Premier League Transfer News

1 Mar နေ့လယ်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– လက်စတာနဲ့ပွဲမှာ အသင်းအတွက် ပင်နယ်တီကို အမှားအယွင်းမရှိ သွင်းယူပေးခဲ့ပြီး တတိယဂိုးမှာလည်း အရေးပါတဲ့ Dummy Run ကို ပြုလုပ်သွားခဲ့တဲ့ ပြင်သစ်တိုက်စစ်မှူး အလက်ဇန်းဒါး လာကာဇက်ကို လာမယ့်ရာသီကုန်မှာ စာချုပ်သက်တမ်းတိုးဖို့ အာဆင်နယ်တို့ ဆွေးနွေးနေကြောင်း သတင်းထွက်လာ။

– အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ ကိုယ်ပိုင် ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ဖန်တီးနိုင်ဖို့ နီးစပ်နေပြီလို့ ကွင်းလယ်လူ အီမီးလ် စမစ်ရိုး အနေနဲ့ အနာဂတ်မှာ ထွန်းတောက်လာဖို့ သေချာနေကြောင်းကို နည်းပြ မီခယ်လ် အာတီတာက လက်စတာနဲ့ပွဲအပြီးမှာ ပြောကြားသွား။

– ဘာစီလိုနာအသင်းအနေနဲ့ သူတို့ရဲ့ နှစ်ရှည်လများ အသားကျနေတဲ့ ဘောလုံးဒဿန၊ DNA တွေနဲ့ မကိုက်ညီတဲ့ နယ်သာလန်နည်းပြ ရော်နယ်လ် ကိုးမန်းကို ရာသီကုန်မှာ ထုတ်ပယ်ပြီး အစားထိုးဖို့အတွက် ပစ်မှတ်တစ်ခုအဖြစ် အာဆင်နယ်နည်းပြ မီခယ် အာတီတာကို စောင့်ကြည့်နေပြီး ဥက္ကဌလောင်း ဂျိုအန် လာပေါ်တာရဲ့ ဦးစားပေး အစီအစဉ်လည်းဖြစ်နေ။

– လက်စတာနဲ့ပွဲမှာ နှစ်ဂိုးဖန်တီးပေးခဲ့တဲ့ ဝီလီယန်ရဲ့ ခြေစွမ်းအတွက် နည်းပြ အာတီတာက သူ့ရဲ့ စိတ်ပျက်စရာအခြေအနေကနေ အကောင်းဆုံး ရုန်းထွက်ပြနိုင်ခဲ့ပြီလို့ ချီးကျူးလိုက်ပြီး ဒဏ်ရာရရှိသွားခဲ့တဲ့ စမစ်ရိုးအတွက်တော့ တင်ပါးမှာ အနည်းငယ် ပြဿနာရှိနေပြီး သေသေချာချာ ကုသထားတယ်လို့ ရှင်းလင်း။

– ကွင်းလယ်လူ ဂရာနစ် ချာကာက အဖွင့်ဂိုးပေးလိုက်ရတာဟာ သူ့ရဲ့ အမှားက စတင်ခဲ့တယ်လို့ ဝန်ခံလိုက်ပြီး ဒါပေမယ့် ဒီနောက်ပိုင်းမှာ အသင်းအနေနဲ့ အကောင်းဆုံးတုံ့ပြန်နိုင်ခဲ့လို့ ဝမ်းသာကြောင်းနဲ့ လှပတဲ့ လက်ရှိကစားပုံကို ဆက်လက်ထိန်းသိမ်းပြီး ပုံမှန်လုပ်ငန်းအနေနဲ့ လုပ်ဆောင်သွားနိုင်ဖို့ ကြိုးစားရမယ်လို့ဆို။

– ဘောလုံးပွဲတွေမှာ ရုပ်ချောတာနဲ့ နိုင်ပွဲက မသက်ဆိုင်တာကြောင့် ဘယ်လာရင်ကို ချန်ထားခဲ့တာဖြစ်မယ်လို့ ဂါးဒီးယန်းရဲ့ တင်ဆက်သူတွေက ဟာသလုပ်ခဲ့အပြီးမှာ သူ့နေရာကို အစားထိုးဖို့အတွက် မက်စ် အာရွန်စ်နဲ့ တာရစ်ခ် လမ့်ပ်တေတို့ထဲက ဘယ်သူ့ကိုပဲရရ ကစားသမားကောင်းတွေဖြစ်နေလို့ ဝမ်းသာရမှာဖြစ်တယ်လို့ အာဆင်နယ်တိုက်စစ်မှူးဟောင်း ကီဗင် ကမ်းဘဲလ် သုံးသပ်။

