Premier League Transfer News

1 Mar နေ့လည်ခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

– စတမ်းဖို့ဒ်ဘရစ်ချ်မှာ သရေခဲ့တဲ့ ချဲလ်ဆီးနဲ့ မန်ချက်စတာယူနိုက်တက်တို့ရဲ့ပွဲစဉ်ဟာ အဆင့်အတန်းမြင့်မားတဲ့ ပွဲကြီးပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့တယ်ဆိုတဲ့ သောမတ်စ် တူဟယ်လ်ရဲ့ စကားကို ကွင်းလယ်လူဟောင်း ပေါလ် စခိုးလ်က လှောင်ပြောင်လိုက်ပြီး အိုင်ပက်ထဲမှာ တခြားပွဲတစ်ပွဲကို ကြည့်နေခဲ့တာလားလို့ မေးခွန်းထုတ်သွား။

– ချဲလ်ဆီးနဲ့ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ နောက်ခံလူ ဗစ်တာ နီးလ်ဆန် လင်ဒီလော့ဖ်ကို ပရိသတ်တွေ ချီးကျူးခဲ့ကြပြီး အခန့်မသင့်ရင် ဂိုးပေးရနိုင်တဲ့ ပွဲမျိုးမှာ တစ်ဖက်အသင်းရဲ့ ဖိအားတွေကို ကြံ့ကြံ့ခံပြီး ရှင်းထုတ်မှုနဲ့ နေရာယူမှုတွေ ကောင်းခဲ့တယ်လို့ ဆိုနေကြ။

– ဘရူနို ဖာနန်ဒက်စ်နဲ့ စကော့ မက်တော်မီနေးတို့ဟာ သရေကျတဲ့ပွဲရဲ့ ဆိုးရွားတဲ့ အချက်တွေဖြစ်ပြီး သူတို့အနေနဲ့ ပေးပို့မှုတွေမှာ အမှားများခဲ့သလို ပေါ်တူဂီသားအနေနဲ့ ဘာမဆိုလုပ်ပြနိုင်တယ်ဆိုတဲ့ ခြေစွမ်းမျိုး ပျောက်ဆုံးနေခဲ့တယ်လို့ ပေါလ်စခိုးလ်က ဝေဖန်သွားခဲ့။

– အင်တာမီလန်ကွင်းလယ်လူ မာဆယ်လို ဘရိုဇိုဗစ်ချ်ကို အလိုရှိနေခဲ့တဲ့ မန်ချက်စတာယူနိုက်တက်ကို စီးရီးအေကလပ်ဘက်က တုံ့ပြန်လိုက်ပြီး ယူရို ၃၂ သန်းနဲ့ နောက်ခံလူ အဲလက်စ် တဲလက်စ်ကို အလိုက်ပေးဖို့ တောင်းဆိုလိုက်ပြီး စုစုပေါင်းတန်ကြေး ယူရို ၅၂ သန်းအထိ ကျသင့်မယ်လို့ဆိုနေ။

– သူမပါဝင်နိုင်ခဲ့တဲ့ ပွဲတွေမှာ ရုန်းကန်ခဲ့ရပြီး ချဲလ်ဆီးနဲ့ ရီးရဲလ်ဆိုစီဒက်ကို ဂိုးမသွင်းနိုင်ဘဲ သရေကျခဲ့တဲ့ မန်ချက်စတာယူနိုက်တက် အသင်းဖော်တွေကို အမြန်ဆုံး ပြန်ကစားပေးမယ်လို့ တိုက်စစ်မှူး အက်ဒင်ဆန် ကာဗာနီက ပြောကြားလိုက်ပြီး သူ့ရဲ့ အင်စတာဂရမ်မှာ ရေးသားသွားခဲ့။

– ဒေးလီးမေးလ်မှာ ကော်လံစား ဆောင်းပါးတွေ ရေးသားနေတဲ့ ဒိုင်လူကြီးဟောင်း မာ့ခ် ကလက်တန်ဘတ်က မန်ချက်စတာယူနိုက်တက်အနေနဲ့ ပင်နယ်တီရသင့်ကြောင်းနဲ့ VAR ဒိုင် ခရစ္စ ကာဗန်းနားက ပင်နယ်တီလို့ ပြောနေတာတောင် ငြင်းဆန်သွားခဲ့တဲ့ ဒိုင်လူကြီး စတူးဝပ် အက်ထ်ဝဲလ်ရဲ့ အတွေးအခေါ်ကို နားမလည်နိုင်ကြောင်း ရေးသားခဲ့။

– ဝက်စ်ဟမ်းအသင်းကို အငှားနဲ့ သွားရောက်ပြီး ခြေစွမ်းပြသနေခဲ့ပြီး ပရီးမီးယားလိဂ် ၅ ပွဲမှာ ၃ ဂိုးသွင်း၊ ၂ ဂိုး ဖန်တီးပေးထားခဲ့တဲ့ ကွင်းလယ်လူ ဂျက်ဆီ လင်ဂတ်ကို အပြီးသတ်ခေါ်ယူမယ်ဆိုရင် ပေါင်သန်း ၂၀ ကျသင့်မှာဖြစ်ကြောင်း ယူနိုက်တက်တာဝန်ရှိသူတွေ ဈေးနှုန်းသတ်မှတ်။

– အာမက် ဂျယ်လိုကို အချိန်ပိုပေးသွားဖို့ လုပ်ဆောင်နေပြီး အသင်းအတွက် အရေးပါတဲ့ လူငယ်တစ်ဦးအဖြစ် သတ်မှတ်ထားခဲ့တဲ့ နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားရဲ့ ဆုံးဖြတ်ချက်နဲ့ အိုင်ဗရီကို့စ်သားလေးရဲ့ ခြေစွမ်းတွေကို ပရိသတ်တွေ သဘောကျနေကြပြီး လာမယ့် ပွဲတွေအတွက် ထောက်ခံကြိုဆိုခဲ့ကြ။

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ပရီးမီးယားလိဂ်ရဲ့ အသင်းကြီး ၆ သင်းဝင် ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ရာမှာ ရလဒ်မကောင်းမှုကို ဘောလုံးကျွမ်းကျင်သူနဲ့ လီဗာပူးလ်ကွင်းလယ်လူဟောင်း ဒန်နီ မာဖီက ဝေဖန်လိုက်ပြီး ဒီရာသီမှာ အာဆင်နယ်နဲ့ ချဲလ်ဆီးကို နှစ်ကြိမ်၊ လီဗာပူးလ်၊ မန်စီးတီးတို့နဲ့ တစ်ကြိမ်စီ တွေ့ဆုံခဲ့တဲ့ ၆ ပွဲမှာ တစ်ဂိုးမှ မသွင်းနိုင်ခဲ့တာကို ထောက်ပြသွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ သေရခဲ့တဲ့ ခ်ဲလ္ဆီးနဲ႔ မန္ခ်က္စတာယူႏိုက္တက္တို႔ရဲ႕ပြဲစဥ္ဟာ အဆင့္အတန္းျမင့္မားတဲ့ ပြဲႀကီးပြဲေကာင္းတစ္ပြဲ ျဖစ္ခဲ့တယ္ဆိုတဲ့ ေသာမတ္စ္ တူဟယ္လ္ရဲ႕ စကားကို ကြင္းလယ္လူေဟာင္း ေပါလ္ စခိုးလ္က ေလွာင္ေျပာင္လိုက္ၿပီး အိုင္ပက္ထဲမွာ တျခားပြဲတစ္ပြဲကို ၾကည့္ေနခဲ့တာလားလို႔ ေမးခြန္းထုတ္သြား။

– ခ်ဲလ္ဆီးနဲ႔ပြဲမွာ ေျခစြမ္းျပခဲ့တဲ့ ေနာက္ခံလူ ဗစ္တာ နီးလ္ဆန္ လင္ဒီေလာ့ဖ္ကို ပရိသတ္ေတြ ခ်ီးက်ဴးခဲ့ၾကၿပီး အခန႔္မသင့္ရင္ ဂိုးေပးရႏိုင္တဲ့ ပြဲမ်ိဳးမွာ တစ္ဖက္အသင္းရဲ႕ ဖိအားေတြကို ႀကံ့ႀကံ့ခံၿပီး ရွင္းထုတ္မႈနဲ႔ ေနရာယူမႈေတြ ေကာင္းခဲ့တယ္လို႔ ဆိုေနၾက။

– ဘ႐ူႏို ဖာနန္ဒက္စ္နဲ႔ စေကာ့ မက္ေတာ္မီေနးတို႔ဟာ သေရက်တဲ့ပြဲရဲ႕ ဆိုး႐ြားတဲ့ အခ်က္ေတြျဖစ္ၿပီး သူတို႔အေနနဲ႔ ေပးပို႔မႈေတြမွာ အမွားမ်ားခဲ့သလို ေပၚတူဂီသားအေနနဲ႔ ဘာမဆိုလုပ္ျပႏိုင္တယ္ဆိုတဲ့ ေျခစြမ္းမ်ိဳး ေပ်ာက္ဆုံးေနခဲ့တယ္လို႔ ေပါလ္စခိုးလ္က ေဝဖန္သြားခဲ့။

– အင္တာမီလန္ကြင္းလယ္လူ မာဆယ္လို ဘ႐ိုဇိုဗစ္ခ်္ကို အလိုရွိေနခဲ့တဲ့ မန္ခ်က္စတာယူႏိုက္တက္ကို စီးရီးေအကလပ္ဘက္က တုံ႔ျပန္လိုက္ၿပီး ယူ႐ို ၃၂ သန္းနဲ႔ ေနာက္ခံလူ အဲလက္စ္ တဲလက္စ္ကို အလိုက္ေပးဖို႔ ေတာင္းဆိုလိုက္ၿပီး စုစုေပါင္းတန္ေၾကး ယူ႐ို ၅၂ သန္းအထိ က်သင့္မယ္လို႔ဆိုေန။

– သူမပါဝင္ႏိုင္ခဲ့တဲ့ ပြဲေတြမွာ ႐ုန္းကန္ခဲ့ရၿပီး ခ်ဲလ္ဆီးနဲ႔ ရီးရဲလ္ဆိုစီဒက္ကို ဂိုးမသြင္းႏိုင္ဘဲ သေရက်ခဲ့တဲ့ မန္ခ်က္စတာယူႏိုက္တက္ အသင္းေဖာ္ေတြကို အျမန္ဆုံး ျပန္ကစားေပးမယ္လို႔ တိုက္စစ္မႉး အက္ဒင္ဆန္ ကာဗာနီက ေျပာၾကားလိုက္ၿပီး သူ႔ရဲ႕ အင္စတာဂရမ္မွာ ေရးသားသြားခဲ့။

– ေဒးလီးေမးလ္မွာ ေကာ္လံစား ေဆာင္းပါးေတြ ေရးသားေနတဲ့ ဒိုင္လူႀကီးေဟာင္း မာ့ခ္ ကလက္တန္ဘတ္က မန္ခ်က္စတာယူႏိုက္တက္အေနနဲ႔ ပင္နယ္တီရသင့္ေၾကာင္းနဲ႔ VAR ဒိုင္ ခရစၥ ကာဗန္းနားက ပင္နယ္တီလို႔ ေျပာေနတာေတာင္ ျငင္းဆန္သြားခဲ့တဲ့ ဒိုင္လူႀကီး စတူးဝပ္ အက္ထ္ဝဲလ္ရဲ႕ အေတြးအေခၚကို နားမလည္ႏိုင္ေၾကာင္း ေရးသားခဲ့။

– ဝက္စ္ဟမ္းအသင္းကို အငွားနဲ႔ သြားေရာက္ၿပီး ေျခစြမ္းျပသေနခဲ့ၿပီး ပရီးမီးယားလိဂ္ ၅ ပြဲမွာ ၃ ဂိုးသြင္း၊ ၂ ဂိုး ဖန္တီးေပးထားခဲ့တဲ့ ကြင္းလယ္လူ ဂ်က္ဆီ လင္ဂတ္ကို အၿပီးသတ္ေခၚယူမယ္ဆိုရင္ ေပါင္သန္း ၂၀ က်သင့္မွာျဖစ္ေၾကာင္း ယူႏိုက္တက္တာဝန္ရွိသူေတြ ေဈးႏႈန္းသတ္မွတ္။

– အာမက္ ဂ်ယ္လိုကို အခ်ိန္ပိုေပးသြားဖို႔ လုပ္ေဆာင္ေနၿပီး အသင္းအတြက္ အေရးပါတဲ့ လူငယ္တစ္ဦးအျဖစ္ သတ္မွတ္ထားခဲ့တဲ့ နည္းျပ အိုလီဂန္နာ ဆိုးလ္ရွားရဲ႕ ဆုံးျဖတ္ခ်က္နဲ႔ အိုင္ဗရီကို႔စ္သားေလးရဲ႕ ေျခစြမ္းေတြကို ပရိသတ္ေတြ သေဘာက်ေနၾကၿပီး လာမယ့္ ပြဲေတြအတြက္ ေထာက္ခံႀကိဳဆိုခဲ့ၾက။

– မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ပရီးမီးယားလိဂ္ရဲ႕ အသင္းႀကီး ၆ သင္းဝင္ ၿပိဳင္ဘက္ေတြနဲ႔ ရင္ဆိုင္ရာမွာ ရလဒ္မေကာင္းမႈကို ေဘာလုံးကြၽမ္းက်င္သူနဲ႔ လီဗာပူးလ္ကြင္းလယ္လူေဟာင္း ဒန္နီ မာဖီက ေဝဖန္လိုက္ၿပီး ဒီရာသီမွာ အာဆင္နယ္နဲ႔ ခ်ဲလ္ဆီးကို ႏွစ္ႀကိမ္၊ လီဗာပူးလ္၊ မန္စီးတီးတို႔နဲ႔ တစ္ႀကိမ္စီ ေတြ႕ဆုံခဲ့တဲ့ ၆ ပြဲမွာ တစ္ဂိုးမွ မသြင္းႏိုင္ခဲ့တာကို ေထာက္ျပသြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.