့် ၄ က ကောင်းရှုံး ဝက်စ်ဟမ်းတို့ကတော့ ကံကောင်းခဲ့ပြီး ဒီတစ်ပတ်မှာ အလှည့်အပြောင်းနဲ့အတူ လမ်းကြောင်းမှန်ပေါ်ကို ပြန်တက်လာနိုင်တာကတော့ မာဆေးဆိုက်က လီဗာပူးလ်နဲ့ အဲဗာတန်အသင်းတွေလို့ ဆိုရမှာဖြစ်သလို အဆင့် ၄ နဲ့ ၂ မှတ်၊ အဆင့် ၅ နဲ့ ၁ မှတ်အကွာ အဆင့် ၆ နဲ့ ၇ ကို ရမှတ်တူနဲ့ အသီးသီးရောက်လာခဲ့တာပါ။

သူတို့နောက်မှာတော့ စပါးစ်၊ ဗီလာနဲ့ အာဆင်နယ်တို့က ၈၊ ၉၊ ၁၀ မှာ နိုင်ပွဲတွေနဲ့အတူ ဆက်တိုက်ရပ်တည်ခဲ့ကြပြီး သူတို့တွေကတော့ ရှေ့က အသင်းတွေ ခြေချော်ရင် အကောင်းဆုံး အသုံးချနိုင်မယ့် မာယာများတဲ့ ကိုဗစ်နဲ့ New Normal ရာသီမှာ အခွင့်အရေးယူနိုင်မလား ကြည့်ရမှာ ဖြစ်ပါတယ်။

အာဆင်နယ်ကတော့ ဒီအသင်းတွေထဲမှာ ဂဏန်းနှစ်လုံးထက်ပိုတဲ့ ရှုံးပွဲအရေအတွက်ကို ပိုင်ဆိုင်ထားသူဖြစ်လို့ တစ်ပန်းရှုံးနေသလို လာမယ့် ပွဲတွေမှာ ဆက်တိုက်ရလဒ်ကောင်းဖို့ လိုအပ်နေပြီး အဆင့် ၉ က ဗီလာကတော့ လက်ထဲမှာ နှစ်ပွဲကျန်နေသေးလို့ ဒီကနေ ၆ မှတ်ရမယ်ဆိုရင် အဆင့် ၄ က ဝက်စ်ဟမ်းနဲ့တောင် ရမှတ်တူညီနိုင်တာကိုလည်း တွေ့ရပါတယ်။

တန်းဆင်းဇုန်အထက်မှာတော့ ဒီတစ်ပတ်မှာ ရှုံးပွဲတွေ့ခဲ့တဲ့ ဘရိုက်တန်နဲ့ သရေကျခဲ့တဲ့ နယူးကာဆယ်လ်တို့ကတော့ တန်းဆင်းဇုန်နဲ့ ၂ မှတ်အကွာကို ရောက်ရှိလာခဲ့ပြီး နောက်ဆုံး ၅ ပွဲဆက်တိုက် ရှုံးပွဲမရှိတဲ့ ဖူလ်ဟမ်တို့ ရုန်းထွက်လာမယ့် လက္ခဏာကို တွေ့မြင်နေရသလို ကယ်တင်ရှင် ဆမ်ကြီးရဲ့ ဝက်စ်ဘရွန်းကတော့ နိုင်ပွဲနဲ့အတူ မျှော်လင့်ချက်တွေ ပြန်လည်ရှင်သန်လာခဲ့ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ ပွဲစဉ် ၁၂ ပွဲ အကျန်မှာတော့ အောက်ဆုံးက ရှက်ဖီးလ်ဒ်ကိုတော့ တန်းဆင်းမယ့်အသင်းအဖြစ် ခြေစွမ်းနဲ့ ကစားပုံအရ အားလုံးက လက်လျှော့လိုက်ကြပြီဖြစ်ပြီး ဖူလ်ဟမ်တို့ တက်လိုက်ဆင်းလိုက်လို့ အပြောမခံရဖို့နဲ့ ဝက်စ်ဘရွန်းကတော့ ကယ်တင်ရှင်အဖြစ် ကိုင်တွယ်တဲ့ အသင်းတိုင်းကို တန်းမဆင်းအောင် စွမ်းဆောင်ပေးခဲ့တဲ့ ဆမ်အလာဒိုက်စ်ကို စံချိန်မပျက်ရစေဖို့ အထူးရုန်းကန်ကြရဦးပါ။

