Premier League Transfer News

1 Mar ညပိုင်း နောက်ဆုံးရ မန်ချက်စတာစီးတီးသတင်းများ စုစည်းမှု

– မန်ချက်စတာစီးတီးအသင်းနည်းပြ ပက်ပ် ဂွါဒီယိုလာက လာမယ့်ရာသီမှာ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ကစားဖို့ နီးစပ်နေခဲ့တဲ့ လူငယ်နောက်ခံလူ အဲရစ် ဂါစီယာဟာ သူ့အတွက်တော့ သားတစ်ယောက်လိုပဲလို့ ပြောကြားလိုက်ပြီး ပြီးခဲ့တဲ့ ရာသီက သူတို့အတွက် အကောင်းဆုံးနောက်ခံလူလည်းဖြစ်ခဲ့တယ်လို့ဆို။

– အေးဂျင့် မီနို ရိုင်ယိုလာနဲ့ အဆင်မပြေပေမယ့်လည်း သူ့ရဲ့ဖောက်သည် တိုက်စစ်မှူး အာလင်း ဟားလန်းကို ခေါ်ယူဖို့အတွက် မန်စီးတီးတို့အနေနဲ့ လက်လျှော့သွားမှာ မဟုတ်ဘဲ ကစားသမားနဲ့ အဆင်ပြေမယ်ဆိုရင် ခေါ်ယူဖို့ ရှေ့ဆက်ဆောင်ရွက်သွားနိုင်ကြောင်း ဒေးလီး မေရာ ရေးသား။

– အတ္တလန်တာအသင်းမှာ ခြေစွမ်းပြနေတဲ့ ပူပူနွေးနွေး ဂျာမနီလက်ရွေးစင်ဘယ်နောက်ခံလူ ရော်ဘင် ဂိုဆင်စ်ကို ခေါ်ယူဖို့ နွေရာသီမှာ မန်ချက်စတာစီးတီးအသင်းအနေနဲ့ လုပ်ဆောင်သွားမှာဖြစ်ပြီး ဘယ်ခြမ်းက လက်ရှိကစားသမားတွေ ဖြစ်ကြတဲ့ ဇင်ချန်ကိုနဲ့ မန်ဒီတို့ထဲက တစ်ဦးကို ရောင်းချသွားဖွယ်ရှိနေ။

– မန်ချက်စတာစီးတီးအသင်းအနေနဲ့ လက်ရှိနိုင်ပွဲဆက်စံချိန်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ရင်နဲ့ မန်ယူနိုက်တက်၊ လက်စတာတို့ရဲ့ ရလဒ်တွေ ဆိုးရွားခဲ့ရင် အစောဆုံးအနေနဲ့ လာမယ့် ဧပြီလ ၄ ရက်နေ့မှာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို အောင်ပွဲခံနိုင်မှာဖြစ်ပြီး ဒီလို မဟုတ်ဘဲ သူတို့တွေအနေနဲ့ နိုင်ပွဲရပြီး စီးတီးနဲ့တွေ့တဲ့ ပွဲတွေမှာ ရှုံးခဲ့မယ်ဆိုရင်တော့ မေလ ၁ ရက်နေ့၊ ဒီလိုမှ မဟုတ်ဘဲ လက်ရှိ ၁၂ မှတ် ကွာဟချက်ကို ဆက်လက်ထိန်းသိမ်းနိုင်ရင် မေလ ၈ ရက်နေ့တွေအထိ စောင့်ဆိုင်းရမယ်လို့ လေ့လာသူတွေ တွက်ချက်ပြ။

– မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဝုလ်ဗ်စ်နဲ့ လာမယ့် အင်္ဂါနေ့ညမှာ ကစားရမယ့် ဝုလ်ဗ်စ်နဲ့ပွဲပြီးရင် ၁၀ ရက်အတွင်းမှာ မန်ချက်စတာ ယူနိုက်တက်၊ ဆောက်သမ်တန်၊ ဖူလ်ဟမ်အသင်းတွေကို ကစားရမှာဖြစ်လို့ နည်းပြ ဂွါဒီယိုလာအနေနဲ့ ဒီကာလကဟာ အသင်းအတွက် အရေးကြီးတယ်လို့ ပြောကြား။