– အာဆင်နယ်အသင်းရဲ့ ဂန္ထဝင်တိုက်စစ်မှူးဟောင်းကြီး အီယန်ရိုက်က လက်စတာကို နိုင်တဲ့ပွဲမှာ အဓိကကျခဲ့တဲ့ ဝီလီယန်၊ နီကိုလာ ပေပေနဲ့ ဂရာနစ် ချာကာတို့ကို ချီးကျူးလိုက်ပြီး တွစ်တာမှာ လက်ခုပ်တီးနေတဲ့ ပုံစံနဲ့အတူ “ကောင်းတယ်၊ မီခယ်လ် အာတီတာ”လို့ပါ ရေးသားသွားခဲ့။

– အင်တာမီလန်လူငယ်အသင်းမှာ ကစားနေတဲ့ အသက် ၂၀ အရွယ် တိုက်စစ်မှူး မာတင် ဆာထရီယာနိုကို ခေါ်ယူဖို့ အာဆင်နယ် အသင်းနဲ့ ချဲလ်ဆီးအသင်းတွေက စိတ်ဝင်စားနေကြပြီး အီတလီပတ်စ်ပို့ ကိုင်ဆောင်ထားတဲ့ ဥရုဂွေးလူငယ်အတွက် ဆန်စီရိုဘက်က ဈေးနှုန်းသတ်မှတ်မှုကိုပဲ စောင့်ကြည့်နေ။

– အငှားနဲ့ ပြောင်းရွှေ့ခဲ့အပြီးမှာ ဘွန်ဒက်စ်လီဂါကလပ် ရှော်လ်ကာအသင်းရဲ့ အသင်းခေါင်းဆောင်ဖြစ်လာခဲ့တဲ့ နောက်ခံလူ ဆိဒ် ကိုလာစီနက်ချ်အနေနဲ့ သူ့ရဲ့ အာဆင်နယ်အသင်းဖော်နဲ့ လက်ရှိအသင်းဖော် ရှကိုဒရန် မူစတာဖီနဲ့ ပူးပေါင်းပြီး လက်ရှိနည်းပြ ခရစ္စတီယန် ဂရော့စ် ထုတ်ပယ်ဖို့ တိုက်ပွဲဆင်နွှဲခဲ့ကြောင်း သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– လက္စတာနဲ႔ပြဲမွာ အသင္းအတြက္ ပင္နယ္တီကို အမွားအယြင္းမရွိ သြင္းယူေပးခဲ့ၿပီး တတိယဂိုးမွာလည္း အေရးပါတဲ့ Dummy Run ကို ျပဳလုပ္သြားခဲ့တဲ့ ျပင္သစ္တိုက္စစ္မႉး အလက္ဇန္းဒါး လာကာဇက္ကို လာမယ့္ရာသီကုန္မွာ စာခ်ဳပ္သက္တမ္းတိုးဖို႔ အာဆင္နယ္တို႔ ေဆြးေႏြးေနေၾကာင္း သတင္းထြက္လာ။

– အာဆင္နယ္အသင္းအေနနဲ႔ သူတို႔ရဲ႕ ကိုယ္ပိုင္ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကို ဖန္တီးႏိုင္ဖို႔ နီးစပ္ေနၿပီလို႔ ကြင္းလယ္လူ အီမီးလ္ စမစ္႐ိုး အေနနဲ႔ အနာဂတ္မွာ ထြန္းေတာက္လာဖို႔ ေသခ်ာေနေၾကာင္းကို နည္းျပ မီခယ္လ္ အာတီတာက လက္စတာနဲ႔ပြဲအၿပီးမွာ ေျပာၾကားသြား။

– ဘာစီလိုနာအသင္းအေနနဲ႔ သူတို႔ရဲ႕ ႏွစ္ရွည္လမ်ား အသားက်ေနတဲ့ ေဘာလုံးဒႆန၊ DNA ေတြနဲ႔ မကိုက္ညီတဲ့ နယ္သာလန္နည္းျပ ေရာ္နယ္လ္ ကိုးမန္းကို ရာသီကုန္မွာ ထုတ္ပယ္ၿပီး အစားထိုးဖို႔အတြက္ ပစ္မွတ္တစ္ခုအျဖစ္ အာဆင္နယ္နည္းျပ မီခယ္ အာတီတာကို ေစာင့္ၾကည့္ေနၿပီး ဥကၠဌေလာင္း ဂ်ိဳအန္ လာေပၚတာရဲ႕ ဦးစားေပး အစီအစဥ္လည္းျဖစ္ေန။

– လက္စတာနဲ႔ပြဲမွာ ႏွစ္ဂိုးဖန္တီးေပးခဲ့တဲ့ ဝီလီယန္ရဲ႕ ေျခစြမ္းအတြက္ နည္းျပ အာတီတာက သူ႔ရဲ႕ စိတ္ပ်က္စရာအေျခအေနကေန အေကာင္းဆုံး ႐ုန္းထြက္ျပႏိုင္ခဲ့ၿပီလို႔ ခ်ီးက်ဴးလိုက္ၿပီး ဒဏ္ရာရရွိသြားခဲ့တဲ့ စမစ္႐ိုးအတြက္ေတာ့ တင္ပါးမွာ အနည္းငယ္ ျပႆနာရွိေနၿပီး ေသေသခ်ာခ်ာ ကုသထားတယ္လို႔ ရွင္းလင္း။

