Premier League Transfer News

1 Mar ညနေခင်း နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

– လီဗာပူးလ်အသင်းသားတွေနဲ့အတူ နည်းပြ ယာဂန် ကလော့ပ်တို့ ပြုံးပြုံးရွှင်ရွှင် အောင်ပွဲခံခဲ့ကြတဲ့ ဘရမ်းမောလ်လိန်းက ရှက်ဖီးလ်ဒ် ယူနိုက်တက်ကို အနိုင်ရတဲ့ ပွဲအပြီးပုံစံတွေကို ကြည့်ရတာ သူတို့တွေအနေနဲ့ ရှုံးပွဲဆက်နေတဲ့ ဖိအားတွေဆီက လွတ်မြောက်ခဲ့ရလို့ စိတ်သက်သာရနေကြပုံဖြစ်တယ်လို့ ကွင်းလယ်လူဟောင်း ရွိုင်းကီးန်က စကိုင်းစပို့စ်မှာ ပြောကြား။

– ပြီးခဲ့တဲ့ ရှက်ဖီးလ်ဒ်နဲ့ ပွဲမတိုင်ခင်မှာ တောင်ပံကစားသမား ဒီယိုဂို ဂျိုတာကို အဖျားဝေဒနာကြောင့် အသင်းတည်းခိုရာ ဟိုတယ်ကနေ အိမ်ပြန်ပို့ခဲ့ရပြီး ဒဏ်ရာကနေ ပြန်ကောင်းပြီး ပထမဆုံးကစားခွင့်နဲ့ လွဲချော်ခဲ့ပေမယ့် ချဲလ်ဆီးနဲ့ ကစားရမယ့် အိမ်ကွင်းပွဲစဉ်ကိုတော့ သူနဲ့အတူ ဂိုးသမား အယ်လစ်ဆန်၊ ကွင်းလယ်လူ ဖာဘင်ညိုတို့ပါ ပြန်လည်ပါဝင်ကစားနိုင်ဖို့ နည်းပြ ကလော့ပ် မျှော်လင့်နေ။

– ရီးရဲလ်မက်ဒရစ်အသင်းကနေ ဥက္ကဌရာထူးက နုတ်ထွက်ခဲ့ပြီးဖြစ်ပေမယ့် အသင်းရဲ့ အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုမှာ ရှိနေဆဲဖြစ်တဲ့ ဟိုဆေး ရာမွန် ကယ်လ်ဒါရွန်က သူတို့အသင်းအနေနဲ့ လီဗာပူးလ်တိုက်စစ်မှူး မိုဟာမက် ဆာလားကို အလိုရှိနေပေမယ့် တကယ်တမ်း ခေါ်ယူဖို့တော့ ဘဏ္ဏာရေးအရ ခက်ခဲနေကြောင်း ထုတ်ဖော်သွား။

– သူတို့တွေအနေနဲ့ အကောင်းဆုံးကြိုးစားပြီး လက်ကျန်ပွဲတွေမှာ ရလဒ်ကောင်းနဲ့ ထိပ်ဆုံးလေးသင်းထဲ ဝင်ရောက်နိုင်ဖို့နဲ့ ချန်ပီယံလိဂ်ကို ကစားခွင့်ရဖို့ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်သလို အပေါ်က အသင်းတွေ ခြေချော်ဖို့ကိုလည်း မျှော်လင့်နေတယ်လို့ လီဗာပူးလ် ကွင်းလယ်လူ ဂျော်ဂျီနီယို ဗိုင်နယ်လ်ဒွမ်က ထူးထူးဆန်းဆန်း ပြောကြားသွားခဲ့။