– လက်ရှိမှာ ရလဒ်ကောင်းတွေကို ပိုင်ဆိုင်ထားပြီး နိုင်ပွဲစံချိန်တွေကို တိုးမြှင့်ဖို့ အသင်းအတွက် စိန်ခေါ်မှုကို ကစားသမားအားလုံးက တက်တက်ကြွကြွ ပါဝင်ကြိုးစားနေကြတယ်လို့ နည်းပြ ဂွါဒီယိုလာက ပြောလိုက်ပြီး ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဥရောပထိပ်တန်းလိဂ်တွေမှာ အကောင်းဆုံးစံချိန်ကို လိုက်မီနိုင်ဖို့အတွက်တော့ ၃ ပွဲ လိုအပ်နေ။

– ဝက်စ်ဟမ်းအသင်းအနေနဲ့ လာမယ့်နွေရာသီကျရင် မန်စီးတီးရဲ့ ဘယ်တောင်ပံကစားသမား အိုလက်ဇန်ဒါ ဇင်ချန်ကို,ကို ကမ်းလှမ်းဖို့ ပြင်ဆင်နေပြီး ချိတ်ဆက်မှုတွေ ရှိနေသလို အစ်တီဟတ်ကနေ ရောင်းထုတ်နိုင်တဲ့ ယူကရိန်းသားရဲ့ နေရာအတွက်လည်း လူသစ်တစ်ဦး ရောက်ရှိလာဖို့ ခန့်မှန်းနေကြ။

– ဘာစီလိုနာအသင်းဥက္ကဌဖြစ်လာရင် လီယွန်နယ် မက်ဆီကို ဆက်လက်ထိန်းသိမ်းပြီး ဂွါဒီယိုလာကို ခေါ်ယူပေးမယ်လို့ မဲဆွယ်ခဲ့တဲ့ ဂျိုအန် လာပေါ်တာအနေနဲ့ မန်စီးတီးကနေ စပိန်သားနည်းပြကို ဆွဲထုတ်ဖို့ မလွယ်ကူနိုင်တာကြောင့် အာဆင်နယ်နည်းပြ မီခယ်လ် အာတီတာလို့ ပြောင်းလဲမဲဆွယ်။

– နိုင်ပွဲဆက်နေပြီး ပြိုင်ပွဲအရပ်ရပ်က ဆုဖလားတွေအတွက် အကောင်းဆုံး ကစားနေခဲ့တဲ့ မန်ချက်စတာစီးတီးအသင်းအတွက်တော့ အကြီးမားဆုံးရန်သူနဲ့ အတားအဆီးက သူတို့ကိုယ်တိုင်ပဲဖြစ်လို့ မှန်ကန်တဲ့ စိတ်နေစိတ်ထားနဲ့ ဇွဲမလျှော့ဘဲ ကြိုးစားသွားဖို့လိုကြောင်း နောက်ခံလူ ရူဘင် ဒီယက်စ် သတိပေး။

– ဝက်စ်ဟမ်းအသင်းကို အိမ်ကွင်းမှာ ဂိုးရဖို့ ရုန်းကန်ခဲ့ရပြီး ဂိုးတွေကို ဗဟိုနောက်ခံလူနှစ်ဦးက သွင်းယူပေးခဲ့ရတဲ့အထိ အလုပ်မဖြစ်ခဲ့တဲ့ ဆာဂျီယို အဂွေရို ဦးဆောင်လာတဲ့ တိုက်စစ်ကို မန်ချက်စတာစီးတီးပရိသတ်တွေက စိုးရိမ်နေကြပြီး ပုံစံကောင်းရရှိနေတဲ့ အတွဲအဖက် တွေကို စွန့်စားပြောင်းလဲမှုမလုပ်ဖို့ အလိုရှိနေကြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– မန္ခ်က္စတာစီးတီးအသင္းနည္းျပ ပက္ပ္ ဂြါဒီယိုလာက လာမယ့္ရာသီမွာ ဘာစီလိုနာအသင္းကို ေျပာင္းေ႐ႊ႕ကစားဖို႔ နီးစပ္ေနခဲ့တဲ့ လူငယ္ေနာက္ခံလူ အဲရစ္ ဂါစီယာဟာ သူ႔အတြက္ေတာ့ သားတစ္ေယာက္လိုပဲလို႔ ေျပာၾကားလိုက္ၿပီး ၿပီးခဲ့တဲ့ ရာသီက သူတို႔အတြက္ အေကာင္းဆုံးေနာက္ခံလူလည္းျဖစ္ခဲ့တယ္လို႔ဆို။