လီဗာပူးလ်အသင်းကတော့ အဝေးကွင်းမှာ ဇယားအောက်ဆုံးက အသင်းကို နိုင်ပွဲရယူခဲ့ချိန်မှာ အိမ်ကွင်းမှာ ဆိုးရွားနေခဲ့တဲ့ မှတ်တမ်းအတွက်တော့ ပြောင်းလဲနိုင်ဖို့ ကြိုးစားရဦးမှာဖြစ် ဆာလားကို မှီခိုလွန်းသလိုဖြစ်နေတာကိုလည်း ပြင်ဆင်ရဦးမှာဖြစ်သလို အီဂျစ်သားရဲ့ သွင်းဂိုးမှတ်တမ်းက ၁၇ ဂိုးမှာ နှစ်ပွဲတိတိ ရပ်နေချိန်မှာ ဘရူနို ဖာနန်ဒက်စ်နဲ့ ဟာရီကိန်းတို့ ပြန်လိုက်လာနိုင်မလား စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

ဒီတစ်ပတ်မှာတော့ ပွဲစဉ် ၂၉ က ၇ ပွဲကို ကြိုကစားကြမှာဖြစ်ပြီး လီဗာပူးလ်နဲ့ ချဲလ်ဆီးတို့ အန်းဖီးလ်မှာ တွေ့ဆုံမှုက ဇယားထိပ်ပိုင်းက ဥရောပတိုက်ပွဲ အတွက် ပြင်းထန်ဦးမှာဖြစ်ပြီး မန်စီးတီးတို့ အမှတ်ပေးပွဲ ၁၄ ပွဲဆက် အနိုင်ကို တိုးမြှင့်နိုင်ဖို့ ကြိုးစားဦးမှာဖြစ်သလို လက်စတာ၊ မန်ယူနိုက်တက်၊ ဗီလာ၊ စပါးစ်တို့ရဲ့ ပွဲစဉ်တွေကလည်း ရည်မှန်းချက်အသီးသီးအတွက် ကြည့်ကောင်းဦးမှာ ဖြစ်ကြောင်းလည်း စုစည်းဖော်ပြလိုက်ရပါတယ်။

REF: INTERNETS SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဒီတစ္ပတ္မွာ ဝက္စ္ဟမ္းကို ခက္ခဲခဲခဲ အႏိုင္ယူခဲ့ရတဲ့ ပြဲက သူတို႔ကို ဦးေဆာင္မႈမွာ ၁၂ မွတ္အထိ ျမင့္တက္သြားေစခဲ့ခ်ိန္မွာ ေနာက္က လိုက္ေနတဲ့ အသင္းေတြကေတာ့ အေျခအေန မေကာင္းခဲ့ဘဲ တိုက္တိုက္ဆိုင္ဆိုင္ အဆင့္ ၂ ကေန အဆင့္ ၅ အထိ ႏိုင္ပြဲေပ်ာက္ခဲ့တဲ့ ရက္သတၱပတ္လည္းျဖစ္ခဲ့ပါတယ္။

ပြဲစဥ္ ၂၆ မွာ အဓိက ကစားသမားေတြကို အနားေပးလာခဲ့ၿပီး ဒဏ္ရာက သက္လာသာတဲ့ အေဂြ႐ိုကို သုံးခဲ့တဲ့ တိုက္စစ္က ဂိုးေပါက္ေပ်ာက္တဲ့ အခ်ိန္မွာ ေနာက္ခံလူႏွစ္ဦးရဲ႕ သြင္းဂိုးနဲ႔ ႀကိဳးစားအႏိုင္ယူခဲ့ရတဲ့ ဂြါဒီယိုလာအတြက္ ၃ မွတ္က အဖိုးတန္လြန္းေပမယ့္ ေနာက္ပြဲေတြမွာ ဒီလိုမ်ိဳး အလွည့္က်သုံးစြဲမယ္ဆိုရင္ ကန္ဆယ္လို၊ စတာလင္၊ ဖိုဒန္၊ ဘာနာဒိုနဲ႔ ေဂ်ဆူးစ္တို႔ကိုေတာ့ ႏွစ္ေယာက္ထက္ပိုၿပီး အနားမေပးမိဖို႔ လိုမွာပါ။