– လီဗာပူးလ်အသင်းရဲ့ ကွင်းလယ်ကို ဝါရင့်တွေဖြစ်တဲ့ သီယာဂိုနဲ့ ဗိုင်နယ်လ်ဒွမ်တို့က သူတို့ရဲ့ အတွေ့အကြုံတွေနဲ့ ထိန်းချုပ်ခဲ့ကြပေမယ့် အကောင်းဆုံးကစားသမားကတော့ ကားတစ်ဂျုံးစ်ပဲဖြစ်တယ်လို့ ပရီးမီးယားလိဂ်ဂန္ထဝင်တိုက်စစ်မှူးကြီး အလန် ရှီးရားက ဆိုလိုက်ပြီး အသက် ၂၀ အရွယ်မှာ ဒီလိုမျိုး ကစားနိုင်တာဟာ ချီးကျူးစရာကောင်းတဲ့ ရင့်ကျက်တည်ငြိမ်မှုလို့ သုံးသပ်။

– ဒေါ့မွန်အသင်းက ဝင်ရောက်ချဉ်းကပ်နေခဲ့တယ်လို့ သိရတဲ့ မွန်ချန်ဂလာဘက်ချ်ကွင်းလယ်လူ ဖလိုရီယန် နွိုင်ဟော့စ်အတွက် လီဗာပူးလ် အသင်းအနေနဲ့ ပြိုင်ဘက်မရှိ ခေါ်ယူနိုင်ဖို့များနေပြီး စာချုပ်လျော်ကြေး ပေါင် ၃၅ သန်းရှိနေတဲ့ ဂျာမန်သားအတွက် ဒေသတွင်းပြိုင်ဘက် အနေနဲ့ ငွေသုံးနိုင်ဖို့ မရှိဘူးလို့ သိရ။

– ပရက်စတန်အသင်းကနေ အပြောင်းအရွှေ့ပိတ်ခါနီးမှာ ခေါ်ယူထားခဲ့တဲ့ နောက်ခံလူ ဘန်ဒေးဗီးစ်အနေနဲ့ ဒဏ်ရာအသေးစားတစ်ခု ရရှိနေပြီး ရှက်ဖီးလ်ဒ်နဲ့ပွဲကို လွဲချော်ခဲ့ရသလို တစ်ပတ်လောက် အနားယူရဖွယ်ရှိနေပြီး လီဗာပူးလ်ခံစစ်ရဲ့ ပြဿနာတွေကတော့ တစ်ခုပြီးတစ်ခု ဖြစ်ပွားနေကြောင်း သိရ။

– လီဗာပူးလ်အသင်းအနေနဲ့ အသင်းက ထွက်ခွာဖို့ နီးစပ်နေတဲ့ ကွင်းလယ်လူ ဗိုင်နယ်လ်ဒွမ်နေရာအတွက် အစားထိုးမှုအဖြစ် ကစားသမားသုံးဦးကို စိတ်ဝင်စားနေပြီး ရိုးမားရဲ့ ပယ်လီဂရီနီ၊ လေဗာကူဆင်ရဲ့ ဒီမီယာဘေးနဲ့ လီယွန်ရဲ့ အောဝါတို့ကိုပါ စောင့်ကြည့်နေ။

– လီဗာပူးလ်အသင်းရဲ့ ကွင်းလယ်လူသစ် သီယာဂိုအတွက် အသင်းနဲ့ ကစားသမား နှစ်ဖက်စလုံးအနေနဲ့ မှားယွင်းတဲ့ အပြောင်းအရွှေ့ကို လုပ်ဆောင်မိခဲ့တာဖြစ်ပြီး စပိန်သားအနေနဲ့ ယာဂန် ကလော့ပ်အကြိုက် တစ်နာရီ မိုင်တစ်ရာနှုန်း ပြေးလွှားမယ့် ကစားသမားမျိုး မဟုတ်တာကြောင့် ကွင်းလယ်ဗဟိုမှာ ကစားခွင့်မရရင် အကျိုးမပြုနိုင်ဘဲ ရုန်းကန်ရမှာဖြစ်ကြောင်း ပေါလ် စခိုးလ် ဝေဖန်သွားခဲ့။