– ေအးဂ်င့္ မီႏို ႐ိုင္ယိုလာနဲ႔ အဆင္မေျပေပမယ့္လည္း သူ႔ရဲ႕ေဖာက္သည္ တိုက္စစ္မႉး အာလင္း ဟားလန္းကို ေခၚယူဖို႔အတြက္ မန္စီးတီးတို႔အေနနဲ႔ လက္ေလွ်ာ့သြားမွာ မဟုတ္ဘဲ ကစားသမားနဲ႔ အဆင္ေျပမယ္ဆိုရင္ ေခၚယူဖို႔ ေရွ႕ဆက္ေဆာင္႐ြက္သြားႏိုင္ေၾကာင္း ေဒးလီး ေမရာ ေရးသား။

– အတၱလန္တာအသင္းမွာ ေျခစြမ္းျပေနတဲ့ ပူပူေႏြးေႏြး ဂ်ာမနီလက္ေ႐ြးစင္ဘယ္ေနာက္ခံလူ ေရာ္ဘင္ ဂိုဆင္စ္ကို ေခၚယူဖို႔ ေႏြရာသီမွာ မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ လုပ္ေဆာင္သြားမွာျဖစ္ၿပီး ဘယ္ျခမ္းက လက္ရွိကစားသမားေတြ ျဖစ္ၾကတဲ့ ဇင္ခ်န္ကိုနဲ႔ မန္ဒီတို႔ထဲက တစ္ဦးကို ေရာင္းခ်သြားဖြယ္ရွိေန။

– မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ လက္ရွိႏိုင္ပြဲဆက္စံခ်ိန္ကို ဆက္လက္ထိန္းသိမ္းထားႏိုင္ရင္နဲ႔ မန္ယူႏိုက္တက္၊ လက္စတာတို႔ရဲ႕ ရလဒ္ေတြ ဆိုး႐ြားခဲ့ရင္ အေစာဆုံးအေနနဲ႔ လာမယ့္ ဧၿပီလ ၄ ရက္ေန႔မွာ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို ေအာင္ပြဲခံႏိုင္မွာျဖစ္ၿပီး ဒီလို မဟုတ္ဘဲ သူတို႔ေတြအေနနဲ႔ ႏိုင္ပြဲရၿပီး စီးတီးနဲ႔ေတြ႕တဲ့ ပြဲေတြမွာ ရႈံးခဲ့မယ္ဆိုရင္ေတာ့ ေမလ ၁ ရက္ေန႔၊ ဒီလိုမွ မဟုတ္ဘဲ လက္ရွိ ၁၂ မွတ္ ကြာဟခ်က္ကို ဆက္လက္ထိန္းသိမ္းႏိုင္ရင္ ေမလ ၈ ရက္ေန႔ေတြအထိ ေစာင့္ဆိုင္းရမယ္လို႔ ေလ့လာသူေတြ တြက္ခ်က္ျပ။

– မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဝုလ္ဗ္စ္နဲ႔ လာမယ့္ အဂၤါေန႔ညမွာ ကစားရမယ့္ ဝုလ္ဗ္စ္နဲ႔ပြဲၿပီးရင္ ၁၀ ရက္အတြင္းမွာ မန္ခ်က္စတာ ယူႏိုက္တက္၊ ေဆာက္သမ္တန္၊ ဖူလ္ဟမ္အသင္းေတြကို ကစားရမွာျဖစ္လို႔ နည္းျပ ဂြါဒီယိုလာအေနနဲ႔ ဒီကာလကဟာ အသင္းအတြက္ အေရးႀကီးတယ္လို႔ ေျပာၾကား။