အဆင့္ ၂ က မန္ခ်က္စတာယူႏိုက္တက္ကို အိမ္ကြင္းမွာ ႏိုင္ပြဲယူၿပီး ထိပ္ဆုံးေလးသင္းထဲ ဝင္ေရာက္ဖို႔နဲ႔ အဆင့္ ၂/၃ နဲ႔ သုံးမွတ္အကြာကို ေရာက္လာႏိုင္ဖို႔ ေသာမတ္စ္ တူဟယ္လ္နဲ႔ ခ်ဲလ္ဆီးတို႔ရဲ႕ အႀကံက စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ ဂိုးမသြင္းတတ္တဲ့ အေထာင္တိုက္စစ္မႉးေတြေၾကာင့္ ပ်က္ျပယ္ ခဲ့ရၿပီး ႏွစ္သင္းစလုံးအတြက္ သေရတစ္မွတ္ကေတာ့ ခ်န္ပီယံဆုကို လက္ေလွ်ာ့ၿပီး မေတြးဘူးဆိုရင္ နစ္နာလြန္းခဲ့တာလည္းျဖစ္ပါတယ္။

အာဆင္နယ္နဲ႔ မန္စီးတီးတို႔ကို ရႈံးပြဲေတြ႕ခဲ့တဲ့ အဆင့္ ၃ က ေျခမွန္ေပၚတဲ့ လက္စတာနဲ႔ အဆင့္ ၄ က ေကာင္းရႈံး ဝက္စ္ဟမ္းတို႔ကေတာ့ ကံေကာင္းခဲ့ၿပီး ဒီတစ္ပတ္မွာ အလွည့္အေျပာင္းနဲ႔အတူ လမ္းေၾကာင္းမွန္ေပၚကို ျပန္တက္လာႏိုင္တာကေတာ့ မာေဆးဆိုက္က လီဗာပူးလ္နဲ႔ အဲဗာတန္အသင္းေတြလို႔ ဆိုရမွာျဖစ္သလို အဆင့္ ၄ နဲ႔ ၂ မွတ္၊ အဆင့္ ၅ နဲ႔ ၁ မွတ္အကြာ အဆင့္ ၆ နဲ႔ ၇ ကို ရမွတ္တူနဲ႔ အသီးသီးေရာက္လာခဲ့တာပါ။

သူတို႔ေနာက္မွာေတာ့ စပါးစ္၊ ဗီလာနဲ႔ အာဆင္နယ္တို႔က ၈၊ ၉၊ ၁၀ မွာ ႏိုင္ပြဲေတြနဲ႔အတူ ဆက္တိုက္ရပ္တည္ခဲ့ၾကၿပီး သူတို႔ေတြကေတာ့ ေရွ႕က အသင္းေတြ ေျခေခ်ာ္ရင္ အေကာင္းဆုံး အသုံးခ်ႏိုင္မယ့္ မာယာမ်ားတဲ့ ကိုဗစ္နဲ႔ New Normal ရာသီမွာ အခြင့္အေရးယူႏိုင္မလား ၾကည့္ရမွာ ျဖစ္ပါတယ္။

အာဆင္နယ္ကေတာ့ ဒီအသင္းေတြထဲမွာ ဂဏန္းႏွစ္လုံးထက္ပိုတဲ့ ရႈံးပြဲအေရအတြက္ကို ပိုင္ဆိုင္ထားသူျဖစ္လို႔ တစ္ပန္းရႈံးေနသလို လာမယ့္ ပြဲေတြမွာ ဆက္တိုက္ရလဒ္ေကာင္းဖို႔ လိုအပ္ေနၿပီး အဆင့္ ၉ က ဗီလာကေတာ့ လက္ထဲမွာ ႏွစ္ပြဲက်န္ေနေသးလို႔ ဒီကေန ၆ မွတ္ရမယ္ဆိုရင္ အဆင့္ ၄ က ဝက္စ္ဟမ္းနဲ႔ေတာင္ ရမွတ္တူညီႏိုင္တာကိုလည္း ေတြ႕ရပါတယ္။