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ သူတို့ ခေါ်ယူလိုနေတဲ့ ရီးရဲလ်မက်ဒရစ်နောက်ခံလူ ရာဖေးလ် ဗာရွန်းအတွက် စိုးရိမ်စရာ ဖြစ်လာခဲ့ပြီး နွေရာသီမှာ လီဗာပူးလ်ဘက်က အလိုရှိနေတာကြောင့် လာမယ့်ရာသီမှာ သူ့ကို ဟာရီ မက်ဂွိုင်းယားနဲ့ ဗာဂျီးလ် ဗန်ဒိုက်တို့ ဘယ်သူက အသင်းဖော်အဖြစ် ရရှိနိုင်မှာလဲဆိုတာ စိတ်ဝင်စားစရာဖြစ်လာ။

– လီဗာပူးလ်အသင်းရဲ့ ဂန္ထဝင်တိုက်စစ်မှူးနဲ့ နည်းပြဟောင်း ကင်နီ ဒဲလ်ဂလစ်ရှ်က အသင်းကနေ ယာဂန် ကလော့ပ်သာ ထွက်ခွာသွားခဲ့ရင် စတီဗင် ဂျရတ်နဲ့ အစားထိုးလို့ ရနိုင်မယ်လို့ ယုံကြည်နေပြီး စကော့တလန်ကလပ် ရိန်းဂျားစ်အသင်းမှာ အောင်မြင်နေတဲ့ အသင်းခေါင်းဆောင်ဟောင်းကို ထောက်ခံသွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– လီဗာပူးလ္အသင္းသားေတြနဲ႔အတူ နည္းျပ ယာဂန္ ကေလာ့ပ္တို႔ ၿပဳံးၿပဳံး႐ႊင္႐ႊင္ ေအာင္ပြဲခံခဲ့ၾကတဲ့ ဘရမ္းေမာလ္လိန္းက ရွက္ဖီးလ္ဒ္ ယူႏိုက္တက္ကို အႏိုင္ရတဲ့ ပြဲအၿပီးပုံစံေတြကို ၾကည့္ရတာ သူတို႔ေတြအေနနဲ႔ ရႈံးပြဲဆက္ေနတဲ့ ဖိအားေတြဆီက လြတ္ေျမာက္ခဲ့ရလို႔ စိတ္သက္သာရေနၾကပုံျဖစ္တယ္လို႔ ကြင္းလယ္လူေဟာင္း ႐ြိဳင္းကီးန္က စကိုင္းစပို႔စ္မွာ ေျပာၾကား။

– ၿပီးခဲ့တဲ့ ရွက္ဖီးလ္ဒ္နဲ႔ ပြဲမတိုင္ခင္မွာ ေတာင္ပံကစားသမား ဒီယိုဂို ဂ်ိဳတာကို အဖ်ားေဝဒနာေၾကာင့္ အသင္းတည္းခိုရာ ဟိုတယ္ကေန အိမ္ျပန္ပို႔ခဲ့ရၿပီး ဒဏ္ရာကေန ျပန္ေကာင္းၿပီး ပထမဆုံးကစားခြင့္နဲ႔ လြဲေခ်ာ္ခဲ့ေပမယ့္ ခ်ဲလ္ဆီးနဲ႔ ကစားရမယ့္ အိမ္ကြင္းပြဲစဥ္ကိုေတာ့ သူနဲ႔အတူ ဂိုးသမား အယ္လစ္ဆန္၊ ကြင္းလယ္လူ ဖာဘင္ညိဳတို႔ပါ ျပန္လည္ပါဝင္ကစားႏိုင္ဖို႔ နည္းျပ ကေလာ့ပ္ ေမွ်ာ္လင့္ေန။