– လက္ရွိမွာ ရလဒ္ေကာင္းေတြကို ပိုင္ဆိုင္ထားၿပီး ႏိုင္ပြဲစံခ်ိန္ေတြကို တိုးျမႇင့္ဖို႔ အသင္းအတြက္ စိန္ေခၚမႈကို ကစားသမားအားလုံးက တက္တက္ႂကြႂကြ ပါဝင္ႀကိဳးစားေနၾကတယ္လို႔ နည္းျပ ဂြါဒီယိုလာက ေျပာလိုက္ၿပီး ဘိုင္ယန္ျမဴးနစ္အသင္းရဲ႕ ဥေရာပထိပ္တန္းလိဂ္ေတြမွာ အေကာင္းဆုံးစံခ်ိန္ကို လိုက္မီႏိုင္ဖို႔အတြက္ေတာ့ ၃ ပြဲ လိုအပ္ေန။

– ဝက္စ္ဟမ္းအသင္းအေနနဲ႔ လာမယ့္ေႏြရာသီက်ရင္ မန္စီးတီးရဲ႕ ဘယ္ေတာင္ပံကစားသမား အိုလက္ဇန္ဒါ ဇင္ခ်န္ကို,ကို ကမ္းလွမ္းဖို႔ ျပင္ဆင္ေနၿပီး ခ်ိတ္ဆက္မႈေတြ ရွိေနသလို အစ္တီဟတ္ကေန ေရာင္းထုတ္ႏိုင္တဲ့ ယူကရိန္းသားရဲ႕ ေနရာအတြက္လည္း လူသစ္တစ္ဦး ေရာက္ရွိလာဖို႔ ခန႔္မွန္းေနၾက။

– ဘာစီလိုနာအသင္းဥကၠဌျဖစ္လာရင္ လီယြန္နယ္ မက္ဆီကို ဆက္လက္ထိန္းသိမ္းၿပီး ဂြါဒီယိုလာကို ေခၚယူေပးမယ္လို႔ မဲဆြယ္ခဲ့တဲ့ ဂ်ိဳအန္ လာေပၚတာအေနနဲ႔ မန္စီးတီးကေန စပိန္သားနည္းျပကို ဆြဲထုတ္ဖို႔ မလြယ္ကူႏိုင္တာေၾကာင့္ အာဆင္နယ္နည္းျပ မီခယ္လ္ အာတီတာလို႔ ေျပာင္းလဲမဲဆြယ္။

– ႏိုင္ပြဲဆက္ေနၿပီး ၿပိဳင္ပြဲအရပ္ရပ္က ဆုဖလားေတြအတြက္ အေကာင္းဆုံး ကစားေနခဲ့တဲ့ မန္ခ်က္စတာစီးတီးအသင္းအတြက္ေတာ့ အႀကီးမားဆုံးရန္သူနဲ႔ အတားအဆီးက သူတို႔ကိုယ္တိုင္ပဲျဖစ္လို႔ မွန္ကန္တဲ့ စိတ္ေနစိတ္ထားနဲ႔ ဇြဲမေလွ်ာ့ဘဲ ႀကိဳးစားသြားဖို႔လိုေၾကာင္း ေနာက္ခံလူ ႐ူဘင္ ဒီယက္စ္ သတိေပး။

– ဝက္စ္ဟမ္းအသင္းကို အိမ္ကြင္းမွာ ဂိုးရဖို႔ ႐ုန္းကန္ခဲ့ရၿပီး ဂိုးေတြကို ဗဟိုေနာက္ခံလူႏွစ္ဦးက သြင္းယူေပးခဲ့ရတဲ့အထိ အလုပ္မျဖစ္ခဲ့တဲ့ ဆာဂ်ီယို အေဂြ႐ို ဦးေဆာင္လာတဲ့ တိုက္စစ္ကို မန္ခ်က္စတာစီးတီးပရိသတ္ေတြက စိုးရိမ္ေနၾကၿပီး ပုံစံေကာင္းရရွိေနတဲ့ အတြဲအဖက္ ေတြကို စြန႔္စားေျပာင္းလဲမႈမလုပ္ဖို႔ အလိုရွိေနၾက။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.