တန္းဆင္းဇုန္အထက္မွာေတာ့ ဒီတစ္ပတ္မွာ ရႈံးပြဲေတြ႕ခဲ့တဲ့ ဘ႐ိုက္တန္နဲ႔ သေရက်ခဲ့တဲ့ နယူးကာဆယ္လ္တို႔ကေတာ့ တန္းဆင္းဇုန္နဲ႔ ၂ မွတ္အကြာကို ေရာက္ရွိလာခဲ့ၿပီး ေနာက္ဆုံး ၅ ပြဲဆက္တိုက္ ရႈံးပြဲမရွိတဲ့ ဖူလ္ဟမ္တို႔ ႐ုန္းထြက္လာမယ့္ လကၡဏာကို ေတြ႕ျမင္ေနရသလို ကယ္တင္ရွင္ ဆမ္ႀကီးရဲ႕ ဝက္စ္ဘ႐ြန္းကေတာ့ ႏိုင္ပြဲနဲ႔အတူ ေမွ်ာ္လင့္ခ်က္ေတြ ျပန္လည္ရွင္သန္လာခဲ့ပါတယ္။

ပရီးမီးယားလိဂ္ရဲ႕ ပြဲစဥ္ ၁၂ ပြဲ အက်န္မွာေတာ့ ေအာက္ဆုံးက ရွက္ဖီးလ္ဒ္ကိုေတာ့ တန္းဆင္းမယ့္အသင္းအျဖစ္ ေျခစြမ္းနဲ႔ ကစားပုံအရ အားလုံးက လက္ေလွ်ာ့လိုက္ၾကၿပီျဖစ္ၿပီး ဖူလ္ဟမ္တို႔ တက္လိုက္ဆင္းလိုက္လို႔ အေျပာမခံရဖို႔နဲ႔ ဝက္စ္ဘ႐ြန္းကေတာ့ ကယ္တင္ရွင္အျဖစ္ ကိုင္တြယ္တဲ့ အသင္းတိုင္းကို တန္းမဆင္းေအာင္ စြမ္းေဆာင္ေပးခဲ့တဲ့ ဆမ္အလာဒိုက္စ္ကို စံခ်ိန္မပ်က္ရေစဖို႔ အထူး႐ုန္းကန္ၾကရဦးပါ။

လီဗာပူးလ္အသင္းကေတာ့ အေဝးကြင္းမွာ ဇယားေအာက္ဆုံးက အသင္းကို ႏိုင္ပြဲရယူခဲ့ခ်ိန္မွာ အိမ္ကြင္းမွာ ဆိုး႐ြားေနခဲ့တဲ့ မွတ္တမ္းအတြက္ေတာ့ ေျပာင္းလဲႏိုင္ဖို႔ ႀကိဳးစားရဦးမွာျဖစ္ ဆာလားကို မွီခိုလြန္းသလိုျဖစ္ေနတာကိုလည္း ျပင္ဆင္ရဦးမွာျဖစ္သလို အီဂ်စ္သားရဲ႕ သြင္းဂိုးမွတ္တမ္းက ၁၇ ဂိုးမွာ ႏွစ္ပြဲတိတိ ရပ္ေနခ်ိန္မွာ ဘ႐ူႏို ဖာနန္ဒက္စ္နဲ႔ ဟာရီကိန္းတို႔ ျပန္လိုက္လာႏိုင္မလား ေစာင့္ၾကည့္ရဦးမွာျဖစ္ပါတယ္။

ဒီတစ္ပတ္မွာေတာ့ ပြဲစဥ္ ၂၉ က ၇ ပြဲကို ႀကိဳကစားၾကမွာျဖစ္ၿပီး လီဗာပူးလ္နဲ႔ ခ်ဲလ္ဆီးတို႔ အန္းဖီးလ္မွာ ေတြ႕ဆုံမႈက ဇယားထိပ္ပိုင္းက ဥေရာပတိုက္ပြဲ အတြက္ ျပင္းထန္ဦးမွာျဖစ္ၿပီး မန္စီးတီးတို႔ အမွတ္ေပးပြဲ ၁၄ ပြဲဆက္ အႏိုင္ကို တိုးျမႇင့္ႏိုင္ဖို႔ ႀကိဳးစားဦးမွာျဖစ္သလို လက္စတာ၊ မန္ယူႏိုက္တက္၊ ဗီလာ၊ စပါးစ္တို႔ရဲ႕ ပြဲစဥ္ေတြကလည္း ရည္မွန္းခ်က္အသီးသီးအတြက္ ၾကည့္ေကာင္းဦးမွာ ျဖစ္ေၾကာင္းလည္း စုစည္းေဖာ္ျပလိုက္ရပါတယ္။

REF: INTERNETS SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.