Premier League

အသင်းဖော် အိုနာနာကိုပါ ချဲလ်ဆီးအသင်းက ခေါ်ယူဖို့ ဇီယက်ခ်ျအလိုရှိနေ

လာမယ့်နွေရာသီမှာ ချဲလ်ဆီးအသင်းကို ရောက်ရှိလာတော့မယ့် တောင်ပံကစားသမား ဟာကင်မ် ဇီယက်ခ်ျက အသင်းဖော်ဂိုးသမား အန်ဒရီ အိုနာနာကိုပါ အိုင်းယက်စ်အသင်းထံက တစ်ပါတည်း ခေါ်ယူစေဖို့အတွက် အလိုရှိနေတယ်လို့ သိရပါတယ်။

ပေါင် ၃၇ သန်းနဲ့ ချဲလ်ဆီးကို ပြောင်းရွှေ့တော့မယ့် ဇီယက်ခ်ျဟာ ဂိုးသမားလိုအပ်ချက်ရှိနေတဲ့ သူ့ရဲ့ လာမယ့်ကလပ်အသင်းအတွက် အသင်းဖော် အိုနာနာကို ထောက်ခံချက်ပေးခဲ့တာဖြစ်ပြီး သူ့ရဲ့ ရင်းနှီးတဲ့ သူငယ်ချင်းဖြစ်သူနဲ့ စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ အတူကစားလိုနေတယ်လို့ စပို့မေးလ်က ဆိုပါတယ်။


နည်းပြ ဖရန့် လမ်းပတ်အနေနဲ့ လက်ရှိမှာ ဘယ်ဂိုးသမားကိုမှ စိတ်ကြိုက်မတွေ့စရာ အခြေအနေနဲ့လည်း ရင်ဆိုင်နေရချိန်မှာ ကီပါ အာရီဇာဘာလာဂါကို ပြန်လည်နေရာပေးခဲ့ပေမယ့် နွေရာသီမှာတော့ အစားထိုးသွားဖို့ ရှိနေပြီး ဇီယက်ခ်ျလမ်းညွှန်တဲ့အတိုင်းသာ ဆောင်ရွက်ခဲ့ရင်တော့ ပေါင်သန်း ၄၀ ကနေ ၅၀ ကြား ကျသင့်နိုင်တယ်လို့ ဆိုပါတယ်။

ဒီအသက် ၂၃ နှစ်သား ဂိုးသမားကို စပါးစ်အသင်းကလည်း သူတို့ရဲ့ လက်စွမ်းအနည်းငယ်ကျဆင်းလာခဲ့တဲ့ အသင်းခေါင်းဆောင်ဂိုးသမား ဟူဂို လိုရစ်ရဲ့ စိန်ခေါ်သူနဲ့ ရေရှည်အစားထိုးမှုအဖြစ် ရှုမြင်ထားတဲ့အတွက် ဇီယက်ခ်ျတောင်းဆိုထားတဲ့အတိုင်း နွေရာသီမှာ ဖြစ်မဖြစ်ကတော့ စောင့်ကြည့်ရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
SPORTS A2Z.

UNICODE: လာမယ့်နွေရာသီမှာ ချဲလ်ဆီးအသင်းကို ရောက်ရှိလာတော့မယ့် တောင်ပံကစားသမား ဟာကင်မ် ဇီယက်ချ်က အသင်းဖော်ဂိုးသမား အန်ဒရီ အိုနာနာကိုပါ အိုင်းယက်စ်အသင်းထံက တစ်ပါတည်း ခေါ်ယူစေဖို့အတွက် အလိုရှိနေတယ်လို့ သိရပါတယ်။

ပေါင် ၃၇ သန်းနဲ့ ချဲလ်ဆီးကို ပြောင်းရွှေ့တော့မယ့် ဇီယက်ချ်ဟာ ဂိုးသမားလိုအပ်ချက်ရှိနေတဲ့ သူ့ရဲ့ လာမယ့်ကလပ်အသင်းအတွက် အသင်းဖော် အိုနာနာကို ထောက်ခံချက်ပေးခဲ့တာဖြစ်ပြီး သူ့ရဲ့ ရင်းနှီးတဲ့ သူငယ်ချင်းဖြစ်သူနဲ့ စတမ်းဖို့ဒ်ဘရစ်ချ်မှာ အတူကစားလိုနေတယ်လို့ စပို့မေးလ်က ဆိုပါတယ်။

ဘာစီလိုနာအကယ်ဒမီထွက် ဂိုးသမားဟာ ကင်းမရွန်းလက်ရွေးစင်အဖြစ် နိုင်ငံအဆင့်မှာ ကိုယ်စားပြုထားသူဖြစ်ပြီး သူ့အနေနဲ့ ငါးနှစ်ကြာ ကစားခဲ့ပြီးတဲ့ အိုင်းယက်စ်အသင်းကနေ ထွက်ခွာဖို့ ဆန္ဒရှိနေသလို တော့တင်ဟမ်ဟော့စပါးစ်အသင်းကလည်း စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

နည်းပြ ဖရန့် လမ်းပတ်အနေနဲ့ လက်ရှိမှာ ဘယ်ဂိုးသမားကိုမှ စိတ်ကြိုက်မတွေ့စရာ အခြေအနေနဲ့လည်း ရင်ဆိုင်နေရချိန်မှာ ကီပါ အာရီဇာဘာလာဂါကို ပြန်လည်နေရာပေးခဲ့ပေမယ့် နွေရာသီမှာတော့ အစားထိုးသွားဖို့ ရှိနေပြီး ဇီယက်ချ်လမ်းညွှန်တဲ့အတိုင်းသာ ဆောင်ရွက်ခဲ့ရင်တော့ ပေါင်သန်း ၄၀ ကနေ ၅၀ ကြား ကျသင့်နိုင်တယ်လို့ ဆိုပါတယ်။

ဒီအသက် ၂၃ နှစ်သား ဂိုးသမားကို စပါးစ်အသင်းကလည်း သူတို့ရဲ့ လက်စွမ်းအနည်းငယ်ကျဆင်းလာခဲ့တဲ့ အသင်းခေါင်းဆောင်ဂိုးသမား ဟူဂို လိုရစ်ရဲ့ စိန်ခေါ်သူနဲ့ ရေရှည်အစားထိုးမှုအဖြစ် ရှုမြင်ထားတဲ့အတွက် ဇီယက်ချ်တောင်းဆိုထားတဲ့အတိုင်း နွေရာသီမှာ ဖြစ်မဖြစ်ကတော့ စောင့်ကြည့်ရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.