– ရီးရဲလ္မက္ဒရစ္အသင္းကေန ဥကၠဌရာထူးက ႏုတ္ထြက္ခဲ့ၿပီးျဖစ္ေပမယ့္ အသင္းရဲ႕ အေရးပါတဲ့ အခန္းက႑တစ္ခုမွာ ရွိေနဆဲျဖစ္တဲ့ ဟိုေဆး ရာမြန္ ကယ္လ္ဒါ႐ြန္က သူတို႔အသင္းအေနနဲ႔ လီဗာပူးလ္တိုက္စစ္မႉး မိုဟာမက္ ဆာလားကို အလိုရွိေနေပမယ့္ တကယ္တမ္း ေခၚယူဖို႔ေတာ့ ဘဏၰာေရးအရ ခက္ခဲေနေၾကာင္း ထုတ္ေဖာ္သြား။

– သူတို႔ေတြအေနနဲ႔ အေကာင္းဆုံးႀကိဳးစားၿပီး လက္က်န္ပြဲေတြမွာ ရလဒ္ေကာင္းနဲ႔ ထိပ္ဆုံးေလးသင္းထဲ ဝင္ေရာက္ႏိုင္ဖို႔နဲ႔ ခ်န္ပီယံလိဂ္ကို ကစားခြင့္ရဖို႔ ဆက္လက္လုပ္ေဆာင္သြားမွာျဖစ္သလို အေပၚက အသင္းေတြ ေျခေခ်ာ္ဖို႔ကိုလည္း ေမွ်ာ္လင့္ေနတယ္လို႔ လီဗာပူးလ္ ကြင္းလယ္လူ ေဂ်ာ္ဂ်ီနီယို ဗိုင္နယ္လ္ဒြမ္က ထူးထူးဆန္းဆန္း ေျပာၾကားသြားခဲ့။

– လီဗာပူးလ္အသင္းရဲ႕ ကြင္းလယ္ကို ဝါရင့္ေတြျဖစ္တဲ့ သီယာဂိုနဲ႔ ဗိုင္နယ္လ္ဒြမ္တို႔က သူတို႔ရဲ႕ အေတြ႕အႀကဳံေတြနဲ႔ ထိန္းခ်ဳပ္ခဲ့ၾကေပမယ့္ အေကာင္းဆုံးကစားသမားကေတာ့ ကားတစ္ဂ်ဳံးစ္ပဲျဖစ္တယ္လို႔ ပရီးမီးယားလိဂ္ဂႏၴဝင္တိုက္စစ္မႉးႀကီး အလန္ ရွီးရားက ဆိုလိုက္ၿပီး အသက္ ၂၀ အ႐ြယ္မွာ ဒီလိုမ်ိဳး ကစားႏိုင္တာဟာ ခ်ီးက်ဴးစရာေကာင္းတဲ့ ရင့္က်က္တည္ၿငိမ္မႈလို႔ သုံးသပ္။

– ေဒါ့မြန္အသင္းက ဝင္ေရာက္ခ်ဥ္းကပ္ေနခဲ့တယ္လို႔ သိရတဲ့ မြန္ခ်န္ဂလာဘက္ခ်္ကြင္းလယ္လူ ဖလိုရီယန္ ႏြိဳင္ေဟာ့စ္အတြက္ လီဗာပူးလ္ အသင္းအေနနဲ႔ ၿပိဳင္ဘက္မရွိ ေခၚယူႏိုင္ဖို႔မ်ားေနၿပီး စာခ်ဳပ္ေလ်ာ္ေၾကး ေပါင္ ၃၅ သန္းရွိေနတဲ့ ဂ်ာမန္သားအတြက္ ေဒသတြင္းၿပိဳင္ဘက္ အေနနဲ႔ ေငြသုံးႏိုင္ဖို႔ မရွိဘူးလို႔ သိရ။

– ပရက္စတန္အသင္းကေန အေျပာင္းအေ႐ႊ႕ပိတ္ခါနီးမွာ ေခၚယူထားခဲ့တဲ့ ေနာက္ခံလူ ဘန္ေဒးဗီးစ္အေနနဲ႔ ဒဏ္ရာအေသးစားတစ္ခု ရရွိေနၿပီး ရွက္ဖီးလ္ဒ္နဲ႔ပြဲကို လြဲေခ်ာ္ခဲ့ရသလို တစ္ပတ္ေလာက္ အနားယူရဖြယ္ရွိေနၿပီး လီဗာပူးလ္ခံစစ္ရဲ႕ ျပႆနာေတြကေတာ့ တစ္ခုၿပီးတစ္ခု ျဖစ္ပြားေနေၾကာင္း သိရ။

– လီဗာပူးလ္အသင္းအေနနဲ႔ အသင္းက ထြက္ခြာဖို႔ နီးစပ္ေနတဲ့ ကြင္းလယ္လူ ဗိုင္နယ္လ္ဒြမ္ေနရာအတြက္ အစားထိုးမႈအျဖစ္ ကစားသမားသုံးဦးကို စိတ္ဝင္စားေနၿပီး ႐ိုးမားရဲ႕ ပယ္လီဂရီနီ၊ ေလဗာကူဆင္ရဲ႕ ဒီမီယာေဘးနဲ႔ လီယြန္ရဲ႕ ေအာဝါတို႔ကိုပါ ေစာင့္ၾကည့္ေန။

– လီဗာပူးလ္အသင္းရဲ႕ ကြင္းလယ္လူသစ္ သီယာဂိုအတြက္ အသင္းနဲ႔ ကစားသမား ႏွစ္ဖက္စလုံးအေနနဲ႔ မွားယြင္းတဲ့ အေျပာင္းအေ႐ႊ႕ကို လုပ္ေဆာင္မိခဲ့တာျဖစ္ၿပီး စပိန္သားအေနနဲ႔ ယာဂန္ ကေလာ့ပ္အႀကိဳက္ တစ္နာရီ မိုင္တစ္ရာႏႈန္း ေျပးလႊားမယ့္ ကစားသမားမ်ိဳး မဟုတ္တာေၾကာင့္ ကြင္းလယ္ဗဟိုမွာ ကစားခြင့္မရရင္ အက်ိဳးမျပဳႏိုင္ဘဲ ႐ုန္းကန္ရမွာျဖစ္ေၾကာင္း ေပါလ္ စခိုးလ္ ေဝဖန္သြားခဲ့။

– မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ သူတို႔ ေခၚယူလိုေနတဲ့ ရီးရဲလ္မက္ဒရစ္ေနာက္ခံလူ ရာေဖးလ္ ဗာ႐ြန္းအတြက္ စိုးရိမ္စရာ ျဖစ္လာခဲ့ၿပီး ေႏြရာသီမွာ လီဗာပူးလ္ဘက္က အလိုရွိေနတာေၾကာင့္ လာမယ့္ရာသီမွာ သူ႔ကို ဟာရီ မက္ဂြိဳင္းယားနဲ႔ ဗာဂ်ီးလ္ ဗန္ဒိုက္တို႔ ဘယ္သူက အသင္းေဖာ္အျဖစ္ ရရွိႏိုင္မွာလဲဆိုတာ စိတ္ဝင္စားစရာျဖစ္လာ။

– လီဗာပူးလ္အသင္းရဲ႕ ဂႏၴဝင္တိုက္စစ္မႉးနဲ႔ နည္းျပေဟာင္း ကင္နီ ဒဲလ္ဂလစ္ရွ္က အသင္းကေန ယာဂန္ ကေလာ့ပ္သာ ထြက္ခြာသြားခဲ့ရင္ စတီဗင္ ဂ်ရတ္နဲ႔ အစားထိုးလို႔ ရႏိုင္မယ္လို႔ ယုံၾကည္ေနၿပီး စေကာ့တလန္ကလပ္ ရိန္းဂ်ားစ္အသင္းမွာ ေအာင္ျမင္ေနတဲ့ အသင္းေခါင္းေဆာင္ေဟာင္းကို ေထာက္ခံသြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.