– ကြင္းလယ္လူ ဂရာနစ္ ခ်ာကာက အဖြင့္ဂိုးေပးလိုက္ရတာဟာ သူ႔ရဲ႕ အမွားက စတင္ခဲ့တယ္လို႔ ဝန္ခံလိုက္ၿပီး ဒါေပမယ့္ ဒီေနာက္ပိုင္းမွာ အသင္းအေနနဲ႔ အေကာင္းဆုံးတုံ႔ျပန္ႏိုင္ခဲ့လို႔ ဝမ္းသာေၾကာင္းနဲ႔ လွပတဲ့ လက္ရွိကစားပုံကို ဆက္လက္ထိန္းသိမ္းၿပီး ပုံမွန္လုပ္ငန္းအေနနဲ႔ လုပ္ေဆာင္သြားႏိုင္ဖို႔ ႀကိဳးစားရမယ္လို႔ဆို။

– ေဘာလုံးပြဲေတြမွာ ႐ုပ္ေခ်ာတာနဲ႔ ႏိုင္ပြဲက မသက္ဆိုင္တာေၾကာင့္ ဘယ္လာရင္ကို ခ်န္ထားခဲ့တာျဖစ္မယ္လို႔ ဂါးဒီးယန္းရဲ႕ တင္ဆက္သူေတြက ဟာသလုပ္ခဲ့အၿပီးမွာ သူ႔ေနရာကို အစားထိုးဖို႔အတြက္ မက္စ္ အာ႐ြန္စ္နဲ႔ တာရစ္ခ္ လမ့္ပ္ေတတို႔ထဲက ဘယ္သူ႔ကိုပဲရရ ကစားသမားေကာင္းေတြျဖစ္ေနလို႔ ဝမ္းသာရမွာျဖစ္တယ္လို႔ အာဆင္နယ္တိုက္စစ္မႉးေဟာင္း ကီဗင္ ကမ္းဘဲလ္ သုံးသပ္။

– အာဆင္နယ္အသင္းရဲ႕ ဂႏၴဝင္တိုက္စစ္မႉးေဟာင္းႀကီး အီယန္႐ိုက္က လက္စတာကို ႏိုင္တဲ့ပြဲမွာ အဓိကက်ခဲ့တဲ့ ဝီလီယန္၊ နီကိုလာ ေပေပနဲ႔ ဂရာနစ္ ခ်ာကာတို႔ကို ခ်ီးက်ဴးလိုက္ၿပီး တြစ္တာမွာ လက္ခုပ္တီးေနတဲ့ ပုံစံနဲ႔အတူ “ေကာင္းတယ္၊ မီခယ္လ္ အာတီတာ”လို႔ပါ ေရးသားသြားခဲ့။

– အင္တာမီလန္လူငယ္အသင္းမွာ ကစားေနတဲ့ အသက္ ၂၀ အ႐ြယ္ တိုက္စစ္မႉး မာတင္ ဆာထရီယာႏိုကို ေခၚယူဖို႔ အာဆင္နယ္ အသင္းနဲ႔ ခ်ဲလ္ဆီးအသင္းေတြက စိတ္ဝင္စားေနၾကၿပီး အီတလီပတ္စ္ပို႔ ကိုင္ေဆာင္ထားတဲ့ ဥ႐ုေဂြးလူငယ္အတြက္ ဆန္စီ႐ိုဘက္က ေဈးႏႈန္းသတ္မွတ္မႈကိုပဲ ေစာင့္ၾကည့္ေန။

– အငွားနဲ႔ ေျပာင္းေ႐ႊ႕ခဲ့အၿပီးမွာ ဘြန္ဒက္စ္လီဂါကလပ္ ေရွာ္လ္ကာအသင္းရဲ႕ အသင္းေခါင္းေဆာင္ျဖစ္လာခဲ့တဲ့ ေနာက္ခံလူ ဆိဒ္ ကိုလာစီနက္ခ်္အေနနဲ႔ သူ႔ရဲ႕ အာဆင္နယ္အသင္းေဖာ္နဲ႔ လက္ရွိအသင္းေဖာ္ ရွကိုဒရန္ မူစတာဖီနဲ႔ ပူးေပါင္းၿပီး လက္ရွိနည္းျပ ခရစၥတီယန္ ဂေရာ့စ္ ထုတ္ပယ္ဖို႔ တိုက္ပြဲဆင္ႏႊဲခဲ့ေၾကာင္း သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.