Premier League

အေစီနဲ့ ယူရိုပါလိဂ်ပွဲမတိုင်ခင် ဝိန်း ရွန်နီရဲ့ ချန်ပီယံလိဂ်ရွှေရောင်နေ့ရက်များဆီ လည်ပြန်ငေးကြည့်ခြင်း

သောကြာနေ့ညနေခင်းမှာ မန်ချက်စတာယူနိုက်တက်အသင်းဟာ ယူရိုပါလိဂ် ၁၆ သင်းရှုံးထွက်အဆင့်အတွက် မဲခွဲရာမှာ အေစီမီလန်အသင်းနဲ့ တွေ့ဆုံခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ အိုးထရက်ဖို့ဒ်ကို စွန့်ခွာခဲ့တဲ့ အီဘရာဟီမိုဗစ်အနေနဲ့ ပထမဆုံးအကြိမ် အသင်းဟောင်းနဲ့ ပြန်လည်ရင်ဆိုင်ရတော့မယ်ဆိုတဲ့ သတင်းတွေက ခေါင်းစီးတိုင်းမှာ နေရာယူနေမယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး။

မတ္လမှာ ဥရောထိပ်သီးအသင်းကြီး ၂ သင်းကြား တွေ့ဆုံမှုဟာ ၂၀၁၀ ခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲနောက်ပိုင်းမှာ ပထမဆုံး ပြိုင်ပွဲတွေမှာ ပြန်လည်တွေ့ဆုံမှုလည်း ဖြစ်လာတော့မှာဖြစ်ပါတယ်။ ယင်းရာသီတုန်းက ယူနိုက်တက်နဲ့ အေစီမီလန်တို့ဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်အတွက် တိုက်ပွဲဝင်ခဲ့ကြတာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အသင်းက ၂ ကျော့စလုံး အနိုင်ရရှိပြီး ကွာတားကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။

ကြယ်ပွင့်တွေပြည့်နှက်နေတဲ့ အေစီမီလန်အသင်းလူစာရင်းဟာ ဆာအဲလက်စ် ဖာဂူဆန်ရဲ့ ကြယ်ပွင့်မဟုတ်ပေမယ့် ကစားကွက်အသားကျပြီး အချိတ်အဆက်မိတဲ့ ယူနိုက်တက်လူစာရင်းကို မကိုင်တွယ်နိုင်ခဲ့ဘဲ အထူးသဖြင့် ဝိန်း ရွန်နီကို ဘယ်လိုမှ ထိန်းမရနိုင်ခဲ့တာဖြစ်ပါတယ်။ ၂၀၀၉-၂၀၁၀ ရာသီမှာ အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူး ဝိန်း ရွန်နီဟာ ၎င်းရဲ့ ကစားသမားဘဝ အင်အားအကောင်းဆုံးအချိန်ကို ရောက်ရှိနေခဲ့တာဖြစ်ပြီး ရာသီကုန်ဆုံးတဲ့အထိ ဘာဒဏ်ရာတစ်ခုမှ မရရှိခဲ့ဘဲ ပွဲတိုင်းနီးပါး ပါဝင်ကစားပေးသွားခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တသက်တာထိပ်တန်းဂိုးသွင်းရှင်ဖြစ်တဲ့ ဝိန်း ရွန်နီဟာ အဲဒီရာသီမှာ ဘလွန်းဒီအော်ဆုကို ရရှိဖို့တောင် အခွင့်အရေးရှိခဲ့တာဖြစ်ပြီး သရဲနီတပ်မှူးကြီးဟာ အေစီမီလန်နဲ့ ကစားခဲ့တဲ့ ၂ ကျော့မှာ ရရှိခဲ့တဲ့ ယူနိုက်တက်ရဲ့ သွင်းဂိုး ၇ ဂိုးထဲမှာ ၄ ဂိုးအထိ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဂန္တဝင်နည်းပြကြီးကိုယ်တိုင်က အဲဒီအချိန်မှာ ဝိန်း ရွန်နီရဲ့ ခြေစွမ်းဟာ ပြိုင်ဘက်တွေကို ပြိုလဲစေနိုင်ပြီး ဘယ်သူကမှ တားဆီးလို့ မရနိုင်အောင် ပေါက်ကွဲအားပြင်းထန်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

“သူက အားလုံးကို ဖျက်ဆီးပစ်နိုင်တဲ့ ခြေစွမ်းမျိုး ရရှိနေခဲ့ပြီး သူတို့တွေ ဒုတိယပိုင်းမှာ သူ့ကို ဘယ်လိုမှ ကိုင်တွယ်လို့ကို မရခဲ့တာပါ။ သူက အံ့ဖွယ်သူရဲပဲလို့ ကျွန်တော် တွေးမိခဲ့တယ်။ အထူးသဖြင့် ပြီးခဲ့တဲ့ ၂ လမှာ ကျွန်တော်တို့ သူ ဖွံ့ဖြိုးတိုးတက်လာတာကို မြင်တွေ့ခဲ့ရပြီး အဲဒီလိုလုပ်ဖို့အတွက် ယုံကြည်ချက်ကလည်း အများကြီး ရှိနေပါတယ်”

“သူ့ရဲ့ မူလအရည်အချင်းက ထိပ်တန်းကစားသမားတွေလိုပဲ ကောင်းမွန်ပြီး သူ တိုးတက်အောင် လုပ်ခဲ့တာကတော့ ဂိုးသွင်းတဲ့ စွမ်းရည်ပါ။ အခု သူ လုပ်နေတဲ့ဟာဖြစ်ပြီး သူသာ ဒီတိုင်း ဆက်သွားမယ်ဆိုရင် ဘယ်လိုကစားသမားမျိုးနဲ့မဆို အတူတူ သတ်မှတ်ခံရမှာပါ”လို့ ဆာအဲလက်စ် ဖာဂူဆန်က အေစီမီလန်နဲ့ ကစားခဲ့တဲ့ ပထမအကျော့ပွဲစဉ်အပြီးမှာ ပြောကြားခဲ့ပါတယ်။

ဝိန်း ရွန်နီရဲ့ ၂၀၀၉-၂၀၁၀ ရာသီက ကိန်းဂဏန်းအချက်အလက်တွေဟာ တော်တော်လေး မယုံနိုင်စရာဖြစ်နေခဲ့တာကြောင့် အဲဒီအချိန်တုန်းက အပြောင်းအရွှေ့စျေးကွက်ထဲမှာလည်း တန်ဖိုးမြင့်မားနေခဲ့တာဖြစ်ပါတယ်။ လက်ရှိ ဒါဘီကောင်တီအသင်းကို နည်းပြအဖြစ် တာဝန်ယူကိုင်တွယ်နေတဲ့ ဝိန်း ရွန်နီဟာ ၂၀၀၉-၂၀၁၀ ရာသီ ပြိုင်ပွဲစုံ ၄၄ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၃၄ ဂိုးနဲ့ ဂိုးဖန်တီးမှု ၇ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

အဲဒီသွင်းဂိုးတွေထဲက ၂၆ ဂိုးဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၃၂ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းယူခဲ့တာဖြစ်ပြီး ဝိန်း ရွန်နီဟာ​ ၎င်းရဲ့ကြိုးစားအားထုတ်မှုတွေအတွက် ၂၀၀၉-၂၀၁၀ PFA တစ်နှစ်တာအကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံရဖို့ ထိုက်တန်ခဲ့တာဖြစ်ပါတယ်။ ဝိန်း ရွန်နီဟာ ထူးထူးခြားခြား ပါရမီရှိတဲ့ ဘောလုံးသမားကောင်းတစ်ယောက် အမှန်တကယ်ဖြစ်ခဲ့ပြီး အဲဒီလိုသာ မဟုတ်ခဲ့ဘူးဆိုရင် ၎င်းရဲ့ ကစားသမားဘဝဟာ လက်ရှိကာလမှာ အသိအမှတ်ပြုခံနေရမှာ မဟုတ်ပါဘူး။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z

ZAWGYI:

ေသာၾကာေန႔ညေနခင္းမွာ မန္ခ်က္စတာယူနိုက္တက္အသင္းဟာ ယူရိုပါလိဂ္ ၁၆ သင္းရႈံးထြက္အဆင့္အတြက္ မဲခြဲရာမွာ ေအစီမီလန္အသင္းနဲ႔ ေတြ႕ဆုံခဲ့ၿပီး ၂၀၁၈ ခုႏွစ္မွာ အိုးထရက္ဖို႔ဒ္ကို စြန႔္ခြာခဲ့တဲ့ အီဘရာဟီမိုဗစ္အေနနဲ႔ ပထမဆုံးအႀကိမ္ အသင္းေဟာင္းနဲ႔ ျပန္လည္ရင္ဆိုင္ရေတာ့မယ္ဆိုတဲ့ သတင္းေတြက ေခါင္းစီးတိုင္းမွာ ေနရာယူေနမယ္ဆိုတာ သံသယျဖစ္စရာမရွိပါဘူး။

မတႅမွာ ဥေရာထိပ္သီးအသင္းႀကီး ၂ သင္းၾကား ေတြ႕ဆုံမႈဟာ ၂၀၁၀ ခုႏွစ္ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲေနာက္ပိုင္းမွာ ပထမဆုံး ၿပိဳင္ပြဲေတြမွာ ျပန္လည္ေတြ႕ဆုံမႈလည္း ျဖစ္လာေတာ့မွာျဖစ္ပါတယ္။ ယင္းရာသီတုန္းက ယူနိုက္တက္နဲ႔ ေအစီမီလန္တို႔ဟာ ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္အဆင့္အတြက္ တိုက္ပြဲဝင္ခဲ့ၾကတာျဖစ္ၿပီး မန္ခ်က္စတာယူနိုက္တက္အသင္းက ၂ ေက်ာ့စလုံး အနိုင္ရရွိၿပီး ကြာတားကို တက္ေရာက္နိုင္ခဲ့တာျဖစ္ပါတယ္။

ၾကယ္ပြင့္ေတြျပည့္ႏွက္ေနတဲ့ ေအစီမီလန္အသင္းလူစာရင္းဟာ ဆာအဲလက္စ္ ဖာဂူဆန္ရဲ့ ၾကယ္ပြင့္မဟုတ္ေပမယ့္ ကစားကြက္အသားက်ၿပီး အခ်ိတ္အဆက္မိတဲ့ ယူနိုက္တက္လူစာရင္းကို မကိုင္တြယ္နိုင္ခဲ့ဘဲ အထူးသျဖင့္ ဝိန္း ရြန္နီကို ဘယ္လိုမွ ထိန္းမရနိုင္ခဲ့တာျဖစ္ပါတယ္။ ၂၀၀၉-၂၀၁၀ ရာသီမွာ အဂၤလန္လက္ေရြးစင္တိုက္စစ္မႉး ဝိန္း ရြန္နီဟာ ၎ရဲ့ ကစားသမားဘဝ အင္အားအေကာင္းဆုံးအခ်ိန္ကို ေရာက္ရွိေနခဲ့တာျဖစ္ၿပီး ရာသီကုန္ဆုံးတဲ့အထိ ဘာဒဏ္ရာတစ္ခုမွ မရရွိခဲ့ဘဲ ပြဲတိုင္းနီးပါး ပါဝင္ကစားေပးသြားခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူနိုက္တက္အသင္းရဲ့ တသက္တာထိပ္တန္းဂိုးသြင္းရွင္ျဖစ္တဲ့ ဝိန္း ရြန္နီဟာ အဲဒီရာသီမွာ ဘလြန္းဒီေအာ္ဆုကို ရရွိဖို႔ေတာင္ အခြင့္အေရးရွိခဲ့တာျဖစ္ၿပီး သရဲနီတပ္မႉးႀကီးဟာ ေအစီမီလန္နဲ႔ ကစားခဲ့တဲ့ ၂ ေက်ာ့မွာ ရရွိခဲ့တဲ့ ယူနိုက္တက္ရဲ့ သြင္းဂိုး ၇ ဂိုးထဲမွာ ၄ ဂိုးအထိ သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူနိုက္တက္ဂႏၲဝင္နည္းျပႀကီးကိုယ္တိုင္က အဲဒီအခ်ိန္မွာ ဝိန္း ရြန္နီရဲ့ ေျခစြမ္းဟာ ၿပိဳင္ဘက္ေတြကို ၿပိဳလဲေစနိုင္ၿပီး ဘယ္သူကမွ တားဆီးလို႔ မရနိုင္ေအာင္ ေပါက္ကြဲအားျပင္းထန္ခဲ့တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

“သူက အားလုံးကို ဖ်က္ဆီးပစ္နိုင္တဲ့ ေျခစြမ္းမ်ိဳး ရရွိေနခဲ့ၿပီး သူတို႔ေတြ ဒုတိယပိုင္းမွာ သူ႔ကို ဘယ္လိုမွ ကိုင္တြယ္လို႔ကို မရခဲ့တာပါ။ သူက အံ့ဖြယ္သူရဲပဲလို႔ ကၽြန္ေတာ္ ေတြးမိခဲ့တယ္။ အထူးသျဖင့္ ၿပီးခဲ့တဲ့ ၂ လမွာ ကၽြန္ေတာ္တို႔ သူ ဖြံ့ၿဖိဳးတိုးတက္လာတာကို ျမင္ေတြ႕ခဲ့ရၿပီး အဲဒီလိုလုပ္ဖို႔အတြက္ ယုံၾကည္ခ်က္ကလည္း အမ်ားႀကီး ရွိေနပါတယ္”

“သူ႔ရဲ့ မူလအရည္အခ်င္းက ထိပ္တန္းကစားသမားေတြလိုပဲ ေကာင္းမြန္ၿပီး သူ တိုးတက္ေအာင္ လုပ္ခဲ့တာကေတာ့ ဂိုးသြင္းတဲ့ စြမ္းရည္ပါ။ အခု သူ လုပ္ေနတဲ့ဟာျဖစ္ၿပီး သူသာ ဒီတိုင္း ဆက္သြားမယ္ဆိုရင္ ဘယ္လိုကစားသမားမ်ိဳးနဲ႔မဆို အတူတူ သတ္မွတ္ခံရမွာပါ”လို႔ ဆာအဲလက္စ္ ဖာဂူဆန္က ေအစီမီလန္နဲ႔ ကစားခဲ့တဲ့ ပထမအေက်ာ့ပြဲစဥ္အၿပီးမွာ ေျပာၾကားခဲ့ပါတယ္။

ဝိန္း ရြန္နီရဲ့ ၂၀၀၉-၂၀၁၀ ရာသီက ကိန္းဂဏန္းအခ်က္အလက္ေတြဟာ ေတာ္ေတာ္ေလး မယုံနိုင္စရာျဖစ္ေနခဲ့တာေၾကာင့္ အဲဒီအခ်ိန္တုန္းက အေျပာင္းအေရႊ႕ေစ်းကြက္ထဲမွာလည္း တန္ဖိုးျမင့္မားေနခဲ့တာျဖစ္ပါတယ္။ လက္ရွိ ဒါဘီေကာင္တီအသင္းကို နည္းျပအျဖစ္ တာဝန္ယူကိုင္တြယ္ေနတဲ့ ဝိန္း ရြန္နီဟာ ၂၀၀၉-၂၀၁၀ ရာသီ ၿပိဳင္ပြဲစုံ ၄၄ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ သြင္းဂိုး ၃၄ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၇ ႀကိမ္အထိ ျပဳလုပ္နိုင္ခဲ့တာျဖစ္ပါတယ္။

အဲဒီသြင္းဂိုးေတြထဲက ၂၆ ဂိုးဟာ ပရီးမီးယားလိဂ္ပြဲစဥ္ ၃၂ ပါဝင္ကစားေပးခဲ့ရာမွာ သြင္းယူခဲ့တာျဖစ္ၿပီး ဝိန္း ရြန္နီဟာ​ ၎ရဲ့ႀကိဳးစားအားထုတ္မႈေတြအတြက္ ၂၀၀၉-၂၀၁၀ PFA တစ္ႏွစ္တာအေကာင္းဆုံးကစားသမားအျဖစ္ သတ္မွတ္ခံရဖို႔ ထိုက္တန္ခဲ့တာျဖစ္ပါတယ္။ ဝိန္း ရြန္နီဟာ ထူးထူးျခားျခား ပါရမီရွိတဲ့ ေဘာလုံးသမားေကာင္းတစ္ေယာက္ အမွန္တကယ္ျဖစ္ခဲ့ၿပီး အဲဒီလိုသာ မဟုတ္ခဲ့ဘူးဆိုရင္ ၎ရဲ့ ကစားသမားဘဝဟာ လက္ရွိကာလမွာ အသိအမွတ္ျပဳခံေနရမွာ မဟုတ္ပါဘူး